Mercedes G Wagon ၏ G 63 AMG သည် AMG Engine တပ်ဆင်ခြင်း ( ၅၅ ) နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် Mercedes – AMG G 63 Edition 55  ကိုအထူးထုတ်အနေဖြင့် ဖန်တီးလိုက်ပါသည်။ 1967 တွင် စတင်ခဲ့သည့် AMG ခေါ် German Performance Division သည် ယခုအခါ ( ၅၅ ) နှစ်ပြည့် ပြီဖြစ်ကာ Mercedes – Benz ကားများအတွက် နာမည်ကျော် Performance Engine များကို အဓိက ထုတ်လုပ်ပေးသည့် Division ဖြစ်သည်။ ယခုထုတ်လုပ်လိုက်သည့် Special Edition 55 Model တွင် Obsidian Black Metallic ( သို့ ) White color အား Exterior Color အနေဖြင့် ရနိုင်ကာ မီးခိုးရောင် 22 –  inch AMG Forged Alloys ၊ တို့ပါဝင်ကာ AMG Night Package ကိုလည်း ရနိုင်ပါမည်။ G 63 AMG အထူးထုတ် Model တွင် –  Edition 55 Lettering နှင့် တံဆိပ်အား အထူးဖန်တီးမှုအနေဖြင့် ထည့်သွင်း ထားမည့်အပြင် အနီနှင့် အနက်ပေါင်းစပ်ထားသည့် အတွင်းခန်း Trim ၊ Steel Door Trim တို့ကို တပ်ဆင်ထားပါသည်။

 

အတွင်းခန်း Layout နှင့် Design ကိုလည်း ပုံမှန် G Wagon နှင့် တူညီပါသည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် ( 4.0 L Bi Turbo V8 Engine ) ၊ ( 577 hp ) ( 627  Ib – Ft of torque ) အင်ဂျင်ကို တပ်ဆင်ထားပါသည်။ G Wagon အား EV Variant  သို့ ပြောင်းလဲမည်ဆိုပါက G Wagon Original Character အချို့ပျောက်ဆုံးနိုင်မည်ဆိုသော်လည်း Mercedes – AMG အနေဖြင့် အပြည့်အစုံဆုံးသော Driving Performance ရရှိရန် Affalterbach မှ စွမ်းဆောင်ပေးနိုင်ပါမည်။ Mercedes G Edition 55 ၏ ဈေးနှုန်းသည် ပုံမှန် G 63 AMG ထက် အနည်းငယ်ဈေးများမည်ဖြစ်ကာ ယခုနှစ်ကုန်ခန့်တွင် စတင် ရောင်းချပါမည်။

#DriveMediaMyanmar