KIA သည် SUV Lineup တွင်မကြာခင် မိတ်ဆက်လာမည့် EV9 အပါအဝင် အရေအတွက်များစွာ ထုတ်လုပ်ထားပါသည်။ KIA Stonic သည် KIA SUV Lineup တွင် အရွယ်ငယ်ဆုံးဖြစ်ပြီး ဈေးနှုန်းလည်း ချိုသာသည်ကို သိရှိရပါသည်။ ယခုအခါ KIA သည် Stonic Model အတွက် အထူးထုတ်ဖြစ်သည့် New Stonic Quantum Model အားထူးခြားမှုအချို့ဖြင့် မိတ်ဆက်ပြသလိုက်ပြီး New Stonic Quantum သည် Baby SUV ဟု ထင်ရှားသည့် Stonic ၏ GT-Line Trim ကို အခြေခံကာ Features နှင့် Equipment အချို့ပေါင်းစပ် ထည့်သွင်းထားကာ Special Edition အနေဖြင့် ဖန်တီးထားခြင်းဖြစ်သည်။

၎င်းအား (စတာလင်ပေါင် နှစ်သောင်းတစ်ထောင်ခြောက်ရာ) ခန့်ဈေးဖြင့် U.K တွင် ရောင်းချမည်ဖြစ်ကာ 2023 တွင် စတင်ရောင်းချ ပါမည်။ New KIA Stonic Quantum တွင် (1.3 L Turbo I3 Petrol Engine) , (99 bhp) နှင့် (6 Speed Manual Gear) တို့ တွဲဖက်ထားပါမည်။ ၎င်းသည် (ရှေ့ဘီးယက်) စနစ်သုံးဖြစ်ကာ စွမ်းဆောင်ရည်အနေဖြင့် – 0 to 62 mph အား 10.7 Seconds ဖြင့် အမြန်ဆုံး ရောက်ရှိနိုင်ပါမည်ဖြစ်ပြီး New Stonic Quantum ၏ အပြင်ဖက် ဒီဇိုင်းအား ထူးခြားသည့် Color ဖြစ်သည့် Strom Grey with 2-Tone Roof Finish Yellow ကဲ့သို့ ဆေးရောင် တွဲစပ်မှုကို ရွေးချယ်ထားမည်ဖြစ်သည်။

ထို့အပြင် 17 inch Wheels , Sport Bumpers , LED Headlights စသည့် Features များလည်းမြင်တွေ့ရပြီး အတွင်းခန်း ကိုလည်း သပ်ရပ်စွာ ခင်းကျင်းထားမည်ဖြစ်သည်။ Black / Grey with Yellow Insert , Yellow Accent Cabin ကဲ့သို့ အခင်းအကျင်းများဖြင့် ဖန်တီးထားမည်ဖြစ်ကာ – 8 inch Touchscreen , Tinted Window , Hill Start Assist , Driver Attention Assist ကဲ့သို့ Features များစွာ ထည့်သွင်းထားပါမည်။

#DriveMediaMyanmar