လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက် က ထုတ်လုပ်ခဲ့တဲ့ General Motors ရဲ့ Classic Car တစ်စီးကို ဒီတစ်ပါတ် Drive မဂ္ဂဇင်းမှာ မိတ်ဆက်ပေး ချင်ပါတယ်။ Classic Car တွေရဲ့ အကြောင်းကို စိတ်ဝင် စားလို့ သိချင်နေကြတဲ့စာဖတ်သူတွေ အတွက် ရွေးချယ် ထားထဲ့ ကားကတော့ 1963 Chevrolet Corvette Sting Ray ကားပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ တည်ရှိတဲ့ ကမ္ဘာကျော် General Motor ကားထုတ် လုပ်ရေး ကုမ္ပဏီက လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်တုန်း က စတင်ထုတ်လုပ်ခဲ့တဲ့ Chevrolet Corvette ကားတွေ ကို ကုမ္ပဏီအတွက် ၀င်ငွေအများ အပြားကို ရှာဖွေပေး နိုင်ခဲ့လိမ့်မယ်လို့ မျှော်လင့်မထား မိခဲ့ပါဘူး။ ဒါပေမယ့် 1950 ခုနှစ်နောက်ပိုင်းမှာ Chevrolet ကားတွေရဲ့ အရွယ်အစားနဲ့ ဒီဇိုင်းတွေကို ပြုပြင်ပြောင်းလဲလိုက်တဲ့ အချိန်ကစပြီး Chevrolet ကားတွေဟာ စျေးကွက်မှာ အောင်လံထူနိုင်ခဲ့ကြပါတယ်။ Corvette ကားတွေကို အမေရိကန်နိုင်ငံ တစ်ခုတည်းမှာသာ Spor Car အဖြစ် အသုံးပြုနေခဲ့ပေမယ့် ဆယ်နှစ်ကျော်လောက်ကြာလာတဲ့ အချိန်မှာတော့ ကားတွေရဲ့ ဒီဇိုင်းကို ပြုပြင်ပြောင်းလဲဖို့ အလျင်အမြန်လုပ်ဆောင်ဖို့ လိုအပ်လာခဲ့ပါတယ်။
ဒုတိယမျိုးဆက် C2 Corvette ကားဖြစ်တဲ့ Sting Ray model ကို Fiberglass body panels နဲ့ ပြုလုပ်ပြီး ကားရဲ့ အရွယ်အစားကို ပထမမျိုးဆက်ထက် ပိုငယ် အောင် ပြောင်းလဲခဲ့ပါတယ်။ ကားရဲ့ ဒီဇိုင်းပြုပြင်မှု ကို ပြုလုပ်ခဲ့ရာမှာ အဓိကကျတဲ့နေရာက ပါ၀င်လုပ် ဆောင်ပေးခဲ့တဲ့သူတွေကတော့ Bunkie Knudsen (Chevrolet’s divisional manager), Bill Mitchell (Head of Styling) နဲ့ Zora Arkus – Duntov (Lead Engineer) တို့ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေရဲ့ ကြိုးပမ်းအားထုတ်မှုကြောင့် အမေရိကန်နိုင်ငံရဲ့ Sports Car ဖြစ်တဲ့ Corvette Sting Ray ကားက ကမ္ဘာကျော်လူသိများလာ ခဲ့ပြီး စျေးကွက်အတွင်းမှာ တန်းဝင်လာခဲ့ပါတယ်။
1963 Corvette ကားကို ဒီဇိုင်းပြန်ပြောင်းရာမှာ ယာဉ်မောင်းနှင်မှု စွမ်းရည်ကို 1962 model ထက် သာလွန်အောင်လုပ်ဆောင်ပေးနိုင်ခဲ့ပြီး မူလကပြုလုပ် ခဲ့တဲ့ traditional Corvette X – frame ကို ပိုမိုတိုးတက် သော Ladder – type frame နဲ့ အစားထိုးပြုပြင်ခဲ့တာ ဖြစ်ပါတယ်။ Wheelbase ကို 102 လက်မကနေ 98 လက်မ အရွယ်အစားအထိလျောချခဲ့ပြီး ရှေ့ဖက် Suspension