Zawgyi Version…

ျပီးခဲ့သည့္ ရန္ကုန္အျပည္ျပည္ဆုိင္ရာကားျပပြဲတြင္ Concept အျဖစ္ျပသခဲ့ေသာ MPV မ်ိဳးဆက္သစ္ ၇ေယာက္စီး all-new Suzuki Ertiga ကုိ ဆူဇူကီးျမန္မာမွ စတင္မိတ္ဆက္ခဲ့ျပီး က်ပ္သိန္း ၂၇၂ ျဖင့္ေရာင္း ခ်ေနျပီျဖစ္ေၾကာင္း သိရသည္။ အဆုိပါ all-new Suzuki Ertiga တြင္ ျမင္းေကာင္ေရ ၁၀၀ ေက်ာ္ထြက္ေသာ 1.5L ဓာတ္ဆီအင္ဂ်င္ႏွင့္ 4AT တပ္ဆင္ထားျပီး GLX grade အမ်ိဳးအစားတစ္မ်ိဳးတည္းသာ ျမန္မာျပည္တြင္ SKD စနစ္ျဖင့္တပ္ဆင္ထုတ္လုပ္ေရာင္းခ်မည္ျဖစ္၍ ရန္ကုန္ လုိင္စင္ရရွိမည္ျဖစ္သည္။ မ်ိဳးဆက္ သစ္ HEARTECT ပလက္ေဖာင္း ကိုအေျခခံထားေသာ all-new Suzuki Ertiga သည္ယခင္ေမာ္ဒယ္ေဟာင္းထက္ ပိုမိုၾကီးသြားရုံသာမက အင္ဂ်င္စြမ္းေဆာင္ရည္လည္း တုိးျမွင့္ထားသည္။ အျပင္ဘက္ပုိင္းတြင္ ေဟ လုိဂ်င္ေရွ႔မီးၾကီးမ်ားကုိ သုံးထားသည့္အျပင္ ပုံစံသစ္ထုတ္လုပ္ထားေသာ ၁၅လက္မ အခ်င္းရွိေသာ အလြိဳင္း ဘီးမ်ား၊ အေပၚဘက္သုိ႔ ေထာင္တက္သြားေသာ LED ေပါင္းစပ္မီးမ်ားကုိလည္း အသုံးျပဳထားသည္။ အတြင္း ခန္းတြင္လည္း ကြ်န္း ကြက္မ်ားကုိ Dashboard၊ Steering ႏွင့္ ေဘးတံခါးမ်ားတြင္ အလွဆင္ေပးထားျပီး D shape စတီယာ ရင္ပုံစံမ်ိဳးျပဳလုပ္ထားသည္ကုိေတြ႕ရသည္။ ထုိ႔အျပင္ ယခင္ေမာ္ဒယ္တြင္မပါဝင္ေသာ ၉ လက္မ Smart Audio Touch Panel ပါဝင္လာျပီး ေရွ႕ဘက္အလယ္တြင္ ေလေအးထြက္ေသာ Cup Box ၊ ထုိင္ခုံတုိင္းတြင္ ေရဗူး ထည့္စရာမ်ားကုိထည့္သြင္းေပးထားသည္။ထုိ႔အျပင္ ေနာက္ဘက္ထုိင္ခုံမ်ားကုိ လုိသ လုိေခါက္သိမ္းႏိုင္ျပီး ၅၀း၅၀ Luggage ထည့္စရာေနရာလည္း ပါဝင္သည္။ လုံျခဳံေရးစနစ္အေနျဖင့္ ေရွ႕ေလအိတ္ ၂ လုံး၊ ေနာက္ဘက္ဆင္ဆာမ်ား၊ EBD ႏွင့္ ABS မ်ားထည့္သြင္းထားသည္။

