Unicode version…

လမ်းမတွေပေါ်မှာပြေးလွှားနေကြတဲ့ Mazda နောက်ထွက်မော်ဒယ်ကားလေးတွေကို မြင်ဖူးကြပါလိမ့်မယ်။ ဒီဇိုင်းပိုင်းနဲ့ ကိုယ်ထည် အချိုးအဆစ်တွေက တစ်မူထူးခြားနေသလို သူတိုရဲ့ Trade Mark အရောင်ဖြစ်တဲ့အနီရောင် (Soul Red Crystal Metallic) ကလည်း Sexy ကျ လှတာကို သတိထားမိကြမှာပါ။ ဒါတွေက Mazda ရဲ့အအောင်မြင်ဆုံးတီထွင်ဆန်းသစ်မှုနည်းပညာတစ်ခုဖြစ်တဲ့ KODO design (Soul Of Motion) ကြောင့်ပဲဖြစ်ပါတယ်။ KODO design ဆိုတာ သားရဲတစ်ကောင်ရဲ့စွမ်းအင်နဲ့ လှပကျော့ရှင်း တဲ့ပြေးလွှားဟန်အတိုင်း ပုံစံယူဒီဇိုင်းရေးဆွဲထားတာဖြစ်ပါတယ်။ ပြီးတော့ ကားကိုယာဉ်မောင်းနဲ့ တစ်သားတည်းကျလာ အောင် ဆိုရရင် harmony ဖြစ်ဖို့ အထူးအလေးထားပြုလုပ်ပေးထားတာဖြစ်ပါတယ်။ လက်ရှိ Mazda မှာအကြိုက်ဆုံးအရာကိုပြောပါဆို စာရေးသူကတော့ KODO design နဲ့ Skyactiv Technology တွေလို့ဆိုရပါလိမ့်မယ်။ ဒီနှစ်ခုရဲ့အနှစ်သာရပေါ်လွင်နေတဲ့ ကားတစ်စီးကို စိတ်ကြိုက်စမ်းသပ်မောင်းနှင်ခွင့် ရရှိခဲ့ပါတယ်။ဒီကားကတော့ Mazda CX-5 (The Next Generation) ပဲဖြစ်ပြီး သူ့မှာဘာတွေပါဝင်တယ်။ ဘယ်လို ထူးခြားတယ်။ မောင်းနှင်ရတဲ့ အပိုင်းတွေကို ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အပြင်ဘက်ပိုင်း

လူ ၅ ယောက်စီး Compact Crossover အမျိုးအစားဖြစ်တဲ့ Mazda CX-5 ကို၂၀၁၃ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး KODO design ကိုပထမဆုံး အသုံးပြုခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ပထမမျိုးဆက်ရုပ်ထွက်ပိုင်းက ကျားရဲတစ်ကောင်လို (သို့) ခပ်မိုက်မိုက်ကောင်လေးတွေလို ကြမ်းကြမ်းရမ်းရမ်းပုံစံမျိုးပေါက်နေပါတယ်။ ဒါပေမဲ့ အခု The Next Generation မှာတော့ ပုံစံ အနည်းငယ်ပြေပြစ်သွားတာကို တွေ့ရပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ဇကာကွပ်တွေအလယ်မှာ Mazda logo ပါဝင်ပြီး အောက်ပတ် ပတ်လည်ကို Chrome တွေနဲ့ ပတ်ပတ်လည်ဝန်းရံပေးထားပါတယ်။ ပြီးတော့ ဒီChromeတွေက ရှေ့မီးကြီးအောက်နား ထိသွား ရောက်ပေါင်းစုံတန်ဆာဆင်ပေးထားပါတယ်။ နောက်ပြီးသူ့ရဲ့ဒီဇိုင်းကိုပိုပြီးပြေပြေပြစ်ပြစ်ဖြစ်သွားစေတာက ယာဉ်နဲ့အတူလိုက်ပါ ကွေ့ပေးနိုင်တဲ့အပြင် Autoဖွင့်ပိတ်ပေးနိုင်တဲ့Adaptive LED Headlights တွေပါဝင်လာခြင်းကြောင့်လည်းဖြစ်ပါတယ်။ အောက်ဘက်မှာတော့ လေစုပ်ပေါက် တွေနဲ့တစ်တန်းတည်းအနေအထား Fog Lamps တွေပါဝင်ပါတယ်။ ရှေ့ဘောနက်နဲ့ ဘော်ဒီ တည်ဆောက်ပုံက စပေါ့နဲ့ Aerodynamic ဖြစ်အောင်တည်ဆောက်ထားတဲ့ပုံစံမျိုးဖြစ်နေပါတယ်။ နောက်ဘက်မှာလည်း မီးခွက်ပုံစံ အနည်းငယ်ပြောင်းလဲသွားပြီး စပေါ့ပုံစံ ပိုဖြစ်အောင် Dual Exhaust ကိုသုံးစွဲထားပါတယ်။ ပြီးတော့ဒီစမ်းသပ်မောင်းနှင်ခဲ့တဲ့ ကားက လည်း လူကြိုက်အများဆုံးနဲ့ Mazda ရဲ့အလန်းဆုံး Color ဖြစ်တဲ့ (Soul Red Crystal Metallic) ဖြစ်နေပါတယ်။ ဒီကားကို ပိုပြီးစပေါ့ဆန်သွားစေတာက spoiler တွေပါလာတာနဲ့ ၁၉ လက်မအလွိုင်းဝှီးတွေကို သုံးထားတာပဲဖြစ်ပါတယ်။

