Unicode Version…
ပြိုင်ကားလို့ ပြောလိုက်ရင်အရင်ဆုံး စွဲမက်ဖွယ်ရာဒီဇိုင်း၊ပြောင်မြောက်တဲ့နည်းပညာတွေရှိတဲ့အီတလီနိုင်ငံက ကားထုတ် လုပ်ရေးကုမ္ပဏီတွေကို ပြေးမြင်မိပါလိမ့်မယ်။ နောက်ပိုင်းမှာ ကားလောကရဲ့ Demand ကိုက Sport ကားတွေဘက် ရောက်လာတော့ ကားထုတ်လုပ်သူတိုင်းက Sport ကားစစ်စစ်တွေမဟုတ်တောင်မှ Sport ဆန်တဲ့ ကားတွေကို အပြိုင်အ ဆိုင်ထုတ်လုပ်လာကြပါတယ်။ အခုမိတ်ဆက်ပေးချင်တဲ့ ကားလေးကလည်း ဂျပန်နိုင်ငံထုတ် စပေါ့ကား တစ်စီးဖြစ်ပြီး Mazda 3 လို့အမည်ရပါတယ်။ ဒီကားလေးက Compact Sedan အမျိုးအစားဖြစ်ပြီး ၂၀၀၃ ခုနှစ်ကတည်း ကစတင်ထုတ် လုပ်လာခဲ့တာ အခုဆို တတိယမျိုး ဆက်တိုင်ရှိလာပါပြီ။ စထုတ်တုန်းက Mazda 3 ဟာ Ford ရဲ့ C1 Platform ကိုအ ခြေခံခဲ့ပြီး Ford Focus နဲ့ Volvo S40 တို့နဲ့ဆင်တူခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မှာ Kodo Design ကိုအသက်သွင်းခဲ့ပြီး နောက်မှာတော့ Mazda 3 က Mazda ထုတ် မော်ဒယ်တွေထဲမှာ Sport အဆန်ဆုံး ကားတစ်စီးအဖြစ်သတ်မှတ်ခံခဲ့ ရပါတယ်။ ကဲ..သူ့အကြောင်း ဆက်ကြည့်လိုက်ရအောင်ပါနော်။
အပြင်ဘက်ပိုင်း
အရင်ဆုံးပြောရမှာက အဆင့်မြှင့်တင်ထားတဲ့ Kodo Design ကြောင့် ရှေ့ရှဲပုံစံကတော့ Mazda ရဲ့ Logo သင်္ကေတ အတိုင်း Chrome ပတ်လည်ဖြစ်သွားပါတယ်။ Mazda 3 က Mazda 2 နဲ့ပိုနီးတယ်လို့ ထင်ရပေမယ့် တကယ်တမ်းက Mazda 6 အသေးစားပုံစံထုတ်ထားတာဖြစ်ပါတယ်။ ရှေ့ရှဲထဲမှာအတန်းလိုက်အမည်းရောင် Chrome တွေပါတာက Mazda 6 နဲ့ဆင်ပြီးတော့ ပြိုင်ကားတစ်စီးနဲ့ဟန်ပန်မျိုးထင်းကနဲပိုလွင်နေပါတယ်။ ဘော်ဒီတည်ဆောက်ပုံ၊ အနားရေး ကြောင်းတွေက Aerodynamic ပိုဖြစ်သလို စပေါ့စတိုင်လှပသွားတယ်။ သိသာစေတာက ဘောနက်ဖုံးနဲ့ တစ်စီးလုံးမှာပါတဲ့ လေခွင်းကောင်းအောင်လုပ်ထားတဲ့ ဖောင်းလိုင်းတွေအနုစိတ်ပါဝင်တာပဲဖြစ်ပါတယ်။ ရှေ့မီးကြီးတွေကလည်း ကားနဲ့အတူ လိုက်မကွေ့ပေးနိုင်ပေမယ့် သာမန်ထက်ပိုပြီး အလင်းဖြန့်ကျက်အား၊စူးအားပိုကောင်းတဲ့ Adaptive LED Headlights တွေသုံးထားတယ်။ နောက်ပြီးတော့ Fog Lamp ,Day time running Lamp လိုအဆင်တန်ဆာတွေလည်း ပါဝင် ပါသေးတယ်။ နောက်ဘက်ပိုင်းကလည်း Sport ကားတစ်စီးရဲ့ပုံစံမျိုးနဲ့တူပြီး ဘော်ဒီထဲရောက်နေတဲ့ ပေါင်းစပ်မီး တွေပါတယ်။ နောက်ပြီးတော့ Rear roof spoiler နဲ့ Shark-fin antenna တွေအပြင် လှပပြီး စပေါ့ဆန်အောင် Alloy 18 inches ခွေတွေကိုသုံးထားတယ်။
