Unicode version…
Drive မဂ္ဂဇင်း ကို အစဉ်တစ်စိုက် အားပေးနေ ကြတဲ့ စာဖတ်သူတွေအတွက် အကောင်းဆုံးဇိမ်ခံကား တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ဒီအပတ်မှာလည်း စျေး ကွက်အတွင်းဝင်ရောက်လာတဲ့ Luxury ကားသစ်တစ်စီး အကြောင်းကို တင်ပြပေးချင်ပါတယ်။ အမေရိကန်နိုင်ငံမှ အခြေစိုက်ထားတဲ့ ကမ္ဘာကျော်ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Cadillac ရဲ့ 2016 CTS အဆင့်မြင့် Luxury Sedan Car အကြောင်းကို တင်ပြမှာဖြစ်လို့ Cadillac ကားတွေကို နှစ်သက်ကြတဲ့ Customers တွေ သဘောတွေ့မှာ အမှန်ပါ။
2016 Cadillac CTS ဇိမ်ခံကားသစ်ကို အင်ဂျင် နည်းပညာသစ်၊ သာလွန်ကောင်းမွန်တဲ့ transmission စနစ်၊ အဆင့်မြှင့်တင်ထားတဲ့ infotainment System တွေနဲ့ ပြောင်းလဲထုတ်လုပ်ခဲ့လို့ midsize Luxury Sport Sedan ကားစျေးကွက်အတွင်းကို အရှိန်အဟုန်ပြင်းပြင်း နဲ့ ၀င်ရာက်ထိုးဖောက်နိုင်တော့မှာ ဖြစ်ပါတယ်။ V6 အင် ဂျင်နဲ့ အတူ mid-grade Performance ကို လုပ်ဆောင် ပေးနိုင်တဲ့ transmission စနစ်တို့ကို တွဲဖက်ထားတဲ့ Package အသစ်ကို စျေးကွက်အတွင်း တင်ပို့တဲ့ ကား အမျိုးအစားတွေထဲမှာ အကောင်းဆုံးအနေနဲ့ သတ်မှတ် လုပ်ဆောင်ပေးသွားမှာပါ။
CTS ကားရဲ့ ရုပ်သွင်ကို တွေ့မြင်ရတဲ့သူတိုင်း အံ့သြမင်သက်သွားနိုင်သလို “လှလိုက်တာ” လို့ နှုတ် ဖျားက အလိုအလျောက်ဖွင့်ဟပြီး ချီးကျူးထောပနာပြုမိ ပါလိမ့်မယ်။
လှပသေသပ်ပြီး အံဝင်ဂွင်ကျကွက်တိဖြစ်နေတဲ့ ဒီဇိုင်းဆန်းဆန်း ဖောင်းကြွလိုင်းတွေနဲ့အတူ ကားရဲ့ ကိုယ်ထည်ကို အနုစိတ်ပုံဖော်ထားသလိုပဲ ယာဉ်မောင်း နှင်ရာမှာ Dynamics စွမ်းရည် မြင့်မားစေဖို့ ဦးတည်ချက်ကိုလည်း ထားရှိခဲ့ပါတယ်။ ရုပ်သွင်အလှ ထူးခြားပေါ် လွင်နေစေဖို့နဲ့ ဒိုင်းနမစ်လုပ်ဆောင်ချက် မြင့်မားစေဖို့ အတွက် Chevrolet ရဲ့ Corvette ကားကို အခြေခံထား ပြီး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ high-end CTS V sport model ကို ထုတ်လုပ်နိုင်ဖို့ပါ ပဲ။ CTS ကားရဲ့ ထူးခြားမှုက အလွန်အမင်းဇိမ်ရှိခြင်းနဲ့ ငေးကြည့် ရလောက်အောင် လှပခြင်း တို့ကို ပေါင်းစပ် ထားတာ ဖြစ်ပါတယ်။ CTS V-sport Model ကားက လုပ် ဆောင်နိုင်မှု အများအပြားကို အသုံးပြုသူတွေ အတွက် ဆောင်ကျဉ်းပေးလာမှာဖြစ်လို့ Mid-level package အတွက် ရောင်းအားအကောင်းဆုံးဖြစ်လာနိုင် ပါတယ်။
2016 Cadillac CTS ကားအတွက် Customers တွေက အင်ဂျင်အမျိုးအစားသုံးမျိုးကို ရွေးချယ်အသုံးပြု သွားနိုင်ပါလိမ့်မယ်။ အင်ဂျင်အမျိုးအစားအားလုံးဟာ စွမ်းဆောင်နိုင်ရည် မြင့်မားမှုရှိနေတဲ့အတွက် ဘယ်အမျိုး အစားကို ရွေးချယ်ထားပါစေ၊ အသုံးပြုသူတို့ စိတ်တိုင်း ကျဖြစ်စေမယ့် စွမ်းအားတွေကို ပေးစွမ်းနိုင်မှာ ဖြစ်ပါ တယ်။ အခြေခံအကျဆုံး “standard” model အတွက် 2.0 liter turbocharged four-cylinder engine ကို တပ်ဆင်ပေးထားပါတယ်။ မြင်းကောင်ရေအား 268 hp ထွက်ရှိပြီး ရုန်းအားကတော့ 295 lb-ft ဖြစ်ပါတယ်။
