Peugeot သည် Executive Car ၊ Estate နှင့် SUV တို့၏ Design Elements များကိုပေါင်းစပ်ဖန်တီးထားသည့် New Model တမျိုးအားမိတ်ဆက်လိုက်ပါသည်။ New 2023 Peugeot 408 သည်အဆိုပါ ပေါင်းစပ်မှုများဖြင့် ထွက်ရှိလာသည့် Model ဖြစ်ကာ – Citroen C 5 X နှင့်လည်း Related Model ဖြစ်ပါသည်။ Now Peugeot 408 တွင် Peugeot ၏ Striking Feature များစွာပါဝင်ထားကာ Slim LED DRL Headlights ၊ Bold Grille, 20 – inch Alloy ၊ တို့ဖြင့်ဖန်တီးထားပါသည်။ New 408 ၏ Underpinning အား 308 Family Car နှင့် 3008 SUV တို့ကိုလည်း Sharing လုပ်ပေးပါမည်။ 2023 Peugeot  408 တွင် 1.6 L Petrol Engine နှင့် Electric Motor တို့ တွဲစပ်ထားပြီး Total 222 bhp Output ရရှိပါမည်။ 12.4 kWh Battery Pack လည်းပါဝင်မည်ဖြစ်သည်။ ထို့အပြင် – 1.2 L Petrol Engine ၊ 129 bhp  အင်ဂျင်လည်းရနိုင်မည်ဖြစ်ကာ အင်ဂျင် ( 2 ) မျိုးလုံးတွင် 8 –  Speed Auto gear ကိုတွဲဖက်ထားပါမည်။

 

408 ၏ Fully EV Version အား e – 408 ဟု သတ်မှတ်ထားကာ 2023 တွင်ဆက်လက်ထုတ်လုပ်ပါမည်ဖြစ်ကာ ၎င်းတွင်လျှပ်စစ်သီးသန့်ဖြင့် ( မိုင် 200 ) ခန့် အသုံးပြုနိုင်သည့် Powertrain ပါဝင်သည့်အတွက် Kia Niro EV နှင့် Skoda Enyaq iV တို့နှင့်ယှဉ်ပြိုင်ဖက်ဖြစ်လာနိုင်ပါမည်။ 2023 Peugeot 408 ၏ အတွင်းခန်းတွင် Peugeot ၏ i – Cockpit Design Layout ကိုအသုံးပြုထားကာ ၎င်းတွင် အရွယ်သေးငယ်သည့် Steering နှင့် High – Set Digital Cockpit ကိုအဓိကပါဝင်မည့်အပြင် – Satellite Nav Map ၊ 10.0 – inch Touchscreen Infotainment ၊ USB – C Charging Port ( 4 ) ခုစသည့် Features များလည်းပါဝင်ပါမည်။ New 408 Model ၏ Boot Capacity သည် 536.0 Liters ဖြစ်ပါသည်။ Peugeot Range အရ 408 Model သည် 308 Model နှင့် 3008 Model တို့အကြားတွင်ရှိပါသည်။

#DriveMediaMyanmar