Unicode Version…
ကမ္ဘာ့ကားဈေးကွက်ရဲ့အရွေ့က SUV တွေဘက်ဦးတည်လာနေခဲ့ပေမယ့် SUV တွေက ကားကိုယ်ထည်ကြီးတယ်။ အင်ဂျင်ပါဝါတွေကြီးတော့ ဆီစားများတယ်။ ဒါကြောင့် မြို့တွင်းလမ်းတွေအတွက် အခက်အခဲရှိလာတယ်။ ဒါကို ဖြေရှင်း တဲ့အနေနဲ့ ကားထုတ်လုပ်သူတွေက SUV အသေးစား Small SUV Crossover တွေကိုထုတ်လာကြတယ်။ ဒီကားတွေက SUV ပုံစံအတိုင်းလာပေမယ့် မြို့တွင်းမှာသွားရလွယ်၊ပါကင်ထိုးရလွယ်အောင် ကိုယ်ထည်တွေသေးတယ်။ ဆီစား လည်း ချိုလာကြတယ်။ပြီးတော့လည်း ဟိုင်းဝေးအတွက်ပါအဆင်ပြေစေတဲ့ စွမ်းဆောင်ရည်၊ Safety တွေ၊ Features တွေပါ လာတော့ SUV ချစ်သူတွေအတွက် အရမ်းကိုအဆင်ပြေလာစေပါတယ်။ အခု Drive ရဲ့ Test Drive ကဏ္ဍမှာ ရွေးချယ် ဖော်ပြပေးချင်တာကတော့ Subcompact crossover SUV ဖြစ်တဲ့ Mazda CX-3 လေးပဲဖြစ်ပါတယ်။ ဒီ ကားလေးက 2015 မှာစထုတ်ခဲ့တာဖြစ်ပြီး SKYACTIV-G (ဓါတ်ဆီ)ကို 1.3 L နဲ့ 2.0 L ၊ SKYACTIV-D (ဒီဇယ်)ကို 1.5 L နဲ့ 1.8 L ဆိုပြီးခွဲထုတ်ထားသလို Transmission ပိုင်းမှာလည်း 6-speed SKYACTIV-MT manual နဲ့ 6-speed SKYACTIV-Drive automatic ဆိုပြီးခွဲခြားထုတ်ထားတယ်။ ဒီမှာတော့ SKYACTIV-G (ဓါတ်ဆီ) 2.0 L တစ်မျိုး တည်းပဲရရှိနိုင်ဦး မှာဖြစ်ပါတယ်။ ကဲ…ဒီတော့ ဒီကားမှာဘာတွေထူးခြားနေမလဲ၊ ဘယ်အချက်တွေကြောင့် နာမည်ကျော်နေတာလဲဆို တာကြည့်ရအောင်ပါနော်။
အပြင်ဘက်ပိုင်း
CX 3 က Mazda ရဲ့နာမည်ကျော် Kodo Design အတိုင်းပဲထုတ်လုပ်ထားလို့ ဆွဲဆောင်မှုရှိတာကတော့ ပြောနေစရာ မလိုအောင်ပါပဲ။ ရှေ့ရှဲပုံစံကတော့ Mazda ရဲ့ Logo သင်္ကေတအတိုင်း Chrome တွေကိုစီခြယ်ထားတယ်။ပြီးတော့ ရှေ့ရှဲတွေက အလျားလိုက်ပုံစံတွေဖြစ်ပြီး Mid-Size SUV CX 9 နဲ့တော်တော်လေးဆင်တူတယ်။ ဒါပေမဲ့ ထူးခြား တာသွားတာက Signal မီးနဲ့ Fog Lamp တွေကတော့ အောက်ဘက်မှာ သီးသန့်ပုံစံဖြစ်သွားတာပဲဖြစ်ပါတယ်။ လေခွင်းပေါက်တွေပါတဲ့ အမည်းရောင်အောင်ဘက်ရှဲတွေကလည်း လိုက်ဖက်မှုရှိပြီး ခေတ်ဆန်မှုကို ပြသနေသလိုပါပဲ။ ပြီးတော့ ဘော်ဒီတည်ဆောက်ပုံ၊ အနားရေးကြောင်းတွေက Aerodynamic ပိုဖြစ်သလို အချိုးအဆစ်တွေက တော် တော်လေးဗိသုကာပညာမြောက်တယ်လို့ ဆိုချင်ပါတယ်။ အဓိကကတော့ တိတိကျကျချိုးဆစ်ထားတဲ့ အမိုးပုံစံဖြစ်ပြီး D