Honda Ridgeline Pickup သည် မြောက်အမေရိကဈေးကွက်တွင် အဓိကရောင်းချသည့် Honda ၏ Pickup Model ဖြစ်ပြီး ထူးခြားမှုများစွာ ပိုင်ဆိုင်ထားသည့် Model လည်းဖြစ်သည်။ 2021 Model အနေဖြင့် ထွက်ရှိလာသည့် Ridgeline အား Redesigned Model အနေဖြင့် ဖန်တီးထားကာ ယခင် Model ထက် ပိုရှည်သည့် ရှေ့ဖုံး ၊ Grille ဒီဇိုင်းအသစ် ၊ မီးလုံးဒီဇိုင်းလှလှ တို့ဖြင့် တွေ့မြင်ရမည်ဖြစ်ကာ HONDA ၏ သင်္ကေတကိုလည်း ထိန်းသိမ်းထားပါမည်။ အဆင့်မြင့် နည်းပညာများစွာလည်း ပါဝင်ထားမည့်အပြင် (ရှေ့ဘီးယက်စနစ်)ကို 2021 Model တွင် ဖယ်ထုတ်ထားပါသည်။ ၎င်းအစား Ridgeline Model အားလုံးတွင် ( AWD System ) ကို Standard ထည့်သွင်းထားပါသည်။ ထို့အတူ ( 3.5 L V6 Engine ) ၊ ( 280 hp ) အင်ဂျင်နှင့် ( 9- Speed Autogear ) တို့လည်း ပါဝင်မည်။ Honda သည် ဂီယာအချက်ရေမြင့်သည့် ဂီယာများ တီထွင်မှုတွင်ထင်ရှားသည့် Brand ဖြစ်ကာ နာမည်ကျော် ( 10-Speed Autogear ) ကိုလည်း Honda မှ စတင်မိတ်ဆက်နိုင်ခဲ့ကာ ယခုအခါ Pickup Truck များတွင် Level အမြင့်ဆုံး ဖြစ်သည့် ( 9 – Speed Autogear ) ကိုလည်း 2021 Ridgeline တွင် ထည့်သွင်းထားပါသည်။ ကား၏ အလျားသည်လည်း ယခင် Model ထက်ပို၍ ရှည်လျားပါသည်။ ဖျော်ဖြေရေးနှင့် အခြား Function များ အသုံးပြုနိုင်သည့် Infotainment Interface သည်လည်း ယခင် Model ထက် အရွယ် ပိုကြီးကာ ရုပ်ထွက်ဒီဇိုင်းလည်း ပိုကောင်းလာပါသည်။ 2021 Ridgeline တွင် Sport ၊ RTL ၊ RTL-E ၊ Black Edition ဟူ၍ Grade များခွဲခြားထားမည်ဖြစ်ကာ New HPD Package ကိုလည်း မှာယူ နိုင်ပါမည်။ ဈေးနှုန်းအနေဖြင့် ( ဒေါ်လာသုံးသောင်း ခုနှစ်ထောင် ) မှစတင်ကာ ( ဒေါ်လာလေးသောင်းငါးထောင်)ဝန်းကျင်အထိ ရှိပါမည်။
2018 Honda Ridgeline