Zawgyi version..
NX Turbo FWD
- – MPG 22 City / 28 Highway
- – Horse Power – 235 @ 4800
- – Torque -258 @ 1650 01/122
NX Turbo AWD
- – MPG – 22 city / 28 High Way
- – Horse Power – 235 @ 4800
- – Torque – 258 @ 1650 2.0L / 122
မင်းသစ်ထူး
Unicode version…
သစ်လွင်တောက်ပတဲ့ ကိုယ်ထည်ဒီဇိုင်းနဲ့ စတိုင်ကျလှပနေတဲ့ 2017 LEXUS NX
ဂျပန်နိုင်ငံအခြေစိုက် နာမည်ကြီး ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Toyota ရဲ့ 2017 Lexus NX ကို ဒီလ ထုတ် Drive မဂ္ဂဇင်းမှာ ကားချစ်သူ စာဖတ်ပရိတ်သတ်တွေ အတွက် မိတ်ဆက်ပေးချင်ပါတယ်။ NX ရဲ့ New model ကိုတော့ 2015 ထုတ်ကုန်ကနေ အဆင့်မြှင့်တင် ခဲ့တာ ဖြစ်ပြီး 2016 ကို ကျော်ဖြတ်ပြီးအခုလက်ရှိမှာတော့ 2017 Model အနေနဲ့ အဆင့်ဆင့်ပြောင်းလဲထုတ်လုပ် လာခဲ့ တာပါ။ Lexus NX ကားက အဆင့်မြင့်မောင်းနှင်နိုင် တဲ့ SUV ကားအမျိုးအစားထဲမှာ ပါ၀င်ပါတယ်။ လူ နဲ့ ကုန် ပစ္စည်းတွေကို တင်ဆောင်မောင်းနှင်ဖို့ စွမ်းဆောင် နိုင်ရည်အပြည့်ရှိပြီး အောက်ပိုင်းစနစ်မှာ စပရိန် ကို ထည့် သွင်းပေးထားလို့ Sport ကား Style မျိုးလည်း မောင်းနှင်နိုင်ပါတယ်။
2.0Liter turbo four – cylinder အင်ဂျင်ကို NX ကားအတွက် စံအဖြစ် သတ်မှတ်အသုံးပြုထားပြီး NX 300h hybrid All – Wheel Drive ကားကိုလည်း ရွေး ချယ်နိုင်ပါလိမ့်မယ်။ NX 300h hybrid ကားမှာ front-wheel-drive ကိုပါ ရွေးချယ်သွားနိုင်မှာပါ။ 18 လက်မ wheel တွေကို တပ်ဆင်ပေးထားပြီး တောက်ပတဲ့ ဆေးရောင်နှစ်မျိုးနဲ့ ကိုယ်ထည်ကို အလှဆင်ထား ပါ တယ်။ Ultra Sonic Blue Mica 2.0 နဲ့ Molten Pearl အရောင်တို့ဖြစ်ပြီး F sport Models အတွက်တော့ ပုလဲ ရောင်ကိုသာအသုံးပြုထားပါတယ်။ Lexus NX ကားက Standard Feature အဖြစ် Scout GPS Link စနစ်ကို အသုံးပြုထားပါတယ်။ Smartphone App တွေကို Infotainment Screen မှာ turn – by – turn directions နဲ့ Displayed လုပ်သွား နိုင်ပါလိမ့်မယ်။ ၀ယ်ယူသူ အဆင်ပြေပြေအသုံးပြုနိုင်မယ့် Standard Feature တွေကိုလည်း တပ်ဆင်ပေးထားပါ သေးတယ်။
7.0 inch infotainment screen, Power – Adjustable driver’s Seat, Rear Privacy Glass နဲ့ Dual – Zone Automatic climate control တို့ ပါ၀င်ပါတယ်။ Lexus ရဲ့ ဖောက်သည် customer တွေ စိတ်ကြိုက်ရွေး ချယ်ဝယ်ယူနိုင်မည့် အမျိုးအစားတွေကိုလည်း စျေးနှုန်း သတ်မှတ်ချက် အမျိုးမျိုးနဲဲ့ ခွဲခြားထားပေး ပါတယ်။ ခေတ်မှီလှပတဲ့ front – grille design ကို ပြောင်းလဲပြုပြင်ထားတဲ့ NX 200t F Sport ကားမှာ သက်သောင့် သက်သာရှိလှတဲ့ ထိုင်ခုံစနစ်ကို တပ်ဆင် ပေးထားပါ တယ်။ Front wheel – drive F Sport ကား ကို အမေရိကန် ဒေါ်လာ 38,255 ရောင်းစျေးသတ်မှတ် ပေး ထားပြီး base line ကားဖြစ်တဲ့ NX 200t ထက် ရောင်းစျေးက အမေရိကန်ဒေါ်လာ 2175 ပိုများပါလိမ့် မယ်။ NX ကားရဲ့ ရောင်းချေးသတ်မှတ်ချက်က အမေရိ ကန် ဒေါ်လာ 40,000 အောက်မှာရှိနေပြီး All – Wheel Drive ကတော့ bottom line ထက် အမေရိကန်ဒေါ်လာ 1400 ပိုပြီးပေးရမှာပါ။ Power rear hatch ကို အသုံး ပြုမယ်ဆိုရင် အမေရိကန်ဒေါ်လာ 400 ကို အပိုဆောင် ပေးရမှာဖြစ်ပါတယ်။ ရှေ့ထိုင်ခုံ အပူပေးစနစ်အတွက် အမေရိကန်ဒေါ်လာ 440 ပိုမိုပေးကြရမှာဖြစ်ပေမယ့် ဒီလိုစနစ်မျိုးတွေပါ၀င်နေတဲ့ ကားကိုတော့ တန်ဖိုးရှိတဲ့ Luxuries ကားလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။
