Unicode version…
Cadillac Brand ဆိုရင် အမေရိကန် General Motor ရဲ့ နာမည်ကြီး Car Model အမှတ်တံဆိပ်ဆိုတာ တစ်ကမ္ဘာလုံးက သိထားကြပါတယ်။ အမေရိကန်သမ္မတ များရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ စီးတော်ယာဉ်အဖြစ် Cadillac Brand ကိုဘဲ အစဉ်အဆက် သုံးစွဲလာခဲ့တာ ကြောင့် Cadillac ကားဘယ်လောက် နာမည်ကြီးတယ် ဆိုတာ ပြောစရာတောင်မလိုတော့ပါဘူး။
1949 Cadillac ကား Model ဟာ သူခေတ်သူ့ အချိန်အခါက၊ အကောင်းဆုံးကားဖြစ်ခဲ့ပါတယ်။ First Car of Year Award ဆုကို ရရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ရှေးဟောင်းဂန္တဝင် ကားတွေထဲမှာ Cadillac Series 62 ဟာ နာမည်ကြီးခဲ့ပါတယ်။ စစ်ပြီးခေတ်မှာ အမေရိကန်လုပ်ကားတွေ ကျော်ကြားခဲ့ ပါတယ်။ ဒုတိယကမ္ဘာစစ်မှာ ပြာပုံဘဝ ရောက်ခဲ့ရတဲ့ ဂျပန်နိုင်ငံက ကမ္ဘာ့ကားစျေးကွက်မှာ ၀င်မလာနိုင် သေးပါ ဘူး။ စစ်ပြီးခေတ် လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံ မှာလည်း အမေရိကန် နဲ့ အင်္ဂလန်ထုတ်ကား များကိုသာ သုံးစွဲခဲ့ကြ ပါတယ်။ ဂျပန်ကားဆိုတာ ၁၉၇၀ ခုနှစ်လောက် ရောက်မှ တဖြည်းဖြည်းခေတ်စားလာတာပါ။ ခေတ်ဟောင်း မြန်မာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ Cadillac, Ford, Chevrolet ကားဟောင်းတွေကို မြင်တွေ့ဖူးကြပါလိမ့်မယ်။
1949 Cadillac Series 62 Model ကား အမျိုးအစားက General Motor ရဲ့ တတိယ မျိုးဆက်
(Third Generation) ကားဖြစ်ပါတယ်။ ဒီမျိုးဆက်ကား တွေကို Model Years 1948 ကနေ 1953 အထိ ထုတ်
လုပ်ခဲ့ပါတယ်။ 1949 Cadillac Series 62 မှာ ကားဘော်ဒီ Style ၅ မျိုး ထုတ်လုပ်ခဲ့ပါတယ်။
2- door Coupe
2- door hardtop
4- door Sedan
2- door Convertible
2- door Eldorado Convertible
Cadillac ကား Model ပထမ မျိုးဆက်နဲ့ ဒုတိယ မျိုးဆက်ကားတွေထက်၊ Third Generation ကားတွေကို ပိုပြီးကောင်းအောင်၊ တဖြည်းဖြည်းပြောင်းလဲပြုပြင် တိုး တက် တီထွင်မှုတွေနဲ့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါကြောင့် မို့လည်း 1949 Model Cadillac Series 62 ကား အမျိုးအစားများဟာ သူ့ခေတ်သူအခါမှာတော့ လူကြိုက် အများဆုံး အကောင်းဆုံး ကားတစ်စီးအဖြစ် ရပ်တည်ခဲ့ ပါတယ်။ ဂန္တဝင်ကားတစ်စီး တန်ဖိုးရှိနေတယ် ဆိုတာ၊ သူရဲ့သမိုင်းကြောင်းနဲ့ သက်ဆိုင်နေပါတယ်။
1949 Cadillac 62 Model ကားတွေထဲမှာ 4-door Touring Sedan ကားကတော့ လူကြိုက် အများဆုံး ကားဘော်ဒီ Style ဖြစ်ပါတယ်။ ဒီကားမှာ သုံးထားတဲ့ အင်ဂျင်က Overhead Valves V-8 အင်ဂျင်အမျိုး စားဖြစ်ပါတယ်။ Bore and Stroke (96.8 mm x 92.1 mm) ရှိတာကြောင့် ဆလင်ဒါ ၈-လုံးထိုး အင်ဂျင်ရဲ့ Displacement က 5425 cc ရှိပါတယ်။ အင်ဂျင် ထုထည်ကြီးတာကြောင့် မြင်းကောင်ရေ ပါ၀ါ 160 hp ထွက်ပါတယ်။ အင်ဂျင်ရုန်းအား (Torque)က 312 lb-ft ရှိပါတယ်။ နောက်ဆွဲ အင်ဂျင် (Rear- wheel drive) အမျိုးအစားဖြစ်ပြီး၊ ဂီယာ Box က 3-Speed (Manual) ဖြစ်ပါတယ်။ လောင်စာဆီက ဓါတ်ဆီ (Petrol) သုံးပြီး ကာပရိုက်တာ စနစ်ဖြစ်ပါတယ်။ အင်ဂျင်ပါ၀ါအား ကောင်း တာကြောင့် အမြန်နှုန်း 60 mph Speed ကို အချိန် 12.6 စက္ကန့်နဲ့ရောက်အောင် တွန်းနိုင်ပါတယ်။
