Unicode version….

လွန်ခဲ့တဲ့ ရာစုနှစ်ဝက်လောက် သက်တမ်းရှိခဲ့တဲ့ အီတလီနိုင်ငံထုတ် Classic ကားတစ်စီးနဲ့ မိတ်ဆက်ပေး ချင်ပါတယ်။ အီတလီနိုင်ငံရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေး နိုင်ခဲ့တဲ့ Maserati Ghibli (1967 – 1973) ကားလေးပါ။ ကားလေးရဲ့ရုပ်သွင်က စူးရှထက်မြက်တဲ့ ပုံစံမျိုးဖြစ်ပြီး ကားရဲ့ဦးခေါင်းပိုင်းက ငါးမန်းနှုတ်သီး ပုံသဏ္ဍန်မျိုးပါ။ ကိုယ်ထည်က ရှည်လျားပြီး ချောမွတ်တောက်ပြောင်နေ တဲ့ Steel Body ဖြစ်ပါတယ်။ ခန့်ထည်ပြီး ၀င့်ဝင့်ကြွား ကြွားရှိတဲ့ Style မျိုးပါ။ 1966 ခုနှစ်က ကျင်းပပြုလုပ်ခဲ့ တဲ့ Turin Motor Show မှာ ဒီကားလေးကို စတင်ပွဲ ထုတ်ခဲ့တာ ဖြစ်ပါတယ်။

Ghiblis ကားလေးရဲ့ စက်ပစ္စည်း အမျိုးအစား တွေကို Mexico 2+2 Coupe ကားနဲ့ Quattroporte Sedan ကားတို့ကို ပေါင်းစပ်ပြီးဖွဲ့စည်းထားတာ ဖြစ်ပါ တယ်။ Power အတွက် twin -cam, 4.7- Liter ,V-8 အင်ဂျင်ကို အသုံးပြုထားပါတယ်။ အင်ဂျင်ရဲ့ လေဝင် လေထွက်စနစ်အတွက် twin-choke weber carburetors ကိုအသုံးပြုထားပြီး မြင်းကောင်ရေ 310hp ထွက်ရှိပါတယ်။ အင်ဂျင်ရုန်းအားကတော့ 341 ft-lb ဖြစ် ပြီး ZF Five -Speed Manual (သို့) Three – Speed Automatic Transmission စနစ်ကို အသုံးပြုသွားနိုင်မှာ ပါ။ အမြင့်ဆုံး Speed က 154 mph ဖြစ်ပြီး 0-60 mph ကို 7 စက္ကန့်ထက်နည်းတဲ့ အချိန်အတွင်းမှာ အရောက် မောင်းသွားနိိုင်ပါလိမ့်မယ်။

Four – Wheel Disc Brakes ကိုအသုံးပြုထား တဲ့အတွက် ဘရိတ်ဖမ်းချိန်မှာ ဘီးလေးဘီးစလုံး ရပ်တန့် သွားစေမှာ ဖြစ်ပါတယ်။ အောက်ပိုင်းစနစ်ကို သက် သောင့် သက်သာရှိမှုနဲ့ ခိုင်ခန့်မှုကို ဦးစားပေးပြီး လုပ် ဆောင်ထားပါတယ်။ Double Wishbone Suspension စနစ်မှာ Coil Spring နဲ့ Anti – Roll Bar တွေကိုတော့ နောက်ဖက်အပိုင်းမှာ တပ်ဆင်ထားပါတယ်။ 13 ဂါလန် ဆန့်တဲ့ လောင်စာဆီ tanks နှစ်ခုပါ၀င်ပြီး Curb Weight က 3,637 Pounds ဖြစ်ပါတယ်။ ကားရဲ့အလေးချိန်က Light Weight မဟုတ်ပေမယ့် ကားရဲ့စွမ်းဆောင်နိုင် ရည်နဲ့ပတ်သက်ပြီး စိတ်ဆင်းရဲရမယ့် ကိစ္စတစ်ခုတစ် လေမှ ရှိလာမှာမဟုတ်ပါဘူး။

