Unicode version…

   

အီတလီနိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်း ကား ထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Ferrari က ထုတ်လုပ်ခဲ့ တဲ့ကားတွေဟာ ကောင်းမွန်တဲ့အရည်အသွေးကို ပိုင်ဆိုင် ထားတာကြောင့် ကမ္ဘာပေါ်မှာ လူကြိုက်များတဲ့ အမှတ်တံ ဆိပ်အဖြစ် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေခဲ့တာ ယနေ့ အထိပါပဲ။ Ferrari ကုမ္ပဏီကို Enzo Ferrari က 1947 ခုနှစ်မှာ တရားဝင် စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အီတလီနိုင်ငံရဲ့ Marnello မြို့မှာ ကားထုတ်လုပ် တဲ့ စက်ရုံကို ထူထောင်ခဲ့ပါတယ်။ ကားအစီးရေ 125 စီးကို စတင်ထုတ်လုပ်သွားဖို့ ကုမ္ပဏီရဲ့ Founder တွေ့က ဆုံးဖြတ်ချက်ချခဲ့တာပါ။ ကုမ္ပဏီကို စတင်တည်ထောင် သူ Enzo Ferrari က အီတလီနိုင်ငံ Modena မြို့မှာ 1898 ခုနှစ် ဖေဖော်ဝါရီလ 18 ရက်နေ့မှာ ဖွေးမွား ခဲ့ပြီး 1988 ခုနှစ် သြဂုတ်လ 14 ရက် နေ့မှာ ကွယ်လွန်ခဲ့ ပါတယ်။ ကားကုမ္ပဏီတည်ထောင်သူ Enzo Ferrari ဟာ Sport Cars တွေကိုထုတ်လုပ်နိုင်ဖို့ သူ့ဘဝတစ်လျောက် လုံး စိတ်နှစ်မြှုပ်ထားခဲ့တာ ဖြစ်ပါတယ်။

1,500 cm3 8 – cylinder 815 spider ကား နှစ်စီးကို Mille Miglia ကားပြိုင်ပွဲအတွက် 1940 ခုနှစ်မှာ ထုတ်လုပ်ခဲ့ပြီးနောက်မှာ ဒုတိယကမ္ဘာ့စစ်ပွဲဖြစ်လာတဲ့ အတွက် ကားထုတ်လုပ်မှုကို ခေတ္တရပ်ဆိုင်းထားခဲ့ရပါ တယ်။ 1943 ခုနှစ်မှာ Ferrari ကားကုမ္ပဏီကို Modena မြို့ကနေ Maranello မြို့ကို ပြောင်းရွေ့ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာ့စစ်ပွဲကြီးပြီးဆုံးချိန်မှာ 1,000 cm3 8 – cylinder ကား125 စီးကို ထုတ်လုပ်ခဲ့ပါတယ်။ 1947 ခုနှစ် May လ 11 ရက်နေ့မှာ Piacenza Circuit ကားပြိုင်ပွဲကို Franco Cortese ကားနဲ့ ပွဲဦးထွက် ၀င်ရောက်ယှဉ်ပြိုင် ခဲ့ပါတယ်။

1947 ခုနှစ် May လ 25 ရက်နေ့ Terme di Caracalla Circuit ပြိုင်ပွဲမှာ Rome Grand Prix ကားနဲ့ အနိုင်ရရှိခဲ့ပြီးနောက်မှာ ပြိုင်ကားလောက ယနေ့ကမ္ဘာ့ ကားပြိုင်ပွဲတွေရဲ့ ပြေးလမ်းပေါ်မှာ Ferrari ရဲ့ Victories ကားအစီးရေပေါင်း 5,000 ကျော်လောက်က ပြိုင်ပွဲဝင် ကားတွေအဖြစ် နေရာယူလာခဲ့ပြီး ဖြစ်ပါတယ်။

