လွပေကၽာ႔ရွင္းေသာကိုယ္ဟန္သစ္ႏွင့္ တစ္ေခတ္ဆန္းလာမယ္႔ 2017entley Bentayga SUV

Unicode version…

အင်္ဂလန်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ကမ္ဘာကျော် Bentley ကားထုတ်လုပ်ရေး ကုမ္ပဏီက ပထမဦးဆုံး မျိုးဆက်သစ် Super-luxury SUV ကားနဲ့ customers တွေကို မိတ်ဆက် ပေးခဲ့ပါတယ်။ တစ်ခေတ်ဆန်း နည်း ပညာတွေနဲ့ မတူကွဲပြားစွာ ပုံဖော် ထုဆစ်ခဲ့တဲ့ ဒီကား လေးရဲ့ ဖွဲ့စည်း တည်ဆောက်ပုံတွေကို Drive ကား မဂ္ဂဇင်း ရဲ့ စာဖတ်သူတွေ အတွက် သတင်းထူး၊ သတင်း ဦး အဖြစ်ဖော်ပြပေးချင်ပါတယ်။ Bentley ရဲ့ Bentayga Super-luxury SUV ကားသစ်လေးက စျေးကွက် အ တွင်းမှာ အရင်ထိုးဖောက်နေရာယူထားတဲ့ Rolls-Royce Cullinan နဲ့ Lamborghini Urus ကားတွေရဲ့ နောက်က နေ မကြာခင် အမီလိုက်နိုင်တော့မယ်လို့ ကုမ္ပဏီက ပြော ခဲ့ပါတယ်။

ပုံစံသစ်၊ ဒီဇိုင်းသစ်၊ နည်းပညာသစ်တွေနဲ့ ဖန်တီး လုပ်ဆောင်ပေးခဲ့လို့ SUV ကားလောမှာ လူကြိုက်များ ထင်ရှားလာမယ့် ကားတစ်စီးဖြစ်တယ်ဆိုတာကို အငြင်း ပွားနေစရာမလိုတော့ပါဘူး။ လျင်မြန်သွက်လက်ပြီး လွယ် ကူပေ့ါပါးစွာ လုပ်ဆောင်နိုင်မယ့် functions အများအပြား ကို ထည့်သွင်းတပ်ဆင်ပေးထားလို့ Bentley ရဲ့ ပထမ တန်းစား SUV လို့ပြောချင်ပါတယ်။

Off-road မှာ မောင်းနှင်နိုင်တဲ့ စွမ်းဆောင်ရည် ရှိဖို့ ကြီးမားတဲ့ 6.0 liter twin-turbo W12 အင်ဂျင်ကို တပ်ဆင် အသုံးပြုပေးထားပါတယ်။ မြင်းကောင်ရေ 600 hp ထွက်ရှိပြီး ရုန်းအားက 664 pound-feet ပါ။ Four Wheels Drive နဲ့ eight-speed automatic transmission စနစ် ဖြစ်ပါတယ်။ ဘယ်မောင်းစနစ်ကို အသုံးပြုနိုင်ပြီး manual ကို ပြောင်းသုံးနိုင်တဲ့ function လည်းပါဝင်ပါတယ်။

0-60 mph ကို ၃.၅စက္ကန့် နဲ့ အရောက်မောင်း သွားနိုင်ပါလိမ့်မယ်။ SUV ကားလောကမှာ အမြန်ဆုံး နှုန်းထား လို့ဆိုရမှာပါ။ အင်ဂျင်ပါဝါကြီးကြီးနဲ့ off-road တွေမှာ မောင်းသွားပေမယ့် အကွေ့အဝိုက်နဲ့ ကုန်းဆင်း ကုန်းတက် လမ်းတွေမှာ သက်သောင့်သက်သာ လိုက်ပါ စီးနင်းနိုင်မယ့် အဆင့်မြင့် Suspension နည်းပညာနဲ့ အ ထောက်အကူ ပြုလုပ်ပေးပါတယ်။ Standard model မှာ အဆင့်မြင့်သားရေနဲ့ ချုပ်လုပ်ထားတဲ့ ထိုင်ခုံ၊ တည်ငြိမ် မှုရှိတဲ့ Air Suspension စနစ်၊ ထိုင်ခုံငါးလုံး တပ်ဆင်ထား တဲ့ အတွင်းခန်း၊ မြင်ကွင်းကျယ်ကို ကြည့်ရှုခံစားနိုင်တဲ့ panoramic sun-roof အလွယ်တကူပိတ်နိုင်တဲ့ soft close door, hatch back ကားတွေမှာ တပ်ဆင်တဲ့ Power tailgate ၊ အင်တာနက် အသုံးပြုနိုင်တဲ့ Wi-Fi connectivity, LED lights နဲ့ အပူပေးစနစ်ပါဝင်တဲ့ heated Windshield တို့ပါဝင်ပါတယ်။ ကားထုတ်လုပ်တဲ့ တစ်နှစ် အတွင်းမှာ အမှာစာ အစောဆုံး ပေးပို့တဲ့ customers တစ်ချို့ ကိုတော့ ဒေါ်လာ ၁၆ဝ,ဝဝဝ တန် Breitling Tourbillon Dashboard နာရီကို တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