Standard Ghibli ကားအပြင် 1969 မှာထုတ် လုပ်ထားတဲ့ နောက်ထပ် Model တစ်မျိုးရှိပါသေးတယ်။ Maserati ရဲ့ Ghibli SS ကားပါ။ အင်ဂျင်ပါ၀ါကြီးမားတဲ့ ကားဖြစ်ပြီး 4 . 9 Liters ကိုတပ်ဆင်ထားပါထယ်။ မြင်း ကောင်ရေ 335 hp ထွက်ရှိမှာဖြစ်ပြီး အမြင့်ဆုံး Speed က 175 mph ဖြစ်ပါတယ်။ Maserati ရဲ့ အမြန်ဆုံး Production ကားဖြစ်ပြီး လူကြိုက်များ ထင်ရှားခဲ့တဲ့ ကားတစ်စီးလည်း ဖြစ်ပါတယ်။ ကားအတွင်းခန်းပိုင်းမှာ သားရေနဲ့ ပြုလုပ်ထားတဲ့ထိုင်ခုံကို တပ်ဆင်ပေးထားပြီး အရောင်ပါတဲ့မှန်နဲ့ ပြုလုပ်ထားတဲ့ Power Window စနစ်လည်းပါ၀င်ပါတယ်။ အပူကို ထုတ်ပေးနိုင်တဲ့ Heated Rear Window နဲ့ Air Conditioning features တွေအပြင် တစ်ခြားသောစနစ်တွေလည်း များစွာရှိနေပါ သေးတယ်။

1969 Maserati Ghibli ကားကို Ghibli Spyder ကားနဲ့ SS Spyder ကားဆိုပြီး Model နှစ်မျိုး ခွဲပြီးထုတ် ထားပါတယ်။ အင်ဂျင်ပိုင်းနဲ့ စက်ပိုင်းဆိုင်ရာ စနစ်တွေကို တူညီစွာ လုပ်ဆောင်ထားပြီး ကိုယ်ထည် ပိုင်း Styles ကိုသာ ခွဲခြားပြီး ထုတ်လုပ်ခဲ့တာပါ။ Coupe ကားက အမိုးကို ဖွင့်နိုင်ပိတ်နိုင်တဲ့ အမျိုးအစားဖြစ်ပြီး လူကြိုက် များ ထင်ရှားခဲ့တဲ့ ဒီဇိုင်းလေးဖြစ်ပါတယ်။ 2 + 2 ပုံစံမျိုး ပြုလုပ်နိုင်ပေမယ့် နည်းနည်းတော့ ကျပ်နေ ပါလိမ့်မယ်။ ဒီကားအမျိုးအစားကိုတော့ အဆင့်အတန်း မြင့်ပြီး ဂုဏ်သိက္ခာရှိတဲ့ Elite လူတန်းစား အချို့ကသာ အမှာစာ ပေးပို့ပြီး စီးနင်းခဲ့ကြတာပါ။

1970 ခုနှစ်လောက်မှာတော့ Ghibli ကားရဲ့ Features တစ်ချို့ကို ပြုပြင်ပြောင်းလဲမှု အနည်းငယ်ပြု လုပ်ခဲ့ပါတယ်။ ရှေ့မီးကြီးစနစ်၊ ဒက်ရှ်ဘုတ်နဲ့ headrests စနစ်တွေကို ပြောင်းခဲ့တာပါ။ 1973 ခုနှစ် မှာတော့ Ghibli ရဲ့ Final Production အဖြစ် SS spyder model တစ်မျိုးတည်းကိုပဲ ထုတ်လုပ်ခဲ့ပါတယ်။ ဒီ model အတွက် အမှာစာအများကြီးရရှိခဲ့ပြီး အောင် မြင်မှုရရှိခဲ့တဲ့ ကားအမျိုးအစားပါပဲ။ Coupes ကားအစီး ရေပေါင်း 1,170 စီး ထုတ်လုပ်ခဲ့ရာမှာ Spyder ကားက 125 စီးနဲ့ SS model ကတော့ 25 စီးပဲပါ၀င်ခဲ့ပါတယ်။