Standard model အတွက် Rear-Wheel Drive (RWD) နဲ့ All-Wheel Drive (AWD) စနစ်နှစ်မျိုးလုံးကို ရွေးချယ်သွားနိုင်မှာဖြစ်ပြီး စနစ်နှစ်မျိုးလုံးအတွက် New eight – speed transmission system ကို အသုံးပြု ထားပါတယ်။ Engine stop-start စနစ်ကို တပ်ဆင်ထား လို့ မြို့တွင်းပိုင်း ယာဉ်ကြောရှုပ်ထွေးတဲ့ လမ်းတွေကို မောင်းနှင်ချိန်မှာ လောင်စာဆီ ချွေတာနိုင်မှုကို အ ထောက်အကူပြုပေးမှာ ဖြစ်ပါတယ်။ Standard Model 2.01 အင်ဂျင်က မြို့တွင်လမ်း 21 mpg နှုန်းနဲ့ Highway အတွက် 31 Mpg ဖြစ်ပါတယ်။
အဆင့်မြှင့်တင်ထားတဲ့ အင်ဂျင်အသစ်က Mid- level V6 ဖြစ်ပြီး 3.6 liter V6 ရဲ့ မြင်ကောင်ရေအားက 335 hp ထွက်ရှိပြီး ရုန်းအားကတော့ 275 lb-ft ပါ။ Transmission စနစ်က Standard Model မှာ တပ်ဆင် ထားတဲ့ eight-speed Automatic ကိုပဲ အသုံးပြုထားပါ တယ်။ Four-cylinder မှာလိုပဲ stop-start technology ပါ၀င်ပြီး RWD (သို့) AWD စနစ်နှစ်မျိုးအနက် နှစ်သက် ရာကို ရွေးချယ်သွားနိုင်ပါလိမ့်မယ်။ Mid-Grade V6 အင်ဂျင်မှာ လောင်စာဆီချွေတာနိုင်တဲ့ EPA rate က RWD စနစ်အတွက် မြို့တွင်းမောင်း 20 mpg နဲ့ Highway 30 mpg တို့ဖြစ်ပါတယ်။ AWD model ကတော့ EPA rating က ပျမ်းမျှ 22 mpg ဖြစ်ပါတယ်။
CTS-V model မှာ အဆင့်မြင့် Cadillac CTS V Sport အမျိုးအစားကို ရွေးချယ်နိုင်မှာပါ။ 3.6 liter V6 မှာ တချို့အင်ဂျင်တွေအတွက် turbocharging ကို ထပ်မံ ပေါင်းစပ်ပေးထားပါတယ်။ RWD စနစ်နဲ့ eight-speed Automatic transmission system တပ်ဆင် ထားတဲ့ ကားတွကိုသာ ရွေးချယ်လုပ်ဆောင်ပေးသွားမှာ ပါ။ စွမ်းဆောင်နိုင်ရည်ကတော့ မြင်ကောင်ရေအား 420 hp ကို ထွက်ရှိစေမှာဖြစ်ပြီး ရုန်းအားက 430 lb-ft ဖြစ်ပါ တယ်။ 0-60 mph ကိုတော့ 5 စက္ကန့်နဲ့ အရောက် မောင်းသွားနိုင်ပါလိမ့မယ်။ EPA Rating က နှစ်မျိုးပေါင်း ပျမ်းမျှ 19 mpg ဖြစ်ပါတယ်။
Cadillac CTS Sedan ကားမှာ အဆင့်မြင့်ပြီး ခေတ်မီလှပတဲ့ design တွေနဲ့ အတွင်ခန်းကို ဖွဲ့စည်း တည်ဆောက်ထားပါတယ်။ ခိုင်ခန့်ပြီး တောက်ပြောင်မှု ရှိတဲ့ သတ္တုအမျိုးအစားတွကို အဆင့်မြင့်နည်းပညာနဲ့ ပေါင်းစပ်ပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ရှေ့ခန်းက ယာဉ်မောင်းနဲ့ ခရီးသည်အတွက် ကျယ်ဝန်းတဲ့ ဖွဲ့စည်း ပုံရှိပြီး လက်တင်တဲ့နေရာ ခြေထောက်ချထားဖို့ သက် သောင့်သက်သာရှိတဲ့ အကျယ်အဝန်းနဲ့ ခေါင်းမီထားနိုင် တဲ့ ခုံတွေပါရှိပါတယ်။ ကျယ်ပြန့်ပြီး အရောင်အသွေး တောက်ပမှုရှိတဲ့ dashboard ကို အသုံးပြုသူအတွက် စိတ်ရှုပ်ထွေးမှုမရှိစေပဲ လွယ်လင့်တကူ လုပ်ဆောင်သွား နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ အတွင်းခန်းကို သစ်သားထည်နဲ့ အလှဆင်ထားတဲ့ ဒီဇိုင်းကို ရွေးချယ်နိုင် သလို ကာဗွန်ဖိုင်ဘာနဲ့ ဆန်းသစ်ထားတဲ့ အသွင်ပုံစံကို လည်း ရရှိနိုင်ပါလိမ့်မယ်။
