Unicode Version…
ဒီတစ်ခေါက် Advertorial ကဏ္ဍမှာရွေးချယ်ဖော်ပြပေးလိုက်ရတာကတော့ လှပပြီးစွဲမက်စရာရုပ်သွင်နဲ့အတူ အဆင့်မြှင့် တင်မှုတွေလုပ်ထားတဲ့ Chevrolet Sail ဆီဒင်ပဲဖြစ်ပါတယ်။ ဒီကားကို ၂၀၀၀ ခုနှစ်မှာ Shanghai General Motors က စထုတ်ခဲ့တာဖြစ်ပြီး စထုတ်တုန်းက supermini အဖြစ်ထုတ်ခဲ့တာဖြစ်ပါတယ်။ ပထမမျိုးဆက်တုန်းက Opel Corsa B ရဲ့ ပုံစံကို အခြေခံခဲ့လို့ ဒီဇိုင်းပုံစံက တော်တော်လေးအားနည်းခဲ့ပါတယ်။ အဓိကက တရုတ်ဈေးကွက်ကို focus ထားခဲ့ပြီး Hatchback နဲ့ Sedan တွေအဖြစ်ထုတ်ခဲ့ပါတယ်။ ၂၀၁၅ မှာတော့ တတိယမျိုးဆက်ကိုပြောင်းလဲခဲ့ပြီး ဈေးကွက် အတွင်းပိုပြီးနေရာရလာခဲ့ပါတယ်။ Chevrolet ဟာ Sail ကို ဈေးကွက်အတွင်းနေရာရလာဖို့အတွက် ရုပ်သွင်ပိုင်းသာမက အခြားပါဝင်မှုတွေကိုပါ အဆင့်မြှင့်တင်ခဲ့ပါတယ်။ကဲ..သူ့အကြောင်း လေ့လာကြရအောင်ပါ။
အပြင်ဘက်ပိုင်း
လက်ရှိ Chevrolet Sail ရဲ့ဒီဇိုင်းက နောက်ဆုံးမျိုးဆက်ပြောင်းလဲပြီးတဲ့ ပုံစံဖြစ်ပါတယ်။ အသွင်အပြင်အရကြည့်မယ်ဆို New Design နဲ့ Sail က dual-port grille တွေပါပြီး အနက်ရောင် Radiator Grille တွေကို ငွေရောင် Chrome တွေနဲ့ ဝန်းရံပေးထားတာကပိုပြီးတော့ ခန့်ညားသွားစေပါတယ်။ ပြီးတော့ အသစ်ပြောင်းလဲလိုက်တဲ့ သိမ်းငှက် မျက်လုံးပုံစံ Headlights တွေကိုထည့်သွင်းထားတဲ့အတွက် သူက Cruze တို့၊ Trax တို့လိုဆွဲဆောင်မှုရှိတဲ့ရုပ်ထွက်ကို ပိုင်ဆိုင်ခဲ့ပါ တယ်။ အောက်ဘက်မှာ Fog Lamp တွေပါပြီး လေခွင်းပေါက်တွေလည်းတွဲစပ်ပါရှိပါတယ်။ ပြီးတော့ ဘော်ဒီ တည် ဆောက်ပုံနဲ့ပါဝင်တဲ့အနားရေးကြောင်းတွေက ကျစ်လျစ်သပ်ရပ်ပါတယ်။ နောက် Sunfoof နဲ့ Black “B” Pillar တို့ပါသလို နောက်မီးတွေကလည်း ဒီဇိုင်းသစ်ပေါင်းစပ်မီးတွေဖြစ်လို့ တင့်တယ်မှုရှိတဲ့ ဆီဒင်လို့ ဆိုရမှာဖြစ်ပါတယ်။ ဘီးဆိုက်ကတော့ ၁၅ လက်မ အလွိုင်းတွေဖြစ်ပါတယ်။
အတွင်းခန်း
