Unicode version…
ဒီတစ်ပတ် Drive မဂ္aဂဇင်းရဲ့ Luxury ကဏ္ဍ အတွက် မိတ်ဆက်ပေးမယ့် ကားလေးကတော့ ဂျာမနီ နိုင်ငံမှာ အခြေစိုက်တဲ့ ကမ္ဘာကျော် Mercedes-Benz ကုမ္ပဏီထုတ် 2014 C180 Avantgrade ဖြစ်ပါတယ်။ Compact Luxury ကားလေးဖြစ်ပြီး 2014 Model ဆိုပေ မယ့် 2017 model တွေနဲ့ အပြိုင် လန်းနေဆဲပါ။ Mercedes ရဲ့ ငါးခုမြောက် compact ကားမျိုးဆက် ဖြစ်ပြီး executive saloon ကားလေးပါ။ 1980 ခုနှစ် လောက်က အစီးရေ ၁၉ဝ ထုတ်လုပ်ခဲ့တဲ့ ပထမဦးဆုံး C-Class ကားတွေထက် ပိုမို ဇိမ်ကျလာတဲ့ Luxury ကား လေး ဖြစ်ပြီး နည်းပညာစွမ်းဆောင်နိုင်ရည်ကလည်း ပိုပြီး တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကားလေးကို ပထမ အကြိမ်ထုတ် လူကြိုက်များ ကျော်ကြားခဲ့တဲ့ S-Class ကားရဲ့ Junior Luxury ကားလို့ဆိုနိုင်ပါတယ်။ လက်ရှိ အချိန်မှာ ရှိနေတဲ့ C-Class model တွေထဲကနေ အသွင် သစ်ပြောင်းပြီး ထုတ်လုပ်ခဲ့တဲ့ ဒီဇိုင်းဖြစ်ပြီး အရွယ်အစား ငယ်တဲ့ ရှေ့ယက် A-Class hatchback ကားနဲ့ CLA-Class Saloon ကားတွေရဲ့ ဖွဲ့စည်းပုံနဲ့လည်း ကွဲပြားပါ တယ်။
C-class Luxury ကားတွေအနက် full-size luxury ကားတွေ ဖြစ်တဲ့ C-160 နဲ့ AMG C63 model မှာ ရွေးချယ်နိုင်တဲ့ air suspension စနစ်ပါဝင်ပါတယ်။ C180 Avantgrade model မှာတော့ စွယ်စုံရ စွမ်းဆောင်နိုင် ရည်ကို ယုံကြည်စိတ်ချစွာ အသုံးပြုသွားနိုင်ပါလိမ့်မယ်။ S-Class luxury ကားရဲ့ ဒီဇိုင်းအသွင် အပြင်ကို လက်ဆင့်ကမ်း ယူခဲ့တာ ဖြစ်လို့ လှပကျော့ရှင်းနေတဲ့ ကိုယ်ထည်က တွေ့မြင်ရတဲ့သူတွေကို ဆွဲဆောင်မှု ရှိစေ ပြီး တောင့်တင်းခိုင်မာတဲ့ ဖွဲ့စည်းပုံက Sporty ကားဖြစ်ဖို့ အားဖြည့်ပေးခဲ့ပါတယ်။
Rear Drive ကားဖြစ်ပြီး လှပသေသပ်တဲ့ roofline ပါဝင်ကာ ကားရဲ့ ရှေ့ဖက်မှာ two-slat grille တွေပါ ဝင်ပါတယ်။ ကားကို ကိုယ်ထည်အရောင်နဲ့ တူညီတဲ့ outline တွေနဲ့ grill ရဲ့အပေါ်မှာ ဖောင်းကြွပြုလုပ် ထားပါတယ်။ Grille ရဲ့ အပေါ်ဖက် outline အတွင်းမှာ Mercedes ရဲ့ Tri-Star အမှတ်တံဆိပ်ကို တပ်ဆင်ထား ပါတယ်။ အောက်ဖက် ကပ်ရက် နေရာမှာ three-slate grille ကို တွဲလျက် တပ် ဆင်ထားပါတယ်။ Avantgrade ကားကို တစ်ခြား C-Class အမျိုးအစားတွေထက်ပိုပြီး Sport