Zawgyi version…

လူတုိင္းအတြက္ ဘဝမွာအေရးၾကီးဆုံးအရာက လူ႕ေဘာင္ေလာကအတြက္ အက်ိဳးျပဳႏုိင္တာ ဘာေတြ လုပ္ႏုိင္ခဲ့သလဲဆုိတာပါပဲ။ လူပုဂၢိဳလ္တစ္ဦးခ်င္း၊အသင္းအဖြဲ႕လုိက္ခ်င္း ဘယ္လုိအခန္းက႑ေတြမွာ ပါဝင္ အက်ိဳးျပဳဖူးၾကသလဲဆုိတာကုိ မွတ္တုိင္တစ္ခုအျဖစ္ညႊန္းဆုိလုိ႕လည္း ရႏုိင္ပါတယ္။လက္ရွိမွာ က်ြန္ေတာ္ တုိ႕ရဲ႕ Drive Media Group ကလည္း လူ႕ေဘာင္ေလာကရဲ႕ အေရးပါတဲ့က႑တစ္ရပ္ျဖစ္တဲ့ ကားေလာကကုိ အက်ိဳးျပဳႏုိင္တဲ့ အရာတစ္ခုကုိေအာင္ျမင္စြာနဲ႕ျပဳလုပ္ႏုိင္ခဲ့ပါျပီ။အဲဒါကေတာ့ ျမန္မာ့တစ္ႏွစ္တာ အေကာင္းဆုံး ကားဆုေပးပဲြ (MCOTY) ကုိ ျမန္မာႏုိင္ငံမွာ ပထမဆုံးအၾကိမ္အျဖစ္ ဦးေဆာင္က်င္းပေပးႏုိင္ခဲ့တာပဲျဖစ္ပါတယ္။

ဒီပဲြက ဘယ္ေလာက္အေရးပါေနလုိ႕လဲဆုိတာမ်ိဳးေရာ ေမးခြန္းထုတ္လာႏုိင္တယ္။ ဒါဆုိရင္ ေျဖရွင္းစရာ က ရွိလာပါတယ္။ လြန္ခဲ့တဲ့ စစ္အစုိးရလက္ထက္ကစလုိ႕ ယေန႔ဒီမုိကေရစီေခတ္ထိေအာင္ ျမန္မာႏုိင္ငံကျပည္ သူေတြဟာ ကားအေဟာင္း သံသရာထဲမွာပဲ ႏွစ္ေမ်ာေနခဲ့ၾကပါတယ္။ လက္ရွိ ကားအမ်ားဆုံးျမိဳ႕ ရန္ကုန္မွာ ဆုိရင္ ကားေဟာင္းေတြက ၈၀ ရာခုိင္ႏွဳန္းေလာက္ရွိေနတာက သက္ေသပါပဲ။ ကားေဟာင္းေတြက အပုိစၥည္း ေပါတယ္။ ျပင္ဆင္စရိတ္သက္သာတယ္။ ျပင္ႏုိင္တဲ့ ဝပ္ေရွာ့ေပါတယ္။ကားေစ်းကလည္း အသစ္ေတြ ထက္ခ်ိဳ တယ္ စသျဖင့္ဆုိေကာင္းဆုိလာႏုိင္တယ္။ သက္သာတာကုိလုိက္ခ်င္တာ လူ႕သဘာဝပင္ျဖစ္ပါတယ္။ ဒါေပမဲ့ အေဟာင္းအမ်ားစုက လမ္းစနစ္နဲ႕မကုိက္ဘူး။အဲဒီေတာ့ Accident ေတြအျဖစ္မ်ားတာေပါ့။ ေနာက္တစ္ ခ်က္ က သက္တမ္းလြန္ကားေတြျဖစ္လာရင္ Safety ပုိင္းေတြ၊ နည္းပညာပုိင္းေတြမွာ အသစ္ေတြ ကုိမမီေတာ့ဘူး။ ရွဳေထာင့္ေနာက္တစ္ခုက ၾကည့္မယ္ဆုိရင္ သဘာဝပတ္ဝန္းက်င္ကုိ ထိခုိက္ေစတယ္။

