Zawgyi Version…
ကမ္ဘာ့ပြိုင်ကား ပြေးလမ်းတွေပေါ်မှာ လူကြိုက်များ ကျော်ကြားခဲ့တဲ့ကားတွေကို ထုတ်လုပ်ခဲ့တဲ့ Audi ကား ကုမ္ပဏီက နည်းပညာကို အဆင့်မြှင့်တင်ပြီး အိမ်စီးပြိုင် ကားတွေကိုပါထုတ်လုပ်လာခဲ့ပါတယ်။ Audi ကုမ္ပဏီရဲ့ ကျွမ်းကျင်တဲ့အင်ဂျင်နီယာ ပညာရှင်တွေက Audi R8 ကားကို Second-Generation အဖြစ်အသစ်ထုတ်ခဲ့ပြီး ၂ဝ၁၆ နှစ်လယ်ပိုင်းလောက်မှာ သြစတေးလျနိုင်ငံ ဈေး ကွက် အတွင်းကို ‘Everyday Supercar’ အဖြစ်ပို့ဆောင် ပေးနိုင်ခဲ့ပါတယ်။ အထူးသီးသန့်ဝယ်ယူကြတဲ့ Customers တွေအတွက်သာ ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး အမျိုးအစားနှစ်မျိုးကိုရွေးချယ်နိုင်ပါလိမ့်မယ်။
2016 Audi R8 ကို V10 နဲ့ V10 plus အဖြစ် နှစ်မျိုးခွဲခြားထားခဲ့ပါတယ်။ အမျိုးအစားနှစ်မျိုးလုံးအတွက် 5.2 liter V10 Engine ကို မတူညီတဲ့အခြေအနေအတွက် အနည်းငယ် ပြောင်းလဲချိန်ညှိပြီး တပ်ဆင်ထားတာဖြစ်ပါ တယ်။ အင်ဂျင်ရဲ့ တစ်မိနစ်အတွင်းမှာ လည်ပတ်တဲ့ အကြီမ်ရေက 8700 rpm ရှိလို့ပြိုင်ကားတစ်စီးရဲ့ စွမ်း ဆောင်နိုင်ရည်မျိုးရှိပါတယ်။ အသစ်ထုတ်လုပ်ထားတဲ့ R8 model က စဉ်ဆက်မပြတ်လက်ဆင့်ကမ်းသယ်ဆောင် လာခဲ့တဲ့ Audi ရဲ့ ကောင်းမွန်တဲ့ နည်းပညာသစ်တွေ ကြောင့် ထွက်ရှိခဲ့ပြီးတဲ့ model တွေထက်စွမ်းဆောင်နိုင် ရည် ၁၃.ဝ ရာခိုင်နှုန်းလောက် ပိုလာခဲ့ပါတယ်။ Model အဟောင်းတွေမှာ 100km ခရီးကိုသွားပြီးတိုင်း 13.1 လီတာ အိပ်ဇောဓာတ်ငွေ့ထွက်ရှိမှုကို V10 model မှာ 11.4 Liter လောက်အထိ လျှော့ချပေးနိုင်ခဲ့တာပါ။ အင် ဂျင်လည်ပတ်နိုင်ဖို့ Dual-Injection Fuel System ကို အသုံးပြုထားလို့ ဆလင်ဒါအတွင်းခန်းမှာ မီးလောင် ပေါက်ကွဲနိုင်တဲ့အားကို မြင့်မားစေပြီးအင်ဂျင်ပါဝါကို တိုး တက်စေခဲ့ပါတယ်။ယာဉ်မောင်းက ခြေထောက်နဲ့ ယာဉ် ကို ထိန်းချုပ်ခြင်းမပြုပဲ တောင်ဆင်း (သို့) ကုန်းဆင်းတွေ မှာ တစ်နာရီကို ၅၅ကီလိုမီတာ အထက်ရှိတဲ့ အရှိန်နှုန်းနဲ့ လှိမ့်ဆင်းပြီး မောင်းနှင်သွားနိုင်မယ့် ‘Coasting mode’ ကို တပ်ဆင်ပေးထားတဲ့အပြင် Stop/start system လည်း ပါဝင်တဲ့အတွက် ပြိုင်ကားတစ်စီးရဲ့ လိုအပ်ချက်ကို ပိုမိုပြည့်စုံသွားစေပါတယ်။
0-100 km/h ခရီးကို အရောက်မောင်းနှင်ဖို့ V10 က ၃.၅စက္ကန့်သာအချိန်ကြာမြင့်မှာဖြစ်ပြီး V10 Plus ကတော့ 0-100 km/h ခရီးကို ၃.၂စက္ကန့် နဲ့ အရောက် မောင်းသွားနိုင်ပါလိမ့်မယ်။ R8 V10 ရဲ့ top Speed က320km/h ဖြစ်ပါတယ်။