အတွင်းခန်း

စတီယာရင်ပိုင်းကနေစပြောကြည့်ရအောင်ပါနော်။ Hand Made နဲ့ချုပ်ထားတဲ့လည်သာစတီယာရင်တွေက အရည်အသွေးတစ်ခု ကိုဖော်ပြတာဖြစ်ပြီး ဒီစတီယာရင်မှာပဲ Audio , Cruise Control,ရှေ့ဒိုင်ခွက်က Mode တွေကိုပြောင်းလဲဖို့နဲ့ Bluetooth hand free ဖုန်းပြောဆိုမှုတွေကို ထိန်းချုပ်ညွှန်ကြားဖို့ ခလုတ်တွေပါဝင်ပါတယ်။ နောက်တစ်ထူးခြားချက်က အရင်မော်ဒယ်မှာမပါတဲ့ Head up display ဖြစ်ပါတယ်။ဒါက ကိုယ့်ရှေ့မှန်ပေါ်မှာမောင်းနှင်နေတဲ့ ကီလိုကိုဖော်ပြပေးမှာဖြစ်ပြီး ဒိုင်ခွက်ကိုငုံ့ကြည့်စရာမလိုတော့ပါဘူး။ ဒိုင်ခွက်မှာလည်း ကီလိုတွေ၊ပြင်ပအပူချိန်၊ဆီလက်ကျန်နဲ့မောင်းလို့ရမယ့်ကီလိုစတဲ့အချက်အလက်တွေကိုဖော်ပြပေးထားပါတယ်။ ပြီး တော့ 7 inch Full Colour Touch Screen ပေါ်မှာ Audio တွေ၊ လမ်းကြောင်းပြစနစ်တွေ၊ဖုန်းခေါ်ဆိုမှုတွေ၊ အခြား Setting တွေကို ပြောင်းလဲလို့ရပါသေးတယ်။ ထိုင်ခုံတွေအားလုံးကလည်း လည်သာထိုင်ခုံတွေချည်းပဲဖြစ်ပြီး ရှေ့Driver နဲ့ Passenger ခုံတွေကို မော်တာစနစ်သုံးကာ လိုသလိုချိန်ညှိနိုင်သလို Memory 2 မျိုးနဲ့လည်းမှတ်သားထားလို့ရပါသေးတယ်။ နောက်တစ်ခုက ပါဝင်မှုအသစ် အနေနဲ့ ဂီယာအနားမှာပါတဲ့ Mazda Command Control ဖြစ်ပြီး Computer တွေသုံးရသလိုမျိုးပဲ Touch Screen ပေါ်ကအရာတွေကို ထိန်းချုပ်နိုင်တာပဲဖြစ်ပါတယ်။ နောက်တစ်ခုက Dual Aircon ပါဝင်ပြီး ဇုန် ၃ ဇုန်ကိုအအေးဓါတ်ဖြန့်ကျက်ပေးနိုင်ပါတယ်။ ပြီးတော့ လည်သာနဲ့ချုပ်ထားတဲ့ ဒတ်ရှ်ဘုတ်ပါဝင်ပြီး အလယ်မှာကျွန်းကွက်တွေနဲ့အလှဆင်ထားပါသေးတယ်။ Entertainment အဖြစ်တော့ DVD,CD ပါဝင်တဲ့အပြင် အရင်မော်ဒယ်ဟောင်းမှာမပါတဲ့ Bose System Speaker 12 လုံးပါဝင်ပါတယ်။ နောက်ပြီး Push Button Start ၊ 12-volt power outlets ၊ Sunroof ၊ Power liftgate ၊ နောက်ခုံတန်းမှာ လိုသလိုခေါက်နိုင်၊သိမ်းနိုင်တဲ့ Cup Holder နဲ့ လက်တင်ခုံပါဝင်တာပဲဖြစ်ပါတယ်။ နောက်ဘက်ဝန်တင်ခန်းမှာလည်း ကျယ်ဝန်းမှုကိုတွေ့ရပြီး Cargo Cover ပါဝင်တာကိုတွေ့ရ ပါတယ်။