ဆန်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ ကျယ်ပြန့် တဲ့ grille နဲ့ လှပစွာ ပုံဖော်ထားတဲ့ Line တွေကြောင့် ကားရဲ့ ရုပ်သွင်က ပိုမို လှပခန့်ညားလာပြီး ဝယ်ယူမယ့် သူတွေရဲ့ စိတ်ကို ညို့ယူ ဖမ်းစားထား နိုင်ပါလိမ့်မယ်။ ကားရဲ့ဒီဇိုင်းက Aerodynamic drag ကို နိမ့်ကျအောင် ပြုလုပ်ပေးထားလို့ high way ခရီးသွားဖို့ အတွက် စွမ်းဆောင်နိုင်ရည်ကို ပိုမို မြှင့်တင် ပေးလာနိုင်ပါတယ်။ အလူမီနီယမ် ကိုယ်ထည်ကို တည်ဆောက်ထားလို့ ပထမထုတ်ထားတဲ့ C-Class ကား တွေရဲ့ အလေးချိန်ထက် 100 kg လောက်ပိုပြီး ပေါ့ပါး လာပါတယ်။ စွမ်းအင်ချွေတာနိုင်မှု ကတော့ ၅ဝ ရာခိုင်နှုန်း ဖြစ်ပြီး electric-assisted steering စနစ် တပ်ဆင်ထားလို့ လက်ရှိထုတ်လုပ်ထထားတဲ့ C-class ကားတွေရဲ့ စွမ်းဆောင်နိုင်ရည်ထက် ၂ဝရာခိုင်နှုန်း ပိုမို
သာလွန်ကောင်းမွန်လာပါလိမ့်မယ်။
Entry Level C-Class model ဖြစ်တဲ့ C180 ကားတွေမှာ 1.6 liter direct injection enginge ကို တပ်ဆင်ထားပါတယ်။ အရင်မျိုးဆက်ကားတွေမှာ တပ် ဆင်ထားတဲ့ turbocharged ထက် စွမ်းဆောင်နိုင်ရည် ပိုမို ကောင်းမွန်အောင်ပြုလုပ်ထားပြီး Supercharged ကဲ့သို့ မြင့်မားတဲ့ power ကို ရရှိစေမှာပါ။
မြင်းကောင်ရေအားက 154hp (5300rpm) နဲ့ အင်ဂျင်ရုန်းအားကတော့ 184 lb/ft (1200-4000rpm) ဖြစ်ပါတယ်။ နောက်ဘီးယက် စနစ်ဖြစ်ပြီး Automatic 7- speed gearbox ကို တပ်ဆင်ထားပါတယ်။ အလေးချိန် 1,425 kg ရှိတဲ့ C 180 ကားက 0-100km/h ကို 8.5 စက္ကန့် နဲ့ အရောက်မောင်းသွားနိုင်မှာ ဖြစ်ပြီး အမြင့်ဆုံး Speed ကတော့ 223 km/h ဖြစ်ပါတယ်။ C180 ရဲ့ ကိုယ်ထည်က အလယ်အလတ်တန်းစား အရွယ်ဖြစ်တဲ့ အတွက် အင်ဂျင် Size ကိုလည်း small engine ကို တပ်ဆင်ပေးထားပါတယ်။
C180 ကားလေးကို တောင်တက်လမ်းနဲ့ ဆင်ခြေ လျော ကုန်းဆင်းတွေမှာ ယုံကြည်စိတ်ချစွာ မောင်းနှင် နိုင်ပါတယ်။ အင်ဂျင် အရွယ်အစား သေးငယ်ပေမယ့် ပါဝါ အတွက် စိုးရိမ်စရာမလိုပဲ စိတ်ချမ်းမြေ့စွာ မောင်းနှင် သွား နိုင်ပါလိမ့်မယ်။ Manual mode ကို ပြောင်းပြီး Sport ကား အသွင် ပြောင်းလဲနိုင်မှာ ဖြစ်ပြီး 7-speed gearbox စနစ်ကို ကျယ်ပြန့်စွာ အသုံးချနိုင်ပါလိမ့်မယ်။ အကောင်း ဆုံး compact engine ကို တပ်ဆင်ထားတဲ့အတွက် အင်ဂျင် သက်တမ်း ရှည်ကြာစွာ အသုံးပြုနိုင်မှာ ဖြစ် ပါတယ်။ ဂီယာ နည်းနည်း အဆင့်မြှင့်ရုံနဲ့ အရှိန်များများ ပြေးနိုင်ဖို့ အထောက်အကူပြုပေးနိုင်ပြီး ဂီယာအချက် များများ ထိုးခဲ့မယ်ဆိုရင် အမြန်နှုန်းနဲ့ မောင်းနိုင်တဲ့ စွမ်းဆောင်ရည် မျိုးကိုရရှိစေမှာပါ။
