Unicode Version…
(BMW ၊ Toyota ၊ Suzuki ၊ Ford ၊ Scania နှင့် DFM စသည့် ကမ္ဘာကျော်ကားများကို
နိုင်ငံတကာအဆင့် Indoor ဧရိယာကြီးတွင် ကိုယ်တိုင်ကြည့်ရှုခံစားဝယ်ယူနိုင်မည်။)
မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုင်ငံတကာအဆင့် True Indoor မော်တော်ယာဉ်ပြပွဲကြီးအဖြစ် မှတ်တမ်းဝင်မည့် ပထမအကြိမ် ရန်ကုန်အပြည် ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကြီး (the 1st Yangon International Motor Show 2019) ကို ရန်ကုန် ကွန်ဗင်းရှင်းစင်တာ – Yangon Convention Center (အင်းလျားလိတ်ဟိုတယ်ဝင်းဘေး) ၌ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ ခမ်းနားစွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။ BMW ၊ Toyota ၊ Suzuki ၊ Ford ၊ Scania နှင့် DFM စသည့် ကမ္ဘာကျော် မော်တော်ယာဉ် အမှတ်တံဆိပ်များမှ ခင်းကျင်းပြသထားသည့် မော်တော်ယာဉ်များကို ကြည့်ရှုလေ့လာနိုင်ပြီဖြစ်ပြီး Modified Street Car Contest ၊ Modified Off-road Car Contest ၊ Vintage & Luxury Exotic Car Contest နှင့် Nissan GT-R Contest အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ရာ ကားချစ်သူများအတွက် အထူးစိတ်ဝင်စားဖွယ်ရာကောင်းသည့် ပြပွဲကြီးလည်းဖြစ်သည်။



ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီလ (၂၃) ရက်နေ့ နံနက်ပိုင်း၌ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဥက္ကဌ ဦးဇော်မင်းဝင်း၊ Japan Chamber of Commerce & Industry, Myanmar မှ Chairman Mr. Kunio Negishi ၊ မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ) အသင်းမှ တာဝန်ရှိသူများ၊ GPI Myanmar Co. Ltd. မှ တာဝန်ရှိသူများ၊ မော်တော်ယာဉ် ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များနှင့် သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်အားပေး ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဥက္ကဌ ဦးဇော်မင်းဝင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ၏ ဥက္ကဌဖြစ်သူ Mr. Anothai Eamlumnow နှင့် မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)အသင်း (AAM) ၏ ဥက္ကဌဖြစ်သူ ဦးအောင်ဝင်းတို့မှ အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။