စွမ်းဆောင်ရည်

Mazda CX-5 အသစ်မှာ SKYACTIV G 2.0 L 4 Cylinders 16 valves အင်ဂျင်ကို Petrol စနစ်နဲ့တွဲဖက်ထားကာ Sport ဆန်သွား စေဖို့ရာ 6 speed Semi Auto Transmission ကိုတပ်ဆင်ပေးထားပါတယ်။ မြင်းကောင်ရေ [email protected] ထွက်ရှိပြီး အမြန်ဆုံးမောင်းနှင်နိုင်မှုအနေနဲ့ ၁နာရီကို ၂၁၂ ကီလိုမီတာရောက်ရှိနိုင်တာပဲဖြစ်ပါတယ်။ နောက်ပြီး SKYACTIV-VEHICLE DYNAMICS with G-Vectoring Control စနစ်ပါဝင်ခြင်းဖြစ်ပါတယ်။ ဒီစနစ်က ဆီစားနှုန်းသက်သာခြင်း၊ စွမ်းဆောင်ရည်မြင့် မားခြင်းနဲ့Emission ထုတ်လွှတ်မှုလျော့နည်းစေခြင်း စတဲ့အားသာချက်တွေကို ရရှိစေမှာဖြစ်သလို Drive feeling ကိုလည်း အပြည့် အဝရရှိစေမှာဖြစ်ပါတယ်။ နောက်ပြီး Suspension ကလည်း ရှေ့ကို MacPherson strut with stabilizer bar နဲ့နောက်ကို Multilink with stabilizer bar ကိုသုံးထားပါတယ်။

လုံခြုံရေး

လုံခြုံရေးစနစ်အနေနဲ့ ရှေ့ Driver ,Passenger အတွက်အပါအဝင် ဘေးနှစ်ဖက်၊ပြတင်းပေါက်နှစ်ဖက် စုစုပေါင်းလေအိတ် ၆ လုံး တပ်ဆင်ပေးထားပါတယ်။ Anti-lock Brake System with Electronic Brake force Distribution & Brake Assist, Electronic Brake Distribution (EBD),Electronic , Security Alarm , Electronic Parking Brake(EPB), Stability Control , Traction Control System (TCS), Lane Departure Warning System (LDW) , Immobilizer, Smart City Brake တို့ လိုပြည့်စုံတဲ့ စနစ်တွေသာမကဘဲ Traffic များတဲ့မြို့တွင်းလမ်းတွေမှာမောင်းရင်း မီးပွိုင့်မိနေတဲ့အခြေအနေမျိုးတွေမှာ ဘရိတ်နင်း စရာမလို အောင်ပြုလုပ်ပေးထားတဲ့ Auto Hold စနစ်လိုပါဝင်မှုအသစ်ကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ရှေ့နောက် Parking Sensors တွေပါဝင်ပြီး Back Camera လည်းပါပါသေးတယ်။ AWD မောင်းနှင်မှုစနစ်ဖြစ်လို့လည်း ဘီးတွေရဲ့ ထိန်းချုပ်နိုင်မှုအား ပိုကောင်းပြီး Off Road တွေအတွက်အဆင်ပြေစေနိုင်ပါတယ်။

