Unicode version..




(2016 Alphard Interior Redesign)




(2016 Alphard Exterior Design)



Engine Performance






Zawgyi version…

(Toyota Alphard) သည် အကြီးစား (Minion) ကားအမျိုးအစားဖြစ်ပြီး (Toyota) ထင်ရှားသည့် (Model) တစ်ခုလည်းဖြစ်ပါသည်။ ၎င်းသည် ခရီးသည် (၈) ယောက်စီး (သို့) (၇)ယောက် စီးပုံစံဖြင့် ထုတ်လုပ်ထားသည့် ကားဖြစ်ကာ (2002)ခုနှစ်တွင် စတင်မွေးဖွားခဲ့သည့် (Model)လည်း ဖြစ်ပါသည်။

ယခုအချိန်အထိ ၎င်းသည် မျိုးဆက်(၃)ဆက်တိုင် ထုတ်လုပ်အောင်မြင်နေသည့် ကားလည်းဖြစ်ပါသည်။ ၎င်း၏ ပထမမျိုးဆက်သည် (2002-2008)ကာလများအတွင်း ထုတ်လုပ်ခဲ့ပြီး (ညာမောင်း) အနေဖြင့်သာ ထုတ်လုပ်ခဲ့ပါသည်။ ဒုတိယမျိုးဆက် (2009-2015)တွင်မူ ညာမောင်း ကားအပြင် ဘယ်မောင်းအမျိုးအစားကားကိုလည်း (အာရှအရှေ့အလယ်ပိုင်း) ဈေးကွက် ဒေသများအတွက် ရည်ရွယ်ကာ အသစ်ထုတ်လုပ်ခဲ့ပါသည်။ ထို့အပြင် (Alphard)၏ (Sport Version) ဖြစ်သည့် (Vellfire) ကိုလည်း ထပ်မံထုတ်လုပ်ခဲ့ပါသည်။ ထိုသို့ အောင်မြင်မှုများဖြင့် မျိုးဆက်(၂)ဆက်တိုင်တိုင် ရပ်တည်နေသည့် (Toyota Alphard)၏ တတိယမျိုးဆက်ဟု ခေါ်ရနိုင်မည်။ (2016 Alphard)အား (All-New Design)ဖြင့် ထုတ်လုပ်လာသည်ကို တွေ့ရပါမည်။

(2016 Toyota Alphard)သည် (Alphard)၏ တတိယမျိုးဆက်အစ (Model)ဟု ဆိုနိုင်မည်သာမက (Toyota)၏ အကောင်းဆုံး (Minivan)ဟုလည်း ဆိုနိုင်မည်ဖြစ်ပါသည်။ ယခု (2016 Alphard)၏ အဓိကထူးခြားမှုမှာ ယခင်မျိုးဆက် ကားများထက် ပိုမိုကြီးမားခန့်ထည်သည့် ဒီဇိုင်းဖြင့် ဖန်တီးထားပြီး အတွင်းခန်းဒီဇိုင်းကိုလည်း ပုံစံအသစ်ဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ ယခု (2016 Alphard)သည် ညာမောင်း /ဘယ်မောင်းပုံစံ (၂)မျိုး ထုတ်လုပ်ထားကာ ခရီးသည် (၈)ယောက် (သို့) (၇)ယောက် ပုံစံဖြင့်မှာယူရနိုင်မည် ဖြစ်ပါသည်။ ယခု (2016 Alphard) တွင် စုံလင်လှသည့် နည်းပညာသုံး ပါဝင်မှုများ/ စွမ်းအင်ဖြင့် အင်ဂျင်စနစ်နှင့် အထူးသက်တောင့် သက်သာရှိသည့် ထိုင်ခုံများ စသည်တို့ဖြင့် ခမ်းနားစွာ တန်ဆာဆင်ထားသည်ကို တွေ့မြင်ရပါမည်။ (2016 Alphard)တွင် (Trim Level)များ အနေဖြင့် (Base Level)ဖြစ်သည့် (Gold) နှင့် (Sportiest Trim) ဖြစ်သည့် (Vellfire) ဟူ၍ ပုံစံ(၂)မျိုး ထုတ်လုပ်ထား ပါသည်။ (2016 Toyota Alphard) အား မိသားစုသုံးအနေဖြင့် လည်းကောင်း အရေးကြီးဧည့်သည်များ ကြိုပို့ရန်အတွက် လည်းကောင်း၊ company နှင့် လုပ်ငန်းများအတွက် အသုံးပြုရန်အတွက်လည်းကောင်း ဘက်စုံအသုံးပြုနိုင်ရန် အကောင်းဆုံးဖန်တီး ထားသည်ကို တွေ့ မြင်ရပါသည်။

(2016 Alphard Interior Redesign)

