Aston Martin သည် ၎င်း၏ နာမည်ကျော် V 12 Vantage Version အား 2022 တွင် ထုတ်လုပ်မည်ဟု ကြေငြာလိုက်ပါသည်။ V12 Vantage Model အား Final Edition အနေဖြင့် ထုတ်လုပ်မည်ဖြစ်ကာ Windshield – Free Lightweight အမျိုးအစား Underbody Structure ဖြင့် ထုတ်လုပ်မည်ဖြစ်သည်။ ကား၏ ဒီဇိုင်းအနေဖြင့် DBS Super leggera Front End ဒီဇိုင်းနှင့် Vantage Roadster ၏ Rear End ဒီဇိုင်းတို့ကို ပေါင်းစပ်ဖန်တီးမည်ဟု Aston Martin မှပြောကြားပါသည်။

အင်ဂျင်သည် ( 5.2 L Twin – turbo V12 Engine ) ( 690 hp ) အင်ဂျင်ဖြစ်ပါသည်။ Aston Martin ၏ V12 Engine များသည် AMG – Sourced Powertrain အနေဖြင့် ဖန်တီးခြင်းဖြစ်သည်။ Aston Martin DB 11 Turbocharged Model အား 2016 တွင် မိတ်ဆက်ခဲ့ပြီး ၎င်းနှင့် ဆက်စပ်မှုရှိသည့် V – 12 Engine အား 1999 တွင် စတင်မိတ်ဆက်ခဲ့သည်။ နောက်ဆုံးထုတ်လုပ်ခဲ့သည့် V12 Vantage Model တွင် ( Naturally Aspirated V 12 Engine ) ၊ ( 510 hp ) အင်ဂျင်ပါဝင်ပြီး 2010 တွင် စတင်မိတ်ဆက်ခဲ့ပါသည်။

သို့သော် V8 Powered Vantage Model များကို ပို၍ ကျယ်ပြန့်စွာ ထုတ်လုပ်ရောင်းချလျက်ရှိသည့် အပြင် Customer များမှလည်း V8 Power Aston Martin Model များကို ပို၍နှစ်သက်ကြပါသည်။ နောက်ဆုံးထုတ်လုပ် ထားသည့် V 12 Vantage Model ၏ဈေးနှုန်းသည် ( USD 181000 ) ခန့်ရှိပါသည်။
#DriveMediaMyanmar