ယာဉ်ကို တည်ငြိမ်စွာ မောင်းနှင်နိုင်ဖို့အတွက် Four-link front နဲ့ five-link rear suspension စနစ်ကို အသုံးပြုထားပါတယ်။ ဒီစနစ်ကြောင့် လမ်းမျက်နှာပြင်ပေါ် မှာ ရှိတဲ့ ချိုင့်ခွက်တွေကို နင်းမိချိန်မှာ ယာဉ်ကို လှုပ်ခါမှု မရှိစေပဲ စီးနင်းသူတွေကို သက်သောင့်သက်သာ ဖြစ်စေ နိုင်ပါတယ်။ ယာဉ်ကိုယ်ထည်ရဲ့ အလယ်ပိုင်းကို နှိမ့်ထား တဲ့အတွက် ယာဉ်ရဲ့ အလေးချိန်နဲ့ အသင့်တော်ဆုံး အနေ အထား ဖြစ်လို့ ကမ္ဘာ့ဆွဲအား သက်ရောက်မှုကို နည်းပါး စေပါလိမ့်မယ်။ C180 က မောင်းနှင်ရာမှာ Smooth ဖြစ်ပြီး ပေါ့ပါးမှုရှိပါတယ်။ တည်ငြိမ်တဲ့ အောက်ပိုင်းစနစ် ဖြစ်တဲ့အတွက် ယာဉ်ရဲ့ Speed ကို တိုးတက် ကောင်းမွန် စေမှာပါ။ ဂီယာအလှည့်အပြောင်းတွေမှာ လှုပ်ရှားမှုကို မြန်ဆန် သွက်လက်စေပါတယ်။ တိကျသေချာမှုရှိတဲ့ စတီ ယာရင် စနစ်ကြောင့် ကျဉ်းမြောင်းတဲ့ လမ်းတွေနဲ့ ယာဉ် ကြော ကျပ်တည်းတဲ့ မြို့တွင်းလမ်းတွေမှာ ယာဉ်ကို စနစ် တကျ ထိန်းချုပ် မောင်းနှင်သွားနိုင်မှာဖြစ်ပါတယ်။ ပေါ့ပါး တဲ့ အင်ဂျင်ကို တပ်ဆင်ထားတဲ့အတွက် ယာဉ်ရဲ့ ရှေ့ပိုင်း အလေးချိန် သက်ရောက်မှုကို လျော့စေပြီး လမ်းထောင့် ချိုးကွေ့တွေမှာ ယာဉ်ကိုကောင်းမွန်စွာ ထိန်းချုပ်မောင်း နှင်နိုင်ပါလိမ့်မယ်။ နောက်ဖက်မှာ 225 /50 R 17 tyre ကို တပ်ဆင်ထားလို့ လမ်းချိုင့်တွေကို ခုန်ကျော်ပြီး ဖြောင့် တန်းစွာ မောင်းသွားနိုင်မှာ ဖြစ်ပါတယ်။
တောင့်တင်းခိုင်မာမှုရှိတဲ့ Steel Frame ကို အသုံး ပြု ထားတဲ့အတွက် C180 ကားက တောင့်တင်းခိုင်မာမှု ရှိပြီး ကိုင်တွယ်မောင်းနှင်မှုမှာ ပေါ့ပါးသွက်လက်စေခြင်း၊ စွမ်းဆောင်နိုင်ရည် မြင့်မားတဲ့ လုပ်ဆောင်မှုစနစ် ဖြစ််ခြင်း၊ ပိုမို ကောင်းမွန်တဲ့ အတွင်းနဲ့အပြင်ပိုင်းမွမ်းမံမှု ပါဝင်ခြင်း၊ လောင်စာဆီ ချွေတာနိုင်ခြင်း နဲ့ ယာဉ်မတော်တဆမှု မဖြစ်စေဖို့ ဘေးကင်းလုံခြုံမှု စနစ်ထားရှိခြင်း စတဲ့ အကျိုး တရားတွေလည်း ရရှိစေမှာ ဖြစ်ပါတယ်။