ယင်းနောက်တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဒုက္ကဌ ဦးလင်းနိုင်မြင့်၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်း၊ Japan Chamber of Commerce & Industry, Myanmar မှ Chairman Mr. Kunio Negishi၊ Grand Prix International ဥက္ကဌ Dr.Prachin Eamlumnow၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲဥက္ကဌ Mr. Anothai Eamlumnow၊ မြန်မာ အော်တိုမိုးတစ်(ဖ်)အသင်း ဥက္ကဌ ဦးအောင်ဝင်းနှင့် UMFCCI ဒုဥက္ကဌ ဦးသိန်းဟန်တို့က ပထမအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲ ၂၀၁၉ (The 1st Yangon International Motor Show 2019) ကြီးကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
ရန်ကုန်မော်တော်ယာဉ်ပြပွဲ၏ ဥက္ကဌ Mr.Anothai Eamlumnow မှ ‘‘မြန်မာနိုင်ငံရဲ့ ကားဈေးကွက်ကို မြှင့်တင်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ် ပြပွဲ (၂၀၁၉) Yangon International Motor Show 2019 ကို ကျွန်တော်တို့ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံမှာ ပြုလုပ်ခဲ့တာပါ။ Indoor Stadium မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး Aircon နဲ့ မိုးလုံလေလုံဖြစ်တဲ့အပြင် ပါဝင်တဲ့ Brand တွေရဲ့ အပြင်အဆင်က တခြားကားပြပွဲတွေထက် ပိုထူးခြားပြီး Agency တွေကအစ International Level တစ်ခုကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ဒီပြပွဲကြီး စည်ကားသိုက်မြိုက်စွာနဲ့ အောင်မြင်စွာကျင်းပနိုင်ဖို့ ပါဝင်တဲ့ Brand တွေအသီးသီးက အစွမ်းကုန်ကြိုးစားထားကြပါတယ်။” ဟု ပြောကြားခဲ့သည်။
ပထမအကြိမ် ရန်ကုန် အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကြီး၌ BMW Myanmar မှ ပြိုင်ဘက်ကင်း All-New BMW X5 SUV ကို ထုတ်ဖော်ပြသ မိတ်ဆက်သွားမည်ဖြစ်သည်။ ထို့ပြင်ကားချစ်သူများအနေဖြင့် Suzuki မှ All-New Suzuki Swift ကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မောင်းနှင့်ခွင့်လည်း ရရှိမည်ဖြစ်သည်။
Toyota မှ ခင်းကျင်းပြသသွားမည့်ကားတွေကတော့ Fortuner၊ Corolla၊ Innova၊ Rush၊ Hilux၊ Revo နှင့် Avanza တို့ဖြစ်ပြီး ။ Ford မှ RAPYOR F-150 ကို မော်တော်ယာဉ်ပြပွဲတွင် ဝင်ရောက်ပြသမည် ဖြစ်ပြီး Scaina နှင့် DFM တို့မှလည်း နောက်ဆုံးပေါ် မော်ဒယ်လ်မြင့် ကားများ ပါဝင်လာမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအော်တိုမိုးတစ်ဖ်အသင်း (AAM) ဥက္ကဌ ဦးအောင်ဝင်းမှ ‘ကားပြပွဲပြုလုပ်တဲ့အခါမှာ ကားဝယ်မယ့်သူက တစ်နေရာတည်းမှာ Brand အစုံကို စိတ်ကြိုက်ရွေးချယ်ပြီး ဝယ်ယူလို့ ရသလို စမ်းသပ်မောင်းနှင်နိုင်မှာဖြစ်တယ်။ နောက်ပြီး ကားဝယ်မယ့်သူတွေ အများအပြားလာ ရောက်တဲ့အတွက်လည်း ကားဈေးကွက်ကို မြှင့်တင်ရာရောက်ပါတယ်။ ဝယ်ယူသူတွေအနေနဲ့ လည်း ပြပွဲကာလမှာ ဝယ်ယူမယ်ဆိုရင် သက်သာတဲ့ဈေးနှုန်းတွေနဲ့ တိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်သ လို နိုင်ငံတကာအဆင့်ပြပွဲကို လာရောက်တဲ့အတွက်လည်း အတွေ့အကြုံနဲ့ ဗဟုသုတတွေ ရရှိမှာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် အကျိုးများပါတယ်။ လက်မှတ်ဈေးနှုန်းတွေကလည်း တစ်စောင် (၁၅၀၀)သာ ကျွန်တော်တို့သတ်မှတ်ထားတာကြောင့် ကားချစ်သူလူတိုင်းနီးပါး ဝယ်ယူ ကြည့်ရှုနိုင်မှာပါ” ဟု ပြောကြားခဲ့သည်။