Ferrari TR (သို့) 250 Testa Rossa ကားက တော့ ပြိုင်ကား model အနေနဲ့ 1950 နဲ့ 1960 ခုနှစ် ကြားကာလတွေမှာ ထုတ်လုပ်ခဲ့တဲ့ ကားအမျိုးအစားဖြစ် ပါတယ်။ 1957 ကားပြိုင်ပွဲ ရာသီပြီးဆုံးချိန်မှာ 1958 ခုနှစ်မှာပြုလုပ်မယ့် 3 Litres for Le Mans and World Sports Car Championship ပြိုင်ပွဲတွေမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ သီးသန့်ထုတ်လုပ်ထားတဲ့ 1958 Ferrari 250 Testa Rossa ကားကို မိတ်ဆက်ခဲ့ပါတယ်။ ဒီကားက ကမ္ဘာ့ပြိုင်ကား 10 စီးကို အနိုင်ရပြီး အောင်မြင်မှုသရဖူ ဆောင်းနိုင်ခဲ့ပါတယ်။ အနိုင်ရရှိခဲ့တဲ့ ပြိုင်ပွဲတွေကတော့ 24 Hours of Le Man in 1958, 1960, and 1961, the Sebring 12 Hours in 1958, 1959 and 1961, the Targa Florio in 1958, the Buenos Aires 1000 Km in 1958 and 1960 and the Pescara 4 Hours in 1961 တို့ဖြစ်ပါတယ်။ ဒီလိုကောင်းမွန်တဲ့ ရလဒ်တွေ ကြောင့် ကမ္ဘာ့ကားပြိုင်ပွဲမှာ ချိန်ပီယံဆုရှင်ကားအဖြစ် ရပ်တည် လာခဲ့ပါတယ်။

1956 ခုကနေ 1961 ခုနှစ်အတွင်း 250 Testa Rossas ကားအစီးရေပေါင်း 34 စီးကို ထုတ်လုပ်ခဲ့ရာမှာ Ferrari 250 Line ရဲ့ 250 GTO ကားနဲ့ တူညီတဲ့ ဆက် နွယ်မှုတွေရှိနေခဲ့ပါတယ်။ “Testa Rossa” ရဲ့ အဓိပ္ပါယ် ကတော့ “red head” ဖြစ်ပါတယ်။ ဆလင်ဒါပုံကား ဦးခေါင်းကို အနီရောင်ဆေးခြယ်ထားပြီး ကားရှေ့ပိုင်း ဘောနက်ဖုံးရဲ့ အောက်မှာ အင်ဂျင်ကို တပ်ဆင်ထားခဲ့ ပါတယ်။ အများစုကတော့ 250 TR လို့ သိထားကြပါ တယ်။ 1957 ကနေ 1958 အတွင်းမှာ Customer 19 ယောက်အတွက် ထုတ်လုပ်ပေးခဲ့တဲ့ကားဖြစ်ပါတယ်။ Ferrari ကုမ္ပဏီက ထုတ်လုပ်ခဲ့တဲ့ 250 GTO ကားပြီးရင် 250 Testa Rossa ကားက ဒုတိယတန်ဖိုး အများဆုံး ကားဖြစ်ပါတယ်။ ကားရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ 8,000,000 ထက်များပါတယ်။ 1957 250 Testa Rossa ကားကို 2011 ခုနှစ် August လ 20 ရက်နေ့က အမေရိကန်ဒေါ်လာ 16,400,000 နဲ့ လေလံတင် ရောင်းချခဲ့ရတဲ့အတွက် ကမ္ဘာ့လေလံပွဲတွေရဲ့ ကားစျေး နှုန်းတွေကို မှတ်တမ်းတင်ထားသင့်ပါတယ်။

1958 250 Testa Rossa ကားကို တောက်ပ တဲ့ အနီရောင် ခြယ်မှုန်းထားပါတယ်။ ကားရဲ့ရှေ့ပိုင်း ကိုယ် ထည်က ကြီးမားတုတ်ခိုင်ပြီး မြေပြင်ကနေ ဝေဟင်ကို တက်တော့မယ့် ဒုံးပျံယာဉ်ငယ် အသွင်သဏ္ဍာန် ဒီဇိုင်းမျိုး ပြုလုပ်ထားပါတယ်။ Body Style က Spider ပုံစံပါ။ 2953.21cc V12 အင်ဂျင်ကို တပ်ဆင်ထားပြီး 4 speed manual transmission + reverse စနစ်ကို လုပ်ဆောင်ထားပါတယ်။ Wheebase က 92.5 လက်မ ရှိပြီး ကိုယ်ထည်အရှည်က 155.9 လက်မရှိပါတယ်။ အကျယ်ကတော့ 60.00 လက်မပါ။ Curb Weight က တော့ 800 kg ဖြစ်ပါတယ်။

