U.S.A တွင် Nissan Rogue Sport ဟုလည်း ထင်ရှားသည့် Nissan Qashqai သည် 2021 အတွက် All New Model အနေဖြင့် ထွက်ရှိလာပါသည်။ 2021 Qashqai အား ခေတ်ဆန်ပြီး ဆန်းသစ်သည့် ဒီဇိုင်းဖြင့် ဖန်တီးထားကာ Shaped Cluster ပုံစံရှိသည့် အရှေ့မီးလုံးဒီဇိုင်း ဆန်းဆန်းသည် အထူးလှပကာ New Qashqai အတွက် အထူးခြားဆုံးဟုလည်း ဆိုရပါမည်။ ကားကိုယ်ထည်တွင် ယခင် Model ထက် အချိုးအကွေ့များစွာ တွေ့မြင်ရမည့်အပြင် ပို၍ ရှည်လျားပြီး ဗျက်လည်း ပိုကျယ်လာပါသည်။ အရှေ့မီးသည် Full-LED Matrix Headlight အမျိုးအစားဖြစ်ပြီး Compact Crossover အနေဖြင့် ထူးခြားသည့် Features အသစ်ထည့်သွင်းပေးမှုဟု ဆိုရပါမည်။ ဆေးရောင် (၁၁) မျိုးရွေးချယ်နိုင်မည့်အပြင် ( 2-Tone Color ) (၅) မျိုးလည်း ပါဝင်ပါမည်။ 20-inch Alloy ကိုလည်း Option မှာယူရနိုင်ပါသည်။ သပ်ရပ်လှပစွာ ခင်းကျင်းထားသည့် အတွင်းခန်းသည် လည်းယခင် Model ထက် ပို၍ ကျယ်ကျယ်ဝန်းဝန်း ရှိမည်ဖြစ်ကာ ပစ္စည်းထည့်ရန်အတွက် (50 Liters) ပါရှိမှုသည် အလွန်အဆင်ပြေပါသည်။ အတွင်းခန်းအား အရည်အသွေးမြင့် ပစ္စည်းများဖြင့် ဖန်တီးထားသည့်အပြင် Massage Function ကိုလည်း အရှေ့ထိုင်ခုံများတွင် ထည့်သွင်းပေးမှုသည် Qashqai အတွက် ပထမဆုံးဖြစ်သည်။ အဆင့်မြင့် နည်းပညာများစွာပါရှိပြီး ( 12.3-inch Digital Driver Display ) နှင့် ( 9.8 inch Touch Screen ) တို့အဓိက ပါဝင်မည်ဖြစ်ကာ နာမည်ကျော် Apple Car Play နှင့် Android Auto / Wireless ချိတ်ဆက်မှု ၊ HUD System / နောက်ဆုံးပေါ် Nissan Pro Pilot System စသည်တို့ စုံလင်စွာ ပါရှိမည်ဖြစ်သည်။ အင်ဂျင်အနေဖြင့် – ( Mild-Hybrid 1.3 L Turbo Engine ) ၊ ( 156 hp ) နှင့် ( CVT Auto gear )ကို ရရှိနိုင်မည်။ ( e-Power Hybrid System ) တို့ပေါင်းစပ်ထားပါမည်။ New Quashqai အား ဥရောပဈေးကွက်အတွက် ယခုနှစ်တွင် စတင် ရောင်းချမည်ဖြစ်သည်။