ပထမအကြိမ်ရန်ကုန်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို GPI Myanmar Co., Ltd. နှင့် မြန်မာနိုင်ငံအော်တိုမိုးတစ်ဖ်အသင်း (AAM) တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ခြင်းဖြစ်သည်။ GPI Myanmar Co., Ltd. သည် Grand Prix International Public Company Limited ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲကို ကျင်းပခဲ့သည့် ကုမ္ပဏီလည်းဖြစ်သည်။ ဘန်ကောက်အပြည်ပြည်ဆိုင်ရာ မော်တော်ယာဉ်ပြပွဲသည် အာဆီယံနိုင်ငံ များတွင်း အကြီးဆုံး မော်တော်ယာဉ် ပြပွဲတစ်ခုဖြစ်ပြီး ကျယ်ပြန့်လှသည့် အော်တိုမိုးတစ်ဖ်နယ်ပယ် အတွေ့အကြုံကျွမ်းကျင်မှုများကို မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် ခေါ်ဆောင်လာခြင်း ဖြစ်သည်။

Zawgyi Version…
ပထမအႀကိမ္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲ ဖြင့္ပြဲက်င္းပ
(BMW ၊ Toyota ၊ Suzuki ၊ Ford ၊ Scania ႏွင့္ DFM စသည့္ ကမာၻေက်ာ္ကားမ်ားကို
ႏိုင္ငံတကာအဆင့္ Indoor ဧရိယာႀကီးတြင္ ကိုယ္တိုင္ၾကည့္ရႈခံစားဝယ္ယူႏိုင္မည္။)
ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ ႏိုင္ငံတကာအဆင့္ True Indoor ေမာ္ေတာ္ယာဥ္ျပပြဲႀကီးအျဖစ္ မွတ္တမ္းဝင္မည့္ ပထမအႀကိမ္ ရန္ကုန္အျပည္ ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲႀကီး (the 1st Yangon International Motor Show 2019) ကို ရန္ကုန္ ကြန္ဗင္းရွင္းစင္တာ – Yangon Convention Center (အင္းလ်ားလိတ္ဟိုတယ္ဝင္းေဘး) ၌ ဇန္နဝါရီလ ၂၃ ရက္ေန႔မွ ၂၇ ရက္ေန႔အထိ ခမ္းနားစြာ က်င္းပျပဳလုပ္မည္ျဖစ္သည္။ BMW ၊ Toyota ၊ Suzuki ၊ Ford ၊ Scania ႏွင့္ DFM စသည့္ ကမာၻေက်ာ္ ေမာ္ေတာ္ယာဥ္ အမွတ္တံဆိပ္မ်ားမွ ခင္းက်င္းျပသထားသည့္ ေမာ္ေတာ္ယာဥ္မ်ားကို ၾကည့္ရႈေလ့လာႏိုင္ၿပီျဖစ္ၿပီး Modified Street Car Contest ၊ Modified Off-road Car Contest ၊ Vintage & Luxury Exotic Car Contest ႏွင့္ Nissan GT-R Contest အစီအစဥ္မ်ားလည္း ပါဝင္မည္ျဖစ္ရာ ကားခ်စ္သူမ်ားအတြက္ အထူးစိတ္ဝင္စားဖြယ္ရာေကာင္းသည့္ ျပပြဲႀကီးလည္းျဖစ္သည္။