ယာဉ်မောင်းထိုင်တဲ့ အခန်းရဲ့နောက်မှာ ပစ္စည်း ထည့်ဖို့ အခန်းငယ်လေးပါ၀င်ပြီး ဆီတိုင်ကီနဲ့ ကားဘီး အပိုကို ဆောင်ထားနိုင်လို့ ယာဉ်မောင်းအတွက် အဆင် ပြေစေပါတယ်။ Suspension စနစ်က ထောင့်ချိုးကွေ့ တွေမှာ ခံနိုင်ရည်ရှိအောင် ပြုလုပ်ပေးထားပြီး စပရင် တပ်ဆင်ထားခြင်းမရှိပါဘူး။ ကားရဲ့နောက်ပိုင်း တစ်ဖက် တစ်ချက်စီမှာတော့ အိပ်ဇောပိုက်လေးခုကို တစ်ဖက် နှစ်ခုစီပူးပြီး တပ်ဆင်ပေးထားပါတယ်။ အတွင်းခန်းမှာ မူလတုန်းက Soft Plastic နဲ့ ပြုလုပ်ထားတဲ့ ထိုင်ခုံနဲ့ ခေတ်ဆန်မှုမရှိတဲ့ Decal Style Gauges ကို တပ်ဆင် ထားခဲ့ပေမယ့် ခန့်ညားမှုမရှိတဲ့အတွက် သားရေနဲ့ ချုပ်လုပ်ထားတဲ့ ထိုင်ခုံတွေကို ပြောင်းလဲတပ်ဆင်ခဲ့ပြီး transmission tunnel ကိုလည်း သားရေနဲ့ဖုံးအုပ်ပြီး အလှဆင်ခဲ့ပါတယ်။ အထူးပြောင်းလဲမှု အနေနဲ့ 3D gauges ကို တပ်ဆင်ခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ချိန်မှာ ပတ်တဲ့ ထိုင်ခုံခါးပတ်ကို လွယ်ကူမြန်ဆန်စွာ ဖြုတ်နိုင် တပ်နိုင်တဲ့စနစ်မျိုးပြုလုပ်ပေးထားပါတယ်။ ဒီစနစ်တွေကို ပြုပြင်လိုက်တဲ့အတွက် ကားရဲ့ ဒီဇိုင်းက ပိုပြီးပေါ်လွင် ထင်ရှားလာပါတယ်။ ယာဉ်မောင်းထိုင်ခုံရဲ့ဘေးဖတ်မှာ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ ဖြုတ်လို့တပ်လို့ရပြီး အပေါ် ပိုင်း တစ်ဝက်ကို ဖုံးအုပ်ထားနိုင်တဲ့ half-tonneat cover ပါ၀င်တဲ့အတွက် အညစ်အကြေးနဲ့ဖုန်မှုန့်တွေ ကားအ တွင်းခန်းထဲ ၀င်ရောက်လာခြင်းကို ကာကွယ်ပေး နိုင် ပါလိမ့်မယ်။ ကားတစ်စီးလုံးရဲ့ ကိုယ်ထည်ဒီဇိုင်း အသွင် အပြင်က လှပတင့်တယ်မှုနဲ့ ပြည့်စုံနေတာကို တွေ့မြင် ရမှာပါ။ ကားဘီးတွေမှာ တောက်ပပြောင်လက် နေတဲ့ chromed wire ကို တပ်ဆင်ထားလို့ ကားရဲ့ ရုပ်သွင်က ပိုပြီး ခန့်ညားထည်ဝါလာပါတယ်။

Ferrari ရဲ့ အမှတ်တံဆိပ် သင်္ကေတကို မူလ ပထမ အသုံးပြုခဲ့တဲ့သူက ကမ္ဘာ့စစ်ပွဲမှာ ပါ၀င်တိုက် ခိုက်ခဲ့တဲ့ အီတလီသူရဲကောင်း Pilot တစ်ဦးဖြစ်တဲ့ Francesco Baracca ဖြစ်ပါတယ်။ သူရဲ့ လေယာဉ် ကိုယ်ထည်မှာ ခုန်ပေါက်မြူးတူးနေတဲ့ မြင်းတစ်ကောင်ရဲ့ ပုံကို ရေးဆွဲထားခဲ့ပါတယ်။