စနစ်ကိုလည်း အပေါ်အောက်ထိန်းချုပ်မှု တွေကိုပြုလုပ်ပေးတဲ့ arms နဲ့ coil Springs တွေကို မတူညီတဲ့ အလျားနဲ့ ပြုပြင်လုပ်ဆောင်ခဲ့ပါတယ်။ အကြီးမားဆုံး ပြုပြင်မှုကတော့ independent rear Suspension စံနစ်အားလုံးကို Solid axle အဖြစ် ပြောင်းလဲလုပ်ဆောင်ခဲ့တာပါ။ ဒီဇိုင်းအသစ်ရဲ့ကိုယ်ထည် အလယ်ပိုင်း မှာ ကြီးမားတဲ့ twin half-shaft နဲ့ nine-leaf တို့ပါ၀င်ပြီး ပြောင်းရွှေမှုတွေအတွက် သက်သောင့်သက် သာဖြစ်စေမယ့် rear Spring တွေကို တပ်ဆင်ပေးထား ပါတယ်။
ကိုယ်ထည်ပိုင်းကို အလယ်မှာ နှိမ့်ချလိုက်လို့ ကမ္ဘာ့ဆွဲအား ပြင်းထန်မှုကို လျော့ချပေးနိုင်ပြီး ယာဉ်ကို ကိုယ်တွယ်မောင်းနှင်မှု စွမ်းရည်ပိုမိုတိုးတက်လာစေပါ တယ်။ ကားရဲ့ ကိုယ်ထည်အလေးချိန်ကို 50/50 နှုန်းနဲ့ ဖြန့်ထားနိုင်ပါလိမ့်မယ်။ ယာဉ်ကိုမောင်းနှင်ချိန်မှာ ဆန်း သစ်တဲ့ ပျော်ရွှင်ကြည်နူးမှုတွေကို ခံစားပြီးမောင်းနှင်နိုင်ဖို့ တွက် Corvette CERV1 နဲ့ XP – 720 ကားတွေကို စမ်းသပ်မောင်းနှင်ပြီး အတွေ့အကြုံတွေကို စုဆောင်းခဲ့ ပါတယ်။ C1 Model ကနေ လက်ဆင့်ကမ်း ယူခဲ့တဲ့ တစ်ခုတည်းသော အမွေဆက်ခံမှုကတော့ လုံးဝိုင်းနေတဲ့ နောက်မီးလုံးနှစ်ခုစီကို ပူးတွဲတပ်ဆင်ခဲ့ တာပါ။ တစ်မူထူး ခြားတဲ့ နောက်မှန်ရဲ့ ဒီဇိုင်းကတော့ အမိုးရဲ့ နောက်ပိုင်း မှာ အလယ်က ကန့်ထားပြီး အလင်းရောင်နဲ့ လေဝင် လေထွက်ကောင်းစေဖို့ လုပ်ဆောင်ပေး ခဲ့ပါတယ်။ ဒီဇိုင်း ကို တစ်နှစ်လောက်သာ လုပ်ဆောင်ခဲ့ပေမယ့် ၀ယ်ယူသူ တွေကို စွဲဆောင်ပေးနိုင်သော Corvette ဒီဇိုင်းအဖြစ် Customer တွေရဲ့ စိတ်အာရုံမှာ ထင်ကျန်ခဲ့ပါတယ်။ အမိုးရဲ့ အမြင့်ကိုလည်း နောက်ပိုင်း အတွက် 2.5 လက်မ လောက်လျော့ချခဲ့ပြီး လျှပ်စစ်စနစ် နဲ့ သီးခြားလုပ်ဆောင် သွားနိုင်မယ့် ရှေ့မီးကြီး စနစ်ကို အသုံးပြုခဲ့တဲ့အတွက် Aerodynamic စနစ်ကို တိုးတက် စေပါတယ်။ အမိုးဖွင့် ကားအတွက်တော့ Soft top နဲ့ Hardtop အပိုင်းနှစ်မျိုးကို ရွေးချယ်သွားနိုင်ပါလိမ့်မယ်။
အတွင်းခန်းတည်ဆောက်ပုံကိုလည်း လုံးဝအသစ် ပြောင်းလဲပေးလိုက်လို့ dash panel က ယာဉ်ကို မောင်း နှင်ရာမှာ လွယ်ကူသက်သာစေအောင် အထောက် အကူ ပြုပေးခဲ့ပါတယ်။ တူညီတဲ့ အရွယ်အစား ရှိတဲ့ Speedometer နဲ့ tachometer တွေကို ယာဉ်မောင်းရဲ့ ရှေ့အလယ်တည့်တည့်မှာ တပ်ဆင် ပေးထားခဲ့ပြီး သတိပေးတဲ့ Warning gauges တွေကို ယာဉ်မောင်းရဲ့ ဘယ်ညာနှစ်ဖက်မှာ တစ်ခုစီထားရှိပါတယ်။ နာရီ၊ အပူချိန် ထိန်းညှိပေးတဲ့ ခလုပ်နဲ့ ရေဒီယိုတွေကိုတော့ ယာဉ်မောင်း နဲ့ ခရီးသည်ကြားမှာရှိတဲ့ dash ဘုတ်ပေါ် မှာထားရှိပါ တယ်။ ကြီးမားတဲ့ glovebox မှာလက်ကိုင် လို့ရတဲ့ အပေါက်ပုံစံကွင်းပါ၀င်ပြီး dash ဘုတ်ရဲ့ ညာဘက် အစွန်းမှာ ထားရှိ ပေးထားပါတယ်။ အရှေ့ထိုင်ခုံ နှစ်လုံး ကို နောက်ဆုတ် တပ်ဆင်ထားတဲ့ အတွက် ခြေထောက် ချဖို့နေရာက ကျယ်ဝန်းမှုရှိပြီး ယာဉ်ကို လိုက်ပါစီးနင်း သူတွေကို သက်သောင့်သက်သာ ရှိစေပါတယ်။ ထိုင်ခုံု ပြုလုပ်ထားတဲ့ သားရေကိုလည်း သားရေတု နဲ့ သားရေ စစ်အဖြစ် နှစ်မျိုးလုံးကို စိတ်ကြိုက်ရွေးချယ် မှာယူနိုင်ပါ တယ်။ Coupe ကားကို ၀ယ်ယူမယ့် သူတွေ ကိုတော့ အမိုးဖွင့်နည်းကို လေ့ကျင့် ပေးစရာမလိုတဲ့ အပြင် ကားရဲ့နောက်ပိုင်းမှာ ပစ္စည်းထားရှိမယ့် အခန်း နေရာက လည်း ပိုမိုကျယ်ဝန်းမှာ ဖြစ်ပါ တယ်။
Chevrolet ရဲ့ small block ဖြစ်တဲ့ Corvette ကားအင်ဂျင်ပါ၀ါအတွက် မြင်းကောင်ရေအား 250 hp ကနေ 360 hp အတွင်းထွက်ရှိတဲ့ အင်ဂျင်အမျိုးအစား တွေကို ရွေးချယ်သွားနိုင်ပါလိမ့်မယ်။ Three – Speed manual transmission စနစ်ကို Standard equipment အဖြစ် အသုံးပြုခဲ့ပြီး four – speed (သို့) two – speed Automatic စနစ်ကိုလည်း ရွေးချယ်သွား နိုင်ပါတယ်။ Corvette ကားကို 1963 ခုနှစ်အတွက် အမြန်ဆုံးမောင်း နိုင်တဲ့ ကားတစ်စီး အဖြစ်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Z 06 ပြိုင်ကားကို အမေရိကန်ဒေါ်လာ 1,281,845 နဲ့ ၀ယ်ယူလိုသူတွေကလည်း အမှာစာပို့နိုင်ပါတယ်။ ၀ယ်ယူ သူတွေ ရွေးချယ်နိုင်ဖို့ ပါ၀င်ပစ္စည်းတွေကို စစ်ဆေးစရာ မလိုအောင် ဖော်ပြပေးထား ပါတယ်။
Power Brake Booster, Dual Master Cylinder, Sintered Metallic Brake linings, Ventral Backing Plates, Larger Front Sway Bar and Shocks, Stiffer Springs နဲ့ 36.5 Gallon Gas Tank တို့ကို တပ်ဆင် ပေးနိုင်မှာဖြစ်ပါတယ်။
Sting Ray Corvette ကားမှာ 360 horsepower engine ကို တပ်ဆင်နိုင်ပြီး M 21 four – Speed transmission စနစ်ကို အသုံးပြုထားပါတယ်။ Aluminum Wheels ကို တပ်ဆင်ပေးခဲ့ပြီး ကြီးမားတဲ့ ဆီတိုင်ကီကို လည်း တပ်ဆင်ပေးထားပါတယ်။ Z06 ပြိုင်ကားကို အမိုး ဖွင့်ကားအဖြစ်လည်း ထုတ်လုပ်ပေးနိုင် ခဲ့ပါတယ်။ Convertible ကားကိုတော့ အစီးရေ 199 စီးသာ ထုတ်လုပ်ခဲ့ပါတယ်။