ယခု (2016 Alphard) ၏ အတွင်းခန်း ဒီဇိုင်းနှင့် ဖွဲ့စည်းပုံသည် ၎င်း၏ ယခင် (Model) များနှင့်သိသာထင်ရှားစွာ ကွဲပြားသည်ကိုတွေ့မြင်ရပါမည်။ ၎င်း၏ ယခင်မျိုးဆက် (2009-2015) ကားများ၏ အတွင်းဒီဇိုင်းသည်လည်း ကျက်သရေရှိကာနည်းပညာသုံးနှင့် ဇိမ်ခံပစ္စည်းများအား အလျှံပယ် ထည့်သွင်းထားခဲ့ပါသည်။ ယခု (2016 Alphard) ၏အတွင်းဒီဇိုင်းသည် အထူးကျယ်ဝန်းပြီး ယခင် (Model) ထက်ပို၍ ကြီးမားကာ သက်သောင့်သက်သာရှိသည့် ထိုင်ခုံများအား အသစ် ထည့်သွင်းထားခြင်းသည် ထူးခြားမှုဖြစ်ပါသည်။ ၎င်း၏ (၈) ယောက်စီးခုံ (၃) တန်းပုံစံတွင် ဒုတိယ ထိုင်ခုံတန်းသည် ခုံတန်းရှည်ဖြစ်သော်လည်း (၇) ယောက်စီးခုံ (၃) တန်းပုံစံတွင် ဒုတိယ ထိုင်ခုံများ အား (Captain`s Chair) ပုံစံဖြင့် ထုတ်လုပ်ထားပြီင်္း ၎င်းခုံများတွင် လှဲလျောင်းနိုင်သည့် စနစ်၊ နှိပ်နယ်ပေးသည့် (Massage Functions) နှင့်အခြားသော ထိန်းချုပ်မှုများ ပြုလုပ်နိုင် မည်ဖြစ်ပါသည်။ (2016 Alphard) ၏ ထိုင်ခုံအားလုံးကို တန်ဖိုးမြင့် သားရေများဖြင့် ဖန်တီးထားပါသည်။

ထို့အပြင် (Dashboard Design) အားခေတ်ဆန်ပြီး လှပသည့်ပုံစံဖြင့်ဖန်တီးထားကာ များစွာသော နည်းပညာသုံး ပစ္စည်းများ၊ အသံနှင့် ဖျော်ဖြေမှုဆိုင်ရာ ပါဝင်မှုများအား ပြည့်စုံစွာ ထည့်သွင်းထားသည်ကိုတွေ့ရပါသည်။ ယခု (2016 Alphard) တွင် ထည့်သွင်းထားသည့်ပါဝင်မှု အချို့ မှာ (Bluetooth Connectivity) , (Wireless charging) , (Parking Assist) , (Keyless entry/ ignition) , (Rearview camera with  upgraded parking control) စသည်တို့ ဖြစ်ကြပါသည်။ ထို့အတူ (၃၆၀ ဒီကရီ ပတ်လည်ကင်မရာစနစ်) နှင့် (Rear-Seat DVD Entertainment System) , (ရေခဲသေတ္တာငယ်) အစရှိသည့်ပါဝင်မှုများကိုလည်း အပိုဆောင်းပါဝင်မှု (Optional) အနေဖြင့်မှာယူရနိုင်ပါမည်။ အသံစနစ် နှင့်ဂြိုလ်တုလမ်းကြောင်းပြစနစ် အပါအ၀င် ကားအတွင်း ခန်းထိန်းချုပ်မှုများအတွက် အထူးအရေးပါသည့် (Center Display Screen) ကိုလည်း ယခင် (Model) များထက်ပိုမိုကြီးမားပြီး ရုပ်ထွက်ကောင်းသည့် ဒီဇိုင်းဖြင့် ဖန်တီးထားသည်ကို တွေ့မြင်ရပါသည်။

(2016 Toyota Alphard) ၏ အတွင်းခန်း ဒီဇိုင်းနှင့် ပါဝင်မှုများသည် အကောင်းဆုံးဟု ဆိုနိုင်မည့် အရာများဖြင့် ဖန်တီးထားကာ ခမ်းနားမှု နှင့်သက်တောင့်သက်သာ ရှိစေမည့်ခံစားမှုများကို ရရှိနိုင်မည်ဖြစ်ပါသည်။

(2016 Alphard Exterior Design)

