Engineering Fir ကတခုဖြစ်သည့် Viritech သည် 1000 bhp အထိစွမ်းဆောင်ရည်ရရှိနိုင်သည့် Hydrogen စွမ်းအင်သုံး Hypercar ကိုဖန်တီးလိုက်ပါသည်။ Apricale ဟုအမည်ရသည့်အဆိုပါ Hypercar ၏ဒီဇိုင်းအား နာမည်ကျော်အီတလီကားဒီဇိုင်း Firm ဖြစ်သည့် Pinifarina မှဖန်တီးပြီးအလေးချိန် 1000 kg သာရှိကာ Zero Emission Type လည်းဖြစ်ပါသည်။ ၎င်းအား Limited Model အနေဖြင့်ရောင်းချမည်ဖြစ်ကာတန်ဖိုး ( စတာလင်ပေါင် ၁.၅ သန်း ) ခန့်သတ်မှတ်ပြီး 2024 တွင်စတင်ရောင်းချပါမည်။ Viritech သည် Apricale Hypercar ၏ Hydrogen Fule Cell နည်းပညာအားမိတ်ဆက်ပြသခြင်းဖြင့် FCEV Passenger Car ၊ Aircraft များနှင့် လှေငယ်များအတွက် Hydrogen Fuel Cell ဆိုင်ရာနည်းပညာကို Third – party အနေဖြင့် ဝန်ဆောင်မှုပေးအပ်ရန် အဓိကရည်ရွယ်ထားပါသည်။ Viritech Apricale သည်အထူးအဆင့်မြင့်သည့် FCEV နည်းပညာကိုအသုံးပြုထားသည့် ကမ္ဘာပထမဆုံး Hydrogen Hypercar ဖြစ်သည်ဟု Viritech ၏ Co – Founder ဖြစ်သူ Matt Faulks မှပြောကြားပါသည်။

 

Viritech သည် Apricale Hypercar တွင်နည်းပညာဆိုင်ရာ အဆင့်မြှင့်တင်မှုများစွာ ပေါင်းစပ်ပေးထားသည့်အပြင် ကား၏အလေးချိန်ကိုလည်း အထူးပေါ့ပါးစွာ ဖန်တီးထားခြင်းဖြင့် Fun to Drive အနေအထားကို အဓိကရည်ရွယ်ထားပါသည်။ Apricale တွင် ( Graphene – Reinforced Hydrogen Pressure Vessel ) ကိုအသုံးပြုထားပြီး၎င်းသည် Chassis ရှိ Structure Element နေရာတွင် Hydrogen Storage Tank ကိုတပ်ဆင်ထားခြင်းဖြစ်သည်။ Viritech သည် ၎င်း၏ Hydrogen နည်းပညာအား လုပ်ငန်းသုံးယာဉ်များတွင်လည်း အသုံးပြုနိုင်ရန် ရည်ရွယ်ထားပါသည်။ ၎င်း၏ Hydrogen Tech သည်ခရီးမိုင် ၄၀၀ မှ ၅၀၀ အတွင်းအထိရောက်ရှိနိုင်မည်ဖြစ်သည်။

#DriveMediaMyanmar