အတွင်းခန်း
Mazda 3 ရဲ့အတွင်းခန်းက ရိုးရှင်းတယ်။ Function စုံတယ်။ ပထမဆုံးပြောချင်တာက Mazda 3 ရဲ့Sport လည်သာ ထိုင်ခုံတွေက အနုစိတ်လက်ချုပ်တွေနဲ့ဖန်တီးထားပြီး သက်သောင့်သက်သာရှိမှုနဲ့ အံဝင်ခွင်ကျဖြစ်စေမှာဖြစ်ပါတယ်။ Driver ထိုင်ခုံက Seat Motor နဲ့လာပါတယ်။ စတီယာရင်ကလည်း Mazda ရဲ့ပုံစံအတိုင်းပါပဲ။ 3 spoke Sport Steering ဖြစ်ပြီး လည်သာကြိုးချုပ် ဖြစ်ပါတယ်။ အဲဒီစတီယာရင်မှာလည်း Audio , Bluetooth ,Cruise Control တွေကိုထိန်းချုပ်နိုင်တဲ့ wheel-mounted စနစ်ပါဝင်ပါတယ်။ နောက်ပြီး Head up Display ပါတော့ ကားကောင်းတစ်စီးဆို တာလက်ခံလို့ရပြီပေါ့နော်။ ဒတ်ရှ်ဘုတ်ကိုလည်း Quality ကောင်းတဲ့ Materials တွေကိုသုံးထားပြီး Piano black ကာလာဖြစ်ပါတယ်။ ရှေ့ခန်းမှာ လက်တင်ခုံတွေ၊ခွက်ထည့်စရာတွေ၊ ဖုန်းနဲ့ အခြားပစ္စည်းတွေကို ထည့်စရာနေရာတွေ အတော်များများတွေ့ရပါတယ်။ ပြီးတော့ ဒတ်ရှ်ဘုတ်ပေါ်မှာပါတဲ့ 7 inch Full Colour Touch Screen Display မှာလည်း AM/FM /CD /MP3 /DVD, USB audio/iPod connectivity , လမ်းကြောင်းပြစနစ်နဲ့ အခြား Info တွေကို လိုသလိုထိန်းချုပ်နိုင်သလို အခြားဥရောပ နာမည်ကြီး Car Brand တွေမှာလိုပဲ Touch Screen ကိုကွန်ပြူ တာလိုထိန်းချုပ်နိုင်တဲ့ Command Control ကို ဂီယာတံနားမှာထည့်သွင်းထားတာကလည်း Mazda ရဲ့ signature ဖြစ်ပါတယ်။ နောက်ပြီး AUX , USB sockets တွေပါဝင်ပြီး Sound System ကလည်း Bose Speakers 6 လုံးသုံးထား ပါတယ်။ အဲကွန်းစနစ်က Dual ဖြစ်ပြီး Engine start/stop button လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ နောက်ထပ် ပြောပြ ပေးချင်တာက Mazda ရဲ့နောက်ဘက်ထိုင်ခုံတွေက တော်တော်လေးကျယ်ကျယ်ဝန်းဝန်းရှိပြီး နောက်ဘက်ထိုင်ခုံအ လယ်မှာ ခေါက်သိမ်းနိုင်တဲ့ လက်တင်ခုံနဲ့အတူ ခွက် ၂ ခွက်ထည့်စရာပါပါတယ်။ ပြီးတော့ နောက်ခုံကို 60:40 ခေါက် သိမ်းနိုင်ပြီး