Pillar အထိကိုတော်တော်လေးပြေပြေပြစ်ပြစ်ဖြစ်တာကိုတွေ့ရပါတယ်။ ရှေ့မီးကြီးတွေက အလင်းဖြန့်ကျက်အားကောင်း လှတဲ့ LED Adaptive Front Lighting System တွေသုံးထားပြီး Coming Home / Leaving Home Lights စနစ်ပါပါ သေးတယ်။နောက်ပြီးတော့ LED Daytime Running Lights တွေနဲ့အလှဆင်ထားပြီး Rain-sensing Front Wipers လည်းပါဝင်ပါတယ်။ နောက်ဘက်မှာလည်း စက်ရုပ်မျက်လုံးပုံစံပေါင်းစပ်မီးတွေပါသလို Dual Exhaust ပါပါတယ်။ ဒါ့ အပြင် Original Roof Spoiler , Shark Fin Antenna နဲ့ အလွိုင်းတွေပါတဲ့ ၁၈ လက်မဘီးတွေကိုလည်း သုံးထား ပါသေးတယ်။
အတွင်းခန်း
Mazda ကသူတို့ရဲ့ trademark အတိုင်းအတွင်းခန်းတည်ဆောက်ပုံကရိုးရှင်း၊ User အတွက်အသုံးပြုရတာလွယ်ကူ စေတယ်။ ဒါပေမဲ့ ဆန်းသစ်တီထွင်မှု၊ဖန်တီးမှုရှိတယ်။ အဆင့်မြင့်တယ်။ ပြီးတော့ အကောင်းစား Material တွေကို အသုံးပြုထားတယ်။ ထိုင်ခုံတွေ၊ဒတ်ရှ်ဘုတ်တွေကို ကိုင်တွယ်ထိတွေ့ရတာနဲ့တင် သူတို့ရဲ့အဆင့်အတန်းကို ထင်ဟပ် ပေါ်လွင်စေတယ်။ Mazda CX 3 ရဲ့ လည်သာ ထိုင်ခုံတွေက အနုစိတ်လက်ချုပ်တွေနဲ့ဖန်တီးထားပြီး သက်သောင့် သက်သာရှိမှုနဲ့ အံဝင်ခွင်ကျဖြစ်စေမှာဖြစ်ပါတယ်။ Driver ထိုင်ခုံက Memory မှတ်နိုင်တဲ့ Seat Motor နဲ့လာပါတယ်။ 3 spoke Sport Steering ဖြစ်ပြီး လည်သာကြိုးချုပ် ဖြစ်ပါတယ်။ အဲဒီစတီယာရင်မှာလည်း Audio , Bluetooth ,Cruise Control တွေကိုထိန်းချုပ်နိုင်တဲ့ wheel-mounted စနစ်ပါဝင်လာပြီး Bluetooth: Hands-Free Voice Commander စနစ်လည်းပါပါသေးတယ်။ နောက်ပြီးတော့ Active Driving Display (HUD) စနစ်ဆိုတော့ ဒိုင်ခွက်ကိုကြည့်ရှုရတာ အရမ်းကောင်းသလို Head up Display ပါတော့ SUV တစ်စီးအတွက်လုံလောက်တဲ့ ပါဝင်မှုလို့လည်းဆိုနိုင်ပါတယ်။ 7″ Colour Touch-screen Display စနစ်ဖြစ်ပြီး AM/FM /CD /MP3 /DVD, USB audio/iPod connectivity , Mazda Navigation System လမ်းကြောင်းပြစနစ်နဲ့ အခြား Info တွေကို လိုသလိုထိန်းချုပ်နိုင်သလို Touch Screen ကိုကွန်ပြူ တာလိုထိန်းချုပ်နိုင်တဲ့ Command Control ကို ဂီယာတံ နားမှာထည့်သွင်းထားတာကလည်း Mazda ရဲ့ signature ဖြစ်ပါတယ်။ နောက်ပြီး AUX , USB sockets တွေပါဝင်ပြီး Sound System