မြို့တွင်းလမ်းနဲ့ Highway လမ်းတွေမှာ အန္တရာယ် ကင်းရှင်းစွာမောင်းနှင်နိုင်မယ့် Adaptive Cruise Control နဲ့ Top-View ကင်မရာ စနစ်တွေကိုလည်း Standard model မှာ တပ်ဆင်ပေးထားပါတယ်။ ဝန်တင် ဆောင်မှု အနည်း၊ အများကို ထိန်းညှိ လုပ်ဆောင်ပေးနိုင် တဲ့ air suspension စနစ်က ယာဉ်ကို မောင်းနှင်ချိန်မှာ ယိမ်းယို်င်မှု မရှိပဲ တည်ငြိမ်မှုကို အထောက်အကူပြု ပေး ပါတယ်။ နောက်ဖက်ထိုင်ခုံတွေကို သီးသန့် အပူပေးစနစ် တပ်ဆင်ထားပြီး three-zone climate control system ကို နောက်ဖက်ထိုင်ခုံတွေအတွက်ပိုင်းခြား လုပ်ဆောင် ပေးသွားနိုင်ပါလိမ့်မယ်။ navigation စနစ်ကို ၈လက်မ အရွယ်အစားရှိတဲ့ touch screen မှာ အသုံးပြုသွားနိုင်မှာ ပါ။

နောက်ဖက်ထိုင်ခုံမှာ သုံးယောက် ထိုင်နိုင်တဲ့ ခုံ တန်းရှည် အဖြစ်အသုံးပြုသွားနိုင်ပြီး center armrest ကို တော့ အသုံးမပြုတဲ့ အချိန်မှာ ခေါက်ပြီးသိိမ်းထားနိုင်ပါ တယ်။ နောက်ဖက်မှာ နှစ်ယောက်ပဲ ထိုင်စီးမယ်ဆိုရင် တော့ ဇိမ်ကျကျစီးနင်းသွားနိုင်ပါလိမ့်မယ်။ နောက်ဖက် ထိုင်ခုံကို ပစ္စည်းသိုလှောင်နိုင်တဲ့ နေရာ အဖြစ်လုပ်ဆောင် ထားပြိး USB Port ကို တပ်ဆင်ပေးထားပါတယ်။ နောက် ဖက် ထိုင်ခုံတွေအတွက် ရှေ့ထိုင်ခုံတွေမှာလို power-adjustment စနစ်ကို ရွေးချယ်တပ်ဆင်နိုင်မှာပါ။ ခေါင်းမှီ ပါဝင်တဲ့ ထိုင်ခုံအမျိုးအစားအပါအဝင် လေဝင်လေထွက် စနစ် ကောင်းမွန်ပြီး အညောင်းအညာပြေစေမယ့် အနေ အထားတွေကို လုပ်ဆောင်နိုင်တဲ့ function တွေပါဝင် ပါတယ်။

မြို့ တွင်းလမ်းတွေမှာ မောင်းနှင်ဖို့ ဘေကင်းလုံခြုံ ရေးဆိုင်ရာ စနစ်များစွာကိုလည်း ရွေးချယ်အသုံးပြုသွား နိုင်ပါလိမ့်မယ်။ Automatic prarking စနစ်၊ Top-view camera တွေအပြင် အချက်ပြမီးဆိုင်ရာ အမှတ်အသား၊ ယာဉ်မတော်တဆမှုကို ကြိုတင်ထောက်လှမ်း ပေးပြီး အလို အလျောက် ဘရိတ်စနစ်နဲ့ တွဲဖက်အသုံးပြုနိုင်တဲ့ functions တွေလည်း ပါဝင်ပါတယ်။ နောက်ဖက်ယာဉ် ကြော ကျပ်တည်းမှုကို သတိပေးသွားမယ့် rear cross- traffic alert system ကိုလည်း လုပ်ဆောင်နိုင်ပါတယ်။

