ကျွန်တော်တို့ MG Myanmar မှ April လ ၃ ရက်နေ့မှာ ကားချစ်သူတို့နဲ့ အောင်မြင်ခမ်းနားစွာ တရားဝင်မိတ်ဆက်ပေးနိုင်ခဲ့တဲ့ MG 4 Electric ကားဟာဆိုရင်…

🔋 လျှပ်စစ်ကားတစ်စီးရဲ့ဖြစ်တည်မှုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ထူးခြားတဲ့ဘက်ထရီနည်းပညာကို ထည့်သွင်းထားပြီး Battery Safety အတွက် ကမ္ဘာ့အဆင့်စံသတ်မှတ်ချက်များကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့တဲ့အပြင်

⚡ အမြင်အာရုံဖြင့်မတွေ့နိုင်သော်လည်း ခရီးစဉ်တစ်လျှောက်လုံးမှာ ပြည့်ဝသောစွမ်းဆောင်ရည်နဲ့ လုံခြုံစိတ်ချရမှုအတွက် အမြင့်ဆုံးစိတ်ကျေနပ်မှုအဆင့်ကို ပေးစွမ်းနိုင်မည့် နည်းပညာမြင့် Safety Features များ၊

🚘 Efficient Range တစ်ခုဖြစ်စေဖို့ အသုံးပြုလို့ရနိုင်မယ့် Driving Functions များ၊

✔ ထူးခြားပြီးလူငယ်ဆန်တဲ့ ဝိသေသလက္ခဏာများကို အသားပေးဖော်ဆောင်ထားတဲ့ အဓိပ္ပာယ်ကိုယ်စီနဲ့ ကားအစိတ်အပိုင်းများကိုပေါင်းစပ်ထားတဲ့ ဒီဇိုင်းဖန်တီးမှု၊

💯 ပရီမီယံအရည်အသွေးကို ပိုပြီးပေါ်လွင်စေမယ့် ရိုးရှင်းခံ့ထည်စွာဖွဲ့စည်းထားတဲ့ ကားအတွင်းခန်း အစရှိသဖြင့်

၂၁ ရာစုရဲ့ လက်ရာမြောက်တဲ့နည်းပညာပြယုဂ်တစ်ခုပါပဲ…

ဒီလိုမျိုး ခေတ်ဆန်ခြင်းပြယုဂ်များနဲ့ပြည့်စုံလျက်ရှိတဲ့ လျှပ်စစ်ကားတစ်စီးကို ကျွန်တော်တို့ MG Myanmar မှ ကားချစ်သူတို့ရှေ့မှောက်သို့ ပို့ဆောင်ပေးနိုင်ခဲ့တဲ့အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ…

#DriveMediaMyanmar