Nissan သည် Altima Sedan အား 2023 တွင် Facelift အနေဖြင့် ထုတ်လုပ်လိုက်သည်။ New Altima တွင် Nissan ၏ New V – Motion Grille နှင့် Logo အသစ်တို့ကို မိတ်ဆက်ထည့်သွင်းထားပြီး နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများကိုလည်းပေါင်းစပ်ပေးထားပါသည်။ ထို့အတူ Sport SR Model ကိုလည်း ပုံမှန် Altima နှင့်ကွဲပြားသည့် Grille နှင့် Black Chrome Trim တို့ဖြင့် ဖန်တီးထားပါသည်။ New Altima တွင်ဒီဇိုင်းအသစ်ဖြစ်သည့် LED DRL Headlight နှင့် Gray Sky Pearl ၊ Garnett Pearl ၊ စသည့် Color များလည်း ပါဝင်ပါမည်။ အလားတူ 17 – inch / 19 – inch / Alloy များလည်းရနိုင်ပါမည်။

2023 Altima ၏အတွင်းခန်းအား ကျယ်ကျယ်ဝန်းဝန်းနှင့် သပ်ရပ်စွာခင်းကျင်းထားကာ New Digital Cluster နှင့်အတူအရွယ်ကြီးမားသည့် – New 12.3 – inch Touchscreen ကိုမိတ်ဆက်ထည့်သွင်းထားပါပြီး Dual – Stitch Fabric Seat ကိုလည်း SR Trim တွင်ထည့်သွင်းထားပါမည်။ New Touchscreen အားအလွန်ကောင်းမွန်သည့် Graphic များဖြင့်ဖန်တီးထားသည့်အပြင် Wireless Apple CarPlay / Android Auto ၊ Upgraded Turbo Engine ၊ Driver – Assist Suite ၊ စသည့်တို့ကိုလည်း High Trims များတွင် Standard ထည့်သွင်းထားပါသည်။ 2023 Altima တွင် – 2.5 L I4 Engine ၊ 188 hp ၊ အင်ဂျင် Standard ပါဝင်မည်ဖြစ်ကာ 2.0 L Turbo I4 Engine ၊ 248 hp ၊ အင်ဂျင်ကို Optional ရနိုင်ပါမည်။ ၎င်းတို့တွင် – CVT Auto gear ကိုတွဲစပ်ထားပါသည်။

#DriveMediaMyanmar