စမ်းသပ်မောင်းနှင်မှု

စပြီးစက်နှိုးထွက်ခွာကတည်းက SUV လည်းဖြစ်၊Petrol အင်ဂျင်လည်းဖြစ်တော့ အထနှေးတာမျိုးမတွေ့ရပါဘူး။ တော်တော်ကြီးကြီး Compact တစ်စီးဖြစ်ပေမယ့် စတီယာရင်စနစ်က တော်တော်ကိုင်တွယ်ရကောင်းတယ်။ Semi Auto 6-speed ဆိုတော့ Auto ,Manual ပုံစံ ၂ မျိုးမောင်းနိုင်တယ်။ Sport ဆန်စေချင်တဲ့သဘောပါပဲ။ မောင်းနေရင်းနဲ့ အသစ်ပါဝင်လာတဲ့ Head up Display စနစ် စမ်းကြည့်တယ်။ ရှင်းရှင်းလင်းလင်းနဲ့ကိုယ့်အရှိန်ကိုချက်ချင်းသိနိုင်တယ်။ နောက်ပြီး CX-5 ရဲ့အသစ်ပါဝင်မှုဖြစ်တဲ့ Sport Mode ကို ပြောင်းလဲမောင်းကြည့်တော့တော်တော်လေးကို မောင်းရတာမြန်ဆန်သွားတယ်။ rpm အတက်မြန်အောင်လုပ်ပြီး လီဗာခပ်ဖွဖွ လေးနင်းရုံနဲ့ ၈၀ ၊ ၁၀၀ သာသာလေးပြေးသွားတယ်။ ချိုင့်တစ်ချို့ကိုလည်း အားမနာတမ်းမောင်းကြည့်တယ်။ အောက်ပိုင်းစနစ်ရဲ့ မာကျောမှုနဲ့ ငြိမ့်ညောင်းမှုကို တစ်ပြိုင်တည်းခံစားခဲ့ရပါတယ်။ AWD စနစ်သုံးထားတာဆိုတော့လည်း ဘရိတ်စနစ်တွေ၊ တည်ငြိမ် မှုတွေက တော်တော်လေးကောင်းတယ်။ အရှိန်လျှော့တာတွေ၊အရှိန်မြှင့်တာတွေကလည်း စိတ်နဲ့တစ်ထပ်တည်းကျအောင် ကားက စွမ်းဆောင်နေသလိုပါပဲ။ မောင်းရတာနဲ့ ထိန်းချုပ်ရတာကိုအရမ်းစိတ်တိုင်းကျဖြစ်မိပါတယ်။

စျေးနှုန်းနဲ့သုံးသပ်ချက်

Mazda CX-5 new model ကပြည့်စုံတဲ့ SUV ကားမျိုးပါ ။ဒါပေမဲ့ စာရေးသူအမြင်ကတော့ Tire Pressure Monitoring ကိုထည့် လိုက်ပြီး Sunroof က Panoramic ဖြစ်သွားရင်တော်တော်လေးကောင်းမွန်တဲ့ ကားတစ်စီးဖြစ်သွားနိုင်ပါတယ်။ မောင်းနှင်မှုပိုင်း၊ စီးနင်းရမှုနဲ့ လုံခြုံမှုတွေမှာအပြစ်ပြောစရာမရှိအောင်ကိုအဆင်ပြေတဲ့အတွက် မြို့တွင်းရော၊ဟိုင်းဝေးရော၊ပြီးတော့ စပေါ့ကြိုက် တဲ့လူငယ်တွေအတွက်ပါ အရမ်းသင့်တော်ပါတယ်။စျေးကတော့ အမေရိကန်ဒေါ်လာ 69,000 ဖြစ်ပြီး Mazda ရဲ့ KODO ဝိဉာဉ် တွေစီးဝင်နေတဲ့ Mazda CX-5 (The Next Generation) အကြောင်းကို တင်ပြအပ်ပါတယ်ခင်ဗျာ။