နောက်ဘက် Back Trunk နဲ့ပါတွဲသုံးနိုင်ပါတယ်။ ဒါကြောင့် နောက်ဘက်ဝန်တင်ခန်းနဲ့မဆန့်တဲ့ပစ္စည်း တွေပါလာရင် နောက်ခုံတန်းကိုခေါက်သိမ်းပြီး သယ်ဆောင်လို့ရနိုင်ပါသေးတယ်။ Cargo Space က 364 litres ရှိပြီး နောက်ခုံတန်းကိုပါခေါက်လိုက်ရင်တော့ 1263 litres အထိဆန့်မှာဖြစ်ပါတယ်။
အင်ဂျင်နဲ့စွမ်းဆောင်ရည်ပိုင်း
ဒီကားကို SKYACTIV-G 1.5 L Gasoline အင်ဂျင်ကိုသုံးထားပြီး Semi Auto Transmission 6 ချက်ကိုသုံးထားပါတယ်။ မြင်းကောင်ရေ ၁၁၀ နီးပါးလောက်ထွက်ရှိမှာဖြစ်ပြီး Acceleration က 0 to 100 km ကို ၁၀.၈ စက္ကန့်ထဲနဲ့ရောက် ရှိနိုင်မှာဖြစ်ပါတယ်။ Top speed က ၁နာရီကို ၁၁၃ မိုင်ရောက်ရှိနိုင်မှာဖြစ်ပြီး ဆီစားနှုန်းကတော့ ပျှမ်းမျှကီလိုမီတာ ၁၀၀ ကို ၅.၁ လီတာဖြစ်ပါတယ်။
လုံခြုံရေးအပိုင်း
ဒီအပိုင်းမှာတော့ Mazda က လုံခြုံရေးကိုဦးစားပေးတဲ့ Brand တစ်ခုဖြစ်တာနဲ့အညီ အလိုအလျောက်အလုပ်လုပ်ပေးတဲ့ Rain-Sensing Windshield Wipers , လမ်းချော်မှုတွေမဖြစ်အောင် ကာကွယ်ပေးမယ့် Traction Control ကို Dynamic Stability Control (DSC) နဲ့တွဲသုံးထားတယ်။ပြီးတော့ တိကျတဲ့ Guide Line တွေပါတဲ့ Rear View Camera, Air Bags 6 လုံး , တစ်ဘက်ယာဉ်လမ်းကြောထဲရောက်ရင် သတိပေးမယ့် Lane Departure Warning , Anti-lock Braking System (ABS) + EBD + EBA, Cruise Control , Mazda ရဲ့မူပိုင် Smart City Break System (လမ်းကြော ကျပ်တဲ့အချိန်၊မီးပွိုင့်တွေမှာ ခေတ္တကားရပ်နားထားချိန်မှာ ယာဉ်မောင်းသူအနေနဲ့ ဘရိတ်ကို ထိထိမိမိ မနင်းမိချိန်မှာ ဒီစနစ်က ဘရိတ်ကိုတင်း တင်းကြပ်ကြပ် နင်းပေးမှာဖြစ်ပါတယ်)တို့ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Mazda ကဖန်တီးထုတ် လုပ်လိုက်တဲ့ G Vectoring Control System ပါဝင်ပြီး အဲဒါက စတီယာရင်ထိန်းချုပ်မှုကို ကောင်း အောင်ပြုလုပ် ပေးထားတာပါ။ဆိုပါစို့ ကားကွေ့ တာတွေ၊အဝိုင်းပတ်တာမျိုးတွေမှာ ယာဉ်မောင်းအနေနဲ့ စတီယာရင်ကို လိုက်ပြီးက စားပေးစရာမလိုဘူး။ဒီစနစ်က ချိုးကွေ့ရ၊ ထိန်းကျောင်းရကောင်းအောင်လုပ်ပေးနိုင်ပါတယ်။

စမ်းသပ်မောင်းနှင်ခြင်း