Cabin ခန်းမှာ အသုံးပြုထားတဲ့ Features တွေမှာ သက်သောင့်သက်သာ ရှိပြီး အမျိုးမျိုးပြောင်းလဲ နိုင်တဲ့ စွယ်စုံသုံး ခုံတွေကို တပ်ဆင်ထားပါတယ်။ Tablet –style infotainment screen ကိုတပ်ဆင်ထားပြီး touchpad နဲ့ rotary menus တို့ ပါဝင်ပါတယ်။
ကားအတွင်းခန်း လုပ်ဆောင်ချက် တွေအတွက် သက်သောင့်သက်သာရှိမှု၊ ဇိမ်ကျမှု၊ ဘေးကင်းလုံခြုံမှု တို့ နဲ့ ပတ်သက်တဲ့ စနစ်တွေကို ကျယ်ပြန့်စွာ အသုံးပြုနိုင်မှာ ဖြစ်သလို Internet-enabled Infotaiment system ကို ပါ တပ်ဆင်ထားပါတယ်။ ထပ်မံရွေးချယ် တပ်ဆင်နိုင်တဲ့ စနစ်တွေကတော့ ယာဉ်ကြော ကျပ်တည်းတဲ့ နေရာမှာ အသုံးပြုနိုင်တဲ့ cross-traffic sensing brake assistance ယာဉ်လမ်းကြောင်း တစ်လျောက်အရှိန်နှုန်း မှန်ကန်စွာ မောင်းနှင်နိုင်ဖို့ အထောက်အပံ့ ဖြစ်စေတဲ့ Stop/Start Cruise control၊ လမ်းကြောင်း သွေဖယ်မှုမှ ကင်းဝေးစေမယ့် Lane keeping Assistance နဲ့ ယာဉ် မတော်တဆ ထိခိုက်မှု အန္တရာယ်က ကာကွယ်ပေး နိုင်တဲ့ Collision prevention system တို့ ဖြစ်ပါတယ်။ C180 Avantgarde ကားကို Dual-Zone climate control စနစ် နဲ့ မောင်းနိုင်မှာ ဖြစ်ပြီး Rain Sensing wipers နဲ့ standard run-flat tyres ကို တပ်ဆင်ပေးထားပါတယ်။
Mercedes-Benz ရဲ့ tri-star အမှတ်တံဆိပ် logo က ကမ္ဘာ့ ကားလောကမှာ ထင်ရှားပေါ်လွင်နေဆဲဖြစ်ပြီး Customer တွေရဲ့ အသည်းနှလုံးကို ယနေ့ထက်ထိ ရင်ခုန်မှု အပြည့်ပေးနေတုန်းပါပဲ။ ဒါကြောင့် C180 Avantgarde Compact Luxury ကားလေးကို Show room မှာ သွားပြီး မကြည့်ခင် ရင်ခုန်သံစည်းချက်ကို ပိုမို မြန်လာစေမယ့် Specs: လေးကို အရင်ဆုံးလေ့လာ ကြည့်ကြရအောင်။
Mercedes-Benz C250, AMG Line, Avantgarde, Diamantsilber metallic, Leder Cranberryrot/Schwarz, Zierelemente Holz Esche schwarz offenporig, (W205), 2013
Specification
Engine:
1.6-litre, turbocharged, in-line 4 cylinders
Power
154 hp @5300rpm
Valve-train
16-valve, DOHC, direct injection
Torque
184 lb/ft @ 1200-4000rpm
Transmission
7-speed automatic, rear-wheel drive
Fuel consumption,
urban / extra-urban / 6.8-/4.6-/liters/100km
Fuel tank:
66 litres
Suspension:
Multi-link, anti-roll bars
Zawgyi version..
