Unicode version…

Hyundai Motor ၏ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော International KLM Co., Ltd မှ Hyundai ကားများကို အသက်သာဆုံးပေးသွင်းငွေဖြင့် စတင်ရောင်းချပေးမည့်အစီအစဉ်တစ်ရပ်ကို မတ်လ ၁၆၊ ၁၇၊ ၁၈ ရက်တွေမှာ မြန်မာပလာဇာတွင် ၃ရက်ကြာ ကျင်းပသွားပသွားခဲ့သည်။ ထိုပွဲတွင် Accent 2018 ကားသစ်အား စတင်မိတ်ဆက် သွားခြင်း လည်းဖြစ်သည်။
Road Show ပွဲတွင် ပြသသွားသည့် Hyundai Accent ကို ဆီဒင်ကားအမျိုးအစားအဖြစ် ထုတ်လုပ်ထားပြီး 1.4-liter four-cylinder အင်ဂျင်တပ်ထားပါသည်။ အသစ်တဖန်မွမ်းမံထုတ်လုပ်ထားသော Accent 2018 သည် ဆီစားသက်သာပြီး လောင်စာဆီသုံးစွဲမှုအနေနှင့် 16.4 km/L (High Way)၊ 14.1 km/L (Combined) နဲ့ 12.6 km/L (City) တွေ ရှိသလို SE Sedan ကားအမျိုးအစားတွေမှာ မပါတဲ့ ၁၆လက်မ အလွိုင်းဘီးခွေများ (၁၄လက်မ စတီးဘီးခွေများ)၊ အနောက်ဘက် Disc ဘရိတ်များ၊ အီလက်ထရိုခရိုမစ်နောက်ကြည့်မှန်၊ စတီယာရင်ပေါ်က အသံထိန်းချုပ်ခလုတ်၊ ကျယ်ဝန်းတဲ့ ပစ္စည်းထည့်စရာအကန့်နှင့် Bluetooth ကနေတဆင့် ဖုန်းခေါ်ဆိုမှု၊ ဖြေဆိုမှုတွေ ပြုလုပ်နိုင်တဲ့စနစ်လိုမျိုး အသုံးဝင်တဲ့ အထူးပြုလုပ်ချက်တွေ ပါ၀င်ပါသည်။ Hyundai ၏အကောင်းမွန်ဆုံးအာမခံချက်ဖြစ်သည့် Power Window အဖွင့်အပိတ်၊ သော့မလို ကားစက်နှိုးမှုစနစ်နှင့် အပူအအေးလေအေးပေးစနစ်တွေလည်း ပါ၀င်ပြီး မြင်းကောင်ရေအား 100 အင်ဂျင် 6-speed အော်တိုဂီယာဖြင့် ၀ယ်ယူရရှိနိုင်ပါသည်။ ဒါ့အပြင် ၀ယ်ယူသော Customer များအနေဖြင့် အနည်းဆုံးငွေပေးချေမှုနှင့် ၂၀ ရာခိုင်နှုန်း ၃ နှစ်အတွက် အမေရိကန်ဒေါ်လာ ၅,၁၈၀ ပေးချေပြီး အထူး Promotion အနေဖြင့် အတိုးမယူဘဲ လစဉ်ငွေပေးသွင်းမှုများဖြင့် ၀ယ်ယူနိုင်မည်ဖြစ်သည်။
ထို့အပြင် Road Show ကာလအတွင်း လာရောက်လေ့လာဝယ်ယူသူများ စိတ်အပန်းပြေစေရန် နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ Tarot ဗေဒင်မေးခြင်း၊ Caricature အစရှိသော ဖျော်ဖြေရေးများအပြင် ကလေးများအတွက် ဘောလုံးအလှရုပ်များကိုပါ လက်ဆောင်အဖြစ် ပေးသွားမည်ဖြစ်သည်။