ဒါေၾကာင့္ Drive အေန နဲ႕ ျပည္သူေတြလူေနမွဳ အဆင့္အတန္းတုိးတက္ေစဖုိ႕ရာ Brand New ကား ေတြကုိ Awareness မ်ားမ်ား လုပ္ ဖုိ႕ဦးတည္ၾကိဳးပမ္းခဲ့တယ္။ ဒီေလာက္နဲ႕မေက်နပ္ႏုိင္လုိ႕ Drive အေန နဲ႕Brand New Car ေတြကုိ လူေတြ ပုိျပီး ဂရုျပဳလာဖုိ႕၊ပုိျပီးရင္းႏွီးလာဖုိ႕အတြက္ ႏုိင္ငံတကာမွာက်င္းပ ေအာင္ျမင္ေနျပီးသားျဖစ္တဲ့ Car Of The Year Award က်င္းပဖုိ႕စီစဥ္ၾကိဳးပမ္းခဲ့ၾကပါတယ္။ ဒီလုိျပဳလုပ္ဖုိ႕အ တြက္ ႏုိင္ငံတကာက က်င္းပတဲ့ပုံစံေတြ(အထူးသျဖင့္ ကားေစ်းကြက္ထြန္းကားျပီးသား အိမ္နီးခ်င္းႏုိင္ငံေတြက ပုံစံေတြကုိ ေလ့လာျပီး သူတုိ႕ဆီက က်ြမ္းက်င္သူေတြကုိ အကူအညီေတာင္းရပါတယ္။) ေနာက္ျပီး ျပည္တြင္းက Brand New Showroom ေတြပါဝင္ဖုိ႕ကုိလည္း ၾကိဳးစားခဲ့ရပါတယ္။ AADA ရဲ႕ပံ့ပုိးကူညီမွဳ ေတြေၾကာင့္လည္း Drive အေနနဲ႕ ဒီပဲြကုိအခုလုိ အဆင္ေျပေျပက်င္းပႏုိင္ခဲ့တာလုိ႕ဆုိရင္လည္းမမွားႏုိင္ပါဘူး။ ေနာက္ျပီး စိတ္ပါ လက္ပါနဲ႕အစစအရာရာ ဒုကၡခံျပီး ကူညီေပးခဲ့ၾကတဲ့ Brand New Showroom ေတြကုိလည္း အျမဲတမ္း အမွတ္ရေက်းဇူးတင္ေနမွာပါ။   ေနာက္ျပီးပဲြျဖစ္ေျမာက္ေရးအတြက္ အဘက္ဘက္က ကူညီေပး ခဲ့ၾကတဲ့

  • Diamond Sponsor – Optima Werkz Yangon
  • Gold Sponsor – Grand Royal Double Gold Whisky, Myanmar Premium Beer
  • Venue Sponsor – Novotel Yangon Max
  • Food Concept – Le Cellier Restaurant at Novotel Yangon Max
  • Band Sponsor – Jazz in Time
  • Other sponsors – Marco’s Cellar
  • Dress Code Sponsor – Brioni
  • Supported by AADA
  • Band sponsor – Jazz Band တုိ႕ကုိလည္းအထူးေက်းဇူးတင္ရွိေနမွာပါ။

