Fiat သည် 500X ၏ အထူးထုတ် Model ဖြစ်သည့် 500X Yachting Model ကို ဖန်တီးလိုက်ပြီး ၎င်းသည် အမိုးဖွင့် / ပိတ်ပုံစံ ပါဝင်သည့် Soft Top Compact Crossover ဖြစ်သည်။ ယခု Model အပြင် Fiat 500 C Yachting Special Edition ကိုလည်း ဆက်လက်ထုတ်လုပ် မည်ဖြစ်သည်။ Fiat 500 X Yachting Model သည် Hardtop Model ကို အခြေခံထားသော်လည်း Fabric Roof Type ဖြင့် ဖန်တီးခြင်းဖြစ်သည်။ ၎င်းတွင် ( Blue Soft Top ) နှင့် အတူ Ivory Pinstripe Line များကိုလည်း လှပစွာ ပေါင်းစပ်ထားပါမည်။ တံခါးလက်ကိုင်နှင့် Mirror Caps များကို Chrome ဖြင့် ဖုံးအုပ်ထားသည့်အပြင် 18 – inch Wheel ၊ B – Pillar နေရာတွင် Yacht Club Capri ရေးထိုးထားခြင်း ကဲ့သို့ အခင်းအကျင်းများလည်း ပါဝင်မည်။ သပ်ရပ်လှပစွာဖန်တီးထားသည့် အတွင်းခန်းတွင် – အပြာရောင်အနားသက်လိုင်းများ ပေါင်းစပ်ထားသည့် White Seats Mahogany Finish Dashboard ၊ Yachting Emblem ၊ Aluminum Door Trim အစရှိသည့် ပါဝင်မှုများကိုလည်း ခံစားရပါမည်။ ၎င်းတွင် ( Blu Dipinto di Blu Color ) ကဲ့သို့ အရောင်ဆန်းများနှင့် Chrome – Plated Grille တို့ကိုလည်း ရရှိနိုင်ပါသည်။ 500 C Yachting Model တွင်မူ Chrome Face and Black Detail / Blonde Wood ဖြင့် ဖန်တီးထားသည့် Dashboard နှင့် Pelle Frau Leather ၊ 500 Blue Logo တို့ ပေါင်းစပ်ပါဝင်ပါမည်။ 500X နှင့် 500C Collector Edition Models များအား အီတလီ ၊ ပြင်သစ် ၊ ဂျာမနီ ၊ စပိန် ၊ ဆွစ်ဇာလန် ၊ တို့တွင် ရောင်းချမည်ဖြစ်ကာ Special Badge များကိုလည်း သက်ဆိုင်ရာနိုင်ငံများအလိုက် အထူးတပ်ဆင်ပေးမည်ဖြစ်သည်။

10 Jul 2021
0