Transmission System မှာ Seven-Speed S tronic dual-clutch automatic gearbox စနစ်ကို အ သုံးပြုထားပြီး electronically controlled နည်းပညာသစ် ရဲ့ စွမ်းဆောင်ရည်ကြောင့် ဂီယာ အရွှေ့အပြောင်းကို လုပ်ဆောင်ရာမှာ ပေါ့ပါးသွက်လက်မြန်ဆန်စေပါတယ်။ Transmission စနစ်နဲ့ လိုက်ဖက်ညီတဲ့ Quattro AWD System ပါဝင်ပြီး မောင်းနှင်မှု ဒီဇိုင်းပုံစံသစ်နဲ့အတူ electro-hydraulically system ကို အသုံးပြုထားတဲ့ အတွက် ရှေ့ဖက်ဝင်ရိုးတန်းမမှာရှိတဲ့ Clutch plate အားလုံးရဲ့ စွမ်းဆောင်ရည်ကို တိုးမြှင့်ပေးနိုင်ခဲ့ပါတယ်။ ဒီစနစ်ကြောင့် အင်ဂျင် အလုပ်လုပ်နေချိန်မှာ အအေးခံ စနစ် (Water colling system ) က အကောင်းဆုံး အနေအထားနဲ့ ခက်ခဲမှုမရှိပဲ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။
Audi R8 V10 ကားအတွက် နှစ်သက်ရာ mode ကို ရွေးချယ်မောင်းနှင်နိုင်မှာပါ။ ‘Comfort’, ‘auto’, ‘dynamic’ နဲ့ ‘individual’ တို့ပါဝင်ပြီး ရာသီဥတု အခြေအနေအလိုက်ပြီး ‘dry’, ‘wet’ နဲ့ ‘snow’ အစရှိတဲ့ ‘Performance’ mode တွေကို ရွေးချယ်အသုံးပြုပြီး မောင်းနှင်နိုင်ပါလိမ့်မယ်။ Super Sport ကား ဖြစ်တဲ့ အ တွက် ယာဉ်ကိုထိန်းသိမ်းမောင်းနှင်မှု နည်းပညာက ထိပ် တန်းအဆင့်ဖြစ်ခဲ့ပြီး တောင့်တင်းခိုင်မာမှုနဲ့ ပေါ့ပါးမှုတို့ ပေါင်းစပ်ထားတဲ့ Aluminium Double- Wishbone suspension system ကို အသုံးပြုခဲ့ပါတယ်။ Models နှစ် မျိုးလုံးအတွက် Electronically controlled shock absorbers (Audi Magnetic Ride) စနစ်ကို ရွေးချယ် နိုင်မှာဖြစ်ပါတယ်။ Electromechanical power steering system ကို ပြောင်းလဲတပ်ဆင် သွားနိုင်ပေမယ့် dynam- ic steering စနစ်ကိုလည်း ရွေးချယ်နိုင်မှာပါ။ ဒီစနစ်က တော့ ယာဉ်ကိုမောင်းနှင်ချိန်မှာရှိတဲ့ Speed နဲ့ steering gear ratio ကို ကိုက်ညှိမှု ရှိအောင် ပြောင်းလဲလုပ် ဆောင်ပေးနိုင်ပါတယ်။