Cadillac ကားမှာသုံးတဲ့အင်ဂျင် ပါ၀ါအားကောင်း တာကြောင့် အမေရိကန် စစ်သုံးတင့်ကား (Tanks) များဖြစ်သော M – 5 နှင့် M – 24 တွေမှာ သုံးခဲ့ရပါတယ်။ ဒီတင့်ကားတွေ နဲ့ ဒုတိယကမ္ဘာစစ်မှာ အမေရိကန်တွေ အောင်ပွဲခံခဲ့ ပါတယ်။ စွမ်းအား ကြီးမား တဲ့ Cadillac ကား အင်ဂျင်တွေရဲ့ ပါ၀ါအားကောင်းမှုတွေကြောင့်၊ 1949 Cadillac 62 ကားတွေအပေါ်မှာ စိတ်လှုပ်ရှားဖွယ် အကျိုး သက်ရောက်ခဲ့ပါတယ်။ 1949-1950 မှာ Cadillac ကား စီးရေ သန်းချီပြီး၊ ထုတ်လုပ်ရောင်းချ ခဲ့ရပါတယ်။
1949 Cadillac 62, 2 door club Coupe (၂ ယောက်စီး) ကား ပုံစံကိုလည်း အဲဒီခေတ်က လူကြိုက် များ၊ ရေပန်းစားခဲ့ပါတယ်။ 2 door Coupe ကားမှာ ထူးခြားချက်ကတော့ 4 Speed Auto Gear ကို စတင် သုံးစွဲနိုင်ခြင်းပါပဲ။ Rear wheel drive ဖြစ်ပြီး အင်ဂျင် မြင်းကောင်ရေပါ၀ါ 160 hp ရှိပါတယ်။ အမြင်ဆုံး Top Speed က 98 mph ဖြစ်ပါတယ်။ ဆီစားနှုန်းက ပျမ်းမျှ 16.8 mpg ရပါတယ်။ ဆီတိုင်ကီ သိုလှောင်နိုင်စွမ်းက 16.7 gal (76 Liter) ဖြစ်ပါတယ်။
1949 ခုနှစ် လောက်ကဆိုပေမဲ့ Cadillac 62 Model ကားက အတော်လေး ခေတ်မီပါတယ်။ ကား အတွင်းပိုင်းဖွဲ့စည်းမှုတွေ လှပတယ်။ Air-Con တပ်ဆင် ထားတယ်။ Audio ပိုင်းမှာ Modern Stero ကိုသုံးနိုင် ပါပြီ။ Heating and Ventilating System ပါ တပ် ဆင်ထားပါသေးတယ်။ နှင်းခွဲမီး (Fog Lights) တွေ နဲ့ Safety Spotlights တွေပါ တပ်ဆင်နိုင်ပါပြီ။ Safety အနေနဲ့ ထိုင်ခုံခါးပတ် (Seatbelts) တွေတောင် သုံးထား ပါတယ်။ ရေဒီယိုဆိုရင် Satellite Radio စနစ်တွေ တောင် သုံးထားပါတယ်။ ထိုင်ခုံကူရှင် အကောင်းစား တွေနဲ့ ချုပ်လုပ်ထားပြီး ကြမ်းခင်းကောဇော Carpet ကိုတောင် အစိမ်းရောင်ရောစပ်ထားတဲ့ ရွှေအိုရောင်လှလှ လေးတွေနဲ့၊ စွဲမက်စရာကောင်းအောင်၊ တန်ဆာ ဆင် ထားပါတယ်။ ဘာဘဲပြောပြော စစ်ပြီးခေတ် ၁၉၄၉-၅၀ ၀န်းကျင် ကာလမှာ အကောင်းဆုံး ကားအမျိုးအစား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
1949 Cadillac Series 62 ကား Model ကို အမေရိကန် “The Milestone Car Society” ကားသမိုင်း မှတ်တိုင်အသင်းက နောက်ပိုင်းမှာ ချီးကျူးဂုဏ်ပြုခဲ့ပါ တယ်။ စစ်ပြီးခေတ်ကားတွေထဲမှာ အမေရိကန် Cadillac Series 62 ကား Model များကို “Certified Milestone Car” ဆု ကိုအပ်နှင်းခဲ့ပါတယ်။ အကောင်းဆုံး သမိုင်း မှတ်တမ်းဝင် ကားအမျိုးအစား ဖြစ်တာကြောင့် 1949 Cadillac 62 ကား Model ကတော့ ဂန္တဝင် ကားတွေထဲမှာ ထူးခြားတဲ့ခေတ်ဟောင်းကားတစ်မျိုး ဖြစ်ခဲ့ပါတယ်။
1949 Cadillac Series 62 Specification
Engine V-8: Overhead valves.