ကလည်း Bose Speakers 6 လုံးသုံးထား ပါတယ်။ အဲကွန်းစနစ်က Auto Dual ဖြစ်ပြီး Engine start/stop button လည်းပါဝင်ဦးမှာဖြစ်ပါတယ်။ နောက်ထပ် ပြောပြ ပေးချင်တာက Mazda ရဲ့ နောက်ဘက်ထိုင်ခုံအလယ်မှာ ခေါက်သိမ်းနိုင်တဲ့ လက်တင်ခုံနဲ့အတူ ခွက် ၂ ခွက် ထည့်စရာပါပါတယ်။ ပြီးတော့ နောက်ခုံကို 60:40 ခေါက်နိုင်ပါသေးတယ်။ ဝန်တင်ခန်းကတော့ အရမ်းကြီးမကြီး ပေမယ့်လည်း ခရီးဆောင်အိတ် ၂ လုံးလောက်တော့ဆံ့နိုင်ပါတယ်။
အင်ဂျင်နဲ့စွမ်းဆောင်ရည်ပိုင်း
Mazda CX 3 ကို SKYACTIV-G 2.0 L Gasoline အင်ဂျင်ကိုသုံးထားပြီး Semi Auto Transmission 6 ချက်ဖြစ်ပါတယ်။ မြင်းကောင်ရေ ၁၄၆ လောက်ထွက်ရှိမှာဖြစ်ပြီး ရုန်းအားကတော့ 192Nm / 2800 rpm ဖြစ်ပါတယ်။ Acceleration က 0-62mph ကို ၉ စက္ကန့်ထဲနဲ့ရောက် ရှိနိုင်မှာဖြစ်ပါတယ်။ Top speed က ၁နာရီကို ၁၉၇ မိုင်ရောက်ရှိနိုင်မှာဖြစ်ပြီး ဆီစားနှုန်းကတော့ ပျှမ်းမျှ ၁လီတာကို 14.9 km ရောက်နိုင်ပါတယ်။
လုံခြုံရေးအပိုင်း
Mazda က လုံခြုံရေးကိုဦးစားပေးတဲ့ Brand တစ်ခုဖြစ်တာနဲ့အညီ အလိုအလျောက်အလုပ်လုပ်ပေးတဲ့ လမ်းချော်မှု တွေမဖြစ်အောင် ကာကွယ်ပေးမယ့် Traction Control ကို Dynamic Stability Control (DSC) နဲ့တွဲသုံး ထားတယ်။ပြီးတော့ တိကျတဲ့ Guide Line တွေပါတဲ့ Rear View Camera, Air Bags 6 လုံး , တစ်ဘက်ယာဉ်လမ်းကြောထဲရောက်ရင် သတိပေးမယ့် Lane Departure Warning , Electronic Parking Brake ,Anti-lock Braking System (ABS) + EBD + EBA, Cruise Control , Mazda ရဲ့မူပိုင် Smart City Break System (လမ်းကြော ကျပ်တဲ့အချိန်၊မီးပွိုင့်တွေမှာ ခေတ္တကားရပ်နားထားချိန်မှာ ယာဉ်မောင်းသူအနေနဲ့ ဘရိတ်ကို ထိထိမိမိ မနင်းမိချိန်မှာ ဒီစနစ်က ဘရိတ်ကိုတင်း တင်းကြပ်ကြပ် နင်းပေးမှာဖြစ်ပါတယ်)။ဒါ့အပြင် ဘရိတ်စနစ်ကိုပိုပြီး စိတ်ချရစေတဲ့ Advanced Smart City Brake Support (ASCBS) စနစ်၊ ယာဉ်တစ်စီးကို တည်ငြိမ်အောင်စွမ်းဆောင်ပေးနိုင်တဲ့ Roll Stability Control (RSC) စနစ် ၊ Immobiliser တို့ပါဝင်သလို G Vectoring Control System ကလည်း စတီယာရင်ထိန်းချုပ်မှုကို ကောင်း အောင်ပြုလုပ် ပေးထားပါတယ်။ နောက်ပြီး i-Stop လိုဆီစားသက်သာစေမယ့် Feature မျိုးလည်းသုံးထားတော့ ဒီကားက ဟိုင်းဝေးကိုပါအသာလေးသွားနိုင်ပါတယ်။