မြို့ ပြင်ဖက်ကို ခရီးသွားမယ်ဆိုရင်တော့ Adapti- ve cruise control, lane keeping assist, head-up-display gauge cluster နဲ့တွဲဖက်ပြီး အသုံးပြုသွားနိုင်တဲ့ night-vision system တို့ပါဝင်ပါတယ်။ ယာဉ်မောင်းက ကားကို မောင်းနှင်နေစဉ်မှာ အချိန်ကုန်ခံပြီး မြေပြင် အနေ အထား၊ လမ်းအနေအထားတွေကို ရွေးချယ် နေစရာ မလိုပဲ မောင်းသွားနိုင်ဖို့အတွက် four off-road driving modes ကို တပ်ဆင်ပေးထားပါတယ်။

Bentley ရဲ့ Bentayga ကားမှာ နေရောင်ကာ sun visor နဲ့ power sunshades တို့ပါဝင်ပြီး ဆေးလိပ် ပြာခွက်နဲ့ မီးခြစ်တွေကို ရှေ့နဲ့နောက် ထိုင်ခုံနှစ်မျိုးလုံး အတွက် အထူးတပ်ဆင်ပေးထားပါတယ်။ နောက်ဖက်မှာ ရှိတဲ့အလယ်ခုံကို ခေါက်သိမ်းထားပြီး ကိုယ်ပိုင် ဖန်ခွက် တွေကိုသိမ်းဆည်းထားနိုင်ပါတယ်။

Entertainment နည်းပညာပိုင်းမှာ အဆင့်မြှင့် ထားတဲ့ စတီရီယို စနစ်တွေကို ရွေးချယ်သွားနိုင်မှာပါ။ 12 Speaker နဲ့ Naim 21-speaker system တို့ကို အသုံးပြု နိုင်ပါလိမ့်မယ်။ နောက်ဖက်ထိုင်ခုံ ဖျော်ဖြေရေးစနစ် အတွက် 10.2 လက်မ အရွယ်အစားရှိတဲ့ touchscreen နှစ်ခုကို ရှေ့ဖက်ထိုင်ခုံရဲ့ နောက်ဖက်မှာ ချိတ်ဆွဲပေးထား ပြိး infotainment system နဲ့ digital TV တို့ကို ကြည့်ရှု နိုင်မှာ ဖြစ်ပါတယ်။ ၂၂လက်မ အရွယ်ဘီးကို တပ်ဆင် သွားနိုင်မှာဖြစ်ပြီး roof rails, chrome radiator grille တို့ ပါဝင်ပါတယ်။ အတွင်းခန်းနဲ့ အပြင်ပိုင်းအတွက် ထူးကဲ ကောင်းမွန်တဲ့ အရောင်တွေကို ရွေးချယ်သွားနိုင်မှာ ဖြစ်ပြီး သစ်သားထည်နဲ့ အလှဆင်ထားတဲ့ အရည်အသွေးမြင့် dashboard ကိုလည်း တပ်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။

Active Anti-Roll နည်းပညာကို အသုံးပြုထားလို့ မြွေလိမ်မြွေကောက် လမ်းတွေပေါ်မှာ ယာဉ်ကို မောင်းနှင် မယ်ဆိုရင် sport mode နဲ့ comfort mode နှစ်မျိုး စလုံးအတွက် ဘီးလည်ပတ်မှုကို မြဲမြ့ံစေပြီး လမ်းချော် ထွက် မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ZF eight –speed automatic transmission စနစ်က စတီယာရင် ကွင်း အလှည့်အပြောင်းတွေမှာ တိကျသေချာမှုကိုရရှိ စေပါလိမ့်မယ်။ ကိုယ်ထည်ပိုင်းကို အလူမီနီယံ နဲ့ တည်ဆောက် ထားလို့ အလေးချိန်ကို လျော့ကျစေခဲ့တဲ့ အပြင် start/stop system ပါဝင်တဲ့အတွက် fuel economy ကို အထောက်အကူဖြစ်စေပါတယ်။

Off-road မောင်းနှင်ချိန်မှာ ယာဉ်မောင်းအတွက် ဘေးကင်း လုံခြံုမှုရှိပြီး အချိန်ကုန်သက်သာ စေမယ့် standard driving mode လေးမျိုးကိုလည်း တပ်ဆင် ပေးထားပါတယ်။ Snow / Wet grass mode (နှင်း (သို့) မိုးရေစွတ်စိုနေတဲ့မြက်ခင်း)၊ gravel mode (ကျောက် စရစ်လမ််း)၊ mud mode (ရွှံ့ ထူထပ်သောလမ်း)၊ ruts & sand mode (သဲထူသောလမ်း) တို့ပါဝင်ပါတယ်။ အဆင့် မြင့်နည်းပညာဖြစ်တဲ့ air suspension system ရဲ့ ချိန်ညှိ လုပ်ဆောင်ပေးမှုကြောင့် လမ်းတစ်လျောက်မှာ တွေ့ရှိရ မယ့် အနှောက်အယှက် အတားအဆီးတွေကို အေးအေး လူလူ ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။