စစ်ပွဲတွေပြီးဆုံးချိန်မှာ လေယာဉ်မှူး Baracca ရဲ့ မိဘတွေက Ferrari ကုမ္ပဏီရဲ့ ပိုင်ရှင်ဖြစ်တဲ့ Enzo Ferrari ကို ဒီ Symbol ကို ဆက်လက်အသုံးပြုခွင့်ပေးခဲ့ တာပါ။ ဒီ Logo ကို အသုံးပြုခဲ့တဲ့အတွက် Ferrari ကုမ္ပဏီက ကမ္ဘာ့ကားထုတ်လုပ်ရေးလုပ်ငန်းမှာ ထင်ပေါ် ကျော်ကြားပြီး အောင်မြင်မှုတွေရရှိခဲ့တယ်လို့ ဒဏ္ဍာရီ ဆန်ဆန် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

Classic Ferrari Red ကားရဲ့ အရောင်ကို အနီ ရောင်အသုံးပြုထားပြီး ရိုးရှင်းတဲ့အရောင်လို့ ထင်ရပေမယ့် ကမ္ဘာ့ကားထုတ်လုပ်ရေးအဖွဲ့ကြီးမှာ လွန်ခဲ့တဲ့ ရာစုနှစ် အစောပိုင်းကာလတွေကတည်းက အီတလီ နိုင်ငံရဲ့ ဂုဏ်ထူးဆောင် အဆင့်မြင့်ကားတစ်စီးအဖြစ် ထင်ရှား ကျော်ကြားနေခဲ့ပါတယ်။ ဒီကားတွေကို အီတလီ နိုင်ငံရဲ့ ဂုဏ်သရေရှိ လူ့အသိုင်းအဝန်းထဲက Gentlemen Drivers တွေက ပိုင်ဆိုင်ထားခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း (60) နီးပါးလောက်ကတည်းက ထုတ် လုပ် ထားခဲ့ Ferrari ရဲ့ 250 Testa Rossa ကား ကတော့ ကမ္ဘာကျော် “Red head” Classic Car တစ်စီး ဖြစ်ပြီး စွမ်းဆောင်နိုင်ရည်နဲ့ ပေးရတဲ့ငွေကြေးပမာဏက လိုက် လျောညီထွေ ရှိခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ 1958 250 Testa Rossa Car ရဲ့ Specification ကို စာဖတ်သူတွေ သိရှိလေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါ တယ်။

Specifications

Manufacturer – Ferrari

Production – 1957 – 1958

Assembly – Maranello

Designer – Scaglietti

Body Style – Spider

Engine – 2953 . 21CC V12

Transmission – 4 speed manual

transmission + reverse

Wheelbase – 92.5 in

Length – 155.9 in

Width – 60.0 in

Curb Weight – 800 kg (dry)

Horse Power – 296 hp

Top Speed – 168 mph

ပါ၀ါ

23.4.2017

                                       