စမ်းသပ်မောင်းနှင်ခြင်း
Mazda CX 3 က SUV ဖြစ်လို့ သူ့ရဲ့နောင်တော်ဖြစ်တဲ့ CX 5 ရဲ့အင်ဂျင်ကိုပဲသုံးထားပြီး စွမ်းအင်ရရှိမှုကို အပြည့်ပေး ထားတာကိုလက်တွေ့မောင်းနှင်တဲ့အခါမှာ သေချာမြည်းစမ်းခွင့်ရခဲ့တယ်။ နည်းပညာမြင့်တဲ့ Mazda ကြောင့် စတီယာရင် စနစ်ကတော်တော်လေးကောင်းတယ်။ G Vectoring Control System ကြောင့်အကွေ့တွေမှာ ယုံကြည် မှုရှိရှိနဲ့ မောင်းနိုင်တယ်။ အရှိန်တင်ရတာ အရမ်းကောင်းတယ်။ ပြီးတော့ ကားကသေးတော့ လမ်းကျဉ်းတွေထဲဝင် ရထွက်ရ အရမ်းအဆင်ပြေတယ်။ သူ့မှာ Paddle Shift လည်းပါတော့ Manual ပုံစံမောင်းကြည့်တယ်။ မောင်းနှင်မှုပုံစံတစ်ခုဖြစ်တဲ့ Sport Mode ပါပြောင်းလိုက်တော့ လူငယ်တွေအကြိုက်ပြိုင်ကားစတိုင်ဖြစ်သွားတယ်။ ကားကအရမ်းမမြင့်ဘဲ ခပ်နိမ့်နိမ့် ဆိုတော့ ဟိုင်းဝေးတွေမှာ တော်တော်မောင်းလို့ကောင်းမယ့်ကားမျိုးပါ။ လုံခြုံရေးစနစ်တွေကလည်းတော်တော်လေး ကောင်းတာကို သေချာစမ်းသပ်လိုက်ရပါတယ်။
ဈေးနှုန်းနဲ့သုံးသပ်ချက်
နာမည်ကျော် CX 5 အသေးစားဖြစ်ပြီး မောင်းနှင်မှု၊ လုံခြုံရေး၊ဆီစားနှုန်းတွေမှာ အရမ်းကောင်းပါတယ်။ မြို့တွင်းလမ်း တွေထဲမှာအရမ်းအဆင်ပြေစေနိုင်သလို ဟိုင်းဝေးအတွက်လည်းကောင်းပါတယ်။ ပြီးတော့ အရည်အသွေး၊နည်းပညာ၊ ဆန်းသစ်တီထွင်မှုတွေကလည်း ပြည့်စုံလုံလောက်ပါတယ်။ ဒါပေမဲ့ပြောစရာရှိတာက ကားရဲ့ Ground Clearance ကနိမ့်တော့ ဆီဒင်တွေသာသာလောက်ပဲရှိတာက ဒီကလမ်းတွေမှာအရမ်းဂရုစိုက်ရမယ်။ပြီးတော့ SUV တစ်စီးရဲ့အ ဆောင်အယောင်ဖြစ်တဲ့ Sunroof မပါလာဘူး။ ဒီအချက်တွေလောက်ပဲ ပြောစရာရှိပြီး ကျန်တာတွေကတော့ တော်တော်လေးပြီးပြည့်စုံတဲ့ကားတစ်စီးလို့ ဆိုရမှာဖြစ်ပါတယ်။ အခုတင်ဆက်ပြသမောင်းနှင်ခဲ့တဲ့ Mazda CX 3 ရဲ့ဈေးကတော့ USD 43,999 ဖြစ်ပါတယ်။
Specification…
Engine – SKYACTIV-G 2.0 L Gasoline
Displacement(CC) – 1998 cc
Transmissions – 6-Speed Semi Auto
Maximum Power (HP/rpm) – 146/6,000
Maximum Torque (Nm/rpm) – 192 / 2,800
Top speed (km/h) – 197km
Acceleration (0-62mph) – 9 sec
Fuel Consumption (l/100km) – 14.9 km/l
Zawgyi Version…