ဒီက႑မွာအေရးပါဆုံးကိစၥျဖစ္တဲ့ Voting ေတြကုိစီစဥ္ရာမွာေတာ့ ႏုိင္ငံတကာက ကားဆု ေတြခ်ီးျမွင့္ ရာမွာ အသုံးျပဳတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကုိ ကုိယ့္ႏုိင္ငံ အေနအထား၊ေပၚလစီနဲ႕ ကုိက္ ညီႏုိင္တဲ႔ပုံစံမ်ိဳး အသြင္ေျပာင္း က်င့္သုံးဖုိ႕ဆုံးျဖတ္ခဲ့ၾကပါတယ္။ Judging Criteria ကုိ အခ်က္ ၁၀ ခ်က္နဲ႕ဖဲြ႔စည္းျပီး ဒုိင္ေတြ အျဖစ္တာဝန္ယူၾကမယ့္ Local က ၃ ဦးနဲ႕ International က ၃ ဦးတုိ႕ကုိ ခ်ျပခဲ့တယ္။ေနာက္ျပီး အြန္လုိင္းစနစ္ကုိ အေျခခံတဲ့ မဲေပးစနစ္ကုိ ျပဳလုပ္ေစခဲ့သလုိ ဒုိင္ေတြ အေပၚမွာလည္း လႊမ္းမုိးမွဳ၊ခ်ယ္လွယ္မွဳ၊ဘက္လုိက္မွဳကင္းစြာနဲ႕အမ်ားယုံၾကည္ မွဳရွိဖုိ႕ၾကိဳးစား လုပ္ေဆာင္ေစခဲ့ပါတယ္။ ပထမဆုံးအၾကိမ္ က်င္း ပျခင္းျဖစ္လုိ႕ အစစအရာရာလြယ္ကူျခင္းမရွိဘဲ အခက္အခဲ ေတြနဲ႔ရင္ဆုိင္ခဲ့ရပါတယ္။ ဒါေပမဲ့ ပါဝင္ၾကတဲ့ Showroom ေတြရဲ႕အဘက္ဘက္ကူညီမွဳ၊ ျပည္သူေတြရဲ႕ ေထာက္ခံမွဳေၾကာင့္ အခုလုိဒီပဲြကုိ အတုိင္း အတာ တစ္ခုအထိျပီးေျမာက္ေအာင္ျမင္ေအာင္ က်င္းပႏုိင္ခဲ့ တာျဖစ္ပါတယ္။ မတူညီတဲ့ ႏုိင္ငံေတြက ဒုိင္ေတြပါ ဝင္ခဲ့ၾကလုိ႔ အမွတ္ေပးၾကရာမွာ ျပည္တြင္းကဒုိင္ေတြက ကုိယ့္ႏုိင္ငံကလူေတြနဲ႕ကုိက္ညီႏုိင္မွဳရွိတဲ့ ကားေတြကုိသာ အဓိကမဲေပးခဲ့ၾကပါတယ္။

ေအာက္မွာလည္း အကဲျဖတ္ဒုိင္ေတြက်င့္ သုံးရမယ့္ စံႏွဳန္းေတြကုိ ေဖာ္ျပေပးထားပါတယ္။

Judging Criteria For MCOTY (Myanmar Car Of The Year Award အတြက္ အကဲျဖတ္ဒုိင္မ်ားက်င့္သုံးမည့္ စံႏွဳန္းမ်ား)