Displacement 5.425 Liters
horsepower 160 hp @ 3800 rpm
Torque 312 ft-lb @ 1800 rpm
Engine type: spark-ignition 4-stroke
Fuel type: petrol (gasoline)
Fuel system: carburetor
Fuel capacity: 16.7 imp. gal
Traction: RWD (rear-wheel drive)
K.M.A (သိပ္ပံ နဲ့ နည်းပညာ)
Zawgyi version…
Cadillac Brand ဆိုရင္ အေမရိကန္ General Motor ရဲ႕ နာမည္ႀကီး Car Model အမွတ္တံဆိပ္ဆိုတာ တစ္ကမၻာလံုးက သိထားၾကပါတယ္။ အေမရိကန္သမၼတ မ်ားရဲ႕ ႀကီးက်ယ္ခမ္းနားလွတဲ့ စီးေတာ္ယာဥ္အျဖစ္ Cadillac Brand ကိုဘဲ အစဥ္အဆက္ သံုးစြဲလာခဲ့တာ ေၾကာင့္ Cadillac ကားဘယ္ေလာက္ နာမည္ႀကီးတယ္ ဆိုတာ ေျပာစရာေတာင္မလိုေတာ့ပါဘူး။
1949 Cadillac ကား Model ဟာ သူေခတ္သူ႔ အခ်ိန္အခါက၊ အေကာင္းဆံုးကားျဖစ္ခဲ့ပါတယ္။ First Car of Year Award ဆုကို ရရွိခဲ့တဲ့ ကားျဖစ္ပါတယ္။ ဒါေၾကာင့္မို႔လည္း ေရွးေဟာင္းဂႏၲ၀င္ ကားေတြထဲမွာ Cadillac Series 62 ဟာ နာမည္ႀကီးခဲ့ပါတယ္။ စစ္ၿပီးေခတ္မွာ အေမရိကန္လုပ္ကားေတြ ေက်ာ္ၾကားခဲ့ ပါတယ္။ ဒုတိယကမၻာစစ္မွာ ျပာပံုဘ၀ ေရာက္ခဲ့ရတဲ့ ဂ်ပန္ႏုိင္ငံက ကမၻာ့ကားေစ်းကြက္မွာ ၀င္မလာႏုိင္ ေသးပါ ဘူး။ စစ္ၿပီးေခတ္ လြတ္လပ္ေရးရၿပီးျမန္မာႏုိင္ငံ မွာလည္း အေမရိကန္ နဲ႔ အဂၤလန္ထုတ္ကား မ်ားကိုသာ သံုးစြဲခဲ့ၾက ပါတယ္။ ဂ်ပန္ကားဆိုတာ ၁၉၇၀ ခုႏွစ္ေလာက္ ေရာက္မွ တျဖည္းျဖည္းေခတ္စားလာတာပါ။ ေခတ္ေဟာင္း ျမန္မာ ရုပ္ရွင္ဇာတ္ကားေတြထဲမွာ Cadillac, Ford, Chevrolet ကားေဟာင္းေတြကို ျမင္ေတြ႕ဖူးၾကပါလိမ့္မယ္။
1949 Cadillac Series 62 Model ကား အမ်ိဳးအစားက General Motor ရဲ႕ တတိယ မ်ိဳးဆက္
(Third Generation) ကားျဖစ္ပါတယ္။ ဒီမ်ိဳးဆက္ကား ေတြကို Model Years 1948 ကေန 1953 အထိ ထုတ္
လုပ္ခဲ့ပါတယ္။ 1949 Cadillac Series 62 မွာ ကားေဘာ္ဒီ Style ၅ မ်ိဳး ထုတ္လုပ္ခဲ့ပါတယ္။
- 2- door Coupe
- 2- door hardtop
- 4- door Sedan
- 2- door Convertible
- 2- door Eldorado Convertible