ဥရောပနိုင်ငံတွေ အတွက် ၁၉လက်မ အရွယ်အ စားရှိတဲ့ဘီးကို Model နှစ်မျိုးစလုံးမှာ စံသတ်မှတ်ချက် ထားခဲ့ပေမယ့် လက်မ ၂ဝ အရွယ်အစားရှိတဲ့ ဘီးတွေကို လည်း ရွေးချယ်သွားနိုင်မှာပါ။ V10 Plus model အတွက် Carbon-Ceramic Brakes ကို တပ်ဆင်ထားခဲ့ပေမယ့် V10 model မှာလည်း ရွေ။ချယ်သွားနိုင်ခွင့်ရပါလိမ့်မယ်။ Aluminium Space frame နဲ့ carbon fiber တွေကို ပေါင်းစပ်အသုံးပြုခဲ့တဲ့အတွက် V10 Plus ရဲ့ Dry Weight ကို 1454 kg အထိလျှော့ချနိုင်ခဲ့ပြီး ကားရဲ့ လူးလိမ့်မှုနဲ့ ဆောင့်ဒဏ်တွေကို ခံနိုင်တဲ့ အားက ၄၀ရာခိုင် နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။
R8 sport ကားမှာ leather steering wheel ကို အသုံးပြုထားပြီး Function အများအပြားကို လုပ်ဆောင် သွားနိုင်အောင် ပေါင်းစပ်ပေးထားပါတယ်။ Audi Drive Select ကို အသုံးပြုဖို့ Satellite button နှစ်ခုကို ပေါင်းစပ်တပ်ဆင်ပေးထားပါသေးတယ်။ ဒီ Button တွေက Engine Starting & Stopping စနစ်တွေကို လည်းလုပ်ဆောင်သွားနိုင်ပါတယ်။
စတီယာရင်ကွင်းမှာ Satellite ထိန်းချုပ်မှု လေးမျိုး ကို လုပ်ဆောင်နိုင်မှာဖြစ်ပြီး Performance mode နဲ့ exhaust system ကို ထိန်းချုပ်ရာမှာ အသုံးပြုမယ့် push-button စနစ်လည်း ပေါင်းစပ်ပြုလုပ်ပေးထားပါ တယ်။ နှစ်ယောက်စီးကားဖြစ်ပေမယ့် ယာဉ်မောင်းတစ်ဦး နေ့စဉ်အသုံးပြုမယ့် ပစ္စည်းတွေကို ယူဆောင်လာဖို့ လုံ လောက်တဲ့ နေရာအကျယ်အဝန်းရှိပါတယ်။ ထိုင်ခုံတွေရဲ့ နောက်ဖက်မှာ ပစ္စည်းထားဖို့ 226 liters ကျယ်တဲ့ Cargo storage အခန်းလေးကို ထည့်သွင်းပေးထားလို့ လူနှစ်ဦး အားလပ်ရက်မှာ ခရီးဝေးသွားမယ်ဆိုရင် ပစ္စည်းတွေ တင်ဆောင်ပေးသွားဖို့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။
Audi R8 က Virtual Cockpit ကို လုပ်ဆောင် ပေးထားတဲ့ အတွက် Sport car အရည်အချင်းနဲ့ ပြည့်စုံ တယ်လို့ပြောလိုရသလို ယာဉ်မောင်းကယာဉ်ကို အနီး ကပ် သက်သောင့်သက်သာနဲ့ ထိန်းချုပ်မောင်းနှင်သွား နိုင်မှာပါ။ Centre stack design က ခလုတ်တွေ အများကြီးမပါပဲ ရိုးရှင်းလွယ်ကူပါတယ်။ လှပဆန်းသစ်တဲ့ ဒီဇိုင်းမှာ HVAC ထိန်းချုပ်စနစ်ကို အသုံးပြုပြီး တစ်ချို့ infotainment system တွေကိုတော့ centre console ဧရိယာကနေထိန်းချုပ်ညွှန်းကြားနိုင်မှာဖြစ်ပါတယ်။