Zawgyi version…

အီတလီႏုိင္ငံအေျခစိုက္ ကမၻာ့ထိပ္တန္း ကား ထုတ္လုပ္ေရးကုမၸဏီႀကီးျဖစ္တဲ့ Ferrari က ထုတ္လုပ္ခဲ့ တဲ့ကားေတြဟာ ေကာင္းမြန္တဲ့အရည္အေသြးကို ပိုင္ဆုိင္ ထားတာေၾကာင့္ ကမၻာေပၚမွာ လူႀကိဳက္မ်ားတဲ့ အမွတ္တံ ဆိပ္အျဖစ္ ဂုဏ္ယူ၀င့္ၾကြားစြာ ရပ္တည္ေနခဲ့တာ ယေန႔ အထိပါပဲ။ Ferrari ကုမၸဏီကို Enzo Ferrari က 1947 ခုႏွစ္မွာ တရား၀င္ စတင္တည္ေထာင္ခဲ့တာ ျဖစ္ၿပီး အီတလီႏုိင္ငံရဲ႕ Marnello ၿမိဳ႕မွာ ကားထုတ္လုပ္ တဲ့ စက္ရုံကို ထူေထာင္ခဲ့ပါတယ္။ ကားအစီးေရ 125 စီးကို စတင္ထုတ္လုပ္သြားဖို႔ ကုမၸဏီရဲ႕ Founder ေတြ႔က ဆံုးျဖတ္ခ်က္ခ်ခဲ့တာပါ။ ကုမၸဏီကို စတင္တည္ေထာင္ သူ Enzo Ferrari က အီတလီႏုိင္ငံ Modena ၿမိဳ႕မွာ 1898 ခုႏွစ္ ေဖေဖာ္၀ါရီလ 18 ရက္ေန႔မွာ ေဖြးမြား ခဲ့ၿပီး 1988 ခုႏွစ္ ၾသဂုတ္လ 14 ရက္ ေန႔မွာ ကြယ္လြန္ခဲ့ ပါတယ္။ ကားကုမၸဏီတည္ေထာင္သူ Enzo Ferrari ဟာ Sport Cars ေတြကိုထုတ္လုပ္ႏုိင္ဖို႔ သူ႔ဘ၀တစ္ေလ်ာက္ လံုး စိတ္ႏွစ္ျမွဳပ္ထားခဲ့တာ ျဖစ္ပါတယ္။

1,500 cm3 8 – cylinder 815 spider ကား ႏွစ္စီးကို Mille Miglia ကားၿပိဳင္ပြဲအတြက္ 1940 ခုႏွစ္မွာ ထုတ္လုပ္ခဲ့ၿပီးေနာက္မွာ ဒုတိယကမၻာ့စစ္ပြဲျဖစ္လာတဲ့ အတြက္ ကားထုတ္လုပ္မႈကို ေခတၱရပ္ဆုိင္းထားခဲ့ရပါ တယ္။ 1943 ခုႏွစ္မွာ Ferrari ကားကုမၸဏီကို Modena ၿမိဳ႕ကေန Maranello ၿမိဳ႕ကို ေျပာင္းေရြ႕ခဲ့ပါတယ္။ ဒုတိယ ကမၻာ့စစ္ပြဲႀကီးၿပီးဆံုးခ်ိန္မွာ 1,000 cm3 8 – cylinder ကား125 စီးကို ထုတ္လုပ္ခဲ့ပါတယ္။ 1947 ခုႏွစ္ May လ 11 ရက္ေန့မွာ Piacenza Circuit ကားၿပိဳင္ပြဲကို Franco Cortese ကားနဲ႔ ပြဲဦးထြက္ ၀င္ေရာက္ယွဥ္ၿပိဳင္ ခဲ့ပါတယ္။

1947 ခုႏွစ္ May လ 25 ရက္ေန႔ Terme di Caracalla Circuit ၿပိဳင္ပြဲမွာ Rome Grand Prix ကားနဲ႔ အႏုိင္ရရွိခဲ့ၿပီးေနာက္မွာ ၿပိဳင္ကားေလာက ယေန႔ကမၻာ့ ကားၿပိဳင္ပြဲေတြရဲ႕ ေျပးလမ္းေပၚမွာ Ferrari ရဲ႕ Victories ကားအစီးေရေပါင္း 5,000 ေက်ာ္ေလာက္က ၿပိဳင္ပြဲ၀င္ ကားေတြအျဖစ္ ေနရာယူလာခဲ့ၿပီး ျဖစ္ပါတယ္။