အရေးကြီးတဲ့ သတင်းအချက်အလက် တွေဖြစ်တဲ့ စတီရာယင် အချိုး အကွေ့ နဲ့ suspension စနစ်တွေကို အံဝင်ခွင်ကျ ဖြစ်အောင် လုပ်ဆောင်သွားဖို့ ယာဉ်မောင်းဆီကို အချိန် နဲ့ တစ်ပြေးညီသတင်းပို့ပေး နေတာကတော့ 360 ဒီဂရီ surround view camera ပဲဖြစ်ပါတယ်။ ဒီနည်းပညာ နှစ် မျိုးကတော့ ကားအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာ နှစ်ပါးလို့ ဆိုနိုင်ပါတယ်။

Customers တွေရဲ့ ဘေးကင်းလုံခြံုမှုအတွက် ဦး စားပေး လုပ်ဆောင်ထားတဲ့ ရှေ့ပိုင်းနဲ့ ဘေးဖက် Air bag system နဲ့ ယာဉ်ကို တည်ငြိမ်အောင် ထိန်းကျောင်းပေး နိုင်တဲ့ stability control systems တွေလည်း ပါဝင် ပါတယ်။ Tire Pressure monitoring system က နောက်ဖက် မြင်ကွင်းကြည့်ကင်မရာ နဲ့ front-view camera တွေကို ပေါင်းစပ်ပြီး ရှုထောင့် ပေါင်းစုံကနေ စောင့်ကြည့်စစ်ဆေးပေးနေလို့ ကားရဲ့ အရှိန်နှေးသွားတာ နဲ့ သတိပေးသွားမှာ ဖြစ်ပါတယ်။

ကားရဲ့ အလေးချိန်က 5600 ပေါင် အထက်မှာ ရှိပြီး အမြင့်ဆုံးမောင်းနိုင်တဲ့ speed က 187 mph ပါ။ EPA rate က မြို့တွင်းပိုင်း 12mpg နဲ့ hgihgway 19mpg မို့ ဆီစားသက်သာတယ်လို့ ဆိုနိုင်ပါတယ်။ လေး ယောက်စီး ကားမှာတော့ နောက်ဖက်ပိုင်း rear center console မှာ စားစရာ (သို့) ဝီစကီပုလင်းတွေကို အအေးခံ ထားနိုင်တဲ့ ရေခဲသေတ္တာကို တပ်ဆင်ပေးထားလို့ သက်သောင့်သက်သာ အနားယူရင်း ခရီးစဉ်တစ်လျှောက် စိတ်အေးချမ်း သာယာမှု အပြည့်နဲ့ စီးနင်းသွားနိုင်ပါ လိမ့် မယ်။ Bentayga ကားက Super Relaxed, Super Smooth, Super quite & comfortable ဖြစ်တာကြောငု့် highway cruiser ကားအဖြစ် SUV ကားလောကရဲ့ ထိပ် ဆုံး အဆင့်မှာ နေရာယူလာတော့မှာပါ။ လက်တွေ့ ကျကျ မသုံးသပ်ခင် ကားရဲ့ specs: ကို ယေဘူယျ သဘော လောက် လေ့လာကြည့်ကြစေချင်ပါတယ်။

Specifications

Engine :W12 Turbo 6.0 Liter

Horsepower :600hp @ 5000 rpm

Torque :664 lb-ft

Transmission :8 Speed Automatic wit Manual Mode

Drivetrain : AWD

Class :Luxury Utility

Body Style :SUV / Crossover

Standard MPG : 12 City /19Hwy

Fuel Type : Unleaded Premium

Seating Capacity :5 / 4

ပါဝါ

Zawgyi version…

အဂၤလန္ႏိုင္ငံမွာ အေျခစိုက္ထားတဲ့ ကမၻာေက်ာ္ Bentley ကားထုတ္လုပ္ေရး ကုမၸဏီက ပထမဦးဆံုး မ်ဳိးဆက္သစ္ Super-luxury SUV ကားနဲ႔ customers ေတြကို မိတ္ဆက္ ေပးခဲ့ပါတယ္။ တစ္ေခတ္ဆန္း နည္း ပညာေတြနဲ႔ မတူကဲြျပားစြာ ပံုေဖာ္ ထုဆစ္ခဲ့တဲ့ ဒီကား ေလးရဲ႕ ဖဲြ႕စည္း တည္ေဆာက္ပံုေတြကို Drive ကား မဂၢဇင္း ရဲ႕  စာဖတ္သူေတြ အတြက္ သတင္းထူး၊ သတင္း ဦး  အျဖစ္ေဖာ္ျပေပးခ်င္ပါတယ္။ Bentley ရဲ႕   Bentayga Super-luxury SUV ကားသစ္ေလးက ေစ်းကြက္ အ တြင္းမွာ အရင္ထိုးေဖာက္ေနရာယူထားတဲ့ Rolls-Royce Cullinan နဲ႔ Lamborghini  Urus ကားေတြရဲ႕  ေနာက္က ေန မၾကာခင္ အမီလိုက္ႏိုင္ေတာ့မယ္လို႔ ကုမၸဏီက ေျပာ ခဲ့ပါတယ္။

