Suzuki Jimny သည် ဘက်စုံသုံး Model အဖြင့် ထင်ရှားသည့် Suzuki နာမည်ကျော် Model ဖြစ်ကာ ကောင်းမွန်သည့် Off – Road ဆိုင်ရာစွမ်းဆောင်ရည်များနှင့် Compact 4 × 4 System ကဲ့သို့ ထူးခြားချက်များကြောင့် ဈေးကွက်ဒေသအမျိုးမျိုးတွင် ထင်ရှားပြီး ရောင်းအားကောင်းသည့် Model ဖြစ်ပါသည်။ U.K ဈေးကွက်အတွက်ရောင်းချထားသည့် Suzuki Jimny LCV သည် Jimny ၏ Latest Variant ဖြစ်ကာ LCV သည်( Light Commercial Vehicle ) ကို ဆိုလိုပါသည်။ ၎င်းသည် 2 – Seat Mode ဖြစ်ပြီး ကားအနောက်ခန်း တွင် ပစ္စည်းထည့်ရန်အတွက် ( 30.0 Cubic Feet ) ခန့်အကျယ်ရှိသည့် Cargo space ပါဝင်ပါသည်။ Jimny LCV တွင် Trim Level ( ၁ ) မျိုးသာပါဝင်မည်ဖြစ်ကာ Solid Color ဖြင့် ထုတ်လုပ်ထားပါ သည်။ သို့သော် Metallic နှင့် 2 Tone Paint တို့ကိုလည်း Option မှာယူနိုင်ပါသည်။ ၎င်းတွင် အရှေ့ခုံတန်းနှင့် အနောက်ပစ္စည်းထားသည့် နေရာတို့အကြားပိုင်းခြားထားသည့် Safety Partition လည်း ပါဝင်ပါသည်။ Suzuki Jimny LCV သည် နောက်ဆုံးပေါ် Model ဖြစ်သော်လည်း တမျိုးတည်း ထုတ်ထားခြင်းမဟုတ်ကာ Suzuki ၏ JDM Lineup တွင် Jimny Lite Kei Car အမည်ဖြင့်လည်း ထုတ်လုပ်ထားပါသည်။ Jimny LCV တွင် Analog Climate Control ၊ Halogen Headlight ၊ နှင်းခွဲမီး ၊ 5-Speed Manual gear တို့ပါဝင်မည့် အပြင် Off-Road အသုံးပြုရန်အတွက် Ladder-Frame ဖန်တီးတည်ဆောက်မှုဖြင့် ထုတ်လုပ် ထားသည့်အပြင် Solid Axles ၊ Low-range Gearing စသည့် Features များလည်း ပါဝင်ပါမည်။ Suzuki Jimny LCV Model အား U.K ဈေးကွက်တွင် Limited အနေဖြင့် ထုတ်လုပ်ရောင်းချပါမည်။