Land Rover ၏ဘက်စုံသုံးနှင့်ကျစ်လစ်သည့် ဒီဇိုင်းဖြင့်ထူးခြားစွာ ဖန်တီးထားသည့်နာမည်ကျော် Freelander Model သည်ယခုအခါ ( ၂၅ ) နှစ်ပြည့်မြောက်ပြီဖြစ်ပါသည်။ Land Rover သည် Freelander အား Brand အတွက်အဓိက အရေးပါသည့် Model အဖြင့်ရည်ရွယ်ကာ ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး Freelander 1 မှစ၍နောက်ပိုင်းထုတ်သည့် Model များကို LR အနေဖြင့်လည်း သတ်မှတ်ထုတ်လုပ်ပြီး LR 5 အထိထုတ်လုပ်ထားပါသည်။ Freelander / LR ၊ အပြင် Discovery Sport အထိအဆင့်ဆင့်တိုးတက်လာသည့် Model များသည် Land Rover ၏အခြေခံအုတ်မြစ်များဟု ဆိုရမည်ဖြစ်သည်။ U.K ရှိ Gaydon တွင်မူလပထမ Freelander ကိုကောင်းစွာထိန်းသိမ်းပြသထားပါသည်။ ယခုထုတ်လုပ်ထားသည့် Discovery Sport သည် LR 3 ၏ Successor Model ပြီးပြီး Discovery အနေဖြင့် Discovery 5 အထိထုတ်လုပ်ထားပါသည်။

 

Land Rover သည် Freelander ကိုစတင်ဖန်တီးရာတွင် နည်းပညာဆိုင်ရာ Developed များစွာဖြင့်ဖန်တီးခဲ့ကာ Ladder – Frame Chassis Monologue အမျိုးအစားတွင် All – Independent Suspension Setup များကို ပေါင်းစပ်ထည့်သွင်းကာ ဖန်တီးခဲ့သည့်အပြင် Design နှင့် Driving ဆိုင်ရာများကိုလည်း အထူးကောင်းမွန်စွာထုတ်ဖန်တီးခဲ့ပါသည်။ ပထမဆုံး Freelander Model အား 1997 September တွင်စတင်မွေးဖွားခဲ့ပြီး Design အား Geary MC Govern နှင့်အဖွဲ့မှ ဦးဆောင်ဖန်တီးခဲ့ပါသည်။ Freelander ၏ 4WD ဆိုင်ရာစွမ်းဆောင်ရည်အား Practical Cabin ၊ Modern Design စသည့်အချက်များအား လူကြိုက်များခဲ့ပါသည်။ Freelander အား Body Style ( ၂ ) မျိုးဖြင့် ထုတ်လုပ်ခဲ့ပြီး – ( 1.8 L Rover  K – Series Petrol Engine ) နှင့် ( 2.0 L Diesel Engine ) တို့အားအဓိက ထည့်သွင်းထုတ်လုပ်ခဲ့ပါသည်။

#DriveMediaMyanmar