Ford ဟာ နာမည်ကျော် Explorer ရဲ့ EV Version ကို ဥရောပမှာ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ New Explorer EV SUV ကို Volkswagen ရဲ့ MEB Platform မှာ အခြေခံဖန်တီးမှာဖြစ်ပြီး ဒီဇိုင်းနဲ့ Footprint တို့ကို Mustang Mach – E နဲ့ ကွဲလွဲတယ့်ပုံစံကို ဖန်တီးပေးထားပါတယ်။ သူ့မှာ 282 HP Output Single Motor ပါဝင်ပြီး ( 77.0 kWh Battery ) နဲ့ အဆိုပါ Powertrain Setup ကို VW ID.4 မှာလည်း အသုံးပြု ထားပါတယ်။

လျှပ်စစ်သီးသန့်အနေနဲ့ ( 374 Miles of Range ) အသုံးပြု နိုင်မှာဖြစ်ကြောင်း၊ Ford ဟာ Explorer EV ကို Road Test အနေနဲ့ ပြသရန် British Adventurer Lexie Alford နဲ့ ပူးပေါင်းပြီး Road Test လုပ်ခဲ့ရာမှာ ကမ္ဘာ့တိုက်ကြီး ( ၆ ) တိုက်အနှံ့ရှိ နိုင်ငံ ( ၂၇ ) နိုင်ငံကို သွားခဲ့ကာ ခရီးမိုင် ( ၁၈၆၄၀ ) အထိ စမ်းသပ် နိုင်ခဲ့ပါတယ်။ Explorer မှာ Dual Motor Version ရှိပြီး သူက ( Combined 335 hp output ) ဖြစ်ကာ ( 79.0 kWh Battery ) ၊ Single – Motor Version ကို ( USD 58,000 ) ခန့် ဈေးနှုန်းနဲ့ ဥရောပမှာ ရောင်းချမှာဖြစ်ပါတယ်။

Ford ဟာ New Explorer EV ကို Popular ဖြစ်နေတဲ့ European EV ဈေးကွက်မှာ ဈေးကွက်ဝေစု ခိုင်ခိုင်မာမာ ရနိုင်အောင် ရည်ရွယ်ထားလို့ ဆန်းသစ်တဲ့ ဒီဇိုင်းပုံစံကစပြီး ထိပ်တန်း အရည်အသွေး ၊ နည်းပညာ များစွာ ပေါင်းစပ်ပေးခြင်းတို့အထိ အလေးပေးဖန်တီးထားပါတယ်။ ( Ford Explorer EV ဟာ Ford ရဲ့ တမူထူးခြားတဲ့ ဖန်တီးတည်ဆောက်မှုကို ကိုယ်စားပြုထားတယ့် Model ဖြစ်တယ် ) လို့ Ford CEO ဖြစ်သူ Mr Jim Farley က ပြောကြားထားကြောင်း၊ Ford ဟာ MEB Platform ကို အခြေခံကာ New EV SUV အသစ် ( ၂ ) မျိုးကို ဥရောပမှာ ထုတ်လုပ်ရန် စီစဉ်ထားသည်ကိုသိရှိရပါတယ်။