Buick ဟာ သူရဲ့ Crossover Lineup အတွက် latest အနေနဲ့ 2024 Buick Envision ကို ပွဲထုတ် ပြသလိုက်ပါတယ်။ Wildcat Treatment လို့ သတ်မှတ်ထားတဲ့ New Envision Update Model အနေနဲ့ ဖန်တီးခြင်းဖြစ်ကာ Wildcat – inspired Machines များကို အပြည့်အ၀ ထည့်သွင်းထားခြင်းနဲ့ ကားရဲ့ အပြင်ဒီဇိုင်းက New Design Cue ဖြစ်လာသလို အတွင်းခန်းကိုလည်း လုံးဝပုံစံအသစ် ပြောင်းလဲပေးထား ပါတယ်။ New Envision မှာ အရွယ်ကြီးမားပြီး တဆက်တည်းဖြစ်တဲ့ – 30 – inch Diagonal Screen Setup ကို ထည့်သွင်းပေးထားပြီး သူက Infotainment နဲ့ Digital Cluster တို့ကို ပေါင်းစပ်ပေးထားတာဖြစ်ပါတယ်။

Screen တွေက Flat – Screen Type ဖြစ်ကာ OS ကို Google’s Android OS  ကို ရွေးချယ်ပေးတာက ထူးခြားပါတယ်။ ဒါကြောင့် Google Assist က Built – in တွေကို ရရှိခံစားနိုင်ခြင်းနဲ့အတူ ထူးခြားတဲ့ တချက်က ယာဉ်မောင်းအနေနဲ့ Display View တွေကို စိတ်ကြိုက်ရွေးချယ်ဖန်တီးနိုင်မယ့် Function ပါဝင် ထားပါတယ်။ Dashboard Area တခုလုံးက လုံးဝပုံစံအသစ်ဖြစ်ပြီး Brand – New Steering နဲ့ အတူ Buick ရဲ့ Logo အသစ်ကို ပေါင်းစပ်ပေးထား ပါမယ်။ ထိုင်ခုံဒီဇိုင်းများကလည်း ပုံစံအသစ်ဖြစ်ကာ အရွယ်ရောက်ပြီး ခရီးသည်များ သက်သောင့်သက်သာ လိုက်ပါစီနင်းနိုင်ရန် ခင်းကျင်းပေးထားပါမယ်။

New Envision မှာ အင်ဂျင် အနေနဲ့ – 2.0 L I4 Engine ၊ 228 hp ၊ အင်ဂျင်ပါဝင်ပြီး 9 – Speed Auto နဲ့  AWD တို့ Standard၊ အရင်က Optional ရနိုင်တဲ့ Adaptive Suspension ကို Envision Avenir Trim မှာ Standard ထည့်ပေးထားပါတယ်။ Driver Assist Features တွေက Suite အလိုက်ကို ပါဝင်ထားပြီး အဆင့်မြှင့်လုံခြုံရေး နည်းပညာတွေ အများကြီးထည့်ပေးထားပါတယ်။ အလားတူ HUD ၊ Base Audio ၊ တို့နဲ့ 2025 Buick Envision ကို ( USD 37000 ) မှ ( USD 48000 ) ဝန်းကျင် ဈေးများနဲ့ U.S.A မှာ စတင်ရောင်းချပါမယ်။