လောင်စာဆီသုံးစွဲမှု လုံးဝမရှိတဲ့ 100% Electric ကားအမျိုးအစား MG ZS EV ရဲ့ အနုစိပ်ပုံဖော်ဖန်တီးပေးထားတဲ့ ဒီဇိုင်းအသွင်အပြင်ကြောင့် မြင်ရသူတိုင်းရဲ့ အမြင်အာရုံကို ဆွဲဆောင်နိုင်ရုံသာမက၊ အတွင်းခန်းအပြင်အဆင်မှာဆိုရင်လည်း မောင်းနှင်သူရော လိုက်ပါစီးနင်းသူတွေကိုပါ အားလုံးနဲ့ အံဝင်ခွင်ကျ၊ ဇိမ်ကျကျနဲ့ သက်တောင့်သက်သာဖြစ်အောင် စေ့စပ်သေချာစွာ ဒီဇိုင်းထုတ်လုပ်ပေးထားပါတယ်။
ဒါ့အပြင် Premium Leather Seat ကို အသုံးပြုပေးထားတဲ့အတွက် ကားပေါ်လိုက်ပါစီးနင်းသူအားလုံး သက်တောင့်သက်သာဖြစ်တယ်ဆိုတဲ့ ခံစားမှုကိုရရှိစေဒါကြောင့် ပင်ပန်းနွမ်းနယ်မှုမရှိတဲ့ ပျော်စရာခရီးစဉ်တွေကို အကောင်းဆုံးဖန်တီးနိုင်စေမှာပါ။
