Toyota သည် EV နှင့် Autonomous Drift Delorean ကို ဖန်တီးသည့် Stanford တက္ကသိုလ် သုတေသနအဖွဲ့ဖြစ်သည့် Stanford’s Dynamic Design Lab နှင့် ပူးပေါင်းပြီး ထူးခြားသည့် Supra Model ကို ဖန်တီးမည်ဖြစ်သည်။ အဆိုပါ Supra Model အား EV Delorean Model ကဲ့သို့ Autonomous Drift စွမ်းဆောင်ရည် ရရှိနိုင်ရန် ဒီဇိုင်းထုတ် ဖန်တီးမည်ဖြစ်သည်။ အဆိုပါ Supra ကို Drift စမ်းသပ်ပါက အထူးကျွမ်းကျင်ယာဉ်မောင်းများဖြင့် စမ်းသပ်မောင်းနှင် မည်ဖြစ်ကာ အလိုအလျှောက် မောင်းနှင်မှုဆိုင်ရာ နည်းပညာများနှင့် Active Safety ဆိုင်ရာ နည်းပညာ အသစ်အဆန်းများကိုလည်း ထည့်သွင်းထားမည် ဖြစ်ပြီး အဆိုပါနည်းပညာများဖြင့် လက်တွေ့စမ်းသပ်မောင်းနှင်မည်ဖြစ်သည်။ ( ယာဉ်မောင်းသူတိုင်းတွင် အားနည်းချက်များ ရှိသည့်အပြင် ထိခိုက်မှုကို ကြိုတင်ရှောင်ရှားရာတွင် ၎င်းတို့၏ ကျွမ်းကျင်မှုအပြင် အဆင့်မြင့် နည်းပညာများ၏ အထောက်အပံ့ပါရှိပါက အကောင်းဆုံးရလဒ်ကို ဖန်တီးနိုင်ရန် အကူအညီ ရနိုင်မည် ) ဟု Toyota Research Institute ၏ နည်းပညာဆိုင်ရာ အကြီးအကဲဖြစ်သူမှ မှတ်ချက် ပြုထား ပါသည်။ TRI သည် ကမ္ဘာတဝှမ်းရှိ ကျွမ်းကျင်ယာဉ်မောင်းများဖြင့် သုတေသနများ ပြုလုပ် ခြင်းဖြင့် မောင်းနှင်မှုဆိုင်ရာ ထိန်းချုပ်နိုင်သည့် အဆင့်မြင့်နည်းပညာများကို Develop ပြုလုပ်ထား ပါသည်။ Toyota သည် Stanford DDL နှင့် ပူးပေါင်းဖန်တီးသည့် New Supra မှ တဆင့် Autonomous Tech များကို ပိုမို တိုးတက်ဖန်တီးပြီး Vehicle Platform အသစ်များတွင် ပေါင်းစပ်ထည့်သွင်းရန်လည်း ရည်ရွယ်ထား ပါသည်။ ယခု မိတ်ဆက်သည့် New Supra Drift Model ၏ Technical ဆိုင်ရာအသေးစိတ်အချက်များ ကိုမူ Toyota မှ မပြောကြားပါ။ Supra သည် Toyota တွင် လွန်စွာထင်ရှားသည့် Sport Car Model ဖြစ်ပါသည်။
Toyota Research Institute Logo (PRNewsfoto/Toyota Research Institute)