ဒီတစ္ပတ္ Drive မဂၢဇင္းရဲ႕ Luxury က႑ အတြက္ မိတ္ဆက္ေပးမယ့္ ကားေလးကေတာ့ ဂ်ာမနီ ႏိုင္ငံမွာ အေျခစိုက္တဲ့ ကမၻာေက်ာ္ Mercedes-Benz ကုမၸဏီထုတ္ 2014 C180 Avantgrade ျဖစ္ပါတယ္။ Compact Luxury ကားေလးျဖစ္ၿပီး 2014 Model ဆုိေပ မယ့္ 2017 model ေတြနဲ႔ အၿပိဳင္ လန္းေနဆဲပါ။ Mercedes ရဲ႕ ငါးခုေျမာက္ compact ကားမ်ဳိးဆက္ ျဖစ္ၿပီး executive saloon ကားေလးပါ။ 1980 ခုႏွစ္ ေလာက္က အစီးေရ ၁၉ဝ ထုတ္လုပ္ခဲ့တဲ့ ပထမဦးဆံုး C-Class ကားေတြထက္ ပိုမို ဇိမ္က်လာတဲ့ Luxury ကား ေလး ျဖစ္ၿပီး နည္းပညာစြမ္းေဆာင္ႏိုင္ရည္ကလည္း ပိုၿပီး တိုးတက္လာခဲ့တာ ျဖစ္ပါတယ္။ ဒီကားေလးကို ပထမ အႀကိမ္ထုတ္ လူႀကိဳက္မ်ား ေက်ာ္ၾကားခဲ့တဲ့ S-Class ကားရဲ႕ Junior Luxury ကားလို႔ဆုိႏိုင္ပါတယ္။ လက္ရွိ အခ်ိန္မွာ ရွိေနတဲ့ C-Class model ေတြထဲကေန အသြင္ သစ္ေျပာင္းၿပီး ထုတ္လုပ္ခဲ့တဲ့ ဒီဇိုင္းျဖစ္ၿပီး အရြယ္အစား ငယ္တဲ့ ေရွ႕ယက္ A-Class hatchback ကားနဲ႔ CLA-Class Saloon ကားေတြရဲ႕ ဖဲြ႕စည္းပံုနဲ႔လည္း ကဲြျပားပါ တယ္။
C-class Luxury ကားေတြအနက္ full-size luxury ကားေတြ ျဖစ္တဲ့ C-160 နဲ႔ AMG C63 model မွာ ေရြးခ်ယ္ႏိုင္တဲ့ air suspension စနစ္ပါဝင္ပါတယ္။ C180 Avantgrade model မွာေတာ့ စြယ္စံုရ စြမ္းေဆာင္ႏိုင္ ရည္ကို ယံုၾကည္စိတ္ခ်စြာ အသံုးျပဳသြားႏိုင္ပါလိမ့္မယ္။ S-Class luxury ကားရဲ႕ ဒီဇုိင္းအသြင္ အျပင္ကို လက္ဆင့္ကမ္း ယူခဲ့တာ ျဖစ္လို႔ လွပေက်ာ့ရွင္းေနတဲ့ ကိုယ္ထည္က ေတြ႕ျမင္ရတဲ့သူေတြကို ဆဲြေဆာင္မႈ ရွိေစ ၿပီး ေတာင့္တင္းခိုင္မာတဲ့ ဖဲြ႕စည္းပံုက Sporty ကားျဖစ္ဖုိ႔ အားျဖည့္ေပးခဲ့ပါတယ္။
Rear Drive ကားျဖစ္ၿပီး လွပေသသပ္တဲ့ roofline ပါဝင္ကာ ကားရဲ႕ ေရွ႕ဖက္မွာ two-slat grille ေတြပါ ဝင္ပါတယ္။ ကားကို ကုိယ္ထည္အေရာင္နဲ႔ တူညီတဲ့ outline ေတြနဲ႔ grill ရဲ႕အေပၚမွာ ေဖာင္းၾကြျပဳလုပ္ ထားပါတယ္။ Grille ရဲ႕ အေပၚဖက္ outline အတြင္းမွာ Mercedes ရဲ႕ Tri-Star အမွတ္တံဆိပ္ကို တပ္ဆင္ထား ပါတယ္။ ေအာက္ဖက္ ကပ္ရက္ ေနရာမွာ three-slate grille ကို တဲြလ်က္ တပ္ ဆင္ထားပါတယ္။ Avantgrade ကားကို တစ္ျခား C-Class အမ်ဳိးအစားေတြထက္ပိုၿပီး Sport ဆန္ေအာင္ ျပဳလုပ္ထားတာျဖစ္ပါတယ္။ က်ယ္ျပန္႔ တဲ့ grille နဲ႔ လွပစြာ ပံုေဖာ္ထားတဲ့ Line ေတြေၾကာင့္ ကားရဲ႕ ရုပ္သြင္က ပိုမို လွပခန္႔ညားလာၿပီး ဝယ္ယူမယ့္ သူေတြရဲ႕ စိတ္ကို ညိဳ႕ယူ ဖမ္းစားထား ႏိုင္ပါလိမ့္မယ္။ ကားရဲ႕ဒီဇိုင္းက Aerodynamic drag ကို နိမ့္က်ေအာင္ ျပဳလုပ္ေပးထားလို႔ high way ခရီးသြားဖုိ႔ အတြက္ စြမ္းေဆာင္ႏုိင္ရည္ကို ပိုမို ျမွင့္တင္ ေပးလာႏိုင္ပါတယ္။ အလူမီနီယမ္ ကိုယ္ထည္ကို တည္ေဆာက္ထားလို႔ ပထမထုတ္ထားတဲ့ C-Class ကား ေတြရဲ႕ အေလးခ်ိန္ထက္ 100 kg ေလာက္ပိုၿပီး ေပါ့ပါး လာပါတယ္။ စြမ္းအင္ေခြၽတာႏိုင္မႈ ကေတာ့ ၅ဝ ရာခိုင္ႏႈန္း ျဖစ္ၿပီး electric-assisted steering စနစ္ တပ္ဆင္ထားလို႔ လက္ရွိထုတ္လုပ္ထထားတဲ့ C-class ကားေတြရဲ႕ စြမ္းေဆာင္ႏိုင္ရည္ထက္ ၂ဝရာခိုင္ႏႈန္း ပိုမို
သာလြန္ေကာင္းမြန္လာပါလိမ့္မယ္။
Entry Level C-Class model ျဖစ္တဲ့ C180 ကားေတြမွာ 1.6 liter direct injection enginge ကို တပ္ဆင္ထားပါတယ္။ အရင္မ်ဳိးဆက္ကားေတြမွာ တပ္ ဆင္ထားတဲ့ turbocharged ထက္ စြမ္းေဆာင္ႏုိင္ရည္ ပိုမို ေကာင္းမြန္ေအာင္ျပဳလုပ္ထားၿပီး Supercharged ကဲ့သို႔ ျမင့္မားတဲ့ power ကို ရရွိေစမွာပါ။
ျမင္းေကာင္ေရအားက 154hp (5300rpm) နဲ႔ အင္ဂ်င္ရုန္းအားကေတာ့ 184 lb/ft (1200-4000rpm) ျဖစ္ပါတယ္။ ေနာက္ဘီးယက္ စနစ္ျဖစ္ၿပီး Automatic 7- speed gearbox ကုိ တပ္ဆင္ထားပါတယ္။ အေလးခိ်န္ 1,425 kg ရွိတဲ့ C 180 ကားက 0-100km/h ကုိ 8.5 စကၠန္႔ နဲ႔ အေရာက္ေမာင္းသြားႏုိင္မွာ ျဖစ္ၿပီး အျမင့္ဆံုး Speed ကေတာ့ 223 km/h ျဖစ္ပါတယ္။ C180 ရဲ႕ ကိုယ္ထည္က အလယ္အလတ္တန္းစား အရြယ္ျဖစ္တဲ့ အတြက္ အင္ဂ်င္ Size ကုိလည္း small engine ကို တပ္ဆင္ေပးထားပါတယ္။
C180 ကားေလးကို ေတာင္တက္လမ္းနဲ႔ ဆင္ေျခ ေလ်ာ ကုန္းဆင္းေတြမွာ ယံုၾကည္စိတ္ခ်စြာ ေမာင္းႏွင္ ႏိုင္ပါတယ္။ အင္ဂ်င္ အရြယ္အစား ေသးငယ္ေပမယ့္ ပါဝါ အတြက္ စိုးရိမ္စရာမလိုပဲ စိတ္ခ်မ္းေျမ့စြာ ေမာင္းႏွင္ သြား ႏုိင္ပါလိမ့္မယ္။ Manual mode ကုိ ေျပာင္းၿပီး Sport ကား အသြင္ ေျပာင္းလဲႏုိင္မွာ ျဖစ္ၿပီး 7-speed gearbox စနစ္ကို က်ယ္ျပန္႔စြာ အသံုးခ်ႏိုင္ပါလိမ့္မယ္။ အေကာင္း ဆံုး compact