စြယ္စုံသုံးကားတစ္စီးရဲ႕အသြင္အျပင္မ်ိဳးနဲ႔ အလန္းစား Mazda CX 3
ကမာၻ႕ကားေစ်းကြက္ရဲ႕အေရြ႕က SUV ေတြဘက္ဦးတည္လာေနခဲ့ေပမယ့္ SUV ေတြက ကားကုိယ္ထည္ၾကီးတယ္။ အင္ဂ်င္ပါဝါေတြၾကီးေတာ့ ဆီစားမ်ားတယ္။ ဒါေၾကာင့္ ျမိဳ႕တြင္းလမ္းေတြအတြက္ အခက္အခဲရွိလာတယ္။ ဒါကုိ ေျဖရွင္း တဲ့အေနနဲ႔ ကားထုတ္လုပ္သူေတြက SUV အေသးစား Small SUV Crossover ေတြကုိထုတ္လာၾကတယ္။ ဒီကားေတြက SUV ပုံစံအတိုင္းလာေပမယ့္ ျမိဳ႕တြင္းမွာသြားရလြယ္၊ပါကင္ထုိးရလြယ္ေအာင္ ကုိယ္ထည္ေတြေသးတယ္။ ဆီစား လည္း ခ်ိဳလာၾကတယ္။ျပီးေတာ့လည္း ဟုိင္းေဝးအတြက္ပါအဆင္ေျပေစတဲ့ စြမ္းေဆာင္ရည္၊ Safety ေတြ၊ Features ေတြပါ လာေတာ့ SUV ခ်စ္သူေတြအတြက္ အရမ္းကုိအဆင္ေျပလာေစပါတယ္။ အခု Drive ရဲ႕ Test Drive က႑မွာ ေရြးခ်ယ္ ေဖာ္ျပေပးခ်င္တာကေတာ့ Subcompact crossover SUV ျဖစ္တဲ့ Mazda CX-3 ေလးပဲျဖစ္ပါတယ္။ ဒီ ကားေလးက 2015 မွာစထုတ္ခဲ့တာျဖစ္ျပီး SKYACTIV-G (ဓါတ္ဆီ)ကုိ 1.3 L နဲ႔ 2.0 L ၊ SKYACTIV-D (ဒီဇယ္)ကုိ 1.5 L နဲ႔ 1.8 L ဆုိျပီးခြဲထုတ္ထားသလုိ Transmission ပုိင္းမွာလည္း 6-speed SKYACTIV-MT manual နဲ႔ 6-speed SKYACTIV-Drive automatic ဆုိျပီးခဲြျခားထုတ္ထားတယ္။ ဒီမွာေတာ့ SKYACTIV-G (ဓါတ္ဆီ) 2.0 L တစ္မ်ိဳး တည္းပဲရရွိႏိုင္ဦး မွာျဖစ္ပါတယ္။ ကဲ…ဒီေတာ့ ဒီကားမွာဘာေတြထူးျခားေနမလဲ၊ ဘယ္အခ်က္ေတြေၾကာင့္ နာမည္ေက်ာ္ေနတာလဲဆုိ တာၾကည့္ရေအာင္ပါေနာ္။
အျပင္ဘက္ပုိင္း
CX 3 က Mazda ရဲ႕နာမည္ေက်ာ္ Kodo Design အတုိင္းပဲထုတ္လုပ္ထားလုိ႔ ဆဲြေဆာင္မွဳရွိတာကေတာ့ ေျပာေနစရာ မလုိေအာင္ပါပဲ။ ေရွ႕ရွဲပုံစံကေတာ့ Mazda ရဲ႕ Logo သေကၤတအတုိင္း Chrome ေတြကုိစီျခယ္ထားတယ္။ျပီးေတာ့ ေရွ႕ရွဲေတြက အလ်ားလုိက္ပုံစံေတြျဖစ္ျပီး Mid-Size SUV CX 9 နဲ႕ေတာ္ေတာ္ေလးဆင္တူတယ္။ ဒါေပမဲ့ ထူးျခား တာသြားတာက Signal မီးနဲ႔ Fog Lamp ေတြကေတာ့ ေအာက္ဘက္မွာ သီးသန္႕ပုံစံျဖစ္သြားတာပဲျဖစ္ပါတယ္။ ေလခြင္းေပါက္ေတြပါတဲ့ အမည္းေရာင္ေအာင္ဘက္ရွဲေတြကလည္း လုိက္ဖက္မွဳရွိျပီး ေခတ္ဆန္မွဳကုိ ျပသေနသလုိပါပဲ။ ျပီးေတာ့ ေဘာ္ဒီတည္ေဆာက္ပုံ၊ အနားေရးေၾကာင္းေတြက Aerodynamic ပုိျဖစ္သလုိ အခ်ိဳးအဆစ္ေတြက ေတာ္ ေတာ္ေလးဗိသုကာပညာေျမာက္တယ္လုိ႔ ဆုိခ်င္ပါတယ္။ အဓိကကေတာ့ တိတိက်က်ခ်ိဳးဆစ္ထားတဲ့ အမုိးပုံစံျဖစ္ျပီး D Pillar အထိကုိေတာ္ေတာ္ေလးေျပေျပျပစ္ျပစ္ျဖစ္တာကုိေတြ႔ရပါတယ္။ ေရွ႕မီးၾကီးေတြက အလင္းျဖန္႕က်က္အားေကာင္း လွတဲ့ LED Adaptive Front Lighting System ေတြသုံးထားျပီး Coming Home / Leaving Home Lights စနစ္ပါပါ ေသးတယ္။ေနာက္ျပီးေတာ့ LED Daytime Running Lights ေတြနဲ႔အလွဆင္ထားျပီး Rain-sensing Front Wipers လည္းပါဝင္ပါတယ္။ ေနာက္ဘက္မွာလည္း စက္ရုပ္မ်က္လုံးပုံစံေပါင္းစပ္မီးေတြပါသလုိ Dual Exhaust ပါပါတယ္။ ဒါ့ အျပင္ Original Roof Spoiler , Shark Fin Antenna နဲ႔ အလိြဳင္းေတြပါတဲ့ ၁၈ လက္မဘီးေတြကုိလည္း သုံးထား ပါေသးတယ္။
အတြင္းခန္း
Mazda ကသူတုိ႔ရဲ႕ trademark အတုိင္းအတြင္းခန္းတည္ေဆာက္ပုံကရုိးရွင္း၊ User အတြက္အသုံးျပဳရတာလြယ္ကူ ေစတယ္။ ဒါေပမဲ့ ဆန္းသစ္တီထြင္မွဳ၊ဖန္တီးမွဳရွိတယ္။ အဆင့္ျမင့္တယ္။ ျပီးေတာ့ အေကာင္းစား Material ေတြကုိ အသုံးျပဳထားတယ္။ ထုိင္ခုံေတြ၊ဒတ္ရွ္ဘုတ္ေတြကုိ ကုိင္တြယ္ထိေတြ႕ရတာနဲ႕တင္ သူတုိ႔ရဲ႕အဆင့္အတန္းကုိ ထင္ဟပ္ ေပၚလြင္ေစတယ္။ Mazda CX 3 ရဲ႕ လည္သာ ထုိင္ခုံေတြက အႏုစိတ္လက္ခ်ဳပ္ေတြနဲ႔ဖန္တီးထားျပီး သက္ေသာင့္ သက္သာရွိမွဳနဲ႔ အံဝင္ခြင္က်ျဖစ္ေစမွာျဖစ္ပါတယ္။ Driver ထုိင္ခုံက Memory မွတ္ႏိုင္တဲ့ Seat Motor နဲ႔လာပါတယ္။ 3 spoke Sport Steering ျဖစ္ျပီး လည္သာၾကိဳးခ်ဳပ္ ျဖစ္ပါတယ္။ အဲဒီစတီယာရင္မွာလည္း Audio , Bluetooth ,Cruise Control ေတြကုိထိန္းခ်ဳပ္ႏိုင္တဲ့ wheel-mounted စနစ္ပါဝင္လာျပီး Bluetooth: Hands-Free Voice Commander စနစ္လည္းပါပါေသးတယ္။ ေနာက္ျပီးေတာ့ Active Driving Display (HUD) စနစ္ဆုိေတာ့ ဒုိင္ခြက္ကုိၾကည့္ရွဳရတာ အရမ္းေကာင္းသလုိ Head up Display ပါေတာ့ SUV တစ္စီးအတြက္လုံေလာက္တဲ့ ပါဝင္မွဳလုိ႔လည္းဆုိႏိုင္ပါတယ္။ 7″ Colour Touch-screen Display စနစ္ျဖစ္ျပီး AM/FM /CD /MP3 /DVD, USB audio/iPod connectivity , Mazda Navigation System လမ္းေၾကာင္းျပစနစ္နဲ႔ အျခား Info ေတြကုိ လုိသလုိထိန္းခ်ဳပ္ႏိုင္သလုိ Touch Screen ကုိကြန္ျပဴ တာလုိထိန္းခ်ဳပ္ႏိုင္တဲ့ Command Control ကုိ ဂီယာတံ နားမွာထည့္သြင္းထားတာကလည္း Mazda ရဲ႕ signature ျဖစ္ပါတယ္။ ေနာက္ျပီး AUX , USB sockets ေတြပါဝင္ျပီး