  1. 1-Outside Looks / Appearance -Is it pretty, too boxy, consistent styling etc
    ၁- ကားပုံစံအေပၚအျပင္ပုိင္းအျမင္-လွပမွဳ ၊ဆဲြေဆာင္မွဳ ၊ မေျပာင္းလဲေသာ စတုိင္က်မွဳ စသည္..
  2. Interior: Appearance / Function/Space & Versatility-Practical Storage?Materials?Noise Level?Cool Control Panel?
    ၂-အတြင္းပုိင္းအက်ယ္အဝန္း၊ကဲြျပားျခားနားသည့္အရာမ်ား၊ပါဝင္မွဳ ႏွင့္ျပဳ လုပ္ခ်က္မ်ား-ကား၏အတြင္းခန္းအက်ယ္၊ ပစၥည္းမ်ားထားရွိရန္ေနရာပါရွိမွဳ အက်ယ္အဝန္း၊အသုံးျပဳထားေသာ ပစၥည္းမ်ား၊အသံလုံျခဳံမွဳ ၊ ေလေအးေပးစနစ္ေကာင္းမြန္မွဳ
  3. Ergonomics-Are the controls intuitively laid out? For the cupholder get in the way of your arm? Can you get the seat and wheel into a comfortable position easily?
    ၃-ကားကုမၸဏီမ်ား၏ အရည္အေသြးေလ႔လာမွဳ – ကားအေပၚတြင္ ကားကုမၸဏီ၏ ေပးဆပ္ထားမွဳ ၊ ဥပမာ – ကားအတြင္း Cupholder မ်ားပါရွိမွဳ ၊ ထုိင္ခုံမ်ား၏ အရည္အေသြး၊ထုိင္ခုံမ်ားကုိ ထိန္းခ်ဴ ပ္ညႊန္ၾကားႏုိင္မွဳ ၊စီးနင္းရမွဳ တြင္ ျငိမ့္ေညာင္းမွဳ ရွိမရွိ
  4. Power Train-Engine and transmission work smoothly together to give you passing over, engine doesn’t rev too high on the highway (unpleasant noise); Fuel economy
    ၄-စြမ္းအင္ထြက္ရွိမွဳ – အင္ဂ်င္ႏွင့္ ဂီယာပုိင္းဆုိင္ရာ စြမ္းေဆာင္ရည္က သင့္အတြက္ႏွစ္သက္ေလာက္စရာ စြမ္းအင္ကုိ ရရွိေစပါသလား၊ ဆီစားႏွဳန္း၊ Highway သြားလာရာတြင္ ထြက္ရွိလာေသာအင္ဂ်င္ စြမ္းေဆာင္ရည္က သင့္ကုိႏွစ္ျခိဳက္မွဳ ရွိေစပါသလား။
  5. Ride Comfort & Handling-Does it stay flat on hard corners or roll excessively? Does the steering feel connected with the road? Do you get feedback through the steering wheel?၅-ထိန္းခ်ဴ ပ္ေမာင္းႏွင္မွဳႏွင့္ စီးနင္းရမွဳ – စတီယာရင္ စနစ္က လမ္းေပၚမွာသြားေနတဲ့ အခ်ိန္မွာ ဘယ္လုိခံစားမွဳ ရရွိေစပါသလဲ ၊ စတီယာရင္နဲ႔ပတ္သက္လုိ႕သင့္ရဲ႕ထင္ျမင္ယူဆမွဳ ၊ ထိန္းခ်ဴပ္ေမာင္းႏွင္ရတာ အဆင္ေျပရဲ႕လား၊ ေနာက္ျပီး ဘရိတ္စနစ္ကေရာ ဘယ္လုိပါလဲ။
  6. Safety: Active & Passive
    ၆-လုံျခံဳစိတ္ခ်ရမွဳ – ဒီအပုိင္းမွာေတာ့ Active ႏွင့္ Passive ပုိင္း ၂ မ်ိဳး ပါသည္။ ျမင္ႏုိင္တဲ့ လုံျခဳံေရးအပုိင္းရဲ႕ခ်က္ခ်င္းလုပ္ေဆာင္ႏုိင္မွဳ ၊ Safety အေပၚခံစားသိရွိႏုိင္မွဳ
  7. Feel Good Factor-that intangible thing, does the car have a charm/personality to it? Do you like something about it for reasons hard to explain?
    ၇-ၾကိဳက္ႏွစ္သက္မွဳ – မိမိစိတ္တုိင္းက်မွဳ ၊ သင့္ကုိ ဒီကားက ဘယ္ေလာက္ဆဲြေဆာင္မွဳ ရွိေစပါသလဲ၊ ပုဂၢလိက အၾကိဳက္လား၊ ဘာလုိ႕ၾကိဳက္ရလဲဆုိတာရွင္းျပဖုိ႕ခက္ခဲပါသလား။
  8. Innovation / Customer Convenience-Does it have innovative features not yet standard in cars (like ABS was before it became standard)
    ၈-တီထြင္ဆန္းသစ္မွဳ ၊ စားသုံးသူအတြက္ အခြင့္အလမ္း- ကားတစ္စီးမွွာ အဆင့္အတန္းမီ တီထြင္ဆန္းသစ္ အသစ္မ်ား ပါရွိျပီလား။
  9. Overall value for money-Do you get what you pay for? Options, nice material etc.
    ၉-တန္ဖုိးက ေပးရတဲ့ေငြနဲ႕ထုိက္တန္ရဲ႕လား-သင္ေပးရတဲ့ေငြနဲ႕ရရွိတာ ထုိက္တန္ရဲ႕လား။ပါဝင္ေသာပစၥည္းမ်ား ၊ထုတ္လုပ္ထားေသာ အရည္အေသြး၊ကုိယ့္အတြက္ ျပန္လည္ရရွိမွဳ စသည္။
  10. 10-Offroad Capabilities – For SUV and Pickup
    ၁၀-လမ္းၾကမ္းပုိင္းစြမ္းေဆာင္ရည္-SUV ႏွင့္ Pick Up မ်ားအတြက္သာ။

