Nissan သည် Single Motor Vision ဖြစ်သည့် 2023 X – Trail e – Power Hybrid အား Australia တွင် ရောင်းချမည်ဟုသိရှိရပါသည်။ ၎င်းတွင် High – Spec Trim ( ၂ ) မျိုးပါဝင်ပြီး AWD လည်း ပါဝင်ကာ Trim Level များသည် – Ti Grade  နှင့် T i – L Grade တို့ဖြစ်သည်။ ထိုအပြင် 5 – Seater နှင့် 7 – Seater ပုံစံ ( ၂ ) မျိုးရနိုင်ပါမည်။ 2023 X – Trail e – Power Model တွင် Nissan ၏ နောက်ဆုံးပေါ်နည်းပညာဖြစ်သည့် ( e – 4orce Technology ) ကို ထည့်သွင်းပေးထားပြီး အရှေ့ဘီးယက်စနစ်သည် Standard ဖြစ်ပြီး AWD System ကိုလည်း ရနိုင်ပါသည်။ 2023 X – Trail e – Power Model အား ဂျပန်ရှိ Nissan စက်ရုံတွင် တပ်ဆင်ထုတ်လုပ်ပြီး  Australia သို့ ရောင်းချမည် ဖြစ်သည်။

2023 X – Trail e – Power သည် Australia  ဈေးကွက်တွင် ရောင်းချသည့် Toyota RAV – 4 Hybrid နှင့် Mitsubishi Outlander PHEV ၊ တို့အား ယှဉ်ပြိုင်ရန် Nissan မှ ရည်ရွယ်ပါသည်။ ထို့ကြောင့် 5 – Seat Version အပြင် 7 – Seat Version ကိုလည်း Optional အနေနှင့် ထည့်သွင်းခြင်း ဖြစ်သည်။ 2023 Nissan X – Trail e – Power တွင် ပါဝင်သည့် Single – Motor Drivetrain သည် စွမ်းဆောင်ရည်အထူးကောင်းမွန်ခြင်း ၊ ဆီစားနှုန်းကို သက်သာစေရန် အထောက်အပံ့ပေးခြင်း ၊ ကြာရှည်ခံခြင်း ၊ စသည့် ထူးခြားချက်များဖြင့် ပြည်စုံစေရန် Nissan မှ အလေးထားဖန်တီးထားပါသည်။

၎င်းသည် ( Quote 6.1 L / 100 km Combined Cycle Efficiency ) ပါဝင်သည်ကိုသိရှိရပါသည်။ Nissan သည် ( e – 4orce Tech ) အား မကြာခင်က မိတ်ဆက်ထားပြီး ၎င်းသည် Nissan ၏ e – Power အသုံးပြုသည့် Model များတွင် တွဲဖက်ထားသည့် Advanced Technology ဖြစ်ပါသည်။ Nissan Australia သည် 2023 X – Trail e – Power အား ( သြစတြေးလျဒေါ်လာ ၅၄၀၀၀ ) မှ ( သြစတြေးလျဒေါ်လာ ၅၇၀၀၀ ) အတွင် ဈေးနှုန်းများဖြင့် ရောင်းချပါသည်။

#DriveMediaMyanmar