engine ကို တပ္ဆင္ထားတဲ့အတြက္ အင္ဂ်င္ သက္တမ္း ရွည္ၾကာစြာ အသံုးျပဳႏိုင္မွာ ျဖစ္ ပါတယ္။ ဂီယာ နည္းနည္း အဆင့္ျမွင့္ရံုနဲ႔ အရွိန္မ်ားမ်ား ေျပးႏိုင္ဖို႔ အေထာက္အကူျပဳေပးႏိုင္ၿပီး ဂီယာအခ်က္ မ်ားမ်ား ထိုးခဲ့မယ္ဆိုရင္ အျမန္ႏႈန္းနဲ႔ ေမာင္းႏိုင္တဲ့ စြမ္းေဆာင္ရည္ မ်ဳိးကိုရရွိေစမွာပါ။
ယာဥ္ကို တည္ၿငိမ္စြာ ေမာင္းႏွင္ႏိုင္ဖို႔အတြက္ Four-link front နဲ႔ five-link rear suspension စနစ္ကို အသံုးျပဳထားပါတယ္။ ဒီစနစ္ေၾကာင့္ လမ္းမ်က္ႏွာျပင္ေပၚ မွာ ရွိတဲ့ ခ်ိဳင့္ခြက္ေတြကို နင္းမိခ်ိန္မွာ ယာဥ္ကို လႈပ္ခါမႈ မရွိေစပဲ စီးနင္းသူေတြကို သက္ေသာင့္သက္သာ ျဖစ္ေစ ႏိုင္ပါတယ္။ ယာဥ္ကိုယ္ထည္ရဲ႕ အလယ္ပိုင္းကို ႏွိမ့္ထား တဲ့အတြက္ ယာဥ္ရဲ႕ အေလးခိ်န္နဲ႔ အသင့္ေတာ္ဆံုး အေန အထား ျဖစ္လို႔ ကမၻာ့ဆဲြအား သက္ေရာက္မႈကို နည္းပါး ေစပါလိမ့္မယ္။ C180 က ေမာင္းႏွင္ရာမွာ Smooth ျဖစ္ၿပီး ေပါ့ပါးမႈရွိပါတယ္။ တည္ၿငိမ္တဲ့ ေအာက္ပိုင္းစနစ္ ျဖစ္တဲ့အတြက္ ယာဥ္ရဲ႕ Speed ကို တိုးတက္ ေကာင္းမြန္ ေစမွာပါ။ ဂီယာအလွည့္အေျပာင္းေတြမွာ လႈပ္ရွားမႈကို ျမန္ဆန္ သြက္လက္ေစပါတယ္။ တိက်ေသခ်ာမႈရွိတဲ့ စတီ ယာရင္ စနစ္ေၾကာင့္ က်ဥ္းေျမာင္းတဲ့ လမ္းေတြနဲ႔ ယာဥ္ ေၾကာ က်ပ္တည္းတဲ့ ၿမိဳ႕တြင္းလမ္းေတြမွာ ယာဥ္ကို စနစ္ တက် ထိန္းခ်ဳပ္ ေမာင္းႏွင္သြားႏိုင္မွာျဖစ္ပါတယ္။ ေပါ့ပါး တဲ့ အင္ဂ်င္ကို တပ္ဆင္ထားတဲ့အတြက္ ယာဥ္ရဲ႕ ေရွ႕ပိုင္း အေလးခ်ိန္ သက္ေရာက္မႈကို ေလ်ာ့ေစၿပီး လမ္းေထာင့္ ခ်ဳိးေကြ႕ေတြမွာ ယာဥ္ကိုေကာင္းမြန္စြာ ထိန္းခ်ဳပ္ေမာင္း ႏွင္ႏိုင္ပါလိမ့္မယ္။ ေနာက္ဖက္မွာ 225 /50 R 17 tyre ကုိ တပ္ဆင္ထားလို႔ လမ္းခ်ိဳင့္ေတြကို ခုန္ေက်ာ္ၿပီး ေျဖာင့္ တန္းစြာ ေမာင္းသြားႏုိင္မွာ ျဖစ္ပါတယ္။
ေတာင့္တင္းခိုင္မာမႈရွိတဲ့ Steel Frame ကို အသံုး ျပဳ ထားတဲ့အတြက္ C180 ကားက ေတာင့္တင္းခိုင္မာမႈ ရွိၿပီး ကုိင္တြယ္ေမာင္းႏွင္မႈမွာ ေပါ့ပါးသြက္လက္ေစျခင္း၊ စြမ္းေဆာင္ႏိုင္ရည္ ျမင့္မားတဲ့ လုပ္ေဆာင္မႈစနစ္ ျဖစ္္ျခင္း၊ ပိုမို ေကာင္းမြန္တဲ့ အတြင္းနဲ႔အျပင္ပိုင္းမြမ္းမံမႈ ပါဝင္ျခင္း၊ ေလာင္စာဆီ ေခြၽတာႏိုင္ျခင္း နဲ႔ ယာဥ္မေတာ္တဆမႈ မျဖစ္ေစဖို႔ ေဘးကင္းလံုၿခံဳမႈ စနစ္ထားရွိျခင္း စတဲ့ အက်ဳိး တရားေတြလည္း ရရွိေစမွာ ျဖစ္ပါတယ္။