“ကြ်န္ေတာ္တို႔႔ရဲ႕ အခုErtiga ကားသစ္က အရင္ Ertiga အမ်ိဴးအစားကားေတြထက္ အရြယ္အစား ပိုက်ယ္၊ ပိုရွည္ျပီး ပိုလည္းျမင့္သြားပါတယ္။ ဒီေန႔ ေခတ္ ဝယ္ယူသူေတြရဲ႕ အျမဲေျပာင္းလဲေနတဲ့ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ ကားကိုယ္ထည္ကိုလည္း အေကာင္းဆံုးဇိမ္ခံပစၥည္း ေတြနဲ႔ျပဳလုပ္ထားျပီး freestanding touchscreen infotainment system လို႔ေခၚတဲ့ ကားတြင္း ေဖ်ာ္ေျဖေရးစနစ္ကိုလည္း တပ္ဆင္ ေပး ထားပါတယ္။ Ertiga ကားသစ္ကို တျခား ကြ်န္ေတာ္တို႔ရဲ႕ နာမည္ေက်ာ္ကားေတြျဖစ္တဲ့ Swift နဲ႔ Ciazတို႔ နဲ႔အလားတူပဲ ရန္ကုန္ သီလဝါ စက္မႈဇုန္မွာရွိတဲ့ ကြ်န္ေတာ္တို႔ စက္ရုံမွာပဲ ထုတ္လုပ္ထားတာ ျဖစ္ပါတယ္” ဟု ဆူဇူကီးျမန္မာေမာ္တာကုမၸဏီလီမိတက္၏ မန္ေနးဂ်င္းဒါရိုက္တာMr. Keiichi Asanoကေျပာၾကားခဲ့သည္။

Ertiga ကားသစ္ကို အျဖဴေရာင္ (Pearl Snow White)၊ အနက္ေရာင္ (Prime Cool Black)ႏွင့္ အညိဳေရာင္ (Pearl Glorious Brown) စသည့္အေရာင္သံုးေရာင္ျဖင့္ ထုတ္လုပ္ထားျပီး ခဲေရာင္(Magma Gray) ကုိမူ ၂၀၁၉ ေအာက္တိုဘာလတြင္ ဝယ္ယူႏိုင္မည္ ျဖစ္ျပီး (၇)ႏွစ္ ကားအရစ္က်ေပးေခ်မႈ ျဖင့္လည္း ဝယ္ယူႏိုင္ေၾကာင္း သိရသည္။