Ferrari TR (သို႔) 250 Testa Rossa ကားက ေတာ့ ၿပိဳင္ကား model အေနနဲ႔ 1950 နဲ႔ 1960 ခုနွစ္ ၾကားကာလေတြမွာ ထုတ္လုပ္ခဲ့တဲ့ ကားအမ်ိဳးအစားျဖစ္ ပါတယ္။ 1957 ကားၿပိဳင္ပြဲ ရာသီၿပီးဆံုးခ်ိန္မွာ 1958 ခုႏွစ္မွာျပဳလုပ္မယ့္ 3 Litres for Le Mans and World Sports Car Championship ၿပိဳင္ပြဲေတြမွာ ၀င္ေရာက္ ယွဥ္ၿပိဳင္ဖို႔ သီးသန္႔ထုတ္လုပ္ထားတဲ့ 1958 Ferrari 250 Testa Rossa ကားကို မိတ္ဆက္ခဲ့ပါတယ္။ ဒီကားက ကမၻာ့ၿပိဳင္ကား 10 စီးကို အႏုိင္ရၿပီး ေအာင္ျမင္မႈသရဖူ ေဆာင္းႏုိင္ခဲ့ပါတယ္။ အႏုိင္ရရွိခဲ့တဲ့ ၿပိဳင္ပြဲေတြကေတာ့ 24 Hours of Le Man in 1958, 1960, and 1961, the Sebring 12 Hours in 1958, 1959 and 1961, the Targa Florio in 1958, the Buenos Aires 1000 Km in 1958 and 1960 and the Pescara 4 Hours in 1961 တို႔ျဖစ္ပါတယ္။ ဒီလိုေကာင္းမြန္တဲ့ ရလဒ္ေတြ ေၾကာင့္ ကမၻာ့ကားၿပိဳင္ပြဲမွာ ခ်ိန္ပီယံဆုရွင္ကားအျဖစ္ ရပ္တည္ လာခဲ့ပါတယ္။

1956 ခုကေန 1961 ခုႏွစ္အတြင္း 250 Testa Rossas ကားအစီးေရေပါင္း 34 စီးကို ထုတ္လုပ္ခဲ့ရာမွာ Ferrari 250 Line ရဲ႕ 250 GTO ကားနဲ႔ တူညီတဲ့ ဆက္ ႏြယ္မႈေတြရွိေနခဲ့ပါတယ္။ “Testa Rossa” ရဲ႕ အဓိပၸါယ္ ကေတာ့ “red head” ျဖစ္ပါတယ္။ ဆလင္ဒါပံုကား ဦးေခါင္းကို အနီေရာင္ေဆးျခယ္ထားၿပီး ကားေရွ႕ပိုင္း ေဘာနက္ဖံုးရဲ႕ ေအာက္မွာ အင္ဂ်င္ကို တပ္ဆင္ထားခဲ့ ပါတယ္။ အမ်ားစုကေတာ့ 250 TR လို႔ သိထားၾကပါ တယ္။ 1957 ကေန 1958 အတြင္းမွာ Customer 19 ေယာက္အတြက္ ထုတ္လုပ္ေပးခဲ့တဲ့ကားျဖစ္ပါတယ္။ Ferrari ကုမၸဏီက ထုတ္လုပ္ခဲ့တဲ့ 250 GTO ကားၿပီးရင္ 250 Testa Rossa ကားက ဒုတိယတန္ဖိုး အမ်ားဆံုး ကားျဖစ္ပါတယ္။ ကားရဲ႕တန္ဖိုးက အေမရိကန္ေဒၚလာ 8,000,000 ထက္မ်ားပါတယ္။ 1957 250 Testa Rossa ကားကို 2011 ခုႏွစ္ August လ 20 ရက္ေန႔က အေမရိကန္ေဒၚလာ 16,400,000 နဲ႔ ေလလံတင္ ေရာင္းခ်ခဲ့ရတဲ့အတြက္ ကမၻာ့ေလလံပြဲေတြရဲ႕ ကားေစ်း ႏႈန္းေတြကို မွတ္တမ္းတင္ထားသင့္ပါတယ္။

1958 250 Testa Rossa ကားကို ေတာက္ပ တဲ့ အနီေရာင္ ျခယ္မႈန္းထားပါတယ္။ ကားရဲ႕ေရွ႕ပိုင္း ကိုယ္ ထည္က ႀကီးမားတုတ္ခုိင္ၿပီး ေျမျပင္ကေန ေ၀ဟင္ကို တက္ေတာ့မယ့္ ဒံုးပ်ံယာဥ္ငယ္ အသြင္သ႑ာန္ ဒီဇိုင္းမ်ိဳး ျပဳလုပ္ထားပါတယ္။ Body Style က Spider ပံုစံပါ။ 2953.21cc V12 အင္ဂ်င္ကို တပ္ဆင္ထားၿပီး 4 speed manual transmission + reverse စနစ္ကို လုပ္ေဆာင္ထားပါတယ္။ Wheebase က 92.5 လက္မ ရွိၿပီး ကိုယ္ထည္အရွည္က 155.9 လက္မရွိပါတယ္။ အက်ယ္ကေတာ့ 60.00 လက္မပါ။ Curb Weight က ေတာ့ 800 kg ျဖစ္ပါတယ္။