ပံုစံသစ္၊ ဒီဇိုင္းသစ္၊ နည္းပညာသစ္ေတြနဲ႔ ဖန္တီး လုပ္ေဆာင္ေပးခဲ့လို႔ SUV ကားေလာမွာ လူႀကိဳက္မ်ား ထင္ရွားလာမယ့္ ကားတစ္စီးျဖစ္တယ္ဆိုတာကို အျငင္း ပြားေနစရာမလုိေတာ့ပါဘူး။ လ်င္ျမန္သြက္လက္ၿပီး လြယ္ ကူေပ့ါပါးစြာ လုပ္ေဆာင္ႏိုင္မယ့္ functions အမ်ားအျပား ကို ထည့္သြင္းတပ္ဆင္ေပးထားလို႔ Bentley ရဲ႕   ပထမ တန္းစား SUV လို႔ေျပာခ်င္ပါတယ္။

Off-road မွာ ေမာင္းႏွင္ႏိုင္တဲ့ စြမ္းေဆာင္ရည္ ရွိဖို႔ ႀကီးမားတဲ့ 6.0 liter twin-turbo W12 အင္ဂ်င္ကို တပ္ဆင္ အသံုးျပဳေပးထားပါတယ္။ ျမင္းေကာင္ေရ 600 hp ထြက္ရွိၿပီး ရုန္းအားက 664 pound-feet ပါ။ Four Wheels Drive နဲ႔ eight-speed automatic transmission စနစ္ ျဖစ္ပါတယ္။ ဘယ္ေမာင္းစနစ္ကို အသံုးျပဳႏိုင္ၿပီး manual ကို ေျပာင္းသံုးႏိုင္တဲ့ function လည္းပါဝင္ပါတယ္။

0-60 mph ကို ၃.၅စကၠန္႔ နဲ႔ အေရာက္ေမာင္း သြားႏိုင္ပါလိမ့္မယ္။ SUV ကားေလာကမွာ အျမန္ဆံုး ႏႈန္းထား လုိ႔ဆိုရမွာပါ။ အင္ဂ်င္ပါဝါႀကီးႀကီးနဲ႔ off-road ေတြမွာ ေမာင္းသြားေပမယ့္ အေကြ႕အဝိုက္နဲ႔ ကုန္းဆင္း ကုန္းတက္ လမ္းေတြမွာ သက္ေသာင့္သက္သာ လိုက္ပါ စီးနင္းႏိုင္မယ့္ အဆင့္ျမင့္ Suspension နည္းပညာနဲ႔ အ ေထာက္အကူ ျပဳလုပ္ေပးပါတယ္။ Standard model မွာ အဆင့္ျမင့္သားေရနဲ႔ ခ်ဳပ္လုပ္ထားတဲ့ ထိုင္ခံု၊ တည္ၿငိမ္ မႈရွိတဲ့ Air Suspension စနစ္၊ ထိုင္ခံုငါးလံုး တပ္ဆင္ထား တဲ့ အတြင္းခန္း၊ ျမင္ကြင္းက်ယ္ကို ၾကည့္ရႈခံစားႏိုင္တဲ့ panoramic sun-roof အလြယ္တကူပိတ္ႏိုင္တဲ့ soft close door, hatch back ကားေတြမွာ တပ္ဆင္တဲ့ Power tailgate ၊ အင္တာနက္ အသံုးျပဳႏိုင္တဲ့ Wi-Fi connectivity, LED lights နဲ႔ အပူေပးစနစ္ပါဝင္တဲ့ heated Windshield တို႔ပါဝင္ပါတယ္။ ကားထုတ္လုပ္တဲ့ တစ္ႏွစ္ အတြင္းမွာ အမွာစာ အေစာဆံုး ေပးပို႔တဲ့ customers တစ္ခ်ိဳ႕  ကိုေတာ့ ေဒၚလာ ၁၆ဝ,ဝဝဝ တန္ Breitling Tourbillon Dashboard နာရီကို တပ္ဆင္ေပးသြားမွာ ျဖစ္ပါတယ္။