Maserati Ghibli ကားမှာ V-12 အင်ဂျင်အမျိုး အစားကို မထုတ်လုပ်ခဲ့ပေမယ့် Ferrari Daytona ကားကို ယနေ့အချိန်မှာ V -12 နဲ့ Gran turismos style မျိုးထုတ်လုပ်ခဲ့ပါတယ်။ အလွန်လှပပြီး ခေတ်မီ ဆန်းပြားတဲ့ ဒီဇိုင်းကြောင့် တွေ့မြင်ရတဲ့ သူတိုင်းနှစ် ခြိုက် သဘောကျကြပါတယ်။ ဂန္တဝင် Classic ကား တွေကိုမှ အစွဲအလမ်းကြီးသူတွေအတွက် Ghibli ကားရဲ့ Specification ကို ဖော်ပြပေးလိုက်ပါတယ်။

Specification

Engine – 4.9 lifter V – 8

Transmission – Five – speed manual, Three – speed Auto

0-60 mph – Under 7 seconds

Top Speed – 175 mph

Horse Power – 335 hp

Weight – 3,637 pounds

Torque – 341 ft – lb

ပါ၀ါ

Zawgyi version…

လြန္ခဲ့တဲ့ ရာစုႏွစ္၀က္ေလာက္ သက္တမ္းရွိခဲ့တဲ့ အီတလီႏိုင္ငံထုတ္ Classic ကားတစ္စီးနဲ႔ မိတ္ဆက္ေပး ခ်င္ပါတယ္။ အီတလီႏိုင္ငံရဲ႕ ဂုဏ္သိကၡာကို ျမွင့္တင္ေပး ႏိုင္ခဲ့တဲ့ Maserati Ghibli (1967 – 1973) ကားေလးပါ။ ကားေလးရဲ႕ရုပ္သြင္က စူးရွထက္ျမက္တဲ့ ပံုစံမ်ိဳးျဖစ္ၿပီး ကားရဲ႕ဦးေခါင္းပိုင္းက ငါးမန္းႏႈတ္သီး ပံုသ႑န္မ်ိဳးပါ။ ကိုယ္ထည္က ရွည္လ်ားၿပီး ေခ်ာမြတ္ေတာက္ေျပာင္ေန တဲ့ Steel Body ျဖစ္ပါတယ္။ ခန္႔ထည္ၿပီး ၀င့္၀င့္ၾကြား ၾကြားရွိတဲ့ Style မ်ိဳးပါ။ 1966 ခုႏွစ္က က်င္းပျပဳလုပ္ခဲ့ တဲ့ Turin Motor Show မွာ ဒီကားေလးကို စတင္ပြဲ ထုတ္ခဲ့တာ ျဖစ္ပါတယ္။

Ghiblis ကားေလးရဲ႕ စက္ပစၥည္း အမ်ိဳးအစား ေတြကို Mexico 2+2 Coupe ကားနဲ႔ Quattroporte Sedan ကားတို႔ကို ေပါင္းစပ္ၿပီးဖြဲ႕စည္းထားတာ ျဖစ္ပါ တယ္။ Power အတြက္ twin -cam, 4.7- Liter ,V-8 အင္ဂ်င္ကို အသံုးျပဳထားပါတယ္။ အင္ဂ်င္ရဲ႕ ေလ၀င္ ေလထြက္စနစ္အတြက္ twin-choke weber carburetors ကိုအသံုးျပဳထားၿပီး ျမင္းေကာင္ေရ 310hp ထြက္ရွိပါတယ္။ အင္ဂ်င္ရုန္းအားကေတာ့ 341 ft-lb ျဖစ္ ၿပီး ZF Five -Speed Manual  (သို႔) Three – Speed Automatic Transmission စနစ္ကို အသံုးျပဳသြားႏိုင္မွာ ပါ။ အျမင့္ဆံုး Speed က 154 mph ျဖစ္ၿပီး 0-60 mph ကို 7 စကၠန္႔ထက္နည္းတဲ့ အခ်ိန္အတြင္းမွာ အေရာက္ ေမာင္းသြားႏိိုင္ပါလိမ့္မယ္။

