Unicode version…
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံတွင် Brand New ကားအစီးရေ ၈၂၂၅ စီးရောင်းချခဲ့ရပြီး ၂၀၁၆ ခုနှစ်က ထက် ၂ ဆနီးပါးပိုမိုရောင်းချခဲ့ရကြောင်း မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်း (MAADA)မှတစ်ဆင့်သိရသည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က ပြည်တွင်းစျေးကွက်အတွင်းရောင်းချခဲ့ရသော Brand New စာရင်းများအရ BMW မှ ၉၀ စီး၊ Chevrolet မှ ၂၇၁ စီး၊ DFM မှ ၆၀ စီး၊ Ford မှ ၉၇၉ စီး၊CCAM Daimler(Fuso) မှ ၉၇ စီး၊ GAC မှ ၃၁ စီး၊Higer မှ ၂၇ စီး၊ Hino မှ ၄၉ စီး၊ Hyundai Truck & Bus မှ ၆၃စီး၊ Jaguar မှ ၁၆ စီး၊ Land Rover မှ ၂၉ စီး၊ Mazda မှ ၃၆၀ စီး၊ Mercedes မှ ၅၅ စီး၊ Mitsubishi မှ ၁၇၄ စီး၊ Nissan မှ ၅၅၀ စီး၊ Scania မှ ၉၇စီး၊ Suzuki မှ ၃၃၉၇ စီး၊ Toyota မှ ၁၈၂၈ စီးနှင့် Volvo မှ ၅၂ စီးတို့အသီးသီးရောင်းချခဲ့ရသည်။ နှစ်အလိုက် Brand New ကားရောင်းချရမှုစာရင်းများအရ ၂၀၁၆ တွင် စုစုပေါင်း ၄၁၆၈ စီး၊ ၂၀၁၅ တွင် ၃၉၉၈ စီးနှင့် ၂၀၁၄ တွင် ၃၃၄၂ စီးတို့အသီးသီးရောင်းချခဲ့ရသည်။ နှစ်အလိုက်စာရင်းများကို နှိုင်းယှဉ်ကြည့်ပါက Brand New ကားအစီးရေရောင်းချရမှုက တိုးတက်လာပြီး ယခု ၂၀၁၈ ခုနှစ်တွင် ၂၀၁၇ နှစ်ကထက်ပိုမိုရောင်းချနိုင်ရန်မျှော်လင့်နေကြသည်။
Zawgyi version…
ျပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္က ျမန္မာႏုိင္ငံတြင္ Brand New ကားအစီးေရ ၈၂၂၅ စီးေရာင္းခ်ခဲ့ရျပီး ၂၀၁၆ ခုႏွစ္က ထက္ ၂ ဆနီးပါးပုိမုိေရာင္းခ်ခဲ့ရေၾကာင္း ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္ထုတ္လုပ္ျဖန္႕ျဖဴးေရာင္းခ်သူမ်ားအသင္း (MAADA)မွတစ္ဆင့္သိရသည္။ ျပီးခဲ့သည့္ ၂၀၁၇ ခုနွစ္က ျပည္တြင္းေစ်းကြက္အတြင္းေရာင္းခ်ခဲ့ရေသာ Brand New စာရင္းမ်ားအရ BMW မွ ၉၀ စီး၊ Chevrolet မွ ၂၇၁ စီး၊ DFM မွ ၆၀ စီး၊ Ford မွ ၉၇၉ စီး၊CCAM Daimler(Fuso) မွ ၉၇ စီး၊ GAC မွ ၃၁ စီး၊Higer မွ ၂၇ စီး၊ Hino မွ ၄၉ စီး၊ Hyundai Truck & Bus မွ ၆၃စီး၊ Jaguar မွ ၁၆ စီး၊ Land Rover မွ ၂၉ စီး၊ Mazda မွ ၃၆၀ စီး၊ Mercedes မွ ၅၅ စီး၊ Mitsubishi မွ ၁၇၄ စီး၊ Nissan မွ ၅၅၀ စီး၊ Scania မွ ၉၇စီး၊ Suzuki မွ ၃၃၉၇ စီး၊ Toyota မွ ၁၈၂၈ စီးႏွင့္ Volvo မွ ၅၂ စီးတုိ႕အသီးသီးေရာင္းခ်ခဲ့ရသည္။ ႏွစ္အလုိက္ Brand New ကားေရာင္းခ်ရမွဳစာရင္းမ်ားအရ ၂၀၁၆ တြင္ စုစုေပါင္း ၄၁၆၈ စီး၊ ၂၀၁၅ တြင္ ၃၉၉၈ စီးႏွင့္ ၂၀၁၄ တြင္ ၃၃၄၂ စီးတုိ႕အသီးသီးေရာင္းခ်ခဲ့ရသည္။ ႏွစ္အလုိက္စာရင္းမ်ားကုိ ႏွဳိင္းယွဥ္ၾကည့္ပါက Brand New ကားအစီးေရေရာင္းခ်ရမွဳက တုိးတက္လာျပီး ယခု ၂၀၁၈ ခုႏွစ္တြင္ ၂၀၁၇ ႏွစ္ကထက္ပိုမိုေရာင္းခ်ႏုိင္ရန္ေမွ်ာ္လင့္ေနၾကသည္။