ကားအတွင်းခန်းက Chevrolet ရဲ့ Theme အတိုင်းပါပဲ။ ကျယ်ဝန်းတယ်၊ရှင်းလင်းတယ်။ပြီးတော့ သပ်ရပ်တယ်။ အတွင်း ခန်း အရောင်ကိုလည်း တောက်ပတဲ့ Jet Black သုံးထားပါတယ်။ ဒတ်ရှ်ဘုတ်ဒီဇိုင်းက သူ့နောင်တော်တွေဖြစ်တဲ့ Cruze တို့၊ Malibu တို့နဲ့ဆင်တူတယ်။ ဒါကြောင့် ပစ္စည်းကောင်းကြိူက်သူတွေအတွက် အံကိုက်ပါပဲ။ ပြီးတော့ ဘေးဘက် အနားကွပ်တွေကလည်း လှပပြီးကျော့ရှင်းတဲ့ပုံစံမျိုးတွေ့ရပါတယ်။ ထိုင်ခုံတွေကတော့ Manual နဲ့ပဲချိန်ညှိမှာပါ။ ဒါပေမဲ့ သက်သောင့်သက်သာနဲ့ စီးနင်းနိုင်အောင် ဖန်တီးထားပါတယ်။ Maunal Airconditioning System ပေမယ့် အေးမြတဲ့ လေအေးပေးစနစ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကြည်လင်ပြတ်သားပြီး အသေးစိတ်ဖော်ပြမှုတွေမှာ ပြည့်စုံတဲ့ Driver Information System ပါသလို သတင်းအချက်ပြ Chevy ရဲ့ MyLink Touch Screen မှာလည်း Radio-Single Din Clock MP3 / Aux in / USB တွေကိုချိတ်ဆက်အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ Center Cup Holder ၊ လက်တိုင်ခုံနဲ့၊ ပစ္စည်းထည့်စရာနေရာတွေအပြည့်အစုံပါသလို စတီယာရင်မှာလည်း Radio Control နဲ့ Bluetooth Hands free တွေကိုထည့်သွင်းပေးထားပါတယ်။ Entertainment System အတွက် စပီကာ ၄ လုံးပါရှိပြီး မှန်တွေက နေရောင်ခြည် ကာကွယ်နိုင်အောင် ပြုလုပ်ပေးထားပါတယ်။ Rear Parking Sensors တွေပါပေမယ့် Rear Camera ကိုတော့ Optional အဖြစ်မှာယူရမှာပါ။
စွမ်းဆောင်ရည်
ဒီကားက 1.5L DOHC DVVT ဓါတ်ဆီအင်ဂျင်စနစ်ဖြစ်ပြီး 4 speed Auto ဖြစ်ပါတယ်။ စွမ်းအင်ထွက်ရှိမှုက 109HP/ 6,000 ဖြစ်ပြီး ရုန်းအားက 141 Nm/4,000 ဖြစ်ပါတယ်။ Ground Clearance က 126 (mm) ဖြစ်သလို Fuel Tank က 39 (liters) ဝင်ဆံ့မှာဖြစ်ပါတယ်။ ရှေ့ဘီးယက်စနစ်သုံးဖြစ်ပြီး SUSPENSIONS က ရှေ့ကို MacPherson strut-type and stabilizer bar နဲ့နောက်ကို Rear torsion beam non-independent suspension သုံးထားပါတယ်။ ဆီစားနှုန်းကတော့ 5.4L/100km ဖြစ်ပါတယ်။
လုံခြုံရေး