Four – Wheel Disc Brakes ကိုအသံုးျပဳထား တဲ့အတြက္ ဘရိတ္ဖမ္းခ်ိန္မွာ ဘီးေလးဘီးစလံုး ရပ္တန္႔ သြားေစမွာ ျဖစ္ပါတယ္။ ေအာက္ပိုင္းစနစ္ကို သက္ ေသာင့္ သက္သာရွိမႈနဲ႔ ခိုင္ခန္႔မႈကို ဦးစားေပးၿပီး လုပ္ ေဆာင္ထားပါတယ္။ Double Wishbone Suspension စနစ္မွာ Coil Spring နဲ႔ Anti – Roll Bar ေတြကိုေတာ့ ေနာက္ဖက္အပိုင္းမွာ တပ္ဆင္ထားပါတယ္။ 13 ဂါလန္ ဆန္႔တဲ့ ေလာင္စာဆီ tanks ႏွစ္ခုပါ၀င္ၿပီး Curb Weight က 3,637 Pounds ျဖစ္ပါတယ္။ ကားရဲ႕အေလးခ်ိန္က Light Weight မဟုတ္ေပမယ့္ ကားရဲ႕စြမ္းေဆာင္ႏိုင္ ရည္နဲ႔ပတ္သက္ၿပီး စိတ္ဆင္းရဲရမယ့္ ကိစၥတစ္ခုတစ္ ေလမွ ရွိလာမွာမဟုတ္ပါဘူး။

Standard Ghibli ကားအျပင္ 1969 မွာထုတ္ လုပ္ထားတဲ့ ေနာက္ထပ္ Model တစ္မ်ိဳးရွိပါေသးတယ္။ Maserati ရဲ႕ Ghibli SS ကားပါ။ အင္ဂ်င္ပါ၀ါႀကီးမားတဲ့ ကားျဖစ္ၿပီး 4 . 9 Liters ကိုတပ္ဆင္ထားပါထယ္။ ျမင္း ေကာင္ေရ 335 hp ထြက္ရွိမွာျဖစ္ၿပီး အျမင့္ဆံုး Speed က 175 mph ျဖစ္ပါတယ္။ Maserati ရဲ႕ အျမန္ဆံုး Production ကားျဖစ္ၿပီး လူႀကိဳက္မ်ား ထင္ရွားခဲ့တဲ့ ကားတစ္စီးလည္း ျဖစ္ပါတယ္။ ကားအတြင္းခန္းပိုင္းမွာ သားေရနဲ႔ ျပဳလုပ္ထားတဲ့ထိုင္ခံုကို တပ္ဆင္ေပးထားၿပီး အေရာင္ပါတဲ့မွန္နဲ႔ ျပဳလုပ္ထားတဲ့ Power Window စနစ္လည္းပါ၀င္ပါတယ္။ အပူကို ထုတ္ေပးႏုိင္တဲ့ Heated Rear Window နဲ႔ Air Conditioning features ေတြအျပင္ တစ္ျခားေသာစနစ္ေတြလည္း မ်ားစြာရွိေနပါ ေသးတယ္။