2016 Cadillac CTS ကားအတွက် CUE System အသစ်နဲ့ အဆင့်မြှင့်တင်ပေးထားပါတယ်။ ပိုမို မြန်ဆန်တဲ့ Processor ကောင်းမွန်ပြည့်စုံတဲ့ အသံစနစ် နဲ့ screen menus တို့ ပါ၀င်ပြီး Apple Car Play နဲ့ Android Auto system တွေကို ပေါင်းစပ်ထည့်သွင်းပေး ထားလို့ အသုံးပြုသူအတွက် ရိုးရှင်းလွယ်ကူစေမှာပါ။ 8 လက်မအရွယ်အစားရှိတဲ့ infotainment screen က display ပြုလုပ်ချိန်မှာ ကြည်လင်ပြတ်သားမှုရှိပြီ အကောင်းဆုံးသော Graphic Quality ကို ရရှိစေပါလိမ့် မယ်။ တိကျသေချတဲ့ control system တွေကို လုပ် ဆောင်နိုင်ဖို့ touch-panel button ကို ထည့်သွင်းပေး ထားပါတယ်။
17 လက်မ (သို့) 18 လက်မဘီးတွေကို တပ် ဆင်ပေးထားပြီး ကိုယ်ထည်ပိုင်းကို အဆင့်မြင့်ဆေး ရောင်သုံးမျိုးနဲ့ ခြယ်မှုန်ပေးထားပါတယ်။ ဆေးအရောင် အတွက် Cocoa Bronze Metallic, Moonstone Metallic နဲ့ Stellar Black Metallic တို့ဖြစ်ပြီး ၀ယ်ယူသူ က နှစ်သက်ရာကို ရွေးချယ်သွားနိုင်မှာပါ။ Magnetic inductive charging system ပါ၀င်လို့ Phone တွေကို ကြိုးမဲ့အားသွင်းစနစ်နဲ့ အားသွင်းသွားနိုင်ပါလိမ့်မယ်။
Standard ကားအတွက် ရှေ့ထိုင်ခုံတွေကို full-leather နဲ့ ပြုလုပ်ပေးထားပြီး 20-way adjustable စနစ်ဖြစ်ပါတယ်။ Four-way manual headrests ပါ၀င် ပြီး 16-way နဲ့ 14-way adjustable seats တွေကို လည်း ရရှိနိုင်ပါတယ်။ ထိုင်ခုံတွေကို သက်သောင့်သက် သာထိုင်နိုင်တဲ့ ဒီဇိုင်းမျိုး ဖန်တီးပေးထားပြီး အပူပေးစနစ် လည်း တပ်ဆင်ပေးထားပါတယ်။ နောက်ထိုင်ခုံမှာ အပူ ပေးစနစ် တပ်ဆင်လိုသူတွေအတွက်လည်း ပြုလုပ်ပေး မှာ ဖြစ်ပါတယ်။
အတွင်းခန်းမှာ ထပ်မံဖြည့်ဆည်းပေးနိုင်တဲ့စနစ် တွေကတော့
– စံသတ်မှတ်ထားတဲ့ နောက်ကြည့်ကင်မရာ
– အပူအအေးစနစ်ပါ၀င်တဲ့ leather ထိုင်ခုံနဲ့ အပူပေး စနစ်ပါ၀င်တဲ့ စတီယာရင်ကွင်းစံနစ်၊
– ပတ်ဝန်းကျင်အခြေအနေနဲ့ လိုက်လျောညီထွေရှိစေ တဲ့ LED Lighting စနစ်ကို instrument Panel, door panels, foot wells, door map pockets, various storage locations နဲ့ Front door sills တွေမှာ တပ်ဆင်ပေးခြင်း။
– centre armrest မှာ auxiliary power points, SD card, auxiliary jack နဲ့ USB ports တို့ကို သိမ်း ဆည်းထားနိုင်ခြင်း။
– Electronic parkbrake system တပ်ဆင်နိုင်ခြင်း
– New On Star 4G LTE စနစ်မှာ ပါ၀င်တဲ့ Safety နဲ့ security features တွေကို အသုံးပြုနိုင်ခြင်း
– အသံစနစ်အတွက် အထူးကောင်းမွန်ပြည့်စုံတဲ့ Standard Bose eleven-speaker sound system နဲ့ Bose Centerpoint surround sound system (13 speakers) တို့ ဖြစ်ပါတယ်။