Sound System ကလည္း Bose Speakers 6 လုံးသုံးထား ပါတယ္။ အဲကြန္းစနစ္က Auto Dual ျဖစ္ျပီး Engine start/stop button လည္းပါဝင္ဦးမွာျဖစ္ပါတယ္။ ေနာက္ထပ္ ေျပာျပ ေပးခ်င္တာက Mazda ရဲ႕ ေနာက္ဘက္ထုိင္ခုံအလယ္မွာ ေခါက္သိမ္းႏိုင္တဲ့ လက္တင္ခုံနဲ႕အတူ ခြက္ ၂ ခြက္ ထည့္စရာပါပါတယ္။ ျပီးေတာ့ ေနာက္ခုံကုိ 60:40 ေခါက္ႏိုင္ပါေသးတယ္။ ဝန္တင္ခန္းကေတာ့ အရမ္းၾကီးမၾကီး ေပမယ့္လည္း ခရီးေဆာင္အိတ္ ၂ လုံးေလာက္ေတာ့ဆံ့ႏိုင္ပါတယ္။
အင္ဂ်င္နဲ႕စြမ္းေဆာင္ရည္ပုိင္း
Mazda CX 3 ကုိ SKYACTIV-G 2.0 L Gasoline အင္ဂ်င္ကုိသုံးထားျပီး Semi Auto Transmission 6 ခ်က္ျဖစ္ပါတယ္။ ျမင္းေကာင္ေရ ၁၄၆ ေလာက္ထြက္ရွိမွာျဖစ္ျပီး ရုန္းအားကေတာ့ 192Nm / 2800 rpm ျဖစ္ပါတယ္။ Acceleration က 0-62mph ကုိ ၉ စကၠန္႔ထဲနဲ႔ေရာက္ ရွိႏိုင္မွာျဖစ္ပါတယ္။ Top speed က ၁နာရီကုိ ၁၉၇ မိုင္ေရာက္ရွိႏိုင္မွာျဖစ္ျပီး ဆီစားႏွဳန္းကေတာ့ ပွ်မ္းမွ် ၁လီတာကုိ 14.9 km ေရာက္ႏိုင္ပါတယ္။
လုံျခဳံေရးအပုိင္း
Mazda က လုံျခဳံေရးကုိဦးစားေပးတဲ့ Brand တစ္ခုျဖစ္တာနဲ႕အညီ အလုိအေလ်ာက္အလုပ္လုပ္ေပးတဲ့ လမ္းေခ်ာ္မွဳ ေတြမျဖစ္ေအာင္ ကာကြယ္ေပးမယ့္ Traction Control ကုိ Dynamic Stability Control (DSC) နဲ႔တဲြသုံး ထားတယ္။ျပီးေတာ့ တိက်တဲ့ Guide Line ေတြပါတဲ့ Rear View Camera, Air Bags 6 လုံး , တစ္ဘက္ယာဥ္လမ္းေၾကာထဲေရာက္ရင္ သတိေပးမယ့္ Lane Departure Warning , Electronic Parking Brake ,Anti-lock Braking System (ABS) + EBD + EBA, Cruise Control , Mazda ရဲ႕မူပုိင္ Smart City Break System (လမ္းေၾကာ က်ပ္တဲ့အခ်ိန္၊မီးပြိဳင့္ေတြမွာ ေခတၱကားရပ္နားထားခ်ိန္မွာ ယာဥ္ေမာင္းသူအေနနဲ႔ ဘရိတ္ကုိ ထိထိမိမိ မနင္းမိခ်ိန္မွာ ဒီစနစ္က ဘရိတ္ကုိတင္း တင္းၾကပ္ၾကပ္ နင္းေပးမွာျဖစ္ပါတယ္)။ဒါ့အျပင္ ဘရိတ္စနစ္ကုိပုိျပီး စိတ္ခ်ရေစတဲ့ Advanced Smart City Brake Support (ASCBS) စနစ္၊ ယာဥ္တစ္စီးကုိ တည္ျငိမ္ေအာင္စြမ္းေဆာင္ေပးႏိုင္တဲ့ Roll Stability Control (RSC) စနစ္ ၊ Immobiliser တုိ႔ပါဝင္သလုိ G Vectoring Control System ကလည္း စတီယာရင္ထိန္းခ်ဳပ္မွဳကုိ ေကာင္း ေအာင္ျပဳလုပ္ ေပးထားပါတယ္။ ေနာက္ျပီး i-Stop လုိဆီစားသက္သာေစမယ့္ Feature မ်ိဳးလည္းသုံးထားေတာ့ ဒီကားက ဟုိင္းေဝးကုိပါအသာေလးသြားႏိုင္ပါတယ္။