1969 Maserati Ghibli ကားကို Ghibli Spyder ကားနဲ႔ SS Spyder ကားဆိုၿပီး Model ႏွစ္မ်ိဳး ခြဲၿပီးထုတ္ ထားပါတယ္။ အင္ဂ်င္ပိုင္းနဲ႔ စက္ပိုင္းဆိုင္ရာ စနစ္ေတြကို တူညီစြာ လုပ္ေဆာင္ထားၿပီး ကိုယ္ထည္ ပိုင္း Styles ကိုသာ ခြဲျခားၿပီး ထုတ္လုပ္ခဲ့တာပါ။ Coupe ကားက အမိုးကို ဖြင့္ႏုိင္ပိတ္ႏိုင္တဲ့ အမ်ိဳးအစားျဖစ္ၿပီး လူႀကိဳက္ မ်ား ထင္ရွားခဲ့တဲ့ ဒီဇိုင္းေလးျဖစ္ပါတယ္။ 2 + 2 ပံုစံမ်ိဳး ျပဳလုပ္ႏုိင္ေပမယ့္ နည္းနည္းေတာ့ က်ပ္ေန ပါလိမ့္မယ္။ ဒီကားအမ်ိဳးအစားကိုေတာ့ အဆင့္အတန္း ျမင့္ၿပီး ဂုဏ္သိကၡာရွိတဲ့ Elite လူတန္းစား အခ်ိဳ႕ကသာ အမွာစာ ေပးပို႔ၿပီး စီးနင္းခဲ့ၾကတာပါ။

1970 ခုႏွစ္ေလာက္မွာေတာ့ Ghibli ကားရဲ႕ Features တစ္ခ်ိဳ႕ကို ျပဳျပင္ေျပာင္းလဲမႈ အနည္းငယ္ျပဳ လုပ္ခဲ့ပါတယ္။ ေရွ႕မီးႀကီးစနစ္၊ ဒက္ရွ္ဘုတ္နဲ႔ headrests စနစ္ေတြကို ေျပာင္းခဲ့တာပါ။ 1973 ခုႏွစ္ မွာေတာ့ Ghibli ရဲ႕ Final Production အျဖစ္ SS spyder model တစ္မ်ိဳးတည္းကိုပဲ ထုတ္လုပ္ခဲ့ပါတယ္။ ဒီ model အတြက္ အမွာစာအမ်ားႀကီးရရွိခဲ့ၿပီး ေအာင္ ျမင္မႈရရွိခဲ့တဲ့ ကားအမ်ိဳးအစားပါပဲ။ Coupes ကားအစီး ေရေပါင္း 1,170 စီး ထုတ္လုပ္ခဲ့ရာမွာ Spyder ကားက 125 စီးနဲ႔ SS model ကေတာ့ 25 စီးပဲပါ၀င္ခဲ့ပါတယ္။

Maserati Ghibli ကားမွာ V-12 အင္ဂ်င္အမ်ိဳး အစားကို မထုတ္လုပ္ခဲ့ေပမယ့္ Ferrari Daytona ကားကို ယေန႔အခ်ိန္မွာ V -12 နဲ႔ Gran turismos style မ်ိဳးထုတ္လုပ္ခဲ့ပါတယ္။ အလြန္လွပၿပီး ေခတ္မီ ဆန္းျပားတဲ့ ဒီဇိုင္းေၾကာင့္ ေတြ႕ျမင္ရတဲ့ သူတိုင္းႏွစ္ ၿခိဳက္ သေဘာက်ၾကပါတယ္။ ဂႏၱ၀င္ Classic ကား ေတြကိုမွ အစြဲအလမ္းႀကီးသူေတြအတြက္ Ghibli ကားရဲ႕ Specification ကို ေဖာ္ျပေပးလုိက္ပါတယ္။

Specification

Engine           –     4.9 lifter V – 8

Transmission  –     Five – speed manual, Three – speed Auto

0-60 mph      –     Under 7 seconds

Top Speed     –     175 mph

Horse Power  –     335 hp

Weight          –     3,637 pounds

Torque          –     341 ft – lb

ပါ၀ါ