ပထမအႀကိမ္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲ ဖြင့္ပြဲအခမ္းအနားကို ယေန႔ ဇန္နဝါရီလ (၂၃) ရက္ေန႔ နံနက္ပိုင္း၌ က်င္းပခဲ့ရာ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္ ဒုကၠဌ ဦးလင္းႏိုင္ျမင့္၊ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ ရခိုင္တိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးေဇာ္ေအးေမာင္၊ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္ႏိုင္ငံ သံအမတ္ႀကီး၊ ျမန္မာႏိုင္ငံဆိုင္ရာ ဖိလစ္ပိုင္ႏိုင္ငံ သံအမတ္ႀကီး၊ ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း (UMFCCI) ၏ ဥကၠဌ ဦးေဇာ္မင္းဝင္း၊ Japan Chamber of Commerce & Industry, Myanmar မွ Chairman Mr. Kunio Negishi ၊ ျမန္မာႏိုင္ငံ ေအာ္တိုမိုးတစ္(ဖ) အသင္းမွ တာဝန္ရွိသူမ်ား၊ GPI Myanmar Co. Ltd. မွ တာဝန္ရွိသူမ်ား၊ ေမာ္ေတာ္ယာဥ္ ကုမၸဏီမ်ားမွ တာဝန္ရွိ ပုဂၢိဳလ္မ်ား၊ ဖိတ္ၾကားထားသည့္ အထူးဧည့္သည္ေတာ္မ်ားႏွင့္ သတင္းမီဒီယာမ်ား စုံလင္စြာ တက္ေရာက္အားေပး ခဲ့ၾကပါသည္။
ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းမွ အဖြင့္အမွာစကား ေျပာၾကားေပးခဲ့သည္။ ထို႔အျပင္ ျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္း (UMFCCI) ၏ ဥကၠဌ ဦးေဇာ္မင္းဝင္း၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲ၏ ဥကၠဌျဖစ္သူ Mr. Anothai Eamlumnow ႏွင့္ ျမန္မာႏိုင္ငံ ေအာ္တိုမိုးတစ္(ဖ)အသင္း (AAM) ၏ ဥကၠဌျဖစ္သူ ဦးေအာင္ဝင္းတို႔မွ အမွာစကားမ်ား အသီးသီး ေျပာၾကားခဲ့ၾကသည္။
ယင္းေနာက္တြင္ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း၊ ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္ ဒုကၠဌ ဦးလင္းႏိုင္ျမင့္၊ ရန္ကုန္တိုင္း ေဒသႀကီး အစိုးရအဖြဲ႕ ရခိုင္တိုင္းရင္းသားေရးရာ ဝန္ႀကီး ဦးေဇာ္ေအးေမာင္၊ UMFCCI ဥကၠဌ ဦးေဇာ္မင္းဝင္း၊ Japan Chamber of Commerce & Industry, Myanmar မွ Chairman Mr. Kunio Negishi၊ Grand Prix International ဥကၠဌ Dr.Prachin Eamlumnow၊ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲဥကၠဌ Mr. Anothai Eamlumnow၊ ျမန္မာ ေအာ္တိုမိုးတစ္(ဖ္)အသင္း ဥကၠဌ ဦးေအာင္ဝင္းႏွင့္ UMFCCI ဒုဥကၠဌ ဦးသိန္းဟန္တို႔က ပထမအႀကိမ္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲ ၂၀၁၉ (The 1st Yangon International Motor Show 2019) ႀကီးကို ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခဲ့ပါသည္။
ရန္ကုန္ေမာ္ေတာ္ယာဥ္ျပပြဲ၏ ဥကၠဌ Mr.Anothai Eamlumnow မွ ‘‘ျမန္မာႏိုင္ငံရဲ႕ ကားေစ်းကြက္ကို ျမႇင့္တင္ေပးခ်င္တဲ့ရည္႐ြယ္ခ်က္နဲ႔ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ ျပပြဲ (၂၀၁၉) Yangon International Motor Show 2019 ကို ကြၽန္ေတာ္တို႔ ပထမဆုံးအေနနဲ႔ ျမန္မာႏိုင္ငံမွာ ျပဳလုပ္ခဲ့တာပါ။ Indoor Stadium မွာ က်င္းပျပဳလုပ္မွာျဖစ္ၿပီး Aircon နဲ႔ မိုးလုံေလလုံျဖစ္တဲ့အျပင္ ပါဝင္တဲ့ Brand ေတြရဲ႕ အျပင္အဆင္က တျခားကားျပပြဲေတြထက္ ပိုထူးျခားၿပီး Agency ေတြကအစ International Level တစ္ခုကို ျမင္ေတြ႕ခံစားရမွာ ျဖစ္ပါတယ္။ ဒီျပပြဲႀကီး စည္ကားသိုက္ၿမိဳက္စြာနဲ႔ ေအာင္ျမင္စြာက်င္းပႏိုင္ဖို႔ ပါဝင္တဲ့ Brand ေတြအသီးသီးက အစြမ္းကုန္ႀကိဳးစားထားၾကပါတယ္။” ဟု ေျပာၾကားခဲ့သည္။