အင်ဂျင်ရဲ့ စွမ်းဆောင်နိုင်ရည်ကို လေ့လာကြည့် မယ်ဆိုရင် NX 200t ကားက မြင်းကောင်းရေ 235 ph ထွက်ရှိနိုင်တဲ့ turbocharged 2.0Liter four-Cylinder engine ကို တပ်ဆင်ပေးထားပါတယ်။ Transmission စနစ်ကတော့ six – speed Automatic ဖြစ်ပြီး Front – wheel Drive နဲ့ All – Wheel Drive နှစ်မျိုးကို ရရှိနိုင်မှာ ပါ။ Drive test ရဲ့ ရလဒ်အနေနဲ့ All Wheel Drive Sport NX 200t အမျိုးအစားက Zero – to – 60 mph ကို 7.1 စက္ကန့်နဲ့ အရောက်မောင်းသွားနိုင်ပါလိမ့်မယ်။ EPA rating ကတော့ NX 200t Base ကားအတွက် 22 mpg city နဲ့ 28 mpg highway ဖြစ်ပါတယ်။ Hybrid ကားဖြစ်တဲ့ NX 300h ကတော့ Zero to 60 mph ကို 8.8 စက္ကန့်နဲ့ မောင်းသွားနိုင်မှာပါ။ 84 mph ကိုတော့ 16.8 စက္ကန့်နဲ့ မောင်းမှာဖြစ်ပါတယ်။ Hybrid ကားမှာ Continuously variable Automatic Transmission (CVT) စနစ်ကို တပ်ဆင်အသုံးပြုထားလို့ ပုံမှန်အသုံးပြု ခဲ့တဲ့ Six – speed Automatic စနစ်ထက် လှုပ်ရှားမှုနဲ့ တုံ့ပြန်မှု စွမ်းရည်ပိုမိုမြင့်မားလာတာကို တွေ့ရှိရပါတယ်။ Infotainment systems အတွက် အသုံးပြုဖို့ 7လက်မ အရွယ် screen ကို dashpot မှာတပ်ဆင်ပေးထားပြီး အချိန်နှင့်အမျှ ပြောင်းလဲနေတဲ့ ယာဉ်ကြောကျပ်တည်း မှု အခြေအနေနဲ့ ရာသီဥတုအခြေအနေကို အချိန်နဲ့ တပြေး ညီ သိရှိသွားနိုင်မှာ ဖြစ်ပါတယ်။
Infotainment System က Bluetooth phone နဲ့ Audio စနစ်ဆက်သွယ်မှုတွေကို လုပ်ဆောင်ပေးနိုင် ပါ လိမ့်မယ်။ ၀ယ်ယူအသုံးပြုသူတွေ နှစ်သက်သဘောကျ စေမယ့် Lexus Inform App Suite ကို ရွေးချယ်တပ် ဆင်နိုင်ပါတယ်။ခေတ်ပေါ်တေးသီချင်းတွေကို download ဆွဲနိုင်ခြင်း၊ ဒေသတွင်း အနှံ့အပြားသိလိုတာ တွေကို ရှာဖွေနိုင်တဲ့ Local Searches ၊ ညနေစာ စားသုံးနိုင်မယ့် နေရာကို လမ်းညွှန်ပေးနိုင်မယ့် dinner reservations နဲ့ ကုန်ပစ္စည်းသယ် အလုပ်သမားတွေကို ခေါ်ယူပေးနိုင်တဲ့ Concierge Apps တွေ ထည့်သွင်းထားပါတယ်။
Navigation System အတွက် Forgo App ကို ရွေးချယ်နိုင်ပြီး Lexus ရဲ့ Scout GPS Link နဲ့ ပေါင်းစပ် အသုံးပြုသွားနိုင်မှာပါ။ Infotainment screen မှာ အသုံး ပြုသူရဲ့ Smart phone နဲ့ turn – by – turn direction အတိုင်း displays လုပ်သွားနိုင်ပါလိမ့်မယ်။ Lexus NX ရဲ့ ပြင်ပရုပ်သွင်က လှပတင့်တယ်မှုနဲ့ တောက်ပမှုတွေ ပေါင်း စည်နေပြီး SUV ကားအမျိုးအစား တွေထဲကနေ သီးသန့် ခွဲထွက်နေတဲ့ Style မျိုးဖြစ်ပါတယ်။ SUV ကားမို့ အရွယ်အစားကြီးနေပေမယ့် ကျစ်လစ်သိပ် သည်းတဲ့ Compact ကား ဒီဇိုင်းမျိုး ဦးတည်လုပ်ဆောင် ထားလို့ ကား Parking ထိုးချိန်မှာ နေရာလိုအပ်မှု အတွက် စိတ်ဖိစီးဖို့မလိုပဲ တခြားကားတွေရဲ့ ကြားမှာ ကျပ်ကျပ် တည်းတည်း ၀င်ရောက်ရပ်နားနိုင်ပါလိမ့်မယ်။