Chevrolet Sail မှာ Driver and Passenger Airbag အပါအဝင် Anti-Lock Braking System (ABS) , Anti-Theft Alarm System , Child Restraint (ISOFIX) Standard , Seatbelt Reminder Driver , Electronic Brake Distribution စတဲ့ စနစ်တွေသုံးထားလို့ မြို့တွင်းအတွက်တော့ စိတ်ပူစရာမလိုအောင် သုံးစွဲနိုင်ပါတယ်။

ဈေးနှုန်းနှင့် သုံးသပ်ချက်
ဒီကားလေးက 29,000 USD ကနေစမယ်။ အမေရိကထုတ်ဆီဒင်တစ်စီးကို ဈေးသက်သက်သာသာနဲ့ စီးနိုင်မယ်။ အင်ဂျင်ကလည်း 1.5L ဆိုတော့ ပြည်တွင်းအနေအထားနဲ့ကိုက်ညီတယ်။ မြို့တွင်းသုံးအတွက် အဓိကထုတ် ထားပေမယ့်လည်း လမ်းကြောသာတဲ့ နယ်တွေလည်းသွားလာနိုင်မယ်။ ကျစ်လျစ်တဲ့ဆီဒင်တစ်စီးဆိုတော့ အမျိုးသမီး တွေမောင်းလည်း အဆင်ပြေနိုင်မှာဖြစ်တယ်။ ပါသင့်ပါထိုက်တဲ့အရာတွေလည်းပါတော့ Sail က ပေးရတဲ့တန်ကြေးနဲ့ ကိုက်ညီတဲ့ဆီဒင်ကားတစ်စီးလို့ ဆိုရမှာဖြစ်ပါတယ်။

Specification…
Engine – 1.5L DOHC DVVT
Displacement(CC) – 1,485
Transmissions – 4-Speed Automatic Transmission
Maximum Power (HP/rpm) – 109/6,000
Maximum Torque (Nm/rpm) – 141/4,000
Fuel Tank (liters) – 39
Drivetrain – FWD

Zawgyi Version…

ေပးရတဲ့တန္ေၾကးနဲ႔ ကုိက္ညီတဲ့ဆီဒင္ကားတစ္စီး သုိ႔မဟုတ္ Chevrolet Sail
ဒီတစ္ေခါက္ Advertorial က႑မွာေရြးခ်ယ္ေဖာ္ျပေပးလုိက္ရတာကေတာ့ လွပျပီးစြဲမက္စရာရုပ္သြင္နဲ႔အတူ အဆင့္ျမွင့္ တင္မွဳေတြလုပ္ထားတဲ့ Chevrolet Sail ဆီဒင္ပဲျဖစ္ပါတယ္။ ဒီကားကုိ ၂၀၀၀ ခုႏွစ္မွာ Shanghai General Motors က စထုတ္ခဲ့တာျဖစ္ျပီး စထုတ္တုန္းက supermini အျဖစ္ထုတ္ခဲ့တာျဖစ္ပါတယ္။ ပထမမ်ိဳးဆက္တုန္းက Opel Corsa B ရဲ႕ ပုံစံကုိ အေျခခံခဲ့လုိ႔ ဒီဇုိင္းပုံစံက ေတာ္ေတာ္ေလးအားနည္းခဲ့ပါတယ္။ အဓိကက တရုတ္ေစ်းကြက္ကုိ focus ထားခဲ့ျပီး Hatchback နဲ႔ Sedan ေတြအျဖစ္ထုတ္ခဲ့ပါတယ္။ ၂၀၁၅ မွာေတာ့ တတိယမ်ိဳးဆက္ကုိေျပာင္းလဲခဲ့ျပီး ေစ်းကြက္ အတြင္းပုိျပီးေနရာရလာခဲ့ပါတယ္။ Chevrolet ဟာ Sail ကုိ ေစ်းကြက္အတြင္းေနရာရလာဖုိ႔အတြက္ ရုပ္သြင္ပုိင္းသာမက အျခားပါဝင္မွဳေတြကုိပါ အဆင့္ျမွင့္တင္ခဲ့ပါတယ္။ကဲ..သူ႕အေၾကာင္း ေလ့လာၾကရေအာင္ပါ။
အျပင္ဘက္ပုိင္း
