ဂ်ာမန္နာမည္ေက်ာ္ကားအမွတ္တံဆိပ္ျဖစ္သည့္ Audi သည္ ဇိမ္ခံဆီဒင္ေမာ္ဒယ္သစ္ျဖစ္သည့္ 2020 Audi S8 ကို ျပသသြားခဲ့ၿပီး ၿပီးျပည့္စံုသည့္ စြမ္းေဆာင္ရည္ျမင့္ ဇိမ္ခံေမာ္ဒယ္ကားတစ္စီးအျဖစ္ ျမင္ေတြ႕ရမည္ျဖစ္သည္။

Audi S8 သည္ 2018 ခုႏွစ္က ထုတ္လုပ္ခဲ့သည့္ A8 ထက္ အင္ဂ်င္ပါဝါပိုမိုျမင့္မားလာၿပီး  2020 S8 ေမာ္ဒယ္ကို ဥေရာပေစ်းကြက္တြင္ Short-Wheelbase ပံုစံျဖင့္ ထုတ္လုပ္သြားမည္ ျဖစ္ကာ အေမရိကေစ်းကြက္တြင္သာ Long-Wheelbase ကို ရရိွႏုိင္မည္ ျဖစ္သည္။Flagship Sedan ကားတစ္စီးျဖစ္သည့္ Audi S8 ကိုယ္ထည္သည္ ေသသပ္သည့္ဒီဇုိင္းပိုင္းကို ပိုင္ဆုိင္ထားၿပီး ဆန္းသစ္ထားသည့္ bumpers၊ side sills ႏွင့္အတူ Exhaust ႏွစ္လံုးပါဝင္မည္ျဖစ္သည္။

Flagship Sedan ကားတစ္စီးျဖစ္သည့္ Audi S8 ကိုယ္ထည္သည္ ေသသပ္သည့္ဒီဇုိင္းပိုင္းကို ပိုင္ဆုိင္ထားၿပီး ဆန္းသစ္ထားသည့္ bumpers၊ side sills ႏွင့္အတူ Exhaust ႏွစ္လံုးပါဝင္မည္ျဖစ္သည္။

အတြင္းခန္းသည္ carbon-fiber ႏွင့္ matte-Aluminium တို႔ တည္ၿငိမ္သည့္ အေရာင္ကို ျမင္ေတြ႕ရမည္ျဖစ္ၿပီး အနားသတ္မ်ားကို diamond-stitched ျဖင့္ ပိုမို႐ုပ္လံုးၾကြေစသည္။

Audi S8 သည္ 4.0-liter twin-turbo V-8 အင္ဂ်င္တပ္ဆင္ထားတာေၾကာင့္ စြမ္းေဆာင္ရည္ ပိုမုိျမင့္မားလာမည္ျဖစ္ကာ ျမင္းေကာင္ေရ 563 hp ႏွင့္ ႐ုန္းအား 590 lb-ft ထိ ထုတ္လုပ္ေပးႏုိင္မည္ျဖစ္သည္။

48-volt hybrid system ပါဝင္လာၿပီး eight-speed automatic transmission ႏွင့္ Audi ၏ Quattro all-wheel drive စနစ္ျဖင့္ ေမာင္းႏွင္ႏုိင္မည္ျဖစ္ကာ အျမန္ဆံုးေမာင္းႏွင္ႏိုင္မႈအျဖစ္ တစ္နာရီ 155 mph ထိ ေမာင္းႏွင္ႏုိင္မည္ျဖစ္သည္။

အျခားနည္းပညာမ်ားအေနျဖင့္ HAL-9000 က ထိန္းခ်ဳပ္ထားသည့္ driver assistance systems၊ ေလဆာစနစ္အသံုးျပဳ semi-automotive စနစ္၊ laser and OLED headlights ဆူညံသံေလွ်ာ့ခ်မႈစနစ္ မ်ားပါဝင္လာသည္။

Audi S8 ကို ယခုႏွစ္ကုန္ပိုင္းတြင္ အေမရိကန္ေဒၚလာ(၁)သိန္း ဝန္းက်င္ခန္႔ျဖင့္ ေရာင္းခ်သြားမည္ျဖစ္သည္။

Unicode Version….

ပြီးပြည့်စုံသည့် ဇိမ်ခံဆီဒင် ကားတစ်စီးအဖြစ် မြင်တွေ့ရမည့် 2020 Audi S8

ဂျာမန်နာမည်ကျော်ကားအမှတ်တံဆိပ်ဖြစ်သည့် Audi သည် ဇိမ်ခံဆီဒင်မော်ဒယ်သစ်ဖြစ်သည့် 2020 Audi S8 ကို ပြသသွားခဲ့ပြီး ပြီးပြည့်စုံသည့် စွမ်းဆောင်ရည်မြင့် ဇိမ်ခံမော်ဒယ်ကားတစ်စီးအဖြစ် မြင်တွေ့ရမည်ဖြစ်သည်။
Audi S8 သည် 2018 ခုနှစ်က ထုတ်လုပ်ခဲ့သည့် A8 ထက် အင်ဂျင်ပါဝါပိုမိုမြင့်မားလာပြီး 2020 S8 မော်ဒယ်ကို ဥရောပဈေးကွက်တွင် Short-Wheelbase ပုံစံဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကာ အမေရိကဈေးကွက်တွင်သာ Long-Wheelbase ကို ရရှိနိုင်မည် ဖြစ်သည်။
Flagship Sedan ကားတစ်စီးဖြစ်သည့် Audi S8 ကိုယ်ထည်သည် သေသပ်သည့်ဒီဇိုင်းပိုင်းကို ပိုင်ဆိုင်ထားပြီး ဆန်းသစ်ထားသည့် bumpers၊ side sills နှင့်အတူ Exhaust နှစ်လုံးပါဝင်မည်ဖြစ်သည်။
အတွင်းခန်းသည် carbon-fiber နှင့် matte-Aluminium တို့ တည်ငြိမ်သည့် အရောင်ကို မြင်တွေ့ရမည်ဖြစ်ပြီး အနားသတ်များကို diamond-stitched ဖြင့် ပိုမိုရုပ်လုံးကြွစေသည်။
Audi S8 သည် 4.0-liter twin-turbo V-8 အင်ဂျင်တပ်ဆင်ထားတာကြောင့် စွမ်းဆောင်ရည် ပိုမိုမြင့်မားလာမည်ဖြစ်ကာ မြင်းကောင်ရေ 563 hp နှင့် ရုန်းအား 590 lb-ft ထိ ထုတ်လုပ်ပေးနိုင်မည်ဖြစ်သည်။
48-volt hybrid system ပါဝင်လာပြီး eight-speed automatic transmission နှင့် Audi ၏ Quattro all-wheel drive စနစ်ဖြင့် မောင်းနှင်နိုင်မည်ဖြစ်ကာ အမြန်ဆုံးမောင်းနှင်နိုင်မှုအဖြစ် တစ်နာရီ 155 mph ထိ မောင်းနှင်နိုင်မည်ဖြစ်သည်။
အခြားနည်းပညာများအနေဖြင့် HAL-9000 က ထိန်းချုပ်ထားသည့် driver assistance systems၊ လေဆာစနစ်အသုံးပြု semi-automotive စနစ်၊ laser and OLED headlights ဆူညံသံလျှော့ချမှုစနစ် များပါဝင်လာသည်။
Audi S8 ကို ယခုနှစ်ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ(၁)သိန်း ဝန်းကျင်ခန့်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။