Volvo သည် ထူးခြားစွာ ဖန်တီးထားသည့် C 40 Recharge Model အား မိတ်ဆက်လိုက် ပါသည်။ Volvo အနေဖြင့် ICE-Powered အသုံးပြုသည့် Model အသစ်များအား 2030 အတွင်း တွင်ကျယ်စွာ ထုတ်လုပ်မည်ဖြစ်ကာ ယခု C 40 Recharge Model သည်လည်း အနာဂတ်၏ ခြေလှမ်းအစဟု ဆိုနိုင်ပါသည်။ ၎င်းအား XC 40 ၏ ဟန်ပန်ကို မှီငြမ်း၍ ထုတ်လုပ်ထားပါသည်။ ဒုတိယမြောက် EV Model ဖြစ်သည့် C 40 Recharge Model တွင် သွယ်လျသည့် အမိုး ၊ Sporty ဆန်သည့် အခင်းအကျင်းနှင့် အတူ တမူထူးခြားသည့် ဒီဇိုင်းတို့ဖြင့် လှပစွာ ဖန်တီးထားပါသည်။ Standard XC 40 Model သည် ဓာတ်ဆီအင်ဂျင်ဖြစ်ပြီး Zero Emission EV ဖြစ်သည့် New XC Model လည်းရှိပါသည်။ C40 Recharge Model တွင် ( Pixel Technology ) ပါဝင်သည့် New Headlight နှင့်အတူ Bumper ပုံစံအသစ်တို့ဖြင့် ဖန်တီးထား မည်ဖြစ်ကာ အနောက်ဖုံးဒီဇိုင်းနှင့် အနောက်မီးတန်းဒီဇိုင်းတို့သည်လည်း ပုံစံအသစ်ဖြစ်သည်။ C40 Recharge တွင် XC 40 Recharge Model ကဲ့သို့ Dual Motor / AWD Setup ပါဝင်မည်ဖြစ်ကာ ( 402 hp output ) ( 300 kW ) Top Speed သည် ( 112 mph ) ဖြစ်ပါသည်။ ထို့အပြင် နည်းပညာ အသစ်ဖြစ်သည့် Electronic Top Speed Limiter ကိုလည်း C 40 Recharge တွင် တပ်ဆင်ထား ပါသည်။ Battery Pack များအနေဖြင့် – ( 75 – kWh ) နှင့် ( 78- kWh ) တို့လည်း ပါဝင်ပါမည်။ ( OTA Updates ) ကိုလည်း C 40 တွင် အသုံးပြုထားမည်ဟု Volvo မှ ဆိုထားပါသည်။ Volvo သည် C 40 Recharge Model အား Belgium ရှိ Ghent စက်ရုံတွင် ထုတ်လုပ်တပ်ဆင်ပါမည်။ Volvo နှင့် Polestar တို့အပြင် Lotus ၊ Proton ၊ Lynk and Co တို့အား Geely Group မှ ပိုင်ဆိုင်ထားပါသည်။

13 Jun 2021
0