လက္ရွိ Chevrolet Sail ရဲ႕ဒီဇုိင္းက ေနာက္ဆုံးမ်ိဳးဆက္ေျပာင္းလဲျပီးတဲ့ ပုံစံျဖစ္ပါတယ္။ အသြင္အျပင္အရၾကည့္မယ္ဆုိ New Design နဲ႔ Sail က dual-port grille ေတြပါျပီး အနက္ေရာင္ Radiator Grille ေတြကုိ ေငြေရာင္ Chrome ေတြနဲ႔ ဝန္းရံေပးထားတာကပုိျပီးေတာ့ ခန္႔ညားသြားေစပါတယ္။ ျပီးေတာ့ အသစ္ေျပာင္းလဲလုိက္တဲ့ သိမ္းငွက္ မ်က္လုံးပုံစံ Headlights ေတြကုိထည့္သြင္းထားတဲ့အတြက္ သူက Cruze တုိ႔၊ Trax တုိ႔လုိဆဲြေဆာင္မွဳရွိတဲ့ရုပ္ထြက္ကုိ ပုိင္ဆုိင္ခဲ့ပါ တယ္။ ေအာက္ဘက္မွာ Fog Lamp ေတြပါျပီး ေလခြင္းေပါက္ေတြလည္းတဲြစပ္ပါရွိပါတယ္။ ျပီးေတာ့ ေဘာ္ဒီ တည္ ေဆာက္ပုံနဲ႕ပါဝင္တဲ့အနားေရးေၾကာင္းေတြက က်စ္လ်စ္သပ္ရပ္ပါတယ္။ ေနာက္ Sunfoof နဲ႕ Black “B” Pillar တုိ႔ပါသလုိ ေနာက္မီးေတြကလည္း ဒီဇုိင္းသစ္ေပါင္းစပ္မီးေတြျဖစ္လုိ႔ တင့္တယ္မွဳရွိတဲ့ ဆီဒင္လုိ႔ ဆုိရမွာျဖစ္ပါတယ္။ ဘီးဆုိက္ကေတာ့ ၁၅ လက္မ အလိြဳင္းေတြျဖစ္ပါတယ္။
အတြင္းခန္း
ကားအတြင္းခန္းက Chevrolet ရဲ႕ Theme အတုိင္းပါပဲ။ က်ယ္ဝန္းတယ္၊ရွင္းလင္းတယ္။ျပီးေတာ့ သပ္ရပ္တယ္။ အတြင္း ခန္း အေရာင္ကုိလည္း ေတာက္ပတဲ့ Jet Black သုံးထားပါတယ္။ ဒတ္ရွ္ဘုတ္ဒီဇုိင္းက သူ႕ေနာင္ေတာ္ေတြျဖစ္တဲ့ Cruze တုိ႔၊ Malibu တုိ႔နဲ႔ဆင္တူတယ္။ ဒါေၾကာင့္ ပစၥည္းေကာင္းၾကိဴက္သူေတြအတြက္ အံကုိက္ပါပဲ။ ျပီးေတာ့ ေဘးဘက္ အနားကြပ္ေတြကလည္း လွပျပီးေက်ာ့ရွင္းတဲ့ပုံစံမ်ိဳးေတြ႕ရပါတယ္။ ထုိင္ခုံေတြကေတာ့ Manual နဲ႔ပဲခ်ိန္ညွိမွာပါ။ ဒါေပမဲ့ သက္ေသာင့္သက္သာနဲ႔ စီးနင္းႏိုင္ေအာင္ ဖန္တီးထားပါတယ္။ Maunal Airconditioning System ေပမယ့္ ေအးျမတဲ့ ေလေအးေပးစနစ္ကုိ ရရွိႏိုင္မွာျဖစ္ပါတယ္။ ၾကည္လင္ျပတ္သားျပီး အေသးစိတ္ေဖာ္ျပမွဳေတြမွာ ျပည့္စုံတဲ့ Driver Information System ပါသလုိ သတင္းအခ်က္ျပ Chevy ရဲ႕ MyLink Touch Screen မွာလည္း Radio-Single Din Clock MP3 / Aux in / USB ေတြကုိခ်ိတ္ဆက္အသုံးျပဳႏိုင္ဦးမွာျဖစ္ပါတယ္။ Center Cup Holder ၊ လက္တုိင္ခုံနဲ႕၊ ပစၥည္းထည့္စရာေနရာေတြအျပည့္အစုံပါသလုိ စတီယာရင္မွာလည္း Radio Control နဲ႔ Bluetooth Hands free ေတြကုိထည့္သြင္းေပးထားပါတယ္။ Entertainment System အတြက္ စပီကာ ၄ လုံးပါရွိျပီး မွန္ေတြက ေနေရာင္ျခည္ ကာကြယ္ႏိုင္ေအာင္ ျပဳလုပ္ေပးထားပါတယ္။ Rear Parking Sensors ေတြပါေပမယ့္ Rear Camera ကုိေတာ့ Optional အျဖစ္မွာယူရမွာပါ။