ၿမိဳ႕တြင္းလမ္းနဲ႔ Highway လမ္းေတြမွာ အႏၱရာယ္ ကင္းရွင္းစြာေမာင္းႏွင္ႏိုင္မယ့္ Adaptive Cruise Control နဲ႔ Top-View ကင္မရာ စနစ္ေတြကိုလည္း Standard model မွာ တပ္ဆင္ေပးထားပါတယ္။ ဝန္တင္ ေဆာင္မႈ အနည္း၊ အမ်ားကို ထိန္းညွိ လုပ္ေဆာင္ေပးႏိုင္ တဲ့ air suspension စနစ္က ယာဥ္ကို ေမာင္းႏွင္ခ်ိန္မွာ ယိမ္းယို္င္မႈ မရွိပဲ တည္ၿငိမ္မႈကို အေထာက္အကူျပဳ ေပး ပါတယ္။ ေနာက္ဖက္ထိုင္ခံုေတြကို သီးသန္႔ အပူေပးစနစ္ တပ္ဆင္ထားၿပီး three-zone climate control system ကို ေနာက္ဖက္ထိုင္ခံုေတြအတြက္ပိုင္းျခား လုပ္ေဆာင္ ေပးသြားႏိုင္ပါလိမ့္မယ္။ navigation စနစ္ကို ၈လက္မ အရြယ္အစားရွိတဲ့ touch screen မွာ အသံုးျပဳသြားႏိုင္မွာ ပါ။

ေနာက္ဖက္ထိုင္ခံုမွာ သံုးေယာက္ ထုိင္ႏိုင္တဲ့ ခံု တန္းရွည္ အျဖစ္အသံုးျပဳသြားႏိုင္ၿပီး center armrest ကို ေတာ့ အသံုးမျပဳတဲ့ အခ်ိန္မွာ ေခါက္ၿပီးသိိမ္းထားႏိုင္ပါ တယ္။ ေနာက္ဖက္မွာ ႏွစ္ေယာက္ပဲ ထိုင္စီးမယ္ဆိုရင္ ေတာ့ ဇိမ္က်က်စီးနင္းသြားႏိုင္ပါလိမ့္မယ္။ ေနာက္ဖက္ ထိုင္ခံုကို ပစၥည္းသိုေလွာင္ႏိုင္တဲ့ ေနရာ အျဖစ္လုပ္ေဆာင္ ထားၿပိး USB Port ကို တပ္ဆင္ေပးထားပါတယ္။ ေနာက္ ဖက္ ထိုင္ခံုေတြအတြက္ ေရွ႕ထုိင္ခံုေတြမွာလို power-adjustment စနစ္ကို ေရြးခ်ယ္တပ္ဆင္ႏိုင္မွာပါ။ ေခါင္းမွီ ပါဝင္တဲ့ ထိုင္ခံုအမ်ဳိးအစားအပါအဝင္ ေလဝင္ေလထြက္ စနစ္ ေကာင္းမြန္ၿပီး အေညာင္းအညာေျပေစမယ့္ အေန အထားေတြကို လုပ္ေဆာင္ႏိုင္တဲ့ function ေတြပါဝင္ ပါတယ္။

ၿမိဳ႕ တြင္းလမ္းေတြမွာ ေမာင္းႏွင္ဖုိ႔ ေဘကင္းလံုၿခံဳ ေရးဆိုင္ရာ စနစ္မ်ားစြာကိုလည္း ေရြးခ်ယ္အသံုးျပဳသြား ႏိုင္ပါလိမ့္မယ္။ Automatic prarking စနစ္၊ Top-view camera ေတြအျပင္ အခ်က္ျပမီးဆိုင္ရာ အမွတ္အသား၊ ယာဥ္မေတာ္တဆမႈကို ႀကိဳတင္ေထာက္လွမ္း ေပးၿပီး အလို အေလ်ာက္ ဘရိတ္စနစ္နဲ႔ တြဲဖက္အသံုးျပဳႏိုင္တဲ့ functions ေတြလည္း ပါဝင္ပါတယ္။ ေနာက္ဖက္ယာဥ္ ေၾကာ က်ပ္တည္းမႈကို သတိေပးသြားမယ့္ rear cross- traffic alert system ကိုလည္း လုပ္ေဆာင္ႏိုင္ပါတယ္။

ၿမိဳ႕ ျပင္ဖက္ကို ခရီးသြားမယ္ဆုိရင္ေတာ့ Adapti- ve cruise control, lane keeping assist, head-up-display gauge cluster နဲ႔တဲြဖက္ၿပီး အသံုးျပဳသြားႏိုင္တဲ့ night-vision system တို႔ပါဝင္ပါတယ္။ ယာဥ္ေမာင္းက ကားကို ေမာင္းႏွင္ေနစဥ္မွာ အခ်ိန္ကုန္ခံၿပီး ေျမျပင္ အေန အထား၊ လမ္းအေနအထားေတြကို ေရြးခ်ယ္ ေနစရာ မလိုပဲ ေမာင္းသြားႏိုင္ဖုိ႔အတြက္ four off-road driving modes ကို တပ္ဆင္ေပးထားပါတယ္။

