Ford သည် တရုတ်နိုင်ငံဈေးကွက်အတွက် Local Partner ဖြစ်သည့် Jiangling Motor ဖြင့် ပူးပေါင်းပြီး Ford Equator အား ယခုနှစ် March တွင် မိတ်ဆက်ခဲ့သည်။ အဆိုပါ SUV အား ယခုအခါ အရွယ်သေးငယ်သည့် ပုံစံဖြစ်သည့် Equator Sport အမည်ဖြင့် Ford မှ ဆက်လက်မိတ်ဆက်လိုက်ပါသည်။ ယခု Model သည် 5 – Seat Type ဖြစ်ကာ Guangzhou Auto Show တွင် ထုတ်ဖေါ်ပြသခဲ့ပါသည်။ Equator နှင့် Equator Sport တို့အား တူညီသည့် Platform ဖြင့် ဖန်တီးထားခြင်းဖြစ်ကာ Equator Sport ၏ Radiator Grille နှင့် LED ရှေ့မီးဒီဇိုင်းတို့သည် Equator ထံမှ ခွဲေ၀ ရယူထားခြင်းဖြစ်သည်။ New Equator Sport ၏ အပြင်ဖက်ဒီဇိုင်းအား သွယ်လျလှပစွာ ဖန်တီးထားကာ 20 – inch Alloy ၊ LED Stripe Taillight Design တို့လည်း ပေါင်းစပ်ပါဝင်ပါမည်။ အတွင်းခန်းသည် ခရီးသည် (၅) ဦး လိုက်ပါစီးနင်း နိုင်သည့် အခင်းအကျင်းဖြစ်ကာ Digital Instrument Console နှင့် Touchscreen Display တို့ (၂) ခု ပါဝင်သည့် Dual – Screen Layout ကို မြင်တွေ့ရပါမည်။ ထိုင်ခုံများကို သက်သောင့်သက်သာပုံစံအနေဖြင့် ခင်းကျင်းထား ပါသည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် – New 1.5 L I Engine ( Turbo Petrol Engine ) ၊ ( 170 bhp ) အင်ဂျင်နှင့် ( 6 – Speed Auto gear ) တို့တွဲဖက်တပ်ဆင်ထားကာ Top Speed သည် ( 180 Kmh ) ဖြစ်ပါသည်။ အရွယ်ကြီးမားသည့် Equator Model တွင်မူ ( 2.0 L Turbo Petrol Engine ) နှင့် ( DCT Auto gear ) တို့ ထည့်သွင်းထားပါသည်။

#DriveMediaMyanmar