Specification

Engine Type – Skyactiv-G 2.0 DOHC 16 Value 4 Cylinder

Engine Power-2.0L

Fuel –Petrol

Engine Drive- AWD

Maximum Power(Km/rpm)- 155/ 6,000

Transmission-6 speed Semi Auto

Fuel Consumption (L/100km)- 6.9

Fuel Tank (liters) – 58

Euro NCAP test results- 5 Stars

Zawgyi version…

လမ္းမေတြေပၚမွာေျပးလႊားေနၾကတဲ့ Mazda ေနာက္ထြက္ေမာ္ဒယ္ကားေလးေတြကုိ ျမင္ဖူးၾကပါလိမ့္မယ္။ ဒီဇုိင္းပုိင္းနဲ႕ ကုိယ္ထည္ အခ်ိဳးအဆစ္ေတြက တစ္မူထူးျခားေနသလုိ သူတုိရဲ႕ Trade Mark အေရာင္ျဖစ္တဲ့အနီေရာင္ (Soul Red Crystal Metallic) ကလည္း Sexy က် လွတာကုိ သတိထားမိၾကမွာပါ။ ဒါေတြက Mazda ရဲ႕အေအာင္ျမင္ဆုံးတီထြင္ဆန္းသစ္မွဳနည္းပညာတစ္ခုျဖစ္တဲ့ KODO design (Soul Of Motion) ေၾကာင့္ပဲျဖစ္ပါတယ္။ KODO design ဆုိတာ သားရဲတစ္ေကာင္ရဲ႕စြမ္းအင္နဲ႕ လွပေက်ာ့ရွင္း တဲ့ေျပးလႊားဟန္အတုိင္း ပုံစံယူဒီဇုိင္းေရးဆဲြထားတာျဖစ္ပါတယ္။ ျပီးေတာ့ ကားကုိယာဥ္ေမာင္းနဲ႕ တစ္သားတည္းက်လာ ေအာင္ ဆုိရရင္ harmony ျဖစ္ဖုိ႔ အထူးအေလးထားျပဳလုပ္ေပးထားတာျဖစ္ပါတယ္။ လက္ရွိ Mazda မွာအၾကိဳက္ဆုံးအရာကုိေျပာပါဆုိ စာေရးသူကေတာ့ KODO design နဲ႕ Skyactiv Technology ေတြလုိ႔ဆုိရပါလိမ့္မယ္။ ဒီႏွစ္ခုရဲ႕အႏွစ္သာရေပၚလြင္ေနတဲ့ ကားတစ္စီးကုိ စိတ္ၾကိဳက္စမ္းသပ္ေမာင္းႏွင္ခြင့္ ရရွိခဲ့ပါတယ္။ဒီကားကေတာ့ Mazda CX-5 (The Next Generation) ပဲျဖစ္ျပီး သူ႔မွာဘာေတြပါဝင္တယ္။ ဘယ္လုိ ထူးျခားတယ္။ ေမာင္းႏွင္ရတဲ့ အပုိင္းေတြကုိ ေရးသားေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။

အျပင္ဘက္ပုိင္း

လူ ၅ ေယာက္စီး Compact Crossover အမ်ိဳးအစားျဖစ္တဲ့ Mazda CX-5 ကုိ၂၀၁၃ ခုႏွစ္မွာစတင္ထုတ္လုပ္ခဲ့တာျဖစ္ျပီး KODO design ကုိပထမဆုံး အသုံးျပဳခဲ့တဲ့ကားလည္းျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႕ရဲ႕ပထမမ်ိဳးဆက္ရုပ္ထြက္ပုိင္းက က်ားရဲတစ္ေကာင္လုိ (သို႕) ခပ္မိုက္မိုက္ေကာင္ေလးေတြလုိ ၾကမ္းၾကမ္းရမ္းရမ္းပုံစံမ်ိဳးေပါက္ေနပါတယ္။ ဒါေပမဲ့ အခု The Next Generation မွာေတာ့ ပုံစံ အနည္းငယ္ေျပျပစ္သြားတာကုိ ေတြ႔ရပါတယ္။ ၾကီးမားက်ယ္ျပန္႕တဲ့ဇကာကြပ္ေတြအလယ္မွာ Mazda logo ပါဝင္ျပီး ေအာက္ပတ္ ပတ္လည္ကုိ Chrome ေတြနဲ႕ ပတ္ပတ္လည္ဝန္းရံေပးထားပါတယ္။ ျပီးေတာ့ ဒီChromeေတြက ေရွ႕မီးၾကီးေအာက္နား ထိသြား ေရာက္ေပါင္းစုံတန္ဆာဆင္ေပးထားပါတယ္။ ေနာက္ျပီးသူ႕ရဲ႕ဒီဇုိင္းကုိပုိျပီးေျပေျပျပစ္ျပစ္ျဖစ္သြားေစတာက ယာဥ္နဲ႕အတူလုိက္ပါ ေကြ႕ေပးႏိုင္တဲ့အျပင္ Autoဖြင့္ပိတ္ေပးႏိုင္တဲ့Adaptive LED Headlights ေတြပါဝင္လာျခင္းေၾကာင့္လည္းျဖစ္ပါတယ္။ ေအာက္ဘက္မွာေတာ့ ေလစုပ္ေပါက္ ေတြနဲ႔တစ္တန္းတည္းအေနအထား Fog Lamps ေတြပါဝင္ပါတယ္။ ေရွ႕ေဘာနက္နဲ႔ ေဘာ္ဒီ တည္ေဆာက္ပုံက စေပါ့နဲ႔ Aerodynamic ျဖစ္ေအာင္တည္ေဆာက္ထားတဲ့ပုံစံမ်ိဳးျဖစ္ေနပါတယ္။ ေနာက္ဘက္မွာလည္း မီးခြက္ပုံစံ အနည္းငယ္ေျပာင္းလဲသြားျပီး စေပါ့ပုံစံ ပုိျဖစ္ေအာင္ Dual Exhaust ကုိသုံးစြဲထားပါတယ္။ ျပီးေတာ့ဒီစမ္းသပ္ေမာင္းႏွင္ခဲ့တဲ့ ကားက လည္း လူၾကိဳက္အမ်ားဆုံးနဲ႕ Mazda ရဲ႕အလန္းဆုံး Color ျဖစ္တဲ့ (Soul Red Crystal Metallic) ျဖစ္ေနပါတယ္။ ဒီကားကုိ ပုိျပီးစေပါ့ဆန္သြားေစတာက spoiler ေတြပါလာတာနဲ႔ ၁၉ လက္မအလြိဳင္းဝီွးေတြကုိ သုံးထားတာပဲျဖစ္ပါတယ္။