အမေရိကန် နိုင်ငံအခြေစိုက် National Highway Traffic Safety Administration (NHTSA) အဖွဲ့ကြီးက ရှေ့ပိုင်းယာဉ်တိုက်ခိုက်မှုအခြေအနေ Crash Test ကို အဆင့်ငါးဆင့်ခွဲပြီး စစ်ဆေးခဲ့ပါတယ်။ ဆေးဘက်တိုက် ခိုက်မှုတွေအပါအဝင် NX 200t နဲ့ NX 300h ကားအမျိုး အစားနှစ်မျိုးလုံးကို စစ်ဆေးခဲ့ရာမှာ NHTSA အဖွဲ့ကြီးရဲ့ Five stars အဆင့်ကို ရရှိခဲ့ပြီး Insurance Institute for High Way Safety (IIHS) အဖွဲ့ကြီးကတော့ 2017 NX ကားကို Top Safety Pick + honors အဆင့်ကို သတ် မှတ်ပေးခဲ့လို့ ဘေးကင်းလုံခြုံမှု စနစ်တွေနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ “Good” Result ကို ရရှိထားခဲ့ပါတယ်။ စစ်ဆေးမှုတွေမှာ Airbags, Child Seats နဲ့ Spare Tire Location တွေကိုပါ စစ်ဆေးခဲ့တာ ပါ။
Active Safety Features တွေကို Customers တွေ နှစ်သက်သလို တပ်ဆင်အသုံးပြုသွားနိုင်ပါလိမ့် မယ်။ ရှေ့ပိုင်းယာဉ်တိုင်ခိုက်မှုဖြစ်စဉ်ကို ကြိုတင်တားဆီး ပေးနိုင်တဲ့ autonomous Emergency Braking System ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ရေဒါစနစ်ကို အခြေခံထား တဲ့ Radar – Based Adaptive Cruise Control စနစ် ကို အမေရိကန်ဒေါ်လာ 900 နဲ့ တပ်ဆင်နိုင်မှာပါ။ လမ်းကြောင်း သွေဖည်မှုကို သတိပေး သွားနိုင်တဲ့ Lane – departure Warning System မှာတော့ လမ်းအမှတ် အသားတွေကို စောင့်ကြည့်ပေး မယ့် Forward – Facing Cameras ပါ၀င်ပြီး ယာဉ်မောင်းလမ်းချော်ချိန်မှာ သတိ ပေးမယ့်အသံ၊ သတိပေးစနစ်တို့ ပါ၀င်မှာဖြစ်ပါတယ်။ နေ့စဉ်အသုံးပြုဖို့ လိုအပ်တဲ့နောက်ကြည့်ကင်မရာ စနစ်က မြင်ကွင်းတွေ ကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင် ပါမှာပါ။
2017 Lexus NX ကားက ဘရိတ်စနစ်မှာ ပြည့်စုံ လုံလောက်တဲ့ စွမ်းဆောင်ရည်ရှိပြီး ကောင်းမွန်စွာ လုပ်ဆောင်နိုင်တဲ့တွက် နေ့စဉ် ယာဉ်ကိုမောင်းနေရတဲ့ ယာဉ်မောင်းတွေကို သက်သောင့်သက်သာဖြစ်စေ ပြီး စိတ်ပျော်ရွှင်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်တဲ့ Luxury SUV ကားဖြစ်ပါတယ်။ Lexus ဆိုရင် ဘယ်လို Models မျိုးပဲလာလာ စီးမှာပဲလို့ ဆုံးဖြတ်နေကြတဲ့ Customers တွေ လေ့လာနိုင်ဖို့ Specification ကို ဖော်ပြပေးလိုက်ပါ တယ်။
2017 Lexus NX Specification
NX Turbo FWD
– Transmission Automatic
– Drive train Front Wheel Drive
– MPG 22 City / 28 Highway
– Engine – Intercooled Turbo Premium Unleaded I-4 01/122
– Horse Power – 235 @ 4800
– Torque -258 @ 1650 01/122
NX Turbo AWD
– Transmission – Automatic
– Drive train – All Wheel Drive
– MPG – 22 city / 28 High Way
– Engine – Intercooled Turbo Premium Unleaded I-4 01/122
– Horse Power – 235 @ 4800
– Torque – 258 @ 1650 2.0L / 122
မင်းသစ်ထူး