Cabin ခန္းမွာ အသံုးျပဳထားတဲ့ Features ေတြမွာ သက္ေသာင့္သက္သာ ရွိၿပီး အမ်ဳိးမ်ဳိးေျပာင္းလဲ ႏိုင္တဲ့ စြယ္စံုသံုး ခံုေတြကို တပ္ဆင္ထားပါတယ္။ Tablet –style infotainment screen ကိုတပ္ဆင္ထားၿပီး touchpad နဲ႔ rotary menus တို႔ ပါဝင္ပါတယ္။
ကားအတြင္းခန္း လုပ္ေဆာင္ခ်က္ ေတြအတြက္ သက္ေသာင့္သက္သာရွိမႈ၊ ဇိမ္က်မႈ၊ ေဘးကင္းလံုၿခဳံမႈ တို႔ နဲ႔ ပတ္သက္တဲ့ စနစ္ေတြကို က်ယ္ျပန္႔စြာ အသံုးျပဳႏုိင္မွာ ျဖစ္သလို Internet-enabled Infotaiment system ကို ပါ တပ္ဆင္ထားပါတယ္။ ထပ္မံေရြးခ်ယ္ တပ္ဆင္ႏိုင္တဲ့ စနစ္ေတြကေတာ့ ယာဥ္ေၾကာ က်ပ္တည္းတဲ့ ေနရာမွာ အသံုးျပဳႏုိင္တဲ့ cross-traffic sensing brake assistance ယာဥ္လမ္းေၾကာင္း တစ္ေလ်ာက္အရွိန္ႏႈန္း မွန္ကန္စြာ ေမာင္းႏွင္ႏိုင္ဖို႔ အေထာက္အပံ့ ျဖစ္ေစတဲ့ Stop/Start Cruise control၊ လမ္းေၾကာင္း ေသြဖယ္မႈမွ ကင္းေဝးေစမယ့္ Lane keeping Assistance နဲ႔ ယာဥ္ မေတာ္တဆ ထိခိုက္မႈ အႏၱရာယ္က ကာကြယ္ေပး ႏုိင္တဲ့ Collision prevention system တုိ႔ ျဖစ္ပါတယ္။ C180 Avantgarde ကားကို Dual-Zone climate control စနစ္ နဲ႔ ေမာင္းႏုိင္မွာ ျဖစ္ၿပီး Rain Sensing wipers နဲ႔ standard run-flat tyres ကုိ တပ္ဆင္ေပးထားပါတယ္။
Mercedes-Benz ရဲ႕ tri-star အမွတ္တံဆိပ္ logo က ကမၻာ့ ကားေလာကမွာ ထင္ရွားေပၚလြင္ေနဆဲျဖစ္ၿပီး Customer ေတြရဲ႕ အသည္းႏွလံုးကုိ ယေန႔ထက္ထိ ရင္ခုန္မႈ အျပည့္ေပးေနတုန္းပါပဲ။ ဒါေၾကာင့္ C180 Avantgarde Compact Luxury ကားေလးကို Show room မွာ သြားၿပီး မၾကည့္ခင္ ရင္ခုန္သံစည္းခ်က္ကို ပိုမုိ ျမန္လာေစမယ့္ Specs: ေလးကို အရင္ဆံုးေလ့လာ ၾကည့္ၾကရေအာင္။
Specification
Engine:
1.6-litre, turbocharged, in-line 4 cylinders
Power
154 hp @5300rpm
Valve-train
16-valve, DOHC, direct injection
Torque
184 lb/ft @ 1200-4000rpm
Transmission
7-speed automatic, rear-wheel drive
Fuel consumption,
urban / extra-urban / 6.8-/4.6-/liters/100km
Fuel tank:
66 litres
Suspension:
Multi-link, anti-roll bars