Unicode Version…

ဆူဇူကီးမြန်မာ MPV မျိုးဆက်သစ် all-new Ertiga ကို ကျပ်သိန်း ၂၇၂ ဖြင့်ရောင်းချ

ပြီးခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲတွင် Concept အဖြစ်ပြသခဲ့သော MPV မျိုးဆက်သစ် ၇ယောက်စီး all-new Suzuki Ertiga ကို ဆူဇူကီးမြန်မာမှ စတင်မိတ်ဆက်ခဲ့ပြီး ကျပ်သိန်း ၂၇၂ ဖြင့်ရောင်း ချနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ all-new Suzuki Ertiga တွင် မြင်းကောင်ရေ ၁၀၀ ကျော်ထွက်သော 1.5L ဓာတ်ဆီအင်ဂျင်နှင့် 4AT တပ်ဆင်ထားပြီး GLX grade အမျိုးအစားတစ်မျိုးတည်းသာ မြန်မာပြည်တွင် SKD စနစ်ဖြင့်တပ်ဆင်ထုတ်လုပ်ရောင်းချမည်ဖြစ်၍ ရန်ကုန် လိုင်စင်ရရှိမည်ဖြစ်သည်။ မျိုးဆက် သစ် HEARTECT ပလက်ဖောင်း ကိုအခြေခံထားသော all-new Suzuki Ertiga သည်ယခင်မော်ဒယ်ဟောင်းထက် ပိုမိုကြီးသွားရုံသာမက အင်ဂျင်စွမ်းဆောင်ရည်လည်း တိုးမြှင့်ထားသည်။ အပြင်ဘက်ပိုင်းတွင် ဟေ လိုဂျင်ရှေ့မီးကြီးများကို သုံးထားသည့်အပြင် ပုံစံသစ်ထုတ်လုပ်ထားသော ၁၅လက်မ အချင်းရှိသော အလွိုင်း ဘီးများ၊ အပေါ်ဘက်သို့ ထောင်တက်သွားသော LED ပေါင်းစပ်မီးများကိုလည်း အသုံးပြုထားသည်။ အတွင်း ခန်းတွင်လည်း ကျွန်း ကွက်များကို Dashboard၊ Steering နှင့် ဘေးတံခါးများတွင် အလှဆင်ပေးထားပြီး D shape စတီယာ ရင်ပုံစံမျိုးပြုလုပ်ထားသည်ကိုတွေ့ရသည်။ ထို့အပြင် ယခင်မော်ဒယ်တွင်မပါဝင်သော ၉ လက်မ Smart Audio Touch Panel ပါဝင်လာပြီး ရှေ့ဘက်အလယ်တွင် လေအေးထွက်သော Cup Box ၊ ထိုင်ခုံတိုင်းတွင် ရေဗူး ထည့်စရာများကိုထည့်သွင်းပေးထားသည်။ထို့အပြင် နောက်ဘက်ထိုင်ခုံများကို လိုသ လိုခေါက်သိမ်းနိုင်ပြီး ၅၀း၅၀ Luggage ထည့်စရာနေရာလည်း ပါဝင်သည်။ လုံခြုံရေးစနစ်အနေဖြင့် ရှေ့လေအိတ် ၂ လုံး၊ နောက်ဘက်ဆင်ဆာများ၊ EBD နှင့် ABS များထည့်သွင်းထားသည်။

“ကျွန်တော်တို့ရဲ့ အခုErtiga ကားသစ်က အရင် Ertiga အမျိူးအစားကားတွေထက် အရွယ်အစား ပိုကျယ်၊ ပိုရှည်ပြီး ပိုလည်းမြင့်သွားပါတယ်။ ဒီနေ့ ခေတ် ဝယ်ယူသူတွေရဲ့ အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကားကိုယ်ထည်ကိုလည်း အကောင်းဆုံးဇိမ်ခံပစ္စည်း တွေနဲ့ပြုလုပ်ထားပြီး freestanding touchscreen infotainment system လို့ခေါ်တဲ့ ကားတွင်း ဖျော်ဖြေရေးစနစ်ကိုလည်း တပ်ဆင် ပေး ထားပါတယ်။ Ertiga ကားသစ်ကို တခြား ကျွန်တော်တို့ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ Swift နဲ့ Ciazတို့ နဲ့အလားတူပဲ ရန်ကုန် သီလဝါ စက်မှုဇုန်မှာရှိတဲ့ ကျွန်တော်တို့ စက်ရုံမှာပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်” ဟု ဆူဇူကီးမြန်မာမော်တာကုမ္ပဏီလီမိတက်၏ မန်နေးဂျင်းဒါရိုက်တာMr. Keiichi Asanoကပြောကြားခဲ့သည်။

Ertiga ကားသစ်ကို အဖြူရောင် (Pearl Snow White)၊ အနက်ရောင် (Prime Cool Black)နှင့် အညိုရောင် (Pearl Glorious Brown) စသည့်အရောင်သုံးရောင်ဖြင့် ထုတ်လုပ်ထားပြီး ခဲရောင်(Magma Gray) ကိုမူ ၂၀၁၉ အောက်တိုဘာလတွင် ဝယ်ယူနိုင်မည် ဖြစ်ပြီး (၇)နှစ် ကားအရစ်ကျပေးချေမှု ဖြင့်လည်း ဝယ်ယူနိုင်ကြောင်း သိရသည်။