1.5L ပေမယ့်တော်တော်ရုန်းပါတယ်။ လမ်းပေါ်မှာ အကွေ့အဝိုက်နေရာတွေ မောင်းရတာ တော်တော်လေးကောင်းတယ်။ စတီယာရင်ကလည်း Electronic Power Assist System (EPAS) သုံးထားပြီး စပေါ့ဆန်တော့ စည်းစည်းပိုင်ပိုင်ရှိတယ်။ စပေါ့ကားတစ်စီးမောင်းရတဲ့ အရသာမျိုးရတယ်။ Sport Mode ပြောင်းပြီးအရှိန်တင်မောင်းနှင်မှုတွေမှာလည်း တော်တော် လေးကောင်းပါတယ်။ Peddle Shift လည်းပါတော့ စပေါ့ဝိသေသတွေပိုစုံသွားတာပေါ့။ မြင်းကောင်ရေ ၁၁၀ လောက် ပေမယ့် စပေါ့ကားတစ်စီးလိုပဲ လှစ်လှစ်ထနေတယ်။ နောက်ပြီး ဒီကားက Mazda ရဲ့အဓိကထားတဲ့ နည်းပညာတွေထဲ မှာပါဝင်တဲ့ နေရာချထားမှုကောင်းမွန်တဲ့အတွက်ခြေနင်းပြားတွေက အသုံးပြုရတာ လွယ်ကူတာနဲ့ ကားမောင်းနေချိန်မှာ တစ်စီးလုံး ကိုခြုံကြည့်ရတာက အရမ်းကောင်းတော့ ဘယ် လောက်မြန်မြန် မောင်းမောင်း စိတ်ထဲမှာ လုံခြုံနေတယ်လို့ ခံစားရ ပါတယ်။ Minimum turning circle က 11.3 m ဆိုတော့ U turn တွေမှာအခက်အခဲမရှိနိုင်ဘူး။ ဘရိတ်စနစ်နဲ့ အောက်ပိုင်းတွေကလည်း အဆင်မြင့်တဲ့ အငွေ့အသက်တွေခံစားမိပါတယ်။
ဈေးနှုန်းနဲ့သုံးသပ်ချက်
ဒီကားလေးက Mazda 6 ရဲ့ကိုယ်ပွားလေးဖြစ်လို့ မောင်းနှင်မှု၊ လုံခြုံရေး၊ဆီစားနှုန်းတွေမှာ အရမ်းကောင်းပါတယ်။ ပြီးတော့ Mazda ရဲ့မူပိုင်နည်းပညာတွေဖြစ်တဲ့ Smart City Break System တို့၊ G Vectoring Control System တို့ကို သုံးထားလို့ အရမ်းကို ပြီးပြည့်စုံတယ်လို့ဆိုနိုင်သလို ဇိမ်ခံစပေါ့ဆီဒင်အသေးမျိုးလည်းဖြစ်လို့ လူငယ်တွေအကြိုက်တွေ့ စေမယ့် အသွင်အပြင်တွေပါဝင်ပါတယ်။ဒါပေမယ့် Hand Brake ကို Electronic Parking Brake တွေသုံးထား မယ်၊ပြီးတော့ Sunfoof သာပါခဲ့မယ်ဆိုရင် ပိုပြီးတော့ ကောင်းသွားမယ်ထင်ပါတယ်။ အခုတင်ဆက်ပြသမောင်းနှင်ခဲ့တဲ့ Mazda 3 Sedan ရဲ့ဈေးကတော့ USD 38,999 ဖြစ်ပါတယ်။

Specification…
Engine – SKYACTIV-G 1.5 L Gasoline
Displacement(CC) – 1496 cc
Transmissions – 6-Speed Semi Auto
Maximum Power (HP/rpm) – 108/6,000
Maximum Torque (Nm/rpm) – 141 / 4,000
Wheelbase – 2700 mm
Top speed (km/h) – 185km
Acceleration (0-100km/ sec.) – 10.7
Fuel tank capacity – 51 liters