Bentley ရဲ႕ Bentayga ကားမွာ ေနေရာင္ကာ sun visor နဲ႔ power sunshades တို႔ပါဝင္ၿပီး ေဆးလိပ္ ျပာခြက္နဲ႔ မီးျခစ္ေတြကို ေရွ႕နဲ႔ေနာက္ ထိုင္ခံုႏွစ္မ်ဳိးလံုး အတြက္ အထူးတပ္ဆင္ေပးထားပါတယ္။ ေနာက္ဖက္မွာ ရွိတဲ့အလယ္ခံုကို ေခါက္သိမ္းထားၿပီး ကိုယ္ပိုင္ ဖန္ခြက္ ေတြကိုသိမ္းဆည္းထားႏိုင္ပါတယ္။

Entertainment နည္းပညာပိုင္းမွာ အဆင့္ျမွင့္ ထားတဲ့ စတီရီယုိ စနစ္ေတြကို ေရြးခ်ယ္သြားႏိုင္မွာပါ။ 12 Speaker နဲ႔ Naim 21-speaker system တို႔ကို အသံုးျပဳ ႏိုင္ပါလိမ့္မယ္။ ေနာက္ဖက္ထိုင္ခံု ေဖ်ာ္ေျဖေရးစနစ္ အတြက္ 10.2 လက္မ အရြယ္အစားရွိတဲ့  touchscreen ႏွစ္ခုကို ေရွ႕ဖက္ထိုင္ခံုရဲ႕ ေနာက္ဖက္မွာ ခ်ိတ္ဆဲြေပးထား ၿပိး infotainment system နဲ႔ digital TV တုိ႔ကို ၾကည့္ရႈ ႏိုင္မွာ ျဖစ္ပါတယ္။ ၂၂လက္မ အရြယ္ဘီးကို တပ္ဆင္ သြားႏုိင္မွာျဖစ္ၿပီး roof rails, chrome radiator grille တို႔ ပါဝင္ပါတယ္။ အတြင္းခန္းနဲ႔ အျပင္ပိုင္းအတြက္ ထူးကဲ ေကာင္းမြန္တဲ့ အေရာင္ေတြကို ေရြးခ်ယ္သြားႏိုင္မွာ ျဖစ္ၿပီး သစ္သားထည္နဲ႔ အလွဆင္ထားတဲ့ အရည္အေသြးျမင့္ dashboard ကိုလည္း တပ္ဆင္ေပးသြားမွာ ျဖစ္ပါတယ္။

Active Anti-Roll နည္းပညာကို အသံုးျပဳထားလုိ႔ ေျမြလိမ္ေျမြေကာက္ လမ္းေတြေပၚမွာ ယာဥ္ကို ေမာင္းႏွင္ မယ္ဆိုရင္ sport mode နဲ႔ comfort mode ႏွစ္မ်ဳိး စလံုးအတြက္ ဘီးလည္ပတ္မႈကို ၿမဲၿမ႔ံေစၿပီး လမ္းေခ်ာ္ ထြက္ မသြားေအာင္ ကာကြယ္ေပးႏိုင္ပါတယ္။ ZF eight –speed automatic transmission စနစ္က စတီယာရင္ ကြင္း အလွည့္အေျပာင္းေတြမွာ တိက်ေသခ်ာမႈကိုရရွိ ေစပါလိမ့္မယ္။ ကိုယ္ထည္ပိုင္းကို အလူမီနီယံ နဲ႔ တည္ေဆာက္ ထားလို႔ အေလးခ်ိန္ကို ေလ်ာ့က်ေစခဲ့တဲ့ အျပင္ start/stop system ပါဝင္တဲ့အတြက္ fuel economy ကို အေထာက္အကူျဖစ္ေစပါတယ္။

Off-road ေမာင္းႏွင္ခ်ိန္မွာ ယာဥ္ေမာင္းအတြက္ ေဘးကင္း လံုၿခံဳမႈရွိၿပီး အခ်ိန္ကုန္သက္သာ ေစမယ့္ standard driving mode ေလးမ်ဳိးကိုလည္း တပ္ဆင္ ေပးထားပါတယ္။ Snow / Wet  grass mode (ႏွင္း (သို႔) မိုးေရစြတ္စိုေနတဲ့ျမက္ခင္း)၊ gravel mode (ေက်ာက္ စရစ္လမ္္း)၊ mud mode (ရႊံ႕ ထူထပ္ေသာလမ္း)၊ ruts & sand mode (သဲထူေသာလမ္း) တု႔ိပါဝင္ပါတယ္။ အဆင့္ ျမင့္နည္းပညာျဖစ္တဲ့ air suspension system ရဲ႕ ခ်ိန္ညိွ လုပ္ေဆာင္ေပးမႈေၾကာင့္ လမ္းတစ္ေလ်ာက္မွာ ေတြ႔ရွိရ မယ့္ အေႏွာက္အယွက္ အတားအဆီးေတြကို ေအးေအး လူလူ ေက်ာ္ျဖတ္သြားႏိုင္ပါလိမ့္မယ္။