ယာဥ္ေမာင္းထုိင္တဲ့ အခန္းရဲ႕ေနာက္မွာ ပစၥည္း ထည့္ဖို႔ အခန္းငယ္ေလးပါ၀င္ၿပီး ဆီတုိင္ကီနဲ႕ ကားဘီး အပိုကို ေဆာင္ထားႏုိင္လို႔ ယာဥ္ေမာင္းအတြက္ အဆင္ ေျပေစပါတယ္။ Suspension စနစ္က ေထာင့္ခ်ိဳးေကြ႕ ေတြမွာ ခံႏုိင္ရည္ရွိေအာင္ ျပဳလုပ္ေပးထားၿပီး စပရင္ တပ္ဆင္ထားျခင္းမရွိပါဘူး။ ကားရဲ႕ေနာက္ပိုင္း တစ္ဖက္ တစ္ခ်က္စီမွာေတာ့ အိပ္ေဇာပိုက္ေလးခုကို တစ္ဖက္ ႏွစ္ခုစီပူးၿပီး တပ္ဆင္ေပးထားပါတယ္။ အတြင္းခန္းမွာ မူလတုန္းက Soft Plastic နဲ႔ ျပဳလုပ္ထားတဲ့ ထိုင္ခံုနဲ႔ ေခတ္ဆန္မႈမရွိတဲ့ Decal Style Gauges ကို တပ္ဆင္ ထားခဲ့ေပမယ့္ ခန္႔ညားမႈမရွိတဲ့အတြက္ သားေရနဲ႔ ခ်ဳပ္လုပ္ထားတဲ့ ထိုင္ခံုေတြကို ေျပာင္းလဲတပ္ဆင္ခဲ့ၿပီး transmission tunnel ကိုလည္း သားေရနဲ႔ဖံုးအုပ္ၿပီး အလွဆင္ခဲ့ပါတယ္။ အထူးေျပာင္းလဲမႈ အေနနဲ႔ 3D gauges ကို တပ္ဆင္ခဲ့တာျဖစ္ပါတယ္။ ၿပိဳင္ပြဲ၀င္ခ်ိန္မွာ ပတ္တဲ့ ထိုင္ခံုခါးပတ္ကို လြယ္ကူျမန္ဆန္စြာ ျဖဳတ္ႏုိင္ တပ္ႏုိင္တဲ့စနစ္မ်ိဳးျပဳလုပ္ေပးထားပါတယ္။ ဒီစနစ္ေတြကို ျပဳျပင္လိုက္တဲ့အတြက္ ကားရဲ႕ ဒီဇိုင္းက ပိုၿပီးေပၚလြင္ ထင္ရွားလာပါတယ္။ ယာဥ္ေမာင္းထိုင္ခံုရဲ႕ေဘးဖတ္မွာ ပလပ္စတစ္နဲ႔ လုပ္ထားတဲ့ ျဖဳတ္လို႔တပ္လို႔ရၿပီး အေပၚ ပိုင္း တစ္၀က္ကို ဖံုးအုပ္ထားႏုိင္တဲ့ half-tonneat cover ပါ၀င္တဲ့အတြက္ အညစ္အေၾကးနဲ႔ဖုန္မႈန္႔ေတြ ကားအ တြင္းခန္းထဲ ၀င္ေရာက္လာျခင္းကို ကာကြယ္ေပး ႏုိင္ ပါလိမ့္မယ္။ ကားတစ္စီးလံုးရဲ႕ ကိုယ္ထည္ဒီဇိုင္း အသြင္ အျပင္က လွပတင့္တယ္မႈနဲ႔ ျပည့္စံုေနတာကို ေတြ႕ျမင္ ရမွာပါ။ ကားဘီးေတြမွာ ေတာက္ပေျပာင္လက္ ေနတဲ့ chromed wire ကို တပ္ဆင္ထားလို႔ ကားရဲ႕ ရုပ္သြင္က ပိုၿပီး ခန္႔ညားထည္၀ါလာပါတယ္။