Zawgyi Version…

ျပိဳင္ကားတစ္စီးရဲ႕အသြင္အျပင္နဲ႔ လွပတဲ့ Sport Sedan ကားတစ္စီး (သုိ႔) Mazda 3
ျပိဳင္ကားလုိ႔ ေျပာလုိက္ရင္အရင္ဆုံး စြဲမက္ဖြယ္ရာဒီဇုိင္း၊ေျပာင္ေျမာက္တဲ့နည္းပညာေတြရွိတဲ့အီတလီႏိုင္ငံက ကားထုတ္ လုပ္ေရးကုမၸဏီေတြကုိ ေျပးျမင္မိပါလိမ့္မယ္။ ေနာက္ပုိင္းမွာ ကားေလာကရဲ႕ Demand ကုိက Sport ကားေတြဘက္ ေရာက္လာေတာ့ ကားထုတ္လုပ္သူတုိင္းက Sport ကားစစ္စစ္ေတြမဟုတ္ေတာင္မွ Sport ဆန္တဲ့ ကားေတြကုိ အျပိဳင္အ ဆုိင္ထုတ္လုပ္လာၾကပါတယ္။ အခုမိတ္ဆက္ေပးခ်င္တဲ့ ကားေလးကလည္း ဂ်ပန္ႏိုင္ငံထုတ္ စေပါ့ကား တစ္စီးျဖစ္ျပီး Mazda 3 လုိ႔အမည္ရပါတယ္။ ဒီကားေလးက Compact Sedan အမ်ိဳးအစားျဖစ္ျပီး ၂၀၀၃ ခုႏွစ္ကတည္း ကစတင္ထုတ္ လုပ္လာခဲ့တာ အခုဆုိ တတိယမ်ိဳး ဆက္တုိင္ရွိလာပါျပီ။ စထုတ္တုန္းက Mazda 3 ဟာ Ford ရဲ႕ C1 Platform ကုိအ ေျခခံခဲ့ျပီး Ford Focus နဲ႔ Volvo S40 တုိ႔နဲ႔ဆင္တူခဲ့ပါတယ္။ ဒါေပမဲ့ ၂၀၁၁ မွာ Kodo Design ကုိအသက္သြင္းခဲ့ျပီး ေနာက္မွာေတာ့ Mazda 3 က Mazda ထုတ္ ေမာ္ဒယ္ေတြထဲမွာ Sport အဆန္ဆုံး ကားတစ္စီးအျဖစ္သတ္မွတ္ခံခဲ့ ရပါတယ္။ ကဲ..သူ႕အေၾကာင္း ဆက္ၾကည့္လုိက္ရေအာင္ပါေနာ္။
အျပင္ဘက္ပုိင္း
အရင္ဆုံးေျပာရမွာက အဆင့္ျမွင့္တင္ထားတဲ့ Kodo Design ေၾကာင့္ ေရွ႕ရွဲပုံစံကေတာ့ Mazda ရဲ႕ Logo သေကၤတ အတုိင္း Chrome ပတ္လည္ျဖစ္သြားပါတယ္။ Mazda 3 က Mazda 2 နဲ႕ပုိနီးတယ္လုိ႔ ထင္ရေပမယ့္ တကယ္တမ္းက Mazda 6 အေသးစားပုံစံထုတ္ထားတာျဖစ္ပါတယ္။ ေရွ႕ရွဲထဲမွာအတန္းလုိက္အမည္းေရာင္ Chrome ေတြပါတာက Mazda 6 နဲ႔ဆင္ျပီးေတာ့ ျပိဳင္ကားတစ္စီးနဲ႔ဟန္ပန္မ်ိဳးထင္းကနဲပုိလြင္ေနပါတယ္။ ေဘာ္ဒီတည္ေဆာက္ပုံ၊ အနားေရး ေၾကာင္းေတြက Aerodynamic ပုိျဖစ္သလုိ စေပါ့စတုိင္လွပသြားတယ္။ သိသာေစတာက ေဘာနက္ဖုံးနဲ႔ တစ္စီးလုံးမွာပါတဲ့ ေလခြင္းေကာင္းေအာင္လုပ္ထားတဲ့ ေဖာင္းလုိင္းေတြအႏုစိတ္ပါဝင္တာပဲျဖစ္ပါတယ္။ ေရွ႕မီးၾကီးေတြကလည္း ကားနဲ႔အတူ လုိက္မေကြ႔ေပးႏိုင္ေပမယ့္ သာမန္ထက္ပုိျပီး အလင္းျဖန္႕က်က္အား၊စူးအားပုိေကာင္းတဲ့ Adaptive LED Headlights ေတြသုံးထားတယ္။ ေနာက္ျပီးေတာ့ Fog Lamp ,Day time running Lamp လုိအဆင္တန္ဆာေတြလည္း ပါဝင္ ပါေသးတယ္။ ေနာက္ဘက္ပုိင္းကလည္း Sport ကားတစ္စီးရဲ႕ပုံစံမ်ိဳးနဲ႕တူျပီး ေဘာ္ဒီထဲေရာက္ေနတဲ့ ေပါင္းစပ္မီး ေတြပါတယ္။ ေနာက္ျပီးေတာ့ Rear roof spoiler နဲ႔ Shark-fin antenna ေတြအျပင္ လွပျပီး စေပါ့ဆန္ေအာင္ Alloy 18 inches ေခြေတြကုိသုံးထားတယ္။
