(2017 Audi Q5)သည် ဂျာမနီအခြေစိုက် ကမ္ဘာကျော် (Audi)မှ ထုတ်လုပ်သည့် (Midsize Crossover)အမျိုးအစားကားဖြစ်ပြီး (Audi)၏ ပေါ်ပြူလာဖြစ်သည့် (Model)လည်းဖြစ်ပါသည်။ ၎င်းအား (2009)ခုနှစ်တွင် စတင်မွေးဖွားခဲ့ပြီး စွမ်းဆောင်ရည်ကောင်းပြီး ဆီစားသက်သာသည့် အင်ဂျင်စနစ်ပါဝင်ခြင်း/နည်းပညာသုံးပါဝင်မှုများ စုံလင်ခြင်း/ဒီဇိုင်လှပမှုရှိခြင်း တို့ကြောင့် လူကြိုက်များပါသည်။
ယခု (2017 Model Year)အတွက် ထွက်ရှိလာသည့် (Audi Q5)သည် ခရီးသည် (၅)ယောက်စီး (Compact Luxury Crossover)အမျိုးအစားကားဖြစ်ပြီး ဆန်းသစ်သည့် ဒီဇိုင်းဖြင့် ဖန်တီးပါသည်။ ၎င်းသည် (Fulltime 4WD System)သုံး ကားဖြစ်ပြီး အင်ဂျင်အမျိုးအစား (၃)မျိုး ထည့်သွင်းထားပါသည်။ (2 OT Premum/Premium Plus) Trims များတွင် (2.0L I4 Engine), (220hp) (25 B lb-ft of torque) အင်ဂျင်စနစ်ကို အသုံးပြုထားပြီး ထိုအင်ဂျင်၏ (Performance)မှ (0 to f 60mph)အား (6.7 Seconds)ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါမည်။ (3 OT) Trims များတွင်မူ (3.0 L Supercharged V6 Engine), (272hp), (295 lb-ft of torque) အင်ဂျင်စနစ်ကို အသုံးပြုထားပြီး ထိုအင်ဂျင်၏ (Performance)မှာ (0 tof 60 mph) အား (6.7 Seconds) ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါသည်။ (3.0 T) Trims များတွင်မူ (3.0 L Supercharged V6 Engine), (272 hp), (295 lb – ft of torque)အင်ဂျင်စနစ်ကို အ သုံးပြုထားပါသည်။ ထိုအင်ဂျင်၏ (Performance) မှာ (0 to 60 mph)အား (6.3 Seconds)ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါသည်။ (Hybrid Engine)၏ (Total Output) မှာ (245hp) (350 lb-ft of torque) ဖြစ်ပြီး ၎င်း၏ (Performance)သည် (0 to 60mph)အား (6.8 Seconds)ဖြင့် အမြန်ဆုံးရောက်ရှိနိုင်ပါမည်။ (Engine Type) (၃)ခုလုံးတွင် (8- Speed Automatic Gear Box)အားတပ်ဆင်ထားပါသည်။
(2017) Audi Q5) တွင် ပါဝင်မှုများ အပေါ်မူတည်ကာ (2.0T Premium)၊ (2.0T Premium Plus)၊ (3.0T Premium Plus)၊ (3.0T Prestige) နှင့် (2.0T Hybrid Prestige) ဟူ၍ (Trim Level) (5) မျိုးခွဲခြားထားပါသည်။ (2017 Q5) တွင်ထည့်သွင်းထားသည့်ထူးခြားသည့် ပါဝင်မှုများမှာ (မြင်ကွင်းကျယ် အမိုးဖွင့်စနစ်)၊ (Tri-zone automatic climate control)၊ (Adaptive Bi-Xenon headlights)၊ (Power lifegate)၊ (Upgrade MMI System with Consoel-mounted controls)၊ (14-Speakers Bong and Olufsen audio system) တို့ဖြစ်ကြပါသည်။ အဆိုပါ (Standard Features) များအပြင် (Audi`s Exclusive Line)၊ (Adaptive Suspension Damper)၊ (Upgrade Leather Seating) စသည့်ပါဝင်မှုများအား အပိုဆောင်းပါဝင်မှု Optional အနေဖြင့် မှာယူရနိုင် ပါသည်။ (2017 Audi Q5) ၏ Cargo Space သည်ပုံမှန်အနေဖြင့် (29.1 Cubic Feet) ခန့်အကျယ် ရှိပြီး ဒုတိယထိုင်ခုံတန်းအား ခေါက်သိမ်းလိုက်ပါက (57.3 Cubic Feet) ခန့်အထိရနိုင် ပါသည်။
(2017 Audi Q5) တွင်ပါဝင်သည့် လုံခြုံရေးပါဝင်မှုများမှာ (Stability and Traction control)၊ (Fully Airbags System) တို့ပါဝင်ကြပြီး (Parking Sensors)၊ (Blind-spot warning System) တို့ အား (Technology Package) အမည်ဖြင့် အပိုဆောင်းမှာယူရနိုင်ပါသည်။
(2017 Audi Q5) အား (US$ 46945) ခန့်ဖြင့်ရောင်းချမည်ဖြစ်ပါသည်။၎င်း၏ ဈေးကွက် ယှဉ်ပြိုင်ဘက်ဖြစ်သည့် အခြားသော (Brands) များမှာ (2017 BMW X3)၊ (2017 Mercedes-Benz GLC-Class)၊ (2016 Acura RDX) တို့ဖြစ်ကြပါသည်။(Audi) ၏ အထူးထင်ရှား သည့် (2017 Model) (Audi Q5 SUV) အားတင်ဆက်အပ်ပါသည်ခင်ဗျား။