ပြင်သစ်အခြေစိုက် Renault သည် India ဈေးကွက်ရှိ လူငယ်များအကြိုက်နှင့် ကိုက်ညီမည့် Compact Crossover ဖြစ်သည့် 2021 Kiger ကို ထုတ်လုပ်လိုက်ပါသည်။ 2021 Kiger Model သည် Body Size အနေဖြင့် ( 157.1-inch ) သာရှိသည့် အတွက်ကျစ်ကျစ် လစ်လစ် နှင့် သေးငယ်သည့် ပုံစံရှိကာ ဥရောပဈေးကွက်တွင် ရောင်းချသည့် Renault Kadjar Model ထက် (၁၈) လက်မခန့် အလျားတိုပါသည်။ Renault သည် Kiger အား Show Car အနေဖြင့် 2020 November တွင် စတင်မိတ်ဆက်ခဲ့ပြီး ယခုအခါ Production အနေဖြင့် ထုတ်လုပ်ခြင်း ဖြစ်သည်။ 2021 Kiger ၏ အနေအထားသည် Kwid Model ထက် အရွယ် ပိုကြီးသည့်အပြင် Ground Clearance သည် ၈ လက်မခန့်ရှိမည်ဖြစ်သည်။ 2021 Kiger ၏ အပြင်ဖက် ဒီဇိုင်းသည် ထူးခြားပေါ်လွင်သည့် ပုံစံရှိကာ Renault Logo ကို အထင်အရှား တွေ့မြင်ရမည့် Grille မှအစပြု၍ ပြေပြစ်သည့် Body Style နှင့်အတူ C-Shape Taillight ပုံစံ တို့အား ခံစားရမည်ဖြစ်သည်။ 2021 Kiger တွင် LED Type မီးများအား အရှေ့နှင့် အနောက်ဖက်တွင် တပ်ဆင်ထားပြီး Fancier Version တွင် ဒီဇိုင်းဆန်းသည့် 16-inch Wheels များပါဝင်ပါသည်။ အလားတူ (၂) ရောင်စပ် ဆေးရောင်ကိုလည်း ဝယ်သူစိတ်ကြိုက် အနေဖြင့် Optional ရရှိနိုင်ပါမည်။ ကား၏ အတွင်းခန်းသည် သပ်ရပ်လှပသည့် ပုံစံရှိပြီး Renault နှင့် Decia Model များနှင့် များစွာဆင်တူသည့် Screen နှင့် Climate Control အခင်းအကျင်းတို့ကိုလည်း တွေ့မြင်ရမည်။ (၇)လက်မ ပတ်လည်ရှိသည့် Digital မီတာဒိုင်ခွက်နှင့် Engine-Start / Stop Function ၊ 8 – inch Touchscreen တို့လည်း ပါဝင်ပါမည်။ 2021 Renault Kiger တွင် – ( 1.0 L I 3 Turbocharged Petrol Engine ) ၊ ( 100 hp ) အင်ဂျင်နှင့် 5 Speed Manual Gearbox တို့ ပါဝင်ကာ CVT – Auto gear ကို Optional ရရှိနိုင်ပါသည်။ ကားအလေးချိန်သည် ( 2231 Pounds ) ရှိပြီး Cargo Space သည် ( 405 Liters ) အကျယ်ရှိပါသည်။

15 Feb 2021
0