အတြင္းခန္း
Mazda 3 ရဲ႕အတြင္းခန္းက ရုိးရွင္းတယ္။ Function စုံတယ္။ ပထမဆုံးေျပာခ်င္တာက Mazda 3 ရဲ႕Sport လည္သာ ထုိင္ခုံေတြက အႏုစိတ္လက္ခ်ဳပ္ေတြနဲ႔ဖန္တီးထားျပီး သက္ေသာင့္သက္သာရွိမွဳနဲ႔ အံဝင္ခြင္က်ျဖစ္ေစမွာျဖစ္ပါတယ္။ Driver ထုိင္ခုံက Seat Motor နဲ႔လာပါတယ္။ စတီယာရင္ကလည္း Mazda ရဲ႕ပုံစံအတုိင္းပါပဲ။ 3 spoke Sport Steering ျဖစ္ျပီး လည္သာၾကိဳးခ်ဳပ္ ျဖစ္ပါတယ္။ အဲဒီစတီယာရင္မွာလည္း Audio , Bluetooth ,Cruise Control ေတြကုိထိန္းခ်ဳပ္ႏိုင္တဲ့ wheel-mounted စနစ္ပါဝင္ပါတယ္။ ေနာက္ျပီး Head up Display ပါေတာ့ ကားေကာင္းတစ္စီးဆုိ တာလက္ခံလုိ႔ရျပီေပါ့ေနာ္။ ဒတ္ရွ္ဘုတ္ကုိလည္း Quality ေကာင္းတဲ့ Materials ေတြကုိသုံးထားျပီး Piano black ကာလာျဖစ္ပါတယ္။ ေရွ႕ခန္းမွာ လက္တင္ခုံေတြ၊ခြက္ထည့္စရာေတြ၊ ဖုန္းနဲ႔ အျခားပစၥည္းေတြကုိ ထည့္စရာေနရာေတြ အေတာ္မ်ားမ်ားေတြ႔ရပါတယ္။ ျပီးေတာ့ ဒတ္ရွ္ဘုတ္ေပၚမွာပါတဲ့ 7 inch Full Colour Touch Screen Display မွာလည္း AM/FM /CD /MP3 /DVD, USB audio/iPod connectivity , လမ္းေၾကာင္းျပစနစ္နဲ႔ အျခား Info ေတြကုိ လုိသလုိထိန္းခ်ဳပ္ႏိုင္သလုိ အျခားဥေရာပ နာမည္ၾကီး Car Brand ေတြမွာလုိပဲ Touch Screen ကုိကြန္ျပဴ တာလုိထိန္းခ်ဳပ္ႏိုင္တဲ့ Command Control ကုိ ဂီယာတံနားမွာထည့္သြင္းထားတာကလည္း Mazda ရဲ႕ signature ျဖစ္ပါတယ္။ ေနာက္ျပီး AUX , USB sockets ေတြပါဝင္ျပီး Sound System ကလည္း Bose Speakers 6 လုံးသုံးထား ပါတယ္။ အဲကြန္းစနစ္က Dual ျဖစ္ျပီး Engine start/stop button လည္းပါဝင္ဦးမွာျဖစ္ပါတယ္။ ေနာက္ထပ္ ေျပာျပ ေပးခ်င္တာက Mazda ရဲ႕ေနာက္ဘက္ထုိင္ခုံေတြက ေတာ္ေတာ္ေလးက်ယ္က်ယ္ဝန္းဝန္းရွိျပီး ေနာက္ဘက္ထုိင္ခုံအ လယ္မွာ ေခါက္သိမ္းႏိုင္တဲ့ လက္တင္ခုံနဲ႕အတူ ခြက္ ၂ ခြက္ထည့္စရာပါပါတယ္။ ျပီးေတာ့ ေနာက္ခုံကုိ 60:40 ေခါက္ သိမ္းႏိုင္ျပီး ေနာက္ဘက္ Back Trunk နဲ႕ပါတြဲသုံးႏိုင္ပါတယ္။ ဒါေၾကာင့္ ေနာက္ဘက္ဝန္တင္ခန္းနဲ႕မဆန္႕တဲ့ပစၥည္း ေတြပါလာရင္ ေနာက္ခုံတန္းကုိေခါက္သိမ္းျပီး သယ္ေဆာင္လုိ႔ရႏုိင္ပါေသးတယ္။ Cargo Space က 364 litres ရွိျပီး ေနာက္ခုံတန္းကုိပါေခါက္လုိက္ရင္ေတာ့ 1263 litres အထိဆန္႔မွာျဖစ္ပါတယ္။
အင္ဂ်င္နဲ႕စြမ္းေဆာင္ရည္ပုိင္း
ဒီကားကုိ SKYACTIV-G 1.5 L Gasoline အင္ဂ်င္ကုိသုံးထားျပီး Semi Auto Transmission 6 ခ်က္ကုိသုံးထားပါတယ္။ ျမင္းေကာင္ေရ ၁၁၀ နီးပါးေလာက္ထြက္ရွိမွာျဖစ္ျပီး Acceleration က 0 to 100 km ကုိ ၁၀.၈ စကၠန္႔ထဲနဲ႔ေရာက္ ရွိႏိုင္မွာျဖစ္ပါတယ္။ Top speed က ၁နာရီကုိ ၁၁၃ မိုင္ေရာက္ရွိႏိုင္မွာျဖစ္ျပီး ဆီစားႏွဳန္းကေတာ့ ပွ်မ္းမွ်ကီလုိမီတာ ၁၀၀ ကုိ ၅.၁ လီတာျဖစ္ပါတယ္။
လုံျခဳံေရးအပုိင္း
ဒီအပုိင္းမွာေတာ့ Mazda က လုံျခဳံေရးကုိဦးစားေပးတဲ့ Brand တစ္ခုျဖစ္တာနဲ႕အညီ အလုိအေလ်ာက္အလုပ္လုပ္ေပးတဲ့ Rain-Sensing Windshield Wipers , လမ္းေခ်ာ္မွဳေတြမျဖစ္ေအာင္ ကာကြယ္ေပးမယ့္ Traction Control ကုိ Dynamic Stability Control (DSC) နဲ႔တဲြသုံးထားတယ္။ျပီးေတာ့ တိက်တဲ့ Guide Line ေတြပါတဲ့ Rear View Camera, Air Bags 6 လုံး , တစ္ဘက္ယာဥ္လမ္းေၾကာထဲေရာက္ရင္ သတိေပးမယ့္ Lane Departure Warning , Anti-lock Braking System (ABS) + EBD + EBA, Cruise Control , Mazda ရဲ႕မူပုိင္ Smart City Break System (လမ္းေၾကာ က်ပ္တဲ့အခ်ိန္၊မီးပြိဳင့္ေတြမွာ ေခတၱကားရပ္နားထားခ်ိန္မွာ ယာဥ္ေမာင္းသူအေနနဲ႔ ဘရိတ္ကုိ ထိထိမိမိ မနင္းမိခ်ိန္မွာ ဒီစနစ္က ဘရိတ္ကုိတင္း တင္းၾကပ္ၾကပ္ နင္းေပးမွာျဖစ္ပါတယ္)တုိ႔ပါဝင္မွာျဖစ္ပါတယ္။ ဒါ့အျပင္ Mazda ကဖန္တီးထုတ္ လုပ္လုိက္တဲ့ G Vectoring Control System ပါဝင္ျပီး အဲဒါက စတီယာရင္ထိန္းခ်ဳပ္မွဳကုိ ေကာင္း ေအာင္ျပဳလုပ္ ေပးထားတာပါ။ဆုိပါစုိ႔ ကားေကြ႕ တာေတြ၊အဝိုင္းပတ္တာမ်ိဳးေတြမွာ ယာဥ္ေမာင္းအေနနဲ႔ စတီယာရင္ကုိ လုိက္ျပီးက စားေပးစရာမလုိဘူး။ဒီစနစ္က ခ်ိဳးေကြ႔ရ၊ ထိန္းေက်ာင္းရေကာင္းေအာင္လုပ္ေပးႏိုင္ပါတယ္။

စမ္းသပ္ေမာင္းႏွင္ျခင္း
