Unicode version…

လျှပ်စစ်ကားကို ထုတ်လုပ်ခဲ့ကြတဲ့ ကမ္ဘာ့ နာမည် ကြီး ကားထုတ်လုပ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ Ferrari, McLaren နဲ့ Tesla တို့က သတိကြီးစွာ ထားပြီး စောင့်ကြည့်ရတော့မယ့် ကားထုတ်လုပ်ရေး ကုမ္ပဏီကတော့ ကမ္ဘာ့အရှေ့ဖျား နိုင်ငံတစ်ခု ဖြစ်တဲ့ တရုတ်နိုင်ငံ အခြေစိုက် Next EV ပဲဖြစ်ပါတယ်။ ဒီကုမ္ပဏီကို 2014 ခုနှစ်က စတင်တည် ထောင်ခဲ့တာဖြစ်ပြီး Formula E Championship ကားမောင်းပြိုင်ပွဲမှာ အသုံးပြုဖို့ အသင်းစတင်တည် ထောင်တဲ့ ပထမနှစ်မှာပဲ Nelson Piquet Jr က ကုမ္ပဏီရဲ့ Formula E ပြိုင်ကားနဲ့ ၀င်ရောက်ယှဉ် ပြိုင်ပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ

တာထွက်မှာ မျက်နှာပန်းလှခဲ့တဲ့ Next EV ဒုတိယခြေလှမ်းအဖြစ် ကမ္ဘာ့အမြန်ဆုံး လျှပ်စစ် ကားကို မကြာတော့တဲ့အချိန်တွင်းမှာ ထုတ်လုပ် သွားတော့မှာ ဖြစ်ပါတယ်။ NIO EP9 လျှပ်စစ်ကား ရဲ့ top speed က eco – monster လို့နာမည်ကြီး ခဲ့တဲ့ Formula 1 ယာဉ်မောင်းအတွက် အားကျစရာ ဖြစ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူစံချိန် တင်ခဲ့တဲ့ top speed အများစုက 200 mph နှုန်း လောက်ပဲရှိခဲ့လို့ပါဘဲ။

EP 9 လျှပ်စစ်ကားက မြင်းကောင်ရေ 1,390 hp ထွက်ရှိမယ့် hyper car ဖြစ်ပြီး အရင် တုန်းက ထုတ်လုပ်ခဲ့တဲ့ ဂျာမနီပြိုင်ကား Green Hell ထက် 12.9 mile လောက် အကွာအဝေးကို သတ်မှတ်ထားတဲ့စံချိန်အတွင်း ပိုပြီးခရီးရောက် သွားပါလိမ့်မယ်။

တရားဝင်ထုတ်လုပ်ထားတဲ့ လျှပ်စစ်ကား လေးမျိုးလောက်ရှိနေတဲ့အထဲမှာ EP 9 ကားက Porsche နဲ့ Lamborghini တို့ရဲ့ Super လျှပ်စစ် ကား နှစ်မျိုးကိုတော့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသေးပါဘူး။ Next EV ကုမ္ပဏီက Formula E ကားမှာ အသုံးပြု ထားတဲ့ နည်းပညာကို အခြေခံပြီး High speed ကို ရရှိအောင် လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ EP 9 မှာ LMP1 ပြိုင်ကားတွေရဲ့ Safety Standard အတိုင်း တူညီစွာ တပ်ဆင်အသုံးပြုသွားမှာပါ။

EP 9 ရဲ့ High Weight က (1, 735 kg) ဖြစ်ပြီး ကားရဲ့ Performance က La Ferrari, McLaren P1 နဲ့ Porsche 918 ကားတွေနဲ့ တူညီပါ လိမ့်မယ်။ EP 9 ကားက 0 – 62mph ကို 2.7 စက္ကန့်နဲ့ အရောက်မောင်းနိုင်မှာဖြစ်ပြီး။ 200 km/h ကို 7.1 စက္ကန့်နဲ့ 300 km/h ကို 15.9 စက္ကန့်ဖြစ်ပါ တယ်။ Quarter – mile ကို 10.1 စက္ကန့်နဲ့ မောင်း မှာဖြစ်ပြီး top speed က 195 mph ပါ။ ကားရဲ့ ကြီးမားတဲ့ တံခါးဘောင်တွေပေါ်မှာ ဘက်ထရီနှစ် လုံးကို တပ်ဆင်ထားမှာဖြစ်ပြီး ချာဂျင်သွင်းချိန်က 45 မိနစ်ပဲကြာပါလိမ့်မယ်။ EP 9 ကားက တစ်ဆက် တည်းခရီးမိုင် 265 မိုင်အထိ ရောက်ရှိနိုင်မှာဖြစ်လို့ ဒီအကွာအဝေးက ရန်ကုန်နဲ့ နေပြည်တော်ခရီး အကွာအဝေးနဲ့ တူညီမှုရှိပါတယ်။