အတြင္းခန္း

စတီယာရင္ပုိင္းကေနစေျပာၾကည့္ရေအာင္ပါေနာ္။ Hand Made နဲ႕ခ်ဳပ္ထားတဲ့လည္သာစတီယာရင္ေတြက အရည္အေသြးတစ္ခု ကုိေဖာ္ျပတာျဖစ္ျပီး ဒီစတီယာရင္မွာပဲ Audio , Cruise Control,ေရွ႕ဒုိင္ခြက္က Mode ေတြကုိေျပာင္းလဲဖုိ႔နဲ႔ Bluetooth hand free ဖုန္းေျပာဆုိမွဳေတြကုိ ထိန္းခ်ဳပ္ညႊန္ၾကားဖုိ႔ ခလုတ္ေတြပါဝင္ပါတယ္။ ေနာက္တစ္ထူးျခားခ်က္က အရင္ေမာ္ဒယ္မွာမပါတဲ့ Head up display ျဖစ္ပါတယ္။ဒါက ကုိယ့္ေရွ႔မွန္ေပၚမွာေမာင္းႏွင္ေနတဲ့ ကီလုိကုိေဖာ္ျပေပးမွာျဖစ္ျပီး ဒိုင္ခြက္ကုိငုံ႕ၾကည့္စရာမလုိေတာ့ပါဘူး။ ဒုိင္ခြက္မွာလည္း ကီလုိေတြ၊ျပင္ပအပူခ်ိန္၊ဆီလက္က်န္နဲ႔ေမာင္းလုိ႔ရမယ့္ကီလုိစတဲ့အခ်က္အလက္ေတြကုိေဖာ္ျပေပးထားပါတယ္။ ျပီး ေတာ့ 7 inch Full Colour Touch Screen ေပၚမွာ Audio ေတြ၊ လမ္းေၾကာင္းျပစနစ္ေတြ၊ဖုန္းေခၚဆုိမွဳေတြ၊ အျခား Setting ေတြကုိ ေျပာင္းလဲလုိ႔ရပါေသးတယ္။ ထုိင္ခုံေတြအားလုံးကလည္း လည္သာထုိင္ခုံေတြခ်ည္းပဲျဖစ္ျပီး ေရွ႕Driver နဲ႔ Passenger ခုံေတြကုိ ေမာ္တာစနစ္သုံးကာ လုိသလုိခ်ိန္ညွိႏိုင္သလုိ Memory 2 မ်ိဳးနဲ႕လည္းမွတ္သားထားလုိ႔ရပါေသးတယ္။ ေနာက္တစ္ခုက ပါဝင္မွဳအသစ္ အေနနဲ႔ ဂီယာအနားမွာပါတဲ့ Mazda Command Control ျဖစ္ျပီး  Computer ေတြသုံးရသလုိမ်ိဳးပဲ Touch Screen ေပၚကအရာေတြကုိ ထိန္းခ်ဳပ္ႏိုင္တာပဲျဖစ္ပါတယ္။ ေနာက္တစ္ခုက Dual Aircon ပါဝင္ျပီး ဇုန္ ၃ ဇုန္ကုိအေအးဓါတ္ျဖန္႕က်က္ေပးႏိုင္ပါတယ္။ ျပီးေတာ့ လည္သာနဲ႔ခ်ဳပ္ထားတဲ့ ဒတ္ရွ္ဘုတ္ပါဝင္ျပီး အလယ္မွာက်ြန္းကြက္ေတြနဲ႔အလွဆင္ထားပါေသးတယ္။ Entertainment အျဖစ္ေတာ့ DVD,CD ပါဝင္တဲ့အျပင္ အရင္ေမာ္ဒယ္ေဟာင္းမွာမပါတဲ့ Bose System Speaker 12 လုံးပါဝင္ပါတယ္။ ေနာက္ျပီး  Push Button Start ၊ 12-volt power outlets ၊ Sunroof ၊ Power liftgate ၊ ေနာက္ခုံတန္းမွာ လုိသလုိေခါက္ႏိုင္၊သိမ္းႏိုင္တဲ့ Cup Holder နဲ႔ လက္တင္ခုံပါဝင္တာပဲျဖစ္ပါတယ္။ ေနာက္ဘက္ဝန္တင္ခန္းမွာလည္း က်ယ္ဝန္းမွဳကုိေတြ႔ရျပီး Cargo Cover ပါဝင္တာကုိေတြ႔ရ ပါတယ္။

