2020 တွင် All New ပြောင်းလဲခဲ့သည့် Subaru Legacy သည် 2023 Model Year အတွက်လှပဆန်းသစ်သည့် Styling နှင့်အတူ ယာဉ်မောင်းထောက်ပံ့မှုနည်းပညာအသစ်များစွာ ပေါင်းစပ်ထားခြင်းများဖြင့် ထွက်ရှိလာပါပြီ။ ယခင်က Optional သာရနိုင်သည့် 2.4 L Turbo Flat 4 Engine အားယခုအခါ Standard ထည့်သွင်းပေးထားပါသည်။ 2023 Legacy ၏အဓိကထူးခြားမှုမှာ New Front Fascia Design ဖြစ်ကာ ကြီးမားထင်ရှားသည့် Front Grille နှင့် LED Headlight ပုံစံအသစ်တို့အား လိုက်ဖက်စွာပေါင်းစပ်ထားသည့်အပြင် Fog – lamp Design အသစ်လည်းပါဝင်မည်ဖြစ်သည်။ ကား၏ဘေးဖက်ဒီဇိုင်းနှင့် အနောက်ဖက်ဒီဇိုင်းတို့သည် ယခင် Model နှင့်တူညီပါသည်။ ထို့အတူ Sport Trim တွင် 2.4 L Turbo Flat  Engine  ( 260 hp ) အင်ဂျင်သည် Standard ပါဝင်မည်ဖြစ်ကာ Performance အနေဖြင့် – 0 to 60 mph အား 80 Seconds ဖြင့်အမြန်ဆုံးရောက်နိုင်မည်ဖြစ်ပါသည်။

 

Sport Model တွင် Red Accent Grille ၊ Grey Side Tuned Suspension စသည့် Sporty Features များစွာပါဝင်မည်ဖြစ်သည်။ 2023 Legacy တွင် Subaru’s Eye Sight Suit အမည်ရသည့် Driver – Assistant Tech အစုအဝေးပါဝင်မည်ဖြစ်ကာ ၎င်းတွင် – အရေးပေါ်သုံး အလိုအလျောက် ဘရိတ်စနစ် ၊ Lane – departure Warning  ၊ Lane – keeping  Assist ၊  ( Automatic Emergency Steering – ၎င်းစနစ်သည် 50 mph Speed အောက်သာအလုပ်လုပ်သည် ) စသည်တို့ ပေါင်းစပ်ပါဝင်မည်ဖြစ်သည်။ ထို့အတူ – Dual – Camera ၊ Slate Nappa Leather ၊ 11.6 – inch Touchscreen ၊ Apple CarPlay /Android Auto ၊ စသည့် Feature များလည်း ပါဝင်မည်ဖြစ်သည်။

#DriveMediaMyanmar