CTS Sedan မှာ Automatic Parking Assist နည်းပညာပါ၀င်တဲ့အတွက် ကားကို ပါကင်ထိုးချိန်မှာ အပြိုင်တန်းပြီး ထိုးချိန်နဲ့ ရေပြင်ညီအလျားအတိုင်း ထောင့်မှန်ကျကျ ထိုးချိန်တွေမှာ ကားက ကိုယ်တိုင် မောင်းပြီး အလိုအလျောက်စနစ်နဲ့ ပါကင်ထိုးသွားပါလိမ့် မယ်။ Ultrasonic sensors တွေက သင့်တော်တဲ့နေရာ အကျယ်အဝန်းကို အာရုံခံရှာဖွေပြီး နေရာလွတ်အတွင်း ကို ထိန်းချုပ်် မောင်းနှင်းပြီး ၀င်ရောက်ရပ်နားသွားနိုင် ဖို့ Ultrasonic rear pack assist system ကို အသုံးပြု သွားနိုင်ပါတယ်။ ယာဉ်မောင်းကိုယ်တိုင် ပါကင်ရပ်နား မှုကို လုပ်ဆောင်လိုရင် ဂီယာနဲ့ ဘရိတ် pedals ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ခိုင်ခံ့မှုရှိပြီး သာလွန်ကောင်း မွန်တဲ့ suspension စနစ်၊ အကွေ့အပတ်အလှည့် အပြောင်းတွေမှာ ဟန်ချက်ညီပြီး လျင်မြန်မှုရှိတဲ့ Well-tuned steering စနစ်၊ စွမ်းဆောင်ရည်မြင့်မားတဲ့ အင် ဂျင်ပါ၀ါစနစ်တွေကြောင့် 2016 Cadillac CTS ကားက Midsize luxury sport sedan ကားစျေးကွက်မှာ လူကြိုက်များပြီး ထင်ရှားလာပါလိမ့်မယ်။ ကားရဲ့ အရည် အသွေးကို အကဲဖြတ်ကြည့်ချင်ကြတဲ့ Customers တွေအတွက် Specs ကို ဖော်ပြပေးလိုက်ပါတယ်။
2016 Cadillac CTS 2.0T AWD
The all-new 2016 Cadillac CTS-V luxury performance sedan has a top speed of 201 mph from its supercharged 6.2L V-8 640 hp engine and 630 lb-ft of torque (855 Nm). Equipped with Cadillac’s paddle-shift eight-speed automatic transmission featuring launch control and Performance Algorithm Shifting, the CTS-V will accelerate from 0-60 mph in 3.7 seconds.
Specifications;
Engine: 4-Cyl Turbo 2.0 Liter Ecotec
Transmission :Hydra-Matic 8 Speed Automatic
Mode Select with Manual Mode (8L45)
Trim :2.0 Luxury Collection RWD Sedan
Class Luxury Passenger Car
Horsepower 268@5600
Standard MPG 21 City / 30 Hwy
Body Style Sedan
Drivetrain RWD
Fuel Type Unleaded Premium
Seating Capacity (Std/Max)
ပါဝါ
Zawgyi version…
2016 Cadillac CTS ဇိမ်ခံကားသစ်ကို အင်ဂျင် နည်းပညာသစ်၊ သာလွန်ကောင်းမွန်တဲ့ transmission စနစ်၊ အဆင့်မြှင့်တင်ထားတဲ့ infotainment System တွေနဲ့ ပြောင်းလဲထုတ်လုပ်ခဲ့လို့ midsize Luxury Sport Sedan ကားဈေးကွက်အတွင်းကို အရှိန်အဟုန်ပြင်းပြင်း နဲ့ ၀င်ရာက်ထိုးဖောက်နိုင်တော့မှာ ဖြစ်ပါတယ်။ V6 အင် ဂျင်နဲ့ အတူ mid-grade Performance ကို လုပ်ဆောင် ပေးနိုင်တဲ့ transmission စနစ်တို့ကို တွဲဖက်ထားတဲ့ Package အသစ်ကို ဈေးကွက်အတွင်း တင်ပို့တဲ့ ကား အမျိုးအစားတွေထဲမှာ အကောင်းဆုံးအနေနဲ့ သတ်မှတ် လုပ်ဆောင်ပေးသွားမှာပါ။
Specifications;
Horsepower         268@5600
Body Style           Sedan
Drivetrain             RWD
 ပါဝါ