စမ္းသပ္ေမာင္းႏွင္ျခင္း
Mazda CX 3 က SUV ျဖစ္လုိ႔ သူ႕ရဲ႕ေနာင္ေတာ္ျဖစ္တဲ့ CX 5 ရဲ႕အင္ဂ်င္ကုိပဲသုံးထားျပီး စြမ္းအင္ရရွိမွဳကုိ အျပည့္ေပး ထားတာကုိလက္ေတြ႔ေမာင္းႏွင္တဲ့အခါမွာ ေသခ်ာျမည္းစမ္းခြင့္ရခဲ့တယ္။ နည္းပညာျမင့္တဲ့ Mazda ေၾကာင့္ စတီယာရင္ စနစ္ကေတာ္ေတာ္ေလးေကာင္းတယ္။ G Vectoring Control System ေၾကာင့္အေကြ႕ေတြမွာ ယုံၾကည္ မွဳရွိရွိနဲ႔ ေမာင္းႏိုင္တယ္။ အရွိန္တင္ရတာ အရမ္းေကာင္းတယ္။ ျပီးေတာ့ ကားကေသးေတာ့ လမ္းက်ဥ္းေတြထဲဝင္ ရထြက္ရ အရမ္းအဆင္ေျပတယ္။ သူ႕မွာ Paddle Shift လည္းပါေတာ့ Manual ပုံစံေမာင္းၾကည့္တယ္။ ေမာင္းႏွင္မွဳပုံစံတစ္ခုျဖစ္တဲ့ Sport Mode ပါေျပာင္းလုိက္ေတာ့ လူငယ္ေတြအၾကိဳက္ျပိဳင္ကားစတုိင္ျဖစ္သြားတယ္။ ကားကအရမ္းမျမင့္ဘဲ ခပ္နိမ့္နိမ့္ ဆုိေတာ့ ဟုိင္းေဝးေတြမွာ ေတာ္ေတာ္ေမာင္းလုိ႔ေကာင္းမယ့္ကားမ်ိဳးပါ။ လုံျခဳံေရးစနစ္ေတြကလည္းေတာ္ေတာ္ေလး ေကာင္းတာကုိ ေသခ်ာစမ္းသပ္လုိက္ရပါတယ္။
ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္
နာမည္ေက်ာ္ CX 5 အေသးစားျဖစ္ျပီး ေမာင္းႏွင္မွဳ၊ လုံျခဳံေရး၊ဆီစားႏွဳန္းေတြမွာ အရမ္းေကာင္းပါတယ္။ ျမိဳ႕တြင္းလမ္း ေတြထဲမွာအရမ္းအဆင္ေျပေစႏိုင္သလုိ ဟုိင္းေဝးအတြက္လည္းေကာင္းပါတယ္။ ျပီးေတာ့ အရည္အေသြး၊နည္းပညာ၊ ဆန္းသစ္တီထြင္မွဳေတြကလည္း ျပည့္စုံလုံေလာက္ပါတယ္။ ဒါေပမဲ့ေျပာစရာရွိတာက ကားရဲ႕ Ground Clearance ကနိမ့္ေတာ့ ဆီဒင္ေတြသာသာေလာက္ပဲရွိတာက ဒီကလမ္းေတြမွာအရမ္းဂရုစုိက္ရမယ္။ျပီးေတာ့ SUV တစ္စီးရဲ႕အ ေဆာင္အေယာင္ျဖစ္တဲ့ Sunroof မပါလာဘူး။ ဒီအခ်က္ေတြေလာက္ပဲ ေျပာစရာရွိျပီး က်န္တာေတြကေတာ့ ေတာ္ေတာ္ေလးျပီးျပည့္စုံတဲ့ကားတစ္စီးလုိ႔ ဆုိရမွာျဖစ္ပါတယ္။ အခုတင္ဆက္ျပသေမာင္းႏွင္ခဲ့တဲ့ Mazda CX 3 ရဲ႕ေစ်းကေတာ့ USD 43,999 ျဖစ္ပါတယ္။
Specification…
Engine – SKYACTIV-G 2.0 L Gasoline
Displacement(CC) – 1998 cc
Transmissions – 6-Speed Semi Auto
Maximum Power (HP/rpm) – 146/6,000
Maximum Torque (Nm/rpm) – 192 / 2,800
Top speed (km/h) – 197km
Acceleration (0-62mph) – 9 sec
Fuel Consumption (l/100km) – 14.9 km/l