(2016 Alphard)၏ အပြင်စက်ဒီဇိုင်းသည် အထူးဝံ့ကြွားခန့်ထည်စွာ ဖန်တီးထားပြီး (Toyota) မှ အကောင်းဆုံး (Minivan) တစ်ခု၏ ဒီဇိုင်းအနေအထား အဆင့်ဖြင့် ရည်ရွယ်ထုတ်လုပ်ထားသည်ကို တွေ့မြင်ရပါမည်။ ၎င်း၏ အရှေ့ဖက် (Grille)အား အလွန်ကြီးမားသည့် ဆန်ခါကွက်ဒီဇိုင်း (Mesh Style) ဖြင့် ဖန်တီးထားကာ ၎င်းတွင် နည်းပညာသစ်သုံး (New LED technology Bi-Xenon headlights) ရှေ့မီးကြီးများ/အဆင့်မြင့်နှင်းခွဲမီးများဖြင့် ပေါင်းစပ်တန်ဆာဆင် ထားသည့်အတွက် အထူးအံ့သြဖွယ် ပုံစံဖြင့် တွေ့မြင်ရမည်ဖြစ်ပါသည်။ ကားကိုယ်ထည်တစ်ခုလုံးအား ခန့်ထည် သော်လည်း ပြေပြစ်သည့်အချိုးများဖြင့် ဖန်တီးထားသည့် အပြင်ကား အနောက်ဖက် ဒီဇိုင်းအား (New U-shape Structure) ပုံစံဖြင့် ဖန်တီးထားပြီး လိုင်စင်နံပါတ်ပြားနေရာအား အနောက်ဖက်စီးတန်း ဧရိယာတွင် ပေါင်းစပ်ထားသည်ကို တွေ့ရပါမည်။ ထိုအပြင် ဘေးတံခါး (၂)ဖက်နှင့် နောက်ဖုံး တို့ကိုလည်း အလိုအလျောက် ဖွင့်/ပိတ် နိုင်မည်ဖြစ်ပါသည်။

(2016 Toyota Alphard)၏ အပြင်ဖက်ဒီဇိုင်းကို တွေ့မြင်လိုက်ပါက (Toyota Alphard)၏ အပြင်ဖက်ဒီဇိုင်းကို တွေ့မြင်လိုက်ပါက (Toyota)၏ ဒီဇိုင်းပညာရှင်များ / အင်ဂျင်နီယာများ၏ စွမ်းပကားကို ချီးကျူးမိမည်ဖြစ်ပြီး (Toyota)၏ အကောင်းဆုံးသော (Minivan) အနေဖြင့်လည်း သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

Engine Performance

(2016 Toyota Alphard)တွင် အင်ဂျင်အမျိုးအစား (၃)မျိုးရရှိနိုင်ပါမည်။ ၎င်းတို့မှာ ပုံမှန်စနစ် အတွက် အင်ဂျင်(၂)မျိုးနှင့် (Hybrid Type)အတွက် အင်ဂျင် (၁)မျိုးဖြစ်ပါသည်။

(2016 Alphard)၏ ပုံမှန်စနစ်၏ ပထမအမျိုးအစား အင်ဂျင်မှာ (2.5L I4 Engine) စနစ်ဖြစ်ပြီး (7 Speed Sports Sequential – Shittmatic/Super (VT-1 System) အမျိုးအစား (Geor Box)ဖြင့် တွဲဖက်ထားပါသည်။ ၎င်းအင်ဂျင်၏ (Fuel Economy) မှာ 930.1 mph)ဖြစ်ပါသည်။ ထိုအင်ဂျင်တွင် (Stop/Start system)ကို အပိုဆောင်းအနေဖြင့် မှာယူရနိုင်ပါမည်။

(2016 Alphard) ပုံမှန်စနစ်၏ ဒုတိယအမျိုးအစားအင်ဂျင်မှာ (3.5L V6 Engine) (276hp) အင်ဂျင်စနစ်ဖြစ်ပါသည်။ ထိုအင်ဂျင် (Fuel Economy)မှာ (22.3mph) ဖြစ်ပါသည်။

(2016 Alphard) ၏ (Hybrid Type)တွင် အသုံးပြုထားသည့် အင်ဂျင်မှာ (2.5L Atkinson-Cycle engine) (150hp) စနစ်ဖြစ်ပြီး (E-four 4WD system) နှင့် (လျှပ်စစ်မော်တာ) (၂)လုံးတို့ဖြင့် တွဲဖက်ထားပါသည်။ အရှေ့ဖက်ရှိ (လျှပ်စစ်မော်တာ)၏ စွမ်းအားသည် (141hp) ရှိပြီး အနောက်ဖက် ရှိ (လျှပ်စစ်မော်တာ)၏ စွမ်းအားသည် (67hp)ရှိပါသည်။ ထိုအင်ဂျင်၏ (Fuel Economy)မှာ (45.6mph) ဖြစ်ပါသည်။

(2016 Toyota Alphard) အား (US$ 27000)ခန့်မှ စတင်ရောင်းချမည်ဖြစ်ပြီး အပိုဆောင်း ပါဝင်သည့် (Optional Packages)များ အပေါ်မူတည်ကာ ဈေးနှုန်းပြောင်းလဲနိုင်ပါမည်။ ၎င်းနှင့် ဈေးကွက် ယှဉ်ပြိုင်ဖက်ဟု ဆိုနိုင်မည့် အခြားသော (Brands)များမှာ (2016 Nissan Elgrand) (2016 Mercedes-Benz V-Class)တို့ဖြစ်ကြပါသည်။ နိဂုံးချုပ်အနေဖြင့် (Titita)၏ အကောင်းဆုံး (Minivan)ဖြစ်သည်။ (2016 Toyota Alphard)အား စီစဉ်တင်ဆက်လိုက်ပါသည်ခင်ဗျား။