ျပိဳင္ပဲြဝင္ဖုိ႕အတြက္စရင္းေပးၾကတဲ့အခါမွာေတာ့ Chevrolet, DFM, Ford, GAC, Hyundai, Jaguar Land Rover, Kia, Mazda, Mercedes, Mitsubishi, Nissan, Peugeot, Suzuki, Toyota, Volvo တုိ႕ကကားအမ်ိဳးအစား ၇၂ စီးပါဝင္ယွဥ္ျပိဳင္ခဲ့ၾကပါတယ္။ပါဝင္ယွဥ္ျပိဳင္ရမယ့္ ဆုအမ်ိဳးအစားေတြကေတာ့..

  1. Small Car
  2. Medium Car
  3. Prestige Car
  4. MPV
  5. Compact SUV
  6. SUV
  7. Prestige SUV
  8. Pick-up
  9. Car of the year (Jury’s choice) – ထုိဆုမွာ ဒုိင္မ်ားမွ ေရြးခ်ယ္ျခင္းျဖစ္ျပီး Vote အမ်ားဆုံးရရွိေသာ ကားကုိ ခ်ီးျမွင့္မည္ျဖစ္သည္။
  10. Car of the year (People’s choice) – ထုိဆုမွာ အြန္လုိင္းမွတစ္ဆင့္ျပည္သူမွ မဲေပးေရြးခ်ယ္ျခင္းျဖစ္ျပီး DRIVE Magazine၏ Website ႏွင့္ Facebook မွတစ္ဆင့္ ၾသဂုတ္ ၂၅ မွ ၃ရက္အထိမဲေပးမွဳတြင္ Vote အမ်ားဆုံးရသည့္ကားကုိ ခ်ီးျမွင့္ျခင္းျဖစ္သည္။

ျပိဳင္ပဲြက်င္းပပုံအဆင့္ဆင့္မွာ ဆုက႑ ၈ ခုမွာပါဝင္တဲ့ ကားမ်ားကုိ ဒုိင္မ်ားမွ ပထမအဆင့္ ကုိယ္တုိင္စမ္း သပ္ေမာင္းႏွင္ေလ့လာမွဳမ်ားျပဳလုပ္ျပီး Top five list အျဖစ္မဲေပးေရြးခ်ယ္ခဲ့ပါတယ္။ အဲဒီေနာက္ Top five list အဆင့္ေရာက္လာတဲ့ကားမ်ားကုိ ထပ္မံစမ္း သပ္ေမာင္းႏွင္မွဳမ်ားလုပ္ျပီး Top Three list အျဖစ္ထပ္မံေရြး ခ်ယ္ခဲ့ၾကပါတယ္။ ေနာက္ဆုံးအဆင့္ကုိမူ Novotel Yangon Max မွာက်င္းပခဲ့ျပီး တစ္ပါတည္းဆုခ်ီးျမွင့္ေပး ခဲ့ျခင္းလည္းျဖစ္ပါတယ္။ဆုေတြခ်ီးျမွင့္ခဲ့ရာမွာေတာ့