စြမ္းေဆာင္ရည္

Mazda CX-5 အသစ္မွာ SKYACTIV G 2.0 L 4 Cylinders 16 valves အင္ဂ်င္ကုိ Petrol စနစ္နဲ႔တြဲဖက္ထားကာ Sport ဆန္သြား ေစဖုိ႔ရာ 6 speed Semi Auto Transmission ကုိတပ္ဆင္ေပးထားပါတယ္။ ျမင္းေကာင္ေရ [email protected] ထြက္ရွိျပီး အျမန္ဆုံးေမာင္းႏွင္ႏိုင္မွဳအေနနဲ႔ ၁နာရီကုိ ၂၁၂ ကီလုိမီတာေရာက္ရွိႏိုင္တာပဲျဖစ္ပါတယ္။ ေနာက္ျပီး SKYACTIV-VEHICLE DYNAMICS with G-Vectoring Control စနစ္ပါဝင္ျခင္းျဖစ္ပါတယ္။ ဒီစနစ္က ဆီစားႏွဳန္းသက္သာျခင္း၊ စြမ္းေဆာင္ရည္ျမင့္ မားျခင္းနဲ႕Emission ထုတ္လႊတ္မွဳေလ်ာ့နည္းေစျခင္း စတဲ့အားသာခ်က္ေတြကုိ ရရွိေစမွာျဖစ္သလုိ Drive feeling ကုိလည္း အျပည့္ အဝရရွိေစမွာျဖစ္ပါတယ္။ ေနာက္ျပီး Suspension ကလည္း ေရွ႕ကုိ MacPherson strut with stabilizer bar နဲ႕ေနာက္ကုိ Multilink with stabilizer bar ကုိသုံးထားပါတယ္။

လံုျခံဳေရး

လုံျခဳံေရးစနစ္အေနနဲ႔ ေရွ႕ Driver ,Passenger အတြက္အပါအဝင္ ေဘးႏွစ္ဖက္၊ျပတင္းေပါက္ႏွစ္ဖက္ စုစုေပါင္းေလအိတ္ ၆ လုံး တပ္ဆင္ေပးထားပါတယ္။ Anti-lock Brake System with Electronic Brake force Distribution & Brake Assist, Electronic Brake Distribution (EBD),Electronic , Security Alarm , Electronic Parking Brake(EPB), Stability Control , Traction Control System (TCS), Lane Departure Warning System (LDW) , Immobilizer, Smart City Brake တုိ႔ လုိျပည့္စုံတဲ့ စနစ္ေတြသာမကဘဲ Traffic မ်ားတဲ့ျမိဳ႕တြင္းလမ္းေတြမွာေမာင္းရင္း မီးပြိဳင့္မိေနတဲ့အေျခအေနမ်ိဳးေတြမွာ ဘရိတ္နင္း စရာမလုိ ေအာင္ျပဳလုပ္ေပးထားတဲ့ Auto Hold စနစ္လုိပါဝင္မွဳအသစ္ကုိလည္း ေတြ႔ရွိရမွာျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ ေရွ႕ေနာက္ Parking Sensors ေတြပါဝင္ျပီး Back Camera လည္းပါပါေသးတယ္။ AWD ေမာင္းႏွင္မွဳစနစ္ျဖစ္လုိ႔လည္း ဘီးေတြရဲ႕ ထိန္းခ်ဳပ္ႏိုင္မွဳအား ပုိေကာင္းျပီး Off Road ေတြအတြက္အဆင္ေျပေစႏိုင္ပါတယ္။

