Unicode version…

ဗြိတိသျှ လေလံ ကုမ္ပဏီတစ်ခုဖြစ်သည့် Bonham သည် ဗြိတိန်တွင် သက်တမ်းအကြာဆုံး ကားဟုယုံကြည်ရသည့် (1894 Santler Dogcart) ကားအား မကြာသေးမီအချိန်က လေလံတင် ရောင်းချခဲ့ပါသည်။ ၄င်းကားသည် အရောင်တင်ဆီသုံး သစ်သားကိုယ်ထည်/ Angle- iron Platform အားဘဲဥပုံသဏ္ဍာန်ရှိသည့် အောက်ပိုင်းစနစ်များဖြင့် ဖန်တီးထားကာ (ဘတ်ကြိုး)ဖြင့် ပြုလုပ်ထား သည့် ဂီယာစနစ်နှင့် မော်တော်ဆိုင်ကယ် တာယာများပါရှိပါသည်။ အလားတူ ခြေနင်းဘရိတ် နှင့် (Hand Brake) များလည်းပါရှိပါသည်။ ထိုကားအား (စတာလင်ပေါင် ၂၅၀၀၀၀) မှ (စတာလင်ပေါင် ၃၀၀၀၀၀) အတွင်း၌ လေလံအောင်ခဲ့ပါသည်။ (Santler) ကားများအား အင်္ဂလန်နိုင်ငံ (Worcester shire) ပြည်နယ် (Malvern Link) ဒေသတွင် (1889-1992) ကာလများ၌ ထုတ်လုပ်ခဲ့ပြီး (Charles and Walter Santler) ညီအစ်ကိုများ ကုမ္ပဏီမှ ပိုင်ဆိုင်ခဲ့ပါသည်။ အဆိုပါ ကုမ္ပဏီ၏ ကနဦးစီးပွားရေးမှာ မော်တော်ဆိုင်ကယ် / စက်ဘီးများထုတ်လုပ်ခြင်းဖြစ်ပါသည်။ ပထမဆုံး ထုတ်လုပ်ခဲ့သည့် Santler ကားမှာ ရေနွေးငွေ့ဘွိုင်လာသုံး(၂)ယောက်စီးကားဖြစ်ပြီး ထိုခေတ် (1865) ဗြိတိသျှဥပဒေတစ်ရပ်ဖြစ်သည့် (ကားတစ်စင်းတွင်အနည်းဆုံး ခရီးဆုံးသည်(၃)ဦးပါ၀င် ရမည်) အရထုတ်လုပ်မှုရပ်စဲခဲ့ပါသည်။ ထို့နောက် (ကျောက်မီးသွေးအခြေခံ လေဖိသိပ်စနစ်)သုံး ကားများကို ဆက်လက်ထုတ်လုပ်ခဲ့သော်လည်း စွမ်းအင်နည်းပါးခြင်းနှင့် ခရီးဝေးမရောက်ရှိနိုင်ခြင်း များကြောင့် ကြာရှည်စွာ မထုတ်လုပ်နိုင်ခဲ့ပါ။ ယခု(Santler)ကားအား (မှတ်တမ်းများအရ)(1930) ပြည့်ကာလများတွင် ပထမအကြိမ် လေလံအောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း မပျက်စီးဘဲ ကျန်ခဲ့ပါ သည်။ ထို့နောက် အခက်အခဲများစွာဖြင့် ဆက်လက်ထိန်းသိမ်းလာခဲ့ပြီး (1950)ပြည့်များ၌ (Water – cooled 3.5 hp Benz Engine) အားထည့်သွင်းခဲ့ပါသည်။ အဆိုပါကား၏ မူလပစ္စည်းများသည် Veteran Car Club ၏ တိုက်ဆိုင်စစ်ဆေးမှုအရ (1901)ခုနှစ်တွင် မှတ်ပုံတင်ထားသည်ကို သိရှိရပါသည်။ Bonhams ၏အဆိုအရ Veteran အမျိုးအစားကားတစ်စင်းအား (2001)ခုနှစ်တွင် (စတာလင်ပေါင် ၁၄၆၇၅၀)ဖြင့် လေလံတင်ရောင်းချခဲ့သည်ဟု သိရှိရပါသည်။