ကားရဲ့အတွင်းခန်းထဲမှာ ကွန်ပျူတာ Screen 4 ခု ပါ၀င်မှာဖြစ်ပြီး မူလပုံစံ dials တွေကို တပ်ဆင်ခြင်းမရှိပါဘူး။ Screen တစ်ခုကို စတီယာ ရင်ကွင်းပေါ်မှာ တပ်ဆင်ထားမှာဖြစ်ပြီး နောက်တစ် ခုကို ရှေ့က Screen ရဲ့ နောက်မှာထားရှိမှာပါ။

တတိယ Screen ကိုတော့ Centre Console ပေါ်မှာ တပ်ဆင်ခဲ့ပြီး နောက်ဆုံး တစ်ခုကိုတော့ ခရီးသည်ထိုင်တဲ့ဘက်က dashboard ပေါ်မှာ တပ်ဆင်ထားတာဖြစ်ပါတယ်။ ကြီးမားတဲ့ နောက်ဖက် Wing တွေက ကား ကွေ့ချိန်မှာ အရှိန်ကို လျော့ချပြီး ထိန်းညှိလုပ် ဆောင် ပေးသွား မှာပါ။ EP 9 ရဲ့ ကြမ်းခင်းတွေကို ထောင့်ချိုးကွေ့ချိန်မှာ Wingတွေနဲ့အတူ downforce လုပ်သွားနိုင်မယ့် ဒီဇိုင်းမျိုးကို ပြုလုပ် ထားခဲ့တာဖြစ်ပါတယ်။ အရှိန်လျော့ပေးနိုင်တဲ့နှုန်း က 2.5 G ဖြစ်ပြီး ဒီနှုန်းက F1 ကားရဲ့ တစ်ဝက် လောက်သာရှိပေမယ့် Road Car အများစုရဲ့ စွမ်းဆောင်နိုင်ရည်ထက် နှစ်ဆလောက်သာ နေပါ သေးတယ်။

EP 9 ကားက ယာဉ်မောင်းတွေရဲ့ ကား အစစ်ဖြစ်ပါတယ်လို့ Next EV Formula E Driver Oliver Turvey က ပြောကြားခဲ့ပါတယ်။ NIO EP 9 ကားကို လာမယ့် 2017 မှာ ထုတ်လုပ်သွားမယ်လို့ ကုမ္ပဏီက ပြောကြားခဲ့ပြီး ပထမ အဆင့်အနေနဲ့ တရုတ်နိုင်ငံရဲ့ စျေးကွက်မှာပဲစတင်ရောင်းချသွား မယ်လို့ဆိုပါတယ်။ ဒါပေမယ့် နောင်အနာဂတ် ကာလမှာ US, UK နဲ့ Europe နိုင်ငံတွေမှာပါ ရောင်းချသွားဖို့ ရည်ရွယ်ချက် ထားရှိခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လက်ရှိ အခြေအနေအရ ပတ်ဝန်း ကျင် လေထုညစ်ညမ်းမှုကို ပြင်းထန်စွာ ခံစားနေရ တဲ့အတွက် Next EV က လျှပ်စစ်ကားတွေကိုသာ ၀ယ်ယူအသုံးပြုသွားကြဖို့ နည်းလမ်းသစ်တစ်ခု အနေနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အနာဂါတ် ကာလမှာ လူတစ်ဦးချင်းစီအတွက် အရည်အသွေး သာလွန်ကောင်းမွန်တဲ့ လျှပ်စစ်ကားတွေကို ထုတ် လုပ်ပေးသွားဖို့ ဦးတည်ချက်ထား ရှိခဲ့ပါတယ်လို့ Next EV ရဲ့ ဥက္ကဋ္ဌ William Li ပြောကြားခဲ့ပါ ပါတယ်။

Specification Sheet :

