Bentley ၏ နာမည်ကျော် Mulliner Coach Building Division Bentayga collection Model ( ၃ ) မျိုးအား မိတ်ဆက်လိုက်ပြီး ၎င်းတို့အား ဗြိတိသျှတို့၏ Typical Outdoor Pursuits ကို မှီငြီမ်းကာ ဖန်တီးထားပါသည်။ Bentayga Outdoor Pursuits Collection အထူးထုတ် Model အား အစင်းရေ ( ၁၁ ) စင်းသာ ထုတ်လုပ်မည်ဖြစ်ကာ Unique Style Features များစွာ ပါဝင်မည့်အပြင် Anglers ၊ Horse Riders ၊ Dog walkers ဟူ၍ Design ( ၃ ) မျိုးကို အထူး စီမံ ဖန်တီ:ထားပါသည်။ ကား၏ အပြင်အရောင်အား ( ၃ ) မျိုးရနိုင်မည်ဖြစ်ကာ ၎င်းတို့သည် – Havana / Cumbrian Green / Magnetic တို့ဖြစ်ကာ Diamond – turned Paintwork ဖြင့် အထူးတလည် ဖန်တီးထားကာ ( 22-inch 10-Spoke Alloy ) ဖြင့် တွဲဖက်ထားပါမည်။

 

အတွင်းခန်းအား အထူးစီမံဖန်တီးမှုများစွာဖြင့် ခင်းကျင်း ထားမည် ဖြစ်ကာ လက်ဖြင့် ဖန်တီးထားသည့် Woodland Embroidery အား ထိုင်ခုံများတွင်ရေးထိုးထားခြင်း၊ Unique Chrome Overlay များအား Dashboard Fascia တွင် ထည့်သွင်းထားမည် ဖြစ်ကာ ရုပ်ပုံများအနေဖြင့် ( Horse Mofit ၊ Fly-Fishing Scene ၊ British Foxhounds ) ( ၃) မျိုး ရနိုင်မည့်အပြင် Customer များ နှစ်သက်မည့် အခြား Overlays များကိုလည်း ဖန်တီးပေးပါမည်။ အလားတူ- Woven Wood Finish ၊ Sand Herring bone Tweed ၊ Leather-bound Hunter Flask တို့ကဲ့သို့ အထူးဖန်တီးမှု လက်ရာများစွာဖြင့် အတွင်းခန်းကို ခင်းကျင်း ထားပါမည်။ ကားများ၏တန်ဖိုးများသည် မှာယူ သည့် Customer များ၏ စိတ်ကြိုက်မှာယူမှုများ အပေါ်မူတည်၍ တန်ဖိုးများ ကွဲလွဲမည်ဖြစ်သည်။
#DriveMediaMyanmar