ယာဉ်မောင်းရဲ့ရှေ့တည့်တည့်မှာ ၁၂.၃လက်မ အ ရွယ်အစား ရှိတဲ့ TFT monitor ကို တပ်ဆင်ထားပြီး high resolution Graphics ပုံရိပ်တွေကို ပြုလုပ်ပေးနိုင်လို့ ယာဉ်မောင်းက အလွယ်တကူတွေ့မြင်နိုင်ပါတယ်။ ယာဉ် မောင်း ရွေးချယ်ထားတဲ့ mood နဲ့ အံဝင်ခွင်ကျဖြစ်တဲ့ ပုံရိပ်တွေကို screen မှာ သုံးပိုင်းခွဲပြီး ပြသပေးသွားမှာပါ။ Satellite-Navigation စနစ်ကို Screen မှာ အပြည့်အဝ ဖော်ပြပေးသွားပြီး ယာဉ်မောင်းနှင်တဲ့ အခြေအနေနဲ့ အသုံးပြုတဲ့ နည်းပညာတွေကိုပါ သိရှိသွားနိုင်ပါလိမ့်မယ်။ ယာဉ်မောင်းက အစဉ်အလာအတိုင်း အသုံးပြုခဲ့တဲ့ Speed နဲ့ tacho dials တွေကို တပ်ဆင်ဖို့ ဆန္ဒရှိခဲ့ရင် သီးသန့်အနေနဲ့ လုပ်ဆောင်သွားပေးသွားမှာဖြစ်ပါတယ်။ ယာဉ်မောင်းက Smart phone ထဲမှာ R8 ရဲ့ MMI navigation app ကို ထည့်သွင်းပြီး ယာဉ်မှာ အသုံးပြုမယ့် Function တွေကို စာရိုက်ကာ Operate လုပ်ဆောင်သွားနိုင်ပါတယ်။ ကားနဲ့ပတ်သက်တဲ့ Functi- ons တွေကိုတော့ Steering Wheel ကနေ Controlled လုပ်သွားနိုင်ပါလိမ့်မယ်။ Models နှစ်မျိုးလုံးအတွက် Bang & Olufsen Sound system ကို အသုံးပြုပေး ထား ပါတယ်။ ‘sport’ ကားဖြစ်လို့ exhaust ကထွက်လာမယ့် အသံက ကျယ်လောင်နေမှာကို စိုးရိမ်ကြောင့်ကျမှု ဖြစ်စ ရာမလိုပါဘူး။ ရေဒီယိုအသံကျယ်ကျယ်ဖွင့်သလောက်ပဲ ကြားကြရမှာဖြစ်ပါတယ်။
အတွင်းခန်း ထိုင်ခုံတွေကို ပြိုင်ကားထိုင်ခုံပုံစံ အ တိုင်း ပြုလုပ်ထားပြီး အရှေ့နဲ့အနောက် ရွေ့လျားမှုကို mechanical နည်းနဲ့ ပြုလုပ်ထားပါတယ်။ Electric နဲ့ အပေါ်အောက် လှုပ်ရှားမှုမျိုးကို ကန့်သတ်ဖယ်ရှား လိုက် တဲ့အပြင် ထိုင်ခုံ အလေးချိန်ကို ပိုပြီးပေါ့ပါးစေဖို့ ကျောမှီ ပိုင်းကို သတ္တုနဲ့သွန်းလုပ်ခဲ့ပါတယ်။ ဘေးကင်း လုံခြုံမှု အ တွက် Dual Front Airbag, Antilock Braking, Head Airbags နဲ့ Side Airbags စနစ်တွေကို တပ်ဆင်ပေးထား ပါတယ်။ ယာဉ်ကို ခိုးယူခံရခြင်းမရှိစေဖို့ Alarm System, Remote Anti-Theft စနစ်နဲ့ Engine Immobiliser စနစ် တွေနဲ့ကာကွယ်ပေးထားပါတယ်။
2016 Audi R8 V10 နဲ့ V10 Plus ကားတွေမှာ ဝယ်ယူသူတွေကို အဓိက စွဲဆောင်မှုဖြစ်စေတဲ့ အချက် ၅ ချက်လည်း ပါဝင်နေပါတယ်။ V10 Plus Hero-Car မှာ တောင့်ခိုင်မာမှုရှိပြီး ပေါ့ပါးတဲ့ Carbon fiber Rear Wing ကို တပ်ဆင်ပေးထားပါတယ်။ ပြိုင်ကား Style ဒီဇိုင်းဖြစ် တဲ့အပြင် အရှိန်ပြင်းပြင်းမောင်းနှင်ချိန်မှာ လေခွင်းအား စနစ်ကို အေထာက်အကူပြုတဲ့အတွက် ဘေးကင်းလုံခြုံမှု ရှိစေပြီး သက်သောင့်သက်သာမောင်းနှင်နိုင်တဲ့ အခွင့် အရေးကိုရရှိစေမှာဖြစ်ပါတယ်။