High Weight 1,735 kg

Horse Power -1390

0 -62 -2.7 Second

Quarter Mile -10.1Second

Top Speed -195 mph

Martyn Brown

Zawgyi  version…

လွ်ပ္စစ္ကားကို ထုတ္လုပ္ခဲ့ၾကတဲ့ ကမၻာ့ နာမည္ ၾကီး ကားထုတ္လုပ္ေရး ကုမၸဏီေတြျဖစ္တဲ့ Ferrari, McLaren နဲ႔ Tesla တို႔က သတိႀကီးစြာ ထားၿပီး ေစာင့္ၾကည့္ရေတာ့မယ့္ ကားထုတ္လုပ္ေရး ကုမၸဏီကေတာ့ ကမၻာ့အေရွ႕ဖ်ား ႏုိင္ငံတစ္ခု ျဖစ္တဲ့ တရုတ္ႏုိင္ငံ အေျခစိုက္ Next EV ပဲျဖစ္ပါတယ္။ ဒီကုမၸဏီကို 2014 ခုႏွစ္က စတင္တည္ ေထာင္ခဲ့တာျဖစ္ၿပီး Formula E Championship ကားေမာင္းၿပိဳင္ပြဲမွာ အသံုးျပဳဖို႔ အသင္းစတင္တည္ ေထာင္တဲ့ ပထမႏွစ္မွာပဲ Nelson Piquet Jr က ကုမၸဏီရဲ႕ Formula E ၿပိဳင္ကားနဲ႔ ၀င္ေရာက္ယွဥ္ ၿပိဳင္ၿပီး ခ်န္ပီယံဆုကို ရယူႏုိင္ခဲ့တာပါ

တာထြက္မွာ မ်က္ႏွာပန္းလွခဲ့တဲ့ Next EV ဒုတိယေျခလွမ္းအျဖစ္ ကမၻာ့အျမန္ဆံုး လွ်ပ္စစ္ ကားကို မၾကာေတာ႔တဲ့အခ်ိန္တြင္းမွာ ထုတ္လုပ္ သြားေတာ့မွာ ျဖစ္ပါတယ္။ NIO EP9 လွ်ပ္စစ္ကား ရဲ႕ top speed က eco – monster လို႔နာမည္ႀကီး ခဲ့တဲ့ Formula 1 ယာဥ္ေမာင္းအတြက္ အားက်စရာ ျဖစ္ေနခဲ့ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူစံခ်ိန္ တင္ခဲ့တဲ့ top speed အမ်ားစုက 200 mph ႏႈန္း ေလာက္ပဲရွိခဲ့လို႔ပါဘဲ။

EP 9 လွ်ပ္စစ္ကားက ျမင္းေကာင္ေရ 1,390  hp ထြက္ရွိမယ့္ hyper car ျဖစ္ၿပီး အရင္ တုန္းက ထုတ္လုပ္ခဲ့တဲ့ ဂ်ာမနီၿပိဳင္ကား Green Hell ထက္ 12.9 mile ေလာက္ အကြာအေ၀းကို သတ္မွတ္ထားတဲ့စံခ်ိန္အတြင္း ပိုၿပီးခရီးေရာက္ သြားပါလိမ့္မယ္။

တရား၀င္ထုတ္လုပ္ထားတဲ့ လွ်ပ္စစ္ကား ေလးမ်ိဳးေလာက္ရွိေနတဲ့အထဲမွာ EP 9 ကားက Porsche နဲ႔ Lamborghini တို႔ရဲ႕ Super လွ်ပ္စစ္ ကား ႏွစ္မ်ိဳးကိုေတာ့ ယွဥ္ၿပိဳင္ႏုိင္စြမ္းမရွိေသးပါဘူး။ Next EV ကုမၸဏီက Formula E ကားမွာ အသံုးျပဳ ထားတဲ့ နည္းပညာကို အေျခခံၿပီး High speed ကုိ ရရွိေအာင္ လုပ္ေဆာင္ႏုိင္ခဲ့တာျဖစ္ပါတယ္။ EP 9 မွာ LMP1 ၿပိဳင္ကားေတြရဲ႕ Safety Standard အတုိင္း တူညီစြာ တပ္ဆင္အသံုးျပဳသြားမွာပါ။

EP 9 ရဲ႕ High Weight က (1, 735 kg) ျဖစ္ၿပီး ကားရဲ႕ Performance က La Ferrari, McLaren P1 နဲ႕ Porsche 918 ကားေတြနဲ႔ တူညီပါ လိမ့္မယ္။ EP 9 ကားက 0 – 62mph ကို 2.7 စကၠန္႔နဲ႔ အေရာက္ေမာင္းႏုိင္မွာျဖစ္ၿပီး။ 200 km/h ကို 7.1 စကၠန္႔နဲ႔ 300 km/h ကို 15.9 စကၠန္႔ျဖစ္ပါ တယ္။ Quarter – mile ကို 10.1 စကၠန္႔နဲ႔ ေမာင္း မွာျဖစ္ၿပီး top speed က 195 mph ပါ။ ကားရဲ႕ ႀကီးမားတဲ့ တံခါးေဘာင္ေတြေပၚမွာ ဘက္ထရီႏွစ္ လံုးကို တပ္ဆင္ထားမွာျဖစ္ၿပီး ခ်ာဂ်င္သြင္းခ်ိန္က 45 မိနစ္ပဲၾကာပါလိမ့္မယ္။ EP 9 ကားက တစ္ဆက္ တည္းခရီးမုိင္ 265 မိုင္အထိ ေရာက္ရွိႏုိင္မွာျဖစ္လို႔ ဒီအကြာအေ၀းက ရန္ကုန္နဲ႔ ေနျပည္ေတာ္ခရီး အကြာအေ၀းနဲ႔ တူညီမႈရွိပါတယ္။