1.5L ေပမယ့္ေတာ္ေတာ္ရုန္းပါတယ္။ လမ္းေပၚမွာ အေကြ႔အဝိုက္ေနရာေတြ ေမာင္းရတာ ေတာ္ေတာ္ေလးေကာင္းတယ္။ စတီယာရင္ကလည္း Electronic Power Assist System (EPAS) သုံးထားျပီး စေပါ့ဆန္ေတာ့ စည္းစည္းပိုင္ပုိင္ရွိတယ္။ စေပါ့ကားတစ္စီးေမာင္းရတဲ့ အရသာမ်ိဳးရတယ္။ Sport Mode ေျပာင္းျပီးအရွိန္တင္ေမာင္းႏွင္မွဳေတြမွာလည္း ေတာ္ေတာ္ ေလးေကာင္းပါတယ္။ Peddle Shift လည္းပါေတာ့ စေပါ့ဝိေသသေတြပုိစုံသြားတာေပါ့။ ျမင္းေကာင္ေရ ၁၁၀ ေလာက္ ေပမယ့္ စေပါ့ကားတစ္စီးလုိပဲ လွစ္လွစ္ထေနတယ္။ ေနာက္ျပီး ဒီကားက Mazda ရဲ႕အဓိကထားတဲ့ နည္းပညာေတြထဲ မွာပါဝင္တဲ့ ေနရာခ်ထားမွဳေကာင္းမြန္တဲ့အတြက္ေျခနင္းျပားေတြက အသုံးျပဳရတာ လြယ္ကူတာနဲ႔ ကားေမာင္းေနခ်ိန္မွာ တစ္စီးလုံး ကုိျခဳံၾကည့္ရတာက အရမ္းေကာင္းေတာ့ ဘယ္ ေလာက္ျမန္ျမန္ ေမာင္းေမာင္း စိတ္ထဲမွာ လုံျခဳံေနတယ္လုိ႔ ခံစားရ ပါတယ္။ Minimum turning circle က 11.3 m ဆုိေတာ့ U turn ေတြမွာအခက္အခဲမရွိႏိုင္ဘူး။ ဘရိတ္စနစ္နဲ႔ ေအာက္ပုိင္းေတြကလည္း အဆင္ျမင့္တဲ့ အေငြ႔အသက္ေတြခံစားမိပါတယ္။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
ဒီကားေလးက Mazda 6 ရဲ႕ကုိယ္ပြားေလးျဖစ္လုိ႔ ေမာင္းႏွင္မွဳ၊ လုံျခဳံေရး၊ဆီစားႏွဳန္းေတြမွာ အရမ္းေကာင္းပါတယ္။ ျပီးေတာ့ Mazda ရဲ႕မူပုိင္နည္းပညာေတြျဖစ္တဲ့ Smart City Break System တုိ႔၊ G Vectoring Control System တုိ႔ကုိ သုံးထားလုိ႔ အရမ္းကုိ ျပီးျပည့္စုံတယ္လုိ႔ဆုိႏိုင္သလုိ ဇိမ္ခံစေပါ့ဆီဒင္အေသးမ်ိဳးလည္းျဖစ္လုိ႔ လူငယ္ေတြအၾကိဳက္ေတြ႕ ေစမယ့္ အသြင္အျပင္ေတြပါဝင္ပါတယ္။ဒါေပမယ့္ Hand Brake ကုိ Electronic Parking Brake ေတြသုံးထား မယ္၊ျပီးေတာ့ Sunfoof သာပါခဲ့မယ္ဆုိရင္ ပုိျပီးေတာ့ ေကာင္းသြားမယ္ထင္ပါတယ္။ အခုတင္ဆက္ျပသေမာင္းႏွင္ခဲ့တဲ့ Mazda 3 Sedan ရဲ႕ေစ်းကေတာ့ USD 38,999 ျဖစ္ပါတယ္။

Specification…
Engine – SKYACTIV-G 1.5 L Gasoline
Displacement(CC) – 1496 cc
Transmissions – 6-Speed Semi Auto
Maximum Power (HP/rpm) – 108/6,000
Maximum Torque (Nm/rpm) – 141 / 4,000
Wheelbase – 2700 mm
Top speed (km/h) – 185km
Acceleration (0-100km/ sec.) – 10.7
Fuel tank capacity – 51 litres