Audi ရဲ့ စွန့်စားမှု တစ်ခုကတော့ Traditional Rear LSD စနစ်ကို Electronic စနစ်အဖြစ်ပြောင်းလဲခဲ့ တာဖြစ်ပါတယ်။ LSD Locks က R8 ရဲ့ Quattro AWD system မှာ ရှေ့နောက်ဝင်ရိုးတန်းမ တစ်ခုချင်းစီအတွက် မောင်းနှင် နိုင်မှုစွမ်းရည်ကို ၁ဝဝ ရာခိုင်နှုန်းအထိ တိုး တက်စေမှာဖြစ်ပါတယ်။
R8 V10 ရဲ့ ပြင်ပရုပ်သွင်က မြင်သူတိုင်းရဲ့ စိတ် အာရုံကို ဖမ်းစားနိုင်တဲ့ အသွင်သဏ္ဍန်မျိုးဖြစ်ပြီး တံခါး အသီးသီးကတော့ ‘blade’ designs ပါ။ အရှေ့ နဲ့ အနောက် အလေးချိန်အချိုးအစားကို 48 : 52 ဖြစ်အောင် ဖြန့်ဝေပေးထားပြီး အလူမီနီယမ် Space Frame ကို ပြုလုပ်ထားပါတယ်။ ခိုင်မာတောင့်တင်းမှုနဲ့ ပေါ့ပါးမှုတို့ ပေါင်းစပ်ထားတဲ့ ကာဗွန်ဖိုင်ဘာကိုတော့ အဓိကကျတဲ့ နေရာတွေမှာ ထည့်သွင်းပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ မြန်ဆန်သွက်လက်မှုကို အထောက်အကူပြုပြီး Sport ကား ကောင်းကောင်းတစ်စီးရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင် ရည်အတွက်လိုအပ်ချက်ပါပဲ။
AWD system အတွက် အဓိကကျတဲ့ ‘throttle’ လုပ်ဆောင်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ engine electronic controlling system ကို ပြိုင်ဖက် ကင်းကင်းနဲ့ ပုံဖော်ထုဆစ်ပေးနိုင်လို့ မြန်ဆန်သွက်လက် မှုနဲ့ exhaust စနစ် စွမ်းရည်မြင့်မားမှုက မယုံနိုင်လောက် အောင် အံ့သြစေရမှာဖြစ်ပါတယ်။
Headlight ဒီဇိုင်းကတော့ new R8 ရဲ့ ဖန်တီးမှု အသစ်စက်စက်ဖြစ်ပြီး high-powered laser lights system ဖြစ်ပါတယ်။ အရှေ့ နဲ့ အနောက် မီးအလင်း ရောင်တွေက ညအမှောင်မှာ တောက်ပစွာဖြာထွက်နိုင်ပြီး နောက်ဖက်က အချက်ပြမီးအလင်းရောင်တွေကလည်း အစီအစဉ်တကျ အလင်းပေးသွားနိုင်လို့ ပြိုင်ကားတစ်စီး အတွက် အရေးကြီးဆုံးနည်းပညာတစ်ခုကို R8 က လုပ် ဆောင်ပေးနိုင်ခဲ့တာပါ။
Drive ကား မဂ္ဂဇင်းရဲ့ စာဖတ်သူတွေနဲ့အတူ Audi R8 2016 model ကားကို ဝယ်ယူဖို့ စိတ်အားထက် သန်သူတွေအတွက် Specification ကို လေ့လာကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Specifications
Engine Layout – V10 / V10 Plus
Engine Size – 5.2 Liter
Max power (rpm) – 8250 rpm
Compression Ratio – 12.5
Traction – RWD
Max torque – 560 Nm
Max torque (rpm) – 6500 rpm