  • 2017 Small Car of the Year ကုိ Mazda 2
  • 2017 Medium Car of the Year ကုိ KIA optima
  • 2017 Prestige Car of the Year ကုိ Volvo S90 Inscription
  • 2017 MPV Car of the Year ကုိ Mercedes Benz V Class
  • 2017 Compact SUV Car of the Year ကုိ KIA Sportage
  • 2017 SUV Car of the Year ကုိ Ford Everest
  • 2017 Prestige SUV Car of the Year ကုိ Volvo XC90 Inscription
  • 2017 Pick up Car of the Year ကုိ Ford Ranger Double Cab Wildtrack
  • 2017 Myanmar Car of the Year Award, Jury’s Choice ကုိ Volvo XC90 Inscription
  • 2017 Myanmar Car of the Year Award, People’s Choice ကုိ Toyota Hilux Revo တုိ႕ကရရွိခဲ့ၾက ပါတယ္။

ဒီရလဒ္အေပၚစိတ္အလုိမက်မွဳေတြ၊အဆင္မေျပမွဳေတြရွိၾကမယ္ဆုိတာ သိပါတယ္။ဒါေပသိ Drive အေနနဲ႕ Jury ေတြရဲ႕မဲေပးမွဳအေပၚမွာ ဘယ္လုိလႊမ္းမုိးမွဳ၊ျပင္ဆင္ျခင္းမ်ိဳးကုိမွ မလုပ္ဘဲ တရားမွ်တမွဳရွိဖုိ႕ ကုိပဲအေလးထားခဲ့တာကုိေတာ့ အၾကြင္းမဲ့ယုံၾကည္ေစ်ခ်င္ပါတယ္။ ဒီပဲြမွာရရွိခဲ့တဲ့ သင္ခန္းစာေတြကုိ ရင္ဝယ္ပုိက္ျပီး ေနာက္ႏွစ္ေတြမွာ ျပဳလုပ္မယ့္ ျမန္္မာ့တစ္ႏွစ္တာအေကာင္းဆုံးဆုအခမ္းအနားေတြအတြက္ ၾကိဳးစားသြားမွာပါလုိ႕ ဆုိရင္းနိဂုံးခ်ဴပ္ပါရေစ။

ေက်ာ္သူဟိန္း

Unicode version…

Drive အတွက်မှတ်တိုင်သစ် (သို့) မြန်မာ့တစ်နှစ်တာအကောင်းဆုံးကားဆုပေးပွဲ

လူတိုင်းအတွက် ဘဝမှာအရေးကြီးဆုံးအရာက လူ့ဘောင်လောကအတွက် အကျိုးပြုနိုင်တာ ဘာတွေ လုပ်နိုင်ခဲ့သလဲဆိုတာပါပဲ။ လူပုဂ္ဂိုလ်တစ်ဦးချင်း၊အသင်းအဖွဲ့လိုက်ချင်း ဘယ်လိုအခန်းကဏ္ဍတွေမှာ ပါဝင် အကျိုးပြုဖူးကြသလဲဆိုတာကို မှတ်တိုင်တစ်ခုအဖြစ်ညွှန်းဆိုလို့လည်း ရနိုင်ပါတယ်။လက်ရှိမှာ ကျွန်တော် တို့ရဲ့ Drive Media Group ကလည်း လူ့ဘောင်လောကရဲ့ အရေးပါတဲ့ကဏ္