Volkswagen Polo ၏ 2021 Polo GTI သည် Update Model အဖြင့် ထွက်ရှိလာကာ လှပဆန်းသစ်သည့် ဒီဇိုင်းနှင့် ထူးခြားကောင်းမွန်သည့် In – Car Technology တို့ဖြင့် တွေ့မြင်ခံစားရမည် ဖြစ်သည်။ ၎င်း၏ ဒီဇိုင်းဖန်တီးမှု အချို့အား 2020 တွင် မိတ်ဆက်ခဲ့သည့် Golf GTI ထံမှ မှီငြမ်းရယူထားပါသည်။ Polo ၏ မျိုးဆက် ( ၆ ) ဆက်မြောက်ဖြစ်သည့် New Polo GTI Hatchback ၏ ပထမဆုံး Model အား ( 1975 ) တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ New Polo Model သည် VW ၏ အရွယ်သေးငယ်သည့် Hatchback Model များတွင် လူသိများသည့် Model လည်း ဖြစ်သည်။ 2021 VW Polo GTI တွင် – ( 2.0 L Turbo I4 Engine ) ၊ ( 204 hp ) အင်ဂျင်နှင့် ( 7 – Speed Dual – Clutch Auto Gear ) တို့ ပေါင်းစပ်ထားမည်ဖြစ်ကာ Manual Gear ကို မရနိုင်ပါ။ 2021 Polo GTI ၏ အပြင်ဒီဇိုင်းသည် အလွန်လှပပြီး LED Light ဒီဇိုင်းအသစ်နှင့် Grille Design တို့သည် Polo အတွက် အထင်ရှားဆုံးဟု ဆိုရပါမည် ၎င်းတွင် ( 18 – inch Wheel ) ၊ ( Contrasting Black Roof ) တို့ကိုလည်း Optional ရနိုင်ပါမည်။ သပ်ရပ်စွာ ခင်းကျင်းထားသည့် အတွင်းခန်းတွင် ( 10 .25 – inch Digital Cluster ) ပါဝင်မည်ဖြစ်ပြီး အလွန်ကောင်းမွန်သည့် Graphic ရုပ်ထွက်များကို မြင်တွေ့ခံစားနိုင်ပါမည်။ ၎င်းနှင့် အတူ Wireless Apple Car Play ၊ Android Auto တို့ ပါဝင်သည့် Infotainment System ၊ ( IQ Drive Travel Assist Semi – Automated Technology ) ကဲ့သို့ နောက်ဆုံးပေါ်နည်းပညာများစွာလည်း ပါဝင်မည်ဖြစ်သည်။ 2021 VW Polo GTI အား ဥရောပဈေးကွက်တွင် မကြာခင် ရောင်းချမည်ဖြစ်ကာ အပြင်ဆေးရောင် အသစ် ( ၅ ) မျိုးလည်း ထည့်သွင်းပေးထားပါသည်။