ပထမအႀကိမ္ ရန္ကုန္ အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲႀကီး၌ BMW Myanmar မွ ၿပိဳင္ဘက္ကင္း All-New BMW X5 SUV ကို ထုတ္ေဖာ္ျပသ မိတ္ဆက္သြားမည္ျဖစ္သည္။ ထို႔ျပင္ကားခ်စ္သူမ်ားအေနျဖင့္ Suzuki မွ All-New Suzuki Swift ကို ကိုယ္တိုင္ကိုယ္က် စမ္းသပ္ေမာင္းႏွင့္ခြင့္လည္း ရရွိမည္ျဖစ္သည္။
Toyota မွ ခင္းက်င္းျပသသြားမည့္ကားေတြကေတာ့ Fortuner၊ Corolla၊ Innova၊ Rush၊ Hilux၊ Revo ႏွင့္ Avanza တို႔ျဖစ္ၿပီး ။ Ford မွ RAPYOR F-150 ကို ေမာ္ေတာ္ယာဥ္ျပပြဲတြင္ ဝင္ေရာက္ျပသမည္ ျဖစ္ၿပီး Scaina ႏွင့္ DFM တို႔မွလည္း ေနာက္ဆုံးေပၚ ေမာ္ဒယ္လ္ျမင့္ ကားမ်ား ပါဝင္လာမည္ျဖစ္ပါသည္။
ျမန္မာႏိုင္ငံေအာ္တိုမိုးတစ္ဖ္အသင္း (AAM) ဥကၠဌ ဦးေအာင္ဝင္းမွ ‘ကားျပပြဲျပဳလုပ္တဲ့အခါမွာ ကားဝယ္မယ့္သူက တစ္ေနရာတည္းမွာ Brand အစုံကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ၿပီး ဝယ္ယူလို႔ ရသလို စမ္းသပ္ေမာင္းႏွင္ႏိုင္မွာျဖစ္တယ္။ ေနာက္ၿပီး ကားဝယ္မယ့္သူေတြ အမ်ားအျပားလာ ေရာက္တဲ့အတြက္လည္း ကားေစ်းကြက္ကို ျမႇင့္တင္ရာေရာက္ပါတယ္။ ဝယ္ယူသူေတြအေနနဲ႔ လည္း ျပပြဲကာလမွာ ဝယ္ယူမယ္ဆိုရင္ သက္သာတဲ့ေစ်းႏႈန္းေတြနဲ႔ တိုက္႐ိုက္ဝယ္ယူႏိုင္မွာျဖစ္သ လို ႏိုင္ငံတကာအဆင့္ျပပြဲကို လာေရာက္တဲ့အတြက္လည္း အေတြ႕အႀကဳံနဲ႔ ဗဟုသုတေတြ ရရွိမွာ ျဖစ္တဲ့အတြက္ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးမ်ားပါတယ္။ လက္မွတ္ေစ်းႏႈန္းေတြကလည္း တစ္ေစာင္ (၁၅၀၀)သာ ကြၽန္ေတာ္တို႔သတ္မွတ္ထားတာေၾကာင့္ ကားခ်စ္သူလူတိုင္းနီးပါး ဝယ္ယူ ၾကည့္ရႈႏိုင္မွာပါ” ဟု ေျပာၾကားခဲ့သည္။
ပထမအႀကိမ္ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲကို GPI Myanmar Co., Ltd. ႏွင့္ ျမန္မာႏိုင္ငံေအာ္တိုမိုးတစ္ဖ္အသင္း (AAM) တို႔မွ ပူးေပါင္းစီစဥ္တင္ဆက္ျခင္းျဖစ္သည္။ GPI Myanmar Co., Ltd. သည္ Grand Prix International Public Company Limited ၏ ကုမၸဏီခြဲတစ္ခုျဖစ္ၿပီး ဘန္ေကာက္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲကို က်င္းပခဲ့သည့္ ကုမၸဏီလည္းျဖစ္သည္။ ဘန္ေကာက္အျပည္ျပည္ဆိုင္ရာ ေမာ္ေတာ္ယာဥ္ျပပြဲသည္ အာဆီယံႏိုင္ငံ မ်ားတြင္း အႀကီးဆုံး ေမာ္ေတာ္ယာဥ္ ျပပြဲတစ္ခုျဖစ္ၿပီး က်ယ္ျပန႔္လွသည့္ ေအာ္တိုမိုးတစ္ဖ္နယ္ပယ္ အေတြ႕အႀကဳံကြၽမ္းက်င္မႈမ်ားကို ျမန္မာႏိုင္ငံသို႔ ပထမဆုံးအႀကိမ္အျဖစ္ ေခၚေဆာင္လာျခင္း ျဖစ္သည္။