Cadillac ကား Model ပထမ မ်ိဳးဆက္နဲ႔ ဒုတိယ မ်ိဳးဆက္ကားေတြထက္၊ Third Generation ကားေတြကို ပိုၿပီးေကာင္းေအာင္၊ တျဖည္းျဖည္းေျပာင္းလဲျပဳျပင္ တိုး တက္ တီထြင္မႈေတြနဲ႔ ႀကိဳးပမ္းခဲ့ၾကပါတယ္။ ဒါေၾကာင့္ မို႔လည္း 1949 Model Cadillac Series 62 ကား အမ်ိဳးအစားမ်ားဟာ သူ႔ေခတ္သူအခါမွာေတာ့ လူႀကိဳက္ အမ်ားဆံုး အေကာင္းဆံုး ကားတစ္စီးအျဖစ္ ရပ္တည္ခဲ့ ပါတယ္။ ဂႏၲ၀င္ကားတစ္စီး တန္ဖိုးရွိေနတယ္ ဆိုတာ၊ သူရဲ႕သမိုင္းေၾကာင္းနဲ႔ သက္ဆုိင္ေနပါတယ္။
1949 Cadillac 62 Model ကားေတြထဲမွာ 4-door Touring Sedan ကားကေတာ့ လူႀကိဳက္ အမ်ားဆံုး ကားေဘာ္ဒီ Style ျဖစ္ပါတယ္။ ဒီကားမွာ သံုးထားတဲ့ အင္ဂ်င္က Overhead Valves V-8 အင္ဂ်င္အမ်ိဳး စားျဖစ္ပါတယ္။ Bore and Stroke (96.8 mm x 92.1 mm) ရွိတာေၾကာင့္ ဆလင္ဒါ ၈-လံုးထိုး အင္ဂ်င္ရဲ႕ Displacement က 5425 cc ရွိပါတယ္။ အင္ဂ်င္ ထုထည္ႀကီးတာေၾကာင့္ ျမင္းေကာင္ေရ ပါ၀ါ 160 hp ထြက္ပါတယ္။ အင္ဂ်င္ရုန္းအား (Torque)က 312 lb-ft ရွိပါတယ္။ ေနာက္ဆြဲ အင္ဂ်င္ (Rear- wheel drive) အမ်ိဳးအစားျဖစ္ၿပီး၊ ဂီယာ Box က 3-Speed (Manual) ျဖစ္ပါတယ္။ ေလာင္စာဆီက ဓါတ္ဆီ (Petrol) သံုးၿပီး ကာပရိုက္တာ စနစ္ျဖစ္ပါတယ္။ အင္ဂ်င္ပါ၀ါအား ေကာင္း တာေၾကာင့္ အျမန္ႏႈန္း 60 mph Speed ကို အခ်ိန္ 12.6 စကၠန္႔နဲ႔ေရာက္ေအာင္ တြန္းႏုိင္ပါတယ္။
Cadillac ကားမွာသံုးတဲ့အင္ဂ်င္ ပါ၀ါအားေကာင္း တာေၾကာင့္ အေမရိကန္ စစ္သံုးတင့္ကား (Tanks) မ်ားျဖစ္ေသာ M – 5 ႏွင့္ M – 24 ေတြမွာ သံုးခဲ့ရပါတယ္။ ဒီတင့္ကားေတြ နဲ႔ ဒုတိယကမၻာစစ္မွာ အေမရိကန္ေတြ ေအာင္ပြဲခံခဲ့ ပါတယ္။ စြမ္းအား ႀကီးမား တဲ့ Cadillac ကား အင္ဂ်င္ေတြရဲ႕ ပါ၀ါအားေကာင္းမႈေတြေၾကာင့္၊ 1949 Cadillac 62 ကားေတြအေပၚမွာ စိတ္လႈပ္ရွားဖြယ္ အက်ိဳး သက္ေရာက္ခဲ့ပါတယ္။ 1949-1950 မွာ Cadillac ကား စီးေရ သန္းခ်ီၿပီး၊ ထုတ္လုပ္ေရာင္းခ် ခဲ့ရပါတယ္။
1949 Cadillac 62, 2 door club Coupe (၂ ေယာက္စီး) ကား ပံုစံကိုလည္း အဲဒီေခတ္က လူႀကိဳက္ မ်ား၊ ေရပန္းစားခဲ့ပါတယ္။ 2 door Coupe ကားမွာ ထူးျခားခ်က္ကေတာ့ 4 Speed Auto Gear ကို စတင္ သံုးစြဲႏုိင္ျခင္းပါပဲ။ Rear wheel drive ျဖစ္ၿပီး အင္ဂ်င္ ျမင္းေကာင္ေရပါ၀ါ 160 hp ရွိပါတယ္။ အျမင္ဆံုး Top Speed က 98 mph ျဖစ္ပါတယ္။ ဆီစားႏႈန္းက ပ်မ္းမွ် 16.8 mpg ရပါတယ္။ ဆီတုိင္ကီ သိုေလွာင္ႏုိင္စြမ္းက 16.7 gal (76 Liter) ျဖစ္ပါတယ္။