Zawgyi version…
Hyundai Motor ၏ ျမန္မာျပည္တစ္ဦးတည္းကိုယ္စားလွယ္ျဖစ္ေသာ International KLM Co., Ltd မွ Hyundai ကားမ်ားကို အသက္သာဆံုးေပးသြင္းေငြျဖင့္ စတင္ေရာင္းခ်ေပးမည့္အစီအစဥ္တစ္ရပ္ကို မတ္လ ၁၆၊ ၁၇၊ ၁၈ ရက္ေတြမွာ ျမန္မာပလာဇာတြင္ ၃ရက္ၾကာ က်င္းပသြားပသြားခဲ့သည္။ ထိုပြဲတြင္ Accent 2018 ကားသစ္အား စတင္မိတ္ဆက္ သြားျခင္း လည္းျဖစ္သည္။
Road Show ပြဲတြင္ ျပသသြားသည့္ Hyundai Accent ကို ဆီဒင္ကားအမ်ိဳးအစားအျဖစ္ ထုတ္လုပ္ထားၿပီး 1.4-liter four-cylinder အင္ဂ်င္တပ္ထားပါသည္။ အသစ္တဖန္မြမ္းမံထုတ္လုပ္ထားေသာ Accent 2018 သည္ ဆီစားသက္သာၿပီး ေလာင္စာဆီသံုးစြဲမႈအေနႏွင့္ 16.4 km/L (High Way)၊ 14.1 km/L (Combined) နဲ႔ 12.6 km/L (City) ေတြ ရွိသလို SE Sedan ကားအမ်ိဳးအစားေတြမွာ မပါတဲ့ ၁၆လက္မ အလိြဳင္းဘီးေခြမ်ား (၁၄လက္မ စတီးဘီးေခြမ်ား)၊ အေနာက္ဘက္ Disc ဘရိတ္မ်ား၊ အီလက္ထရိုခရိုမစ္ေနာက္ၾကည့္မွန္၊ စတီယာရင္ေပၚက အသံထိန္းခ်ဳပ္ခလုတ္၊ က်ယ္၀န္းတဲ့ ပစၥည္းထည့္စရာအကန္႔ႏွင့္ Bluetooth ကေနတဆင့္ ဖုန္းေခၚဆိုမႈ၊ ေျဖဆိုမႈေတြ ျပဳလုပ္ႏိုင္တဲ့စနစ္လိုမ်ိဳး အသံုး၀င္တဲ့ အထူးျပဳလုပ္ခ်က္ေတြ ပါ၀င္ပါသည္။ Hyundai ၏အေကာင္းမြန္ဆံုးအာမခံခ်က္ျဖစ္သည့္ Power Window အဖြင့္အပိတ္၊ ေသာ့မလို ကားစက္ႏႈိးမႈစနစ္ႏွင့္ အပူအေအးေလေအးေပးစနစ္ေတြလည္း ပါ၀င္ၿပီး ျမင္းေကာင္ေရအား 100 အင္ဂ်င္ 6-speed ေအာ္တိုဂီယာျဖင့္ ၀ယ္ယူရရွိႏိုင္ပါသည္။ ဒါ့အျပင္ ၀ယ္ယူေသာ Customer မ်ားအေနျဖင့္ အနည္းဆံုးေငြေပးေခ်မႈႏွင့္ ၂၀ ရာခိုင္ႏႈန္း ၃ ႏွစ္အတြက္ အေမရိကန္ေဒၚလာ ၅,၁၈၀ ေပးေခ်ၿပီး အထူး Promotion အေနျဖင့္ အတိုးမယူဘဲ လစဥ္ေငြေပးသြင္းမႈမ်ားျဖင့္ ၀ယ္ယူႏိုင္မည္ျဖစ္သည္။
ထို႔အျပင္ Road Show ကာလအတြင္း လာေရာက္ေလ့လာ၀ယ္ယူသူမ်ား စိတ္အပန္းေျပေစရန္ ေန႔လည္ ၁၂ နာရီမွ ညေန ၅ နာရီအထိ အမွတ္တရဓာတ္ပံုရိုက္ျခင္း၊ Tarot ေဗဒင္ေမးျခင္း၊ Caricature အစရွိေသာ ေဖ်ာ္ေျဖေရးမ်ားအျပင္ ကေလးမ်ားအတြက္ ေဘာလံုးအလွရုပ္မ်ားကိုပါ လက္ေဆာင္အျဖစ္ ေပးသြားမည္ျဖစ္သည္။