စမ္းသပ္ေမာင္းႏွင္မွဳ

စျပီးစက္ႏွဳိးထြက္ခြာကတည္းက SUV လည္းျဖစ္၊Petrol အင္ဂ်င္လည္းျဖစ္ေတာ့ အထေႏွးတာမ်ိဳးမေတြ႕ရပါဘူး။ ေတာ္ေတာ္ၾကီးၾကီး Compact တစ္စီးျဖစ္ေပမယ့္ စတီယာရင္စနစ္က ေတာ္ေတာ္ကုိင္တြယ္ရေကာင္းတယ္။ Semi Auto 6-speed ဆုိေတာ့ Auto ,Manual ပုံစံ ၂ မ်ိဳးေမာင္းႏုိင္တယ္။ Sport ဆန္ေစခ်င္တဲ့သေဘာပါပဲ။ ေမာင္းေနရင္းနဲ႔ အသစ္ပါဝင္လာတဲ့ Head up Display စနစ္ စမ္းၾကည့္တယ္။ ရွင္းရွင္းလင္းလင္းနဲ႕ကုိယ့္အရွိန္ကုိခ်က္ခ်င္းသိႏိုင္တယ္။ ေနာက္ျပီး CX-5 ရဲ႕အသစ္ပါဝင္မွဳျဖစ္တဲ့ Sport Mode ကုိ ေျပာင္းလဲေမာင္းၾကည့္ေတာ့ေတာ္ေတာ္ေလးကုိ ေမာင္းရတာျမန္ဆန္သြားတယ္။ rpm အတက္ျမန္ေအာင္လုပ္ျပီး လီဗာခပ္ဖြဖြ ေလးနင္းရုံနဲ႕ ၈၀ ၊ ၁၀၀ သာသာေလးေျပးသြားတယ္။ ခ်ိဳင့္တစ္ခ်ိဳ႕ကုိလည္း အားမနာတမ္းေမာင္းၾကည့္တယ္။ ေအာက္ပုိင္းစနစ္ရဲ႕ မာေက်ာမွဳနဲ႔ ျငိမ့္ေညာင္းမွဳကုိ တစ္ျပဳိင္တည္းခံစားခဲ့ရပါတယ္။ AWD စနစ္သုံးထားတာဆုိေတာ့လည္း ဘရိတ္စနစ္ေတြ၊ တည္ျငိမ္ မွဳေတြက ေတာ္ေတာ္ေလးေကာင္းတယ္။ အရွိန္ေလွ်ာ့တာေတြ၊အရွိန္ျမွင့္တာေတြကလည္း စိတ္နဲ႕တစ္ထပ္တည္းက်ေအာင္ ကားက စြမ္းေဆာင္ေနသလုိပါပဲ။ ေမာင္းရတာနဲ႕ ထိန္းခ်ဳပ္ရတာကုိအရမ္းစိတ္တုိင္းက်ျဖစ္မိပါတယ္။

ေစ်းႏွဳန္းနဲ႕သုံးသပ္ခ်က္

Mazda CX-5 new model ကျပည့္စုံတဲ့ SUV ကားမ်ိဳးပါ ။ဒါေပမဲ့ စာေရးသူအျမင္ကေတာ့ Tire Pressure Monitoring ကုိထည့္ လုိက္ျပီး Sunroof က Panoramic ျဖစ္သြားရင္ေတာ္ေတာ္ေလးေကာင္းမြန္တဲ့ ကားတစ္စီးျဖစ္သြားႏိုင္ပါတယ္။ ေမာင္းႏွင္မွဳပုိင္း၊ စီးနင္းရမွဳနဲ႔ လုံျခဳံမွဳေတြမွာအျပစ္ေျပာစရာမရွိေအာင္ကုိအဆင္ေျပတဲ့အတြက္ ျမိဳ႕တြင္းေရာ၊ဟုိင္းေဝးေရာ၊ျပီးေတာ့ စေပါ့ၾကိဳက္ တဲ့လူငယ္ေတြအတြက္ပါ အရမ္းသင့္ေတာ္ပါတယ္။ေစ်းကေတာ့ အေမရိကန္ေဒၚလာ 69,000 ျဖစ္ျပီး Mazda ရဲ႕ KODO ဝိဥာဥ္ ေတြစီးဝင္ေနတဲ့ Mazda CX-5 (The Next Generation) အေၾကာင္းကုိ တင္ျပအပ္ပါတယ္ခင္ဗ်ာ။

Specification

Engine Type – Skyactiv-G  2.0 DOHC 16 Value 4 Cylinder

Engine Power-2.0L

Fuel –Petrol

Engine Drive- AWD

Maximum Power(Km/rpm)- 155/ 6,000

Transmission-6 speed Semi Auto

Fuel Consumption (L/100km)- 6.9

Fuel Tank (liters) – 58

Euro NCAP test results- 5 Stars