ကားရဲ႕အတြင္းခန္းထဲမွာ ကြန္ပ်ဴတာ Screen 4 ခု ပါ၀င္မွာျဖစ္ၿပီး မူလပံုစံ dials ေတြကို တပ္ဆင္ျခင္းမရွိပါဘူး။ Screen တစ္ခုကို စတီယာ ရင္ကြင္းေပၚမွာ တပ္ဆင္ထားမွာျဖစ္ၿပီး ေနာက္တစ္ ခုကို ေရွ႕က Screen ရဲ႕ ေနာက္မွာထားရွိမွာပါ။

တတိယ Screen ကိုေတာ့ Centre Console ေပၚမွာ တပ္ဆင္ခဲ့ၿပီး ေနာက္ဆံုး တစ္ခုကိုေတာ့ ခရီးသည္ထုိင္တဲ့ဘက္က dashboard  ေပၚမွာ တပ္ဆင္ထားတာျဖစ္ပါတယ္။ ႀကီးမားတဲ့ ေနာက္ဖက္ Wing ေတြက ကား ေကြ႕ခ်ိန္မွာ အရွိန္ကို ေလ်ာ့ခ်ၿပီး ထိန္းညွိလုပ္ ေဆာင္ ေပးသြား မွာပါ။ EP 9 ရဲ႕ ၾကမ္းခင္းေတြကို ေထာင့္ခ်ိဳးေကြ႕ခ်ိန္မွာ Wingေတြနဲ႕အတူ downforce လုပ္သြားႏုိင္မယ့္ ဒီဇိုင္းမ်ိဳးကို ျပဳလုပ္ ထားခဲ့တာျဖစ္ပါတယ္။ အရွိန္ေလ်ာ့ေပးႏုိင္တဲ့ႏႈန္း က 2.5 G ျဖစ္ၿပီး ဒီႏႈန္းက F1 ကားရဲ႕ တစ္၀က္ ေလာက္သာရွိေပမယ့္ Road Car အမ်ားစုရဲ႕ စြမ္းေဆာင္ႏုိင္ရည္ထက္ ႏွစ္ဆေလာက္သာ ေနပါ ေသးတယ္။

EP 9 ကားက ယာဥ္ေမာင္းေတြရဲ႕ ကား အစစ္ျဖစ္ပါတယ္လို႔ Next EV Formula E Driver Oliver Turvey က ေျပာၾကားခဲ့ပါတယ္။ NIO EP 9 ကားကို လာမယ့္ 2017 မွာ ထုတ္လုပ္သြားမယ္လို႔ ကုမၸဏီက ေျပာၾကားခဲ့ၿပီး ပထမ အဆင့္အေနနဲ႔ တရုတ္ႏုိင္ငံရဲ႕ ေစ်းကြက္မွာပဲစတင္ေရာင္းခ်သြား မယ္လို႔ဆိုပါတယ္။ ဒါေပမယ့္ ေနာင္အနာဂတ္ ကာလမွာ US, UK နဲ႔ Europe ႏုိင္ငံေတြမွာပါ ေရာင္းခ်သြားဖို႔ ရည္ရြယ္ခ်က္ ထားရွိခဲ့ပါတယ္။ တရုတ္ႏုိင္ငံမွာ လက္ရွိ အေျခအေနအရ ပတ္၀န္း က်င္ ေလထုညစ္ညမ္းမႈကို ျပင္းထန္စြာ ခံစားေနရ တဲ့အတြက္ Next EV က လွ်ပ္စစ္ကားေတြကိုသာ ၀ယ္ယူအသံုးျပဳသြားၾကဖို႔ နည္းလမ္းသစ္တစ္ခု အေနနဲ႔ မိတ္ဆက္ေပးခဲ့တာျဖစ္ပါတယ္။အနာဂါတ္ ကာလမွာ လူတစ္ဦးခ်င္းစီအတြက္ အရည္အေသြး သာလြန္ေကာင္းမြန္တဲ့ လွ်ပ္စစ္ကားေတြကို ထုတ္ လုပ္ေပးသြားဖို႔ ဦးတည္ခ်က္ထား ရွိခဲ့ပါတယ္လို႔ Next EV ရဲ႕ ဥကၠ႒ William Li ေျပာၾကားခဲ့ပါ ပါတယ္။

Specification Sheet :

High Weight 1,735 kg

Horse Power    -1390

0  -62     -2.7 Second

Quarter Mile -10.1Second

Top    Speed      -195  mph

Martyn Brown