Ferrari ရဲ႕ အမွတ္တံဆိပ္ သေကၤတကို မူလ ပထမ အသံုးျပဳခဲ့တဲ့သူက ကမၻာ့စစ္ပြဲမွာ ပါ၀င္တုိက္ ခိုက္ခဲ့တဲ့ အီတလီသူရဲေကာင္း Pilot တစ္ဦးျဖစ္တဲ့ Francesco Baracca ျဖစ္ပါတယ္။ သူရဲ႕ ေလယာဥ္ ကိုယ္ထည္မွာ ခုန္ေပါက္ျမဴးတူးေနတဲ့ ျမင္းတစ္ေကာင္ရဲ႕ ပံုကို ေရးဆြဲထားခဲ့ပါတယ္။

စစ္ပြဲေတြၿပီးဆံုးခ်ိန္မွာ ေလယာဥ္မွဴး Baracca ရဲ႕ မိဘေတြက Ferrari ကုမၸဏီရဲ႕ ပိုင္ရွင္ျဖစ္တဲ့ Enzo Ferrari ကို ဒီ Symbol ကုိ ဆက္လက္အသံုးျပဳခြင့္ေပးခဲ့ တာပါ။ ဒီ Logo ကို အသံုးျပဳခဲ့တဲ့အတြက္ Ferrari ကုမၸဏီက ကမၻာ့ကားထုတ္လုပ္ေရးလုပ္ငန္းမွာ ထင္ေပၚ ေက်ာ္ၾကားၿပီး ေအာင္ျမင္မႈေတြရရွိခဲ့တယ္လို႔ ဒ႑ာရီ ဆန္ဆန္ ေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။

Classic Ferrari Red ကားရဲ႕ အေရာင္ကို အနီ ေရာင္အသံုးျပဳထားၿပီး ရိုးရွင္းတဲ့အေရာင္လို႔ ထင္ရေပမယ့္ ကမၻာ့ကားထုတ္လုပ္ေရးအဖြဲ႕ႀကီးမွာ လြန္ခဲ့တဲ့ ရာစုႏွစ္ အေစာပိုင္းကာလေတြကတည္းက အီတလီ ႏုိင္ငံရဲ႕ ဂုဏ္ထူးေဆာင္ အဆင့္ျမင့္ကားတစ္စီးအျဖစ္ ထင္ရွား ေက်ာ္ၾကားေနခဲ့ပါတယ္။ ဒီကားေတြကို အီတလီ ႏုိင္ငံရဲ႕ ဂုဏ္သေရရွိ လူ႕အသိုင္းအ၀န္းထဲက Gentlemen Drivers ေတြက ပိုင္ဆုိင္ထားခဲ့ၾကတာျဖစ္ပါတယ္။ လြန္ခဲ့တဲ့ႏွစ္ေပါင္း (60) နီးပါးေလာက္ကတည္းက ထုတ္ လုပ္ ထားခဲ့ Ferrari ရဲ႕ 250 Testa Rossa ကား ကေတာ့ ကမၻာေက်ာ္ “Red head” Classic Car တစ္စီး ျဖစ္ၿပီး စြမ္းေဆာင္ႏုိင္ရည္နဲ႔ ေပးရတဲ့ေငြေၾကးပမာဏက လိုက္ ေလ်ာညီေထြ ရွိခဲ့တယ္လို႔ ဆိုရပါလိမ့္မယ္။ 1958 250 Testa Rossa Car ရဲ႕ Specification ကို စာဖတ္သူေတြ သိရွိေလ့လာႏုိင္ဖို႔ ေဖာ္ျပေပးလိုက္ပါ တယ္။

Specifications

Manufacturer  –         Ferrari

Production     –         1957 – 1958

Assembly      –         Maranello

Designer       –         Scaglietti

Body Style     –         Spider

Engine          –         2953 . 21CC  V12

Transmission  –         4 speed manual

transmission  + reverse

Wheelbase    –         92.5   in

Length          –          155.9 in

Width           –         60.0   in

Curb Weight   –         800    kg (dry)

Horse Power  –           296    hp

Top  Speed    –           168   mph

ပါ၀ါ

                              23.4.2017