Honda သည် ဥရောပဈေးကွက်အတွက် Honda Civic Hatchback အား 2023 Model Year အနေဖြင့် Hybrid Version တမျိုးသာ သတ်မှတ်ရောင်းချမည်ဖြစ်သည်။ Honda သည် Civic Hybrid Version ဖြစ်သည့် e:HEV အား 2022 တွင် မိတ်ဆက်ခဲ့ပြီး ယခု Model သည် e:HEV နှင့်တူညီပါမည်။ ဥရောပအတွက် ရောင်းချမည့် Civic Hybrid Hatchback တွင် ( New 72 Call Lithium – ion Battery ) နှင့် ( Compact Electric Motor ) ( ၂ ) ခု ပါဝင်မည်ဖြစ်ကာ (2.0 L Atkinson – cycle Engine ) နှင့်တွဲဖက်ထားပါမည်။ Hybrid Version သည်ပုံမှန် ICE Engine ထက်  ( 41 % ) ခန့် စွမ်းဆောင်ရည်ပိုကောင်းပါမည်။ ထို့အပြင် ( New Power Control Unit ) နှင့် ( Intelligent Power Unit ) တို့လည်းပေါင်းစပ် ပါဝင်ပါမည်။ ကားမောင်းနှင်ရာတွင် များစွာအဆင်ပြေစေမည့် Drive Model Function လည်းပါဝင်မည်ဖြစ်ကာ – Eco ၊ Normal ၊ Sport ၊ Individual ဟူ၍ ပုံစံ ( ၄ ) မျိုးကို ရွေးချယ်နိုင်ပါမည်။

 

Engine ၊ Transmission ၊ Instrument Cluster တို့၏ Setting များကို လိုအပ်သလို ပြောင်းလဲနိုင်သည့် Function လည်းပါဝင်မည် ဖြစ်သည်။ New Civic e: HEV သည် ဥရောပဈေးကွက်၏ Honda Electrified Line up အတွက် အပြီးသတ်ဖန်တီးသည့် Model ဖြစ်သည့်အပြင် U.S.A ဈေးကွက်သို့ တင်ပို့ရောင်းချမည်မဟုတ်ပါ။ U.S.A ရှိ Civic Model တွင် Hybrid Power train ပါရှိမည်မဟုတ်ကာ Honda Insight Compact Sedan တွင်သာ Hybrid Powertrain ကိုထည့်သွင်းမည်ဖြစ်သည်။ Honda သည် U.S.A ဈေးကွက်တွင် 2021 Model Year အတွက် Honda Insight စုစုပေါင်း ( 18685 ) စင်းခန့် ရောင်းချခဲ့ပါသည်။

#DriveMediaMyanmar