Honda သည် HR – V အားအင်ဂျင်အသစ် ၊ ပါဝင်မှုအသစ်တို့ဖြင့် 2023 Model ကိုမိတ်ဆက်လိုက်ပြီး လှပသည့်ဒီဇိုင်းဖြင့်လည်း 2023 HR – V ကိုဖန်တီးထားပါသည်။ New HR – V တွင် New Headlight Design နှင့် New Grille Design အသစ်တို့ပေါင်းစပ်ပါဝင်သည့်အပြင် လှပသည့် Body Style နှင့် New LED Taillight Design တို့သည်လည်း HR – V Fan များကိုအထူးနှစ်သက်စေမည်ဖြစ်သည်။ ယခင် HR – V Model တွင် 2.0 L I4 Engine ပါဝင်ပြီး ယခု 2023  HR – V တွင်မူ New 1.8 L I4 Engine ( 158 hp ) အင်ဂျင်နှင့် CVT Auto gear တို့ကိုတွဲဖက်ထားပါမည်။ 2.0 L Engine အား Civic Sedan တွင်ဆက်လက်ထည့်သွင်းပေးမည်ဖြစ်ကာ အရှေ့ဘီးယက်စနစ်သည် Standard ဖြစ်ပြီး ( AWD  System ) ကို Optional ရနိုင်ပါမည်။

 

Fuel Economy အနေဖြင့် Font Wheel Drive Version တွင် – City / Highway / Combine အနေဖြင့် – 26 / 23 / 28 ၊ ရရှိမည်ဖြစ်ကာ AWD Version တွင်မူ – City / Highway / Combine  အနေဖြင့် – 25 / 30 / 27 mpg ရရှိနိုင်ပါမည်။ 2023 Honda HR – V တွင် – Keyless Entry ၊ Power Lift gate ၊  Sunroof ၊ 17 – inch Alloy ၊ စသည့် features များပါဝင်မည်ဖြစ်သည်။ အတွင်းခန်းအားလှပပြီးရှင်းလင်းစွာ ခင်းကျင်းထားမည်ဖြစ်ပြီး Air – Vent  Design အားထူးခြင်းစွာ ဖန်တီးထားပါသည်။ ထိုင်ခုံများသည် leather နှင့် Fabric ပေါင်းစပ်ထားသည့် ပုံစံများဖြစ်ပြီး ၊  10 – inch Display ၊ USB Port ၊ Onboard Computer Automatic Climate Control စသည့် Features များစွာပါဝင်မည်။ Honda သည် 2023 HR – V ၏အသေးစိတ်အချက်အလက်များနှင့် ဈေးနှုန်းတို့အား မကြာခင်ထပ်မံကြေငြာမည်ဖြစ်ပါသည်။

#DriveMediaMyanmar