အေရးႀကီးတဲ့ သတင္းအခ်က္အလက္ ေတြျဖစ္တဲ့ စတီရာယင္ အခ်ဳိး အေကြ႕  နဲ႔ suspension စနစ္ေတြကို အံဝင္ခြင္က်  ျဖစ္ေအာင္ လုပ္ေဆာင္သြားဖုိ႔ ယာဥ္ေမာင္းဆီကို အခ်ိန္ နဲ႔ တစ္ေျပးညီသတင္းပို႔ေပး ေနတာကေတာ့ 360 ဒီဂရီ surround view camera ပဲျဖစ္ပါတယ္။ ဒီနည္းပညာ ႏွစ္ မ်ဳိးကေတာ့ ကားအတြက္ အဖုိးမျဖတ္ႏိုင္တဲ့ ရတနာ ႏွစ္ပါးလို႔ ဆိုႏိုင္ပါတယ္။

Customers ေတြရဲ႕ ေဘးကင္းလံုၿခံဳမႈအတြက္ ဦး စားေပး လုပ္ေဆာင္ထားတဲ့ ေရွ႔ပိုင္းနဲ႔ ေဘးဖက္ Air bag system နဲ႔ ယာဥ္ကို တည္ၿငိမ္ေအာင္ ထိန္းေက်ာင္းေပး ႏိုင္တဲ့ stability control systems ေတြလည္း ပါဝင္ ပါတယ္။ Tire Pressure monitoring system က ေနာက္ဖက္ ျမင္ကြင္းၾကည့္ကင္မရာ နဲ႔ front-view camera ေတြကို ေပါင္းစပ္ၿပီး ရႈေထာင့္ ေပါင္းစံုကေန ေစာင့္ၾကည့္စစ္ေဆးေပးေနလို႔ ကားရဲ႕ အရွိန္ေႏွးသြားတာ နဲ႔ သတိေပးသြားမွာ ျဖစ္ပါတယ္။

ကားရဲ႕ အေလးခ်ိန္က 5600 ေပါင္ အထက္မွာ ရွိၿပီး အျမင့္ဆံုးေမာင္းႏိုင္တဲ့ speed က 187 mph ပါ။ EPA rate က ၿမိဳ႕တြင္းပိုင္း 12mpg နဲ႔ hgihgway 19mpg မို႔ ဆီစားသက္သာတယ္လုိ႔ ဆိုႏိုင္ပါတယ္။ ေလး ေယာက္စီး ကားမွာေတာ့ ေနာက္ဖက္ပိုင္း rear center console မွာ စားစရာ (သို႔) ဝီစကီပုလင္းေတြကုိ အေအးခံ ထားႏိုင္တဲ့ ေရခဲေသတၱာကို တပ္ဆင္ေပးထားလို႔ သက္ေသာင့္သက္သာ အနားယူရင္း ခရီးစဥ္တစ္ေလွ်ာက္ စိတ္ေအးခ်မ္း သာယာမႈ အျပည့္နဲ႔ စီးနင္းသြားႏုိင္ပါ လိမ့္ မယ္။ Bentayga ကားက Super Relaxed, Super Smooth, Super quite & comfortable ျဖစ္တာေၾကာငု့္ highway cruiser ကားအျဖစ္ SUV ကားေလာကရဲ႕ ထိပ္ ဆံုး အဆင့္မွာ ေနရာယူလာေတာ့မွာပါ။ လက္ေတြ႕ က်က် မသံုးသပ္ခင္ ကားရဲ႕ specs: ကို ေယဘူယ် သေဘာ ေလာက္ ေလ့လာၾကည့္ၾကေစခ်င္ပါတယ္။

Specifications

Engine               :W12  Turbo  6.0 Liter

Horsepower        :600hp @ 5000 rpm

Torque               :664 lb-ft

Transmission        :8 Speed Automatic wit Manual   Mode

Drivetrain           : AWD

Class                 :Luxury  Utility

Body  Style         :SUV / Crossover

Standard MPG    : 12  City /19Hwy

Fuel  Type          : Unleaded  Premium

Seating Capacity :5 / 4

 ပါဝါ                                     

LEAVE A REPLY

Please enter your comment!
Please enter your name here