1949 ခုႏွစ္ ေလာက္ကဆိုေပမဲ့ Cadillac 62 Model ကားက အေတာ္ေလး ေခတ္မီပါတယ္။ ကား အတြင္းပိုင္းဖြဲ႕စည္းမႈေတြ လွပတယ္။ Air-Con တပ္ဆင္ ထားတယ္။ Audio ပိုင္းမွာ Modern Stero ကိုသံုးႏုိင္ ပါၿပီ။ Heating and Ventilating System ပါ တပ္ ဆင္ထားပါေသးတယ္။ ႏွင္းခြဲမီး (Fog Lights) ေတြ နဲ႔ Safety Spotlights ေတြပါ တပ္ဆင္ႏုိင္ပါၿပီ။ Safety အေနနဲ႔ ထိုင္ခံုခါးပတ္ (Seatbelts) ေတြေတာင္ သံုးထား ပါတယ္။ ေရဒီယိုဆိုရင္ Satellite Radio စနစ္ေတြ ေတာင္ သံုးထားပါတယ္။ ထိုင္ခံုကူရွင္ အေကာင္းစား ေတြနဲ႔ ခ်ဳပ္လုပ္ထားၿပီး ၾကမ္းခင္းေကာေဇာ Carpet ကိုေတာင္ အစိမ္းေရာင္ေရာစပ္ထားတဲ့ ေရႊအိုေရာင္လွလွ ေလးေတြနဲ႔၊ စြဲမက္စရာေကာင္းေအာင္၊ တန္ဆာ ဆင္ ထားပါတယ္။ ဘာဘဲေျပာေျပာ စစ္ၿပီးေခတ္ ၁၉၄၉-၅၀ ၀န္းက်င္ ကာလမွာ အေကာင္းဆံုး ကားအမ်ိဳးအစား အျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။
1949 Cadillac Series 62 ကား Model ကို အေမရိကန္ “The Milestone Car Society” ကားသမိုင္း မွတ္တုိင္အသင္းက ေနာက္ပိုင္းမွာ ခ်ီးက်ဴးဂုဏ္ျပဳခဲ့ပါ တယ္။ စစ္ၿပီးေခတ္ကားေတြထဲမွာ အေမရိကန္ Cadillac Series 62 ကား Model မ်ားကို “Certified Milestone Car” ဆု ကိုအပ္ႏွင္းခဲ့ပါတယ္။ အေကာင္းဆံုး သမိုင္း မွတ္တမ္း၀င္ ကားအမ်ိဳးအစား ျဖစ္တာေၾကာင့္ 1949 Cadillac 62 ကား Model ကေတာ့ ဂႏၱ၀င္ ကားေတြထဲမွာ ထူးျခားတဲ့ေခတ္ေဟာင္းကားတစ္မ်ိဳး ျဖစ္ခဲ့ပါတယ္။
1949 Cadillac Series 62 Specification
Engine | V-8: Overhead valves. | |||
Displacement | 5.425 Liters | |||
horsepower | 160 hp @ 3800 rpm | |||
Torque | 312 ft-lb @ 1800 rpm | |||
Engine type: | spark-ignition 4-stroke | |||
Fuel type: | petrol (gasoline) | |||
Fuel system: | carburetor | |||
Fuel capacity: | 16.7 imp. gal | |||
Traction: | RWD (rear-wheel drive) | |||
K.M.A (သိပၸံ နဲ႔ နည္းပညာ)