New Corvette Sting Ray ကားက 1962 မှာ ထုတ်လုပ်ခဲ့တဲ့ model ထက် 50 ရာခိုင်နှုန်းကျော် ပိုမို ရောင်းချခဲ့ရပါတယ်။ စာနယ်ဇင်း မီဒီယာသမားတွေနဲ့ Customers တွေက ကားရဲ့လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင် ရည်တွေကို နှစ်သက်သဘောကျလို့ဖြစ်ပါတယ်။ C2 Platform ကို 1967 ခုနှစ်အထိလုပ်လုပ်ခဲ့ပြီး 1963-67 ခုနှစ်တွေအတွင်းမှာ Corvette ကားက အပျော်စီး Sport Car အဖြစ် စျေးကွက်အတွင်းမှာ ခိုင်ခိုင်မာမာ ရပ်တည် နိုင်ခဲ့ပါတယ်။ လောင်စာစွမ်းအင် အသုံးပြုဖို့အတွက် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကတော့ အင်ဂျင် လည်ပတ်နှုန်း 6,500 rpm ထက်သာလွန်ပြီး အချက်ပေး စနစ်ပါ၀င်တဲ့ 360-hp ရှိတဲ့ အင်ဂျင်၊ နဲ့ လေအေးပေး စက်တို့ပါဝင်ပါတယ်။Corvette ကားမှာ 327 small block အင်ဂျင်အမျိုးအစားကို အသုံးပြုထား ပါတယ်။ 300, 340 နဲ့ 360 hp ထွက်ရှိတဲ့ အင်ဂျင်တွေကို အသုံးပြုထားလို့ အင်ဂျင်စွမ်းဆောင်ရည် မြင့်မားမှုရှိပါတယ်။ 340 hp နဲ့ 360 hp ထွက်ရှိတဲ့ versions တွေမှာတော့ solid lifters valves တွေကို တပ်ဆင်ပေးထားလို့ လေဝင်ရောက်ချိန် မှာ valves တွေကို အားလုံးပွင့်သွားစေပါလိမ့်မယ်။
ယာဉ်ကို ကိုင်တွယ်မောင်းနှင်ချိန်မှာ ကားရဲ့ ကိုယ်ထည် အလယ်ပိုင်းကို နှိမ့်ထားပြီး independent rear suspension စနစ်ကိုပါ အသုံးပြုထားလို့ ကမ္ဘာ့ဆွဲအား သက်ရောက်မှုကို လျော့နည်းစေပါတယ်။ New modal ကို မောင်းနှင်မယ်ဆိုရင် လမ်းမျက်နှာပြင်မှာ ယှက်ပြီး မောင်းသွားနိုင်မှာဖြစ်ပါတယ်။ ကားမှာ အသုံးပြု ထားတဲ့ တာယာအရွယ်အစားကတော့ 6.70 R15 လက်မ ရှိပါတယ်။ Wheelbase က 98 လက်မရှိပြီး ယာဉ်ရဲ့ အလေးချိန်က 3,150 lbs ရှိပါတယ်။ အမြင့်ဆုံး မောင်းနိုင် တဲ့ speed က 142 mph ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ မြို့တွင်း 11 mpg နဲ့ မြို့ပြင် 14 mpg ရပါတယ်။
တောက်ပြောင်တဲ့ အရောင်အဆင်း၊ ၀င့်ကြွားတဲ့ ကိုယ်ဟန်ကို ပိုင်ဆိုင်ထားတဲ့ 1963 corvette sting Ray Classic ကားကတော့ လွန်ခဲ့တဲ့နှစ်ခြောက်ဆယ်က ထုတ်လုပ်ခဲ့တဲ့ ကားလို့တောင် မထင်ရပဲ Customers တွေ အကြိုက်တွေ့နိုင်လို့ “ကားဒီဇိုင်းက လန်းတယ်” လို့ ပြောရမှာဖြစ်ပါတယ်။
Gran Turismo 6
Specification
Engine – V-8 Overhead Valves
Displacement – 5.400 Liters
Horsepower- 250 hp@4400 rpm
Torque- 350 ft-lb@2800 rpm
Engine type- Spark-ignition 4- stroke
Fuel type- Petrol(gasoline)
Fuel system- Fuel injection
Fuel capacity- 36.5 gallon
Traction – RWD( rear-wheel-drive)
ပါ၀ါ