စြမ္းေဆာင္ရည္
ဒီကားက 1.5L DOHC DVVT ဓါတ္ဆီအင္ဂ်င္စနစ္ျဖစ္ျပီး 4 speed Auto ျဖစ္ပါတယ္။ စြမ္းအင္ထြက္ရွိမွဳက 109HP/ 6,000 ျဖစ္ျပီး ရုန္းအားက 141 Nm/4,000 ျဖစ္ပါတယ္။ Ground Clearance က 126 (mm) ျဖစ္သလုိ Fuel Tank က 39 (liters) ဝင္ဆံ့မွာျဖစ္ပါတယ္။ ေရွ႕ဘီးယက္စနစ္သုံးျဖစ္ျပီး SUSPENSIONS က ေရွ႕ကုိ MacPherson strut-type and stabilizer bar နဲ႕ေနာက္ကုိ Rear torsion beam non-independent suspension သုံးထားပါတယ္။ ဆီစားႏွဳန္းကေတာ့ 5.4L/100km ျဖစ္ပါတယ္။
လုံျခဳံေရး
Chevrolet Sail မွာ Driver and Passenger Airbag အပါအဝင္ Anti-Lock Braking System (ABS) , Anti-Theft Alarm System , Child Restraint (ISOFIX) Standard , Seatbelt Reminder Driver , Electronic Brake Distribution စတဲ့ စနစ္ေတြသုံးထားလုိ႔ ျမိဳ႕တြင္းအတြက္ေတာ့ စိတ္ပူစရာမလုိေအာင္ သုံးစြဲႏိုင္ပါတယ္။

ေစ်းႏွဳန္းႏွင့္ သုံးသပ္ခ်က္
ဒီကားေလးက 29,000 USD ကေနစမယ္။ အေမရိကထုတ္ဆီဒင္တစ္စီးကုိ ေစ်းသက္သက္သာသာနဲ႕ စီးႏိုင္မယ္။ အင္ဂ်င္ကလည္း 1.5L ဆုိေတာ့ ျပည္တြင္းအေနအထားနဲ႕ကုိက္ညီတယ္။ ျမိဳ႕တြင္းသုံးအတြက္ အဓိကထုတ္ ထားေပမယ့္လည္း လမ္းေၾကာသာတဲ့ နယ္ေတြလည္းသြားလာႏိုင္မယ္။ က်စ္လ်စ္တဲ့ဆီဒင္တစ္စီးဆုိေတာ့ အမ်ိဳးသမီး ေတြေမာင္းလည္း အဆင္ေျပႏိုင္မွာျဖစ္တယ္။ ပါသင့္ပါထုိက္တဲ့အရာေတြလည္းပါေတာ့ Sail က ေပးရတဲ့တန္ေၾကးနဲ႔ ကုိက္ညီတဲ့ဆီဒင္ကားတစ္စီးလုိ႔ ဆုိရမွာျဖစ္ပါတယ္။

Specification…
Engine – 1.5L DOHC DVVT
Displacement(CC) – 1,485
Transmissions – 4-Speed Automatic Transmission
Maximum Power (HP/rpm) – 109/6,000
Maximum Torque (Nm/rpm) – 141/4,000
Fuel Tank (liters) – 39
Drivetrain – FWD