Mazda သည် ( Longitudinal Architecture ) ဆိုင်ရာ အစီအစဉ်အား 2019 တွင် စတင်ခဲ့ပြီး ( Inline – 6 Engine ) နှင့် နောက်ဘီးယက်စနစ်တို့အား Mazda Model အသစ်များတွင် တိုးချဲအသုံးပြု ရန်ဖြစ်သည်။ ယခုအခါ Mazda သည် အသစ်ထွက်ရှိမည့် Next – Generation CX – 50 Crossover တွင် Inline – 6 Engine Platform အသစ်ကို ထည့်သွင်းရန် စီစဉ်ထားပါသည်။ တို့အတူ Mazda သည် အရွယ်ကြီးမားသည့် New Large Platform ကို အသစ်ထုတ်လုပ်မည့် New SUV Model များ တွင် ဦးစားပေး အသုံးပြုရန်လည်း စီစဉ်ထားပါသည်။ Mazda သည် မြောက်အမေရိကဈေးကွက် အတွက် ( CX – 50 ၊ CX – 70 ၊ CX 90 ) အမည်ရသည့် SUV များကို တင်ပို့ရောင်းချပါသည်။ အလားတူ Mazda 6 Sedan ကိုလည်း New Version Model အနေဖြင့် U.S.A ဈေးကွက်သို့ တဖန် ပြန်လည် မိတ်ဆက်ရန်လည်း Mazda မှ စီစဉ်လျက်ရှိသည်။ အသစ်ထွက် ရှိလာမည့် New CX – 50 Model အား သစ်လွင်လှပပြီး Mazda ၏ မူပိုင်အလှတရားကို တင်ဟပ်စေမည့် Design ဖြင့် အဓိက တဖန်တီးမည်ဖြစ်ကာ New Grille နှင့် အခြားသော ဖန်တီးမှုအသစ်များလည်းပါဝင်ပါမည်။ Mazda သည် New I6 Engine တွင် Skyactiv – X Powertrain ကို အသုံးပြုမည်ဖြစ်ကာ ( 48 – Volt Hybrid System ) ကိုလည်း ချိတ်ဆက်ထားပါမည်။ နောက်ဘီးယက်စနစ်သည် Standard ဖြစ်ကာ AWD System ကို Optional ရနိုင်ပါမည်။ Mazda သည် PHEV Powertrain ကိုလည်း I4 Petrol Engine များတွင် ပေါင်းစပ်ရန်စီစဉ်ထားပါသည်။ New CX – 50 Model ၏ အသေးစိတ်အချက် များအား မကြာခင်ကြေငြာမည်ဖြစ်ကာ ၎င်းအား ယခုနှစ်ကုန် ( သို့ ) 2022 တွင် မိတ်ဆက်ရန် Mazda မှစီစဉ်ထားပြီး ယခုနှစ် November တွင် ကျင်းပမည့် 2021 Los Angeles ကားပြပွဲတွင် ထည့်သွင်းမိတ်ဆက်နိုင်ဖွယ်ရှိပါသည်။

24 Jul 2021
0