Zawgyi version…

ၿဗိတိသွ် ေလလံ ကုမၸဏီတစ္ခုျဖစ္သည့္ Bonham  သည္ ၿဗိတိန္တြင္ သက္တမ္းအၾကာဆံုး ကားဟုယံုၾကည္ရသည့္ (1894 Santler Dogcart) ကားအား မၾကာေသးမီအခ်ိန္က ေလလံတင္ ေရာင္းခ်ခဲ့ပါသည္။ ၄င္းကားသည္ အေရာင္တင္ဆီသံုး သစ္သားကိုယ္ထည္/ Angle- iron Platform အားဘဲဥပံုသ႑ာန္႐ွိသည့္ ေအာက္ပိုင္းစနစ္မ်ားျဖင့္ ဖန္တီးထားကာ (ဘတ္ႀကိဳး)ျဖင့္ ျပဳလုပ္ထား သည့္ ဂီယာစနစ္ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ တာယာမ်ားပါ႐ွိပါသည္။ အလားတူ ေျခနင္းဘရိတ္ ႏွင့္ (Hand Brake) မ်ားလည္းပါ႐ွိပါသည္။ ထိုကားအား (စတာလင္ေပါင္ ၂၅၀၀၀၀) မွ (စတာလင္ေပါင္ ၃၀၀၀၀၀) အတြင္း၌ ေလလံေအာင္ခဲ့ပါသည္။ (Santler) ကားမ်ားအား အဂၤလန္ႏိုင္ငံ (Worcester shire) ျပည္နယ္ (Malvern Link) ေဒသတြင္ (1889-1992) ကာလမ်ား၌ ထုတ္လုပ္ခဲ့ၿပီး (Charles and Walter Santler) ညီအစ္ကိုမ်ား ကုမၸဏီမွ ပိုင္ဆိုင္ခဲ့ပါသည္။ အဆိုပါ ကုမၸဏီ၏ ကနဦးစီးပြားေရးမွာ ေမာ္ေတာ္ဆိုင္ကယ္ / စက္ဘီးမ်ားထုတ္လုပ္ျခင္းျဖစ္ပါသည္။ ပထမဆံုး ထုတ္လုပ္ခဲ့သည့္ Santler ကားမွာ ေရေႏြးေငြ႕ဘြိဳင္လာသံုး(၂)ေယာက္စီးကားျဖစ္ၿပီး ထိုေခတ္ (1865) ၿဗိတိသွ်ဥပေဒတစ္ရပ္ျဖစ္သည့္ (ကားတစ္စင္းတြင္အနည္းဆံုး ခရီးဆံုးသည္(၃)ဦးပါ၀င္ ရမည္) အရထုတ္လုပ္မႈရပ္စဲခဲ့ပါသည္။ ထို႕ေနာက္ (ေက်ာက္မီးေသြးအေျခခံ ေလဖိသိပ္စနစ္)သံုး ကားမ်ားကို ဆက္လက္ထုတ္လုပ္ခဲ့ေသာ္လည္း စြမ္းအင္နည္းပါးျခင္းႏွင့္ ခရီးေ၀းမေရာက္႐ွိႏိုင္ျခင္း မ်ားေၾကာင့္ ၾကာ႐ွည္စြာ မထုတ္လုပ္ႏိုင္ခဲ့ပါ။ ယခု(Santler)ကားအား (မွတ္တမ္းမ်ားအရ)(1930) ျပည့္ကာလမ်ားတြင္ ပထမအႀကိမ္ ေလလံေအာင္ခဲ့ၿပီး ဒုတိယကမာၻစစ္အတြင္း မပ်က္စီးဘဲ က်န္ခဲ့ပါ သည္။ ထို႕ေနာက္ အခက္အခဲမ်ားစြာျဖင့္ ဆက္လက္ထိန္းသိမ္းလာခဲ့ၿပီး (1950)ျပည့္မ်ား၌ (Water – cooled 3.5 hp Benz Engine) အားထည့္သြင္းခဲ့ပါသည္။ အဆိုပါကား၏ မူလပစၥည္းမ်ားသည္ Veteran Car Club  ၏ တိုက္ဆိုင္စစ္ေဆးမႈအရ (1901)ခုႏွစ္တြင္ မွတ္ပံုတင္ထားသည္ကို သိ႐ွိရပါသည္။ Bonhams ၏အဆိုအရ Veteran အမ်ိဳးအစားကားတစ္စင္းအား (2001)ခုႏွစ္တြင္ (စတာလင္ေပါင္ ၁၄၆၇၅၀)ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့သည္ဟု သိ႐ွိရပါသည္။