Unicode version…
gmc4 gmc3 gmc2 gmc1(2007) GMC Yukon SUV သည် အမေရိကန် အခြေစိုက် (GMC) ကားကုမ္မဏီမှ ထုတ်လုပ်သည့် (Crossover SUV) ဖြစ်ပြီး (2007 Model) အား (All-New) အနေဖြင့် ထုတ်လုပ်ခဲ့ပါသည်။ (2007 Yukon) တွင် (Yukon / Yukon XL)ဟူ၍ (Body Style)(2)မျိုးအဓိကထုတ်လုပ်ခဲ့ပြီးလုံခြုံရေးစနစ်ကိုအထူးအလေးပေးထုတ်လုပ်ခဲ့ပါသည်။
(2007) GMC Yukon သည် (နောက်ဘီးယက်စနစ်)သုံးကားဖြစ်ပြီး (4WD System)အား (Optional)အနေဖြင့် ထည့်သွင်းထားခဲ့ပါသည်။ ၎င်းတွင် အင်ဂျင်အနေဖြင့် (4.8L V8 Engine)၊ (295hp) အင်ဂျင်စနစ်ကိုတပ်ဆင်ထားပြီး (Optimal)အနေဖြင့် (5.3l u8 Engine) (320hp) ဖြင့် တွဲဖက်တပ်ဆင် ထားပါသည်။ အထက်ပါ အင်ဂျင်(2)မျိုးသည် စွမ်းအားဖြင့် အင်ဂျင်ဟုဆိုနိုင်သော်လည်း ၎င်းတိုထက်ပို၍ စွမ်းအားဖြင့်သည့် (High-Power Engine) (2)မျိုးကိုလည်းထပ်မံထည့်သွင်းထားခဲ့ပါသည်။ (6.0 L V8 Engine)၊ (350 hp) အင်ဂျင်စနစ်အား (Yukon XL Trin)တွင် အပိုဘောင်းအနေဖြင့် ထည့်သွင်းထားပြီးထိုအင်ဂျင်၏ ဆီစားနှုန်းမှာဓာတ်ဆီတစ်ဂါလံအား (မြို့တွင်း (13)မိုင်၊ Highway (18)မိုင်)ခန့် မောင်းနှင် နိုင်ပါသည်။ ထို့အပြင် (Cadillac Escalade SUV)မှ ခွဲဝေရရှိထားသည့် (6.2L V8 Engine)၊ (380 hp) အင်ဂျင်အား (Yukon Denali / Yukon x LDenali)(Trins)များအတွက် အပိုဆောင်းမှာယူမှုအဖြင့် ထည့်သွင်းထားခဲပါသည်။ ထိုအင်ဂျင်၏ ဆီစားနှုန်းမှာဓာတ်ဆီတစ်ဂါလံအား (မြို့တွင်း (12)မိုင်/ Highway (18)မိုင်)ခန့် မောင်းနှင့်နိုင်မည်ဖြစ်ပါသည်။ (2007 GMC Yukon)တွင် (Gearbox)အနေဖြင့် (Denali Trim)တွင် (6-Speed Automatic)ထို၎င်း အခြားသော (Trims) များတွင် (4-Speed Automatic)ကို ၎င်းအသီးသီးတပ်ဆင်ထားခဲ့ပါသည်။
(2007 GMC Yukon SUV)တွင် ထည့်သွင်းထားသည့် (Features)များအပေါ်မူတည်ကာ – (SLE/SLT/Denali)ဟူ၍ (Trim level) (3)မျိုးခွဲခြားထားပါသည်။ (2007 Yukon)တွင် ပါ၀င်သည့် (Features)များအနက် ခေတ်မှီနည်းပညာသုံး ဇိမ်ခံပစ္စည်းပါ၀င်မှုများမှာ – (Remote Keyless entry)၊ (Power near liftgate)၊ (Navigation System)၊ (Rain-sensing wipers)၊ (Auto-leveling suspension)၊ (အပူပေးစနစ်ပါသည့် ပထမနှင့် ဒုတိယတန်းထိုင်ခုံများ)၊ (စမီတာ 10လုံးပါသည့် Bose အမျိုးအစားအသံစနစ်)စသည်တို့ဖြစ်ကြပါသည်။ (2007 Yukon)\ (Cargo Space)သည် (108.9 Cubic feet)ခန့် အကျယ်ရှိပြီး (2007 Yukon XL)၏ (Cargo Space)သည် (137.4 Cubic feet)ခန့် အကျယ်ရှိမည်ဖြစ်ပါသည်။
(2007 GMC Yukon SUV)နှင့် စျေးကွက်ယှဉ်ပြိုင်ဖက် ဖြစ်ကြသည့် အခြားသော (Brends)များမှာ (2007 Ford Expedition) (2007 To-pta Sequoia)၊ (2007 Nissan Armada)စသည်တို့ ဖြစ်ကြပါသည်။ (GMC Yukon)သည် မြန်မာနိုင်ငံတွင် အတွေ့ရနည်းသည့် ကားတစ်မျိုးဖြစ်သော်လည်း ၎င်းသည် (Cadillac Escalade)နှင့် များစွာတူညီသည့် (Model)တစ်မျိုးဖြစ်ကာ (U.S Market)တွင် အထူးလူကြိုက်များသည့် (SUV Model)လည်းဖြစ်ပါကြောင်းတင်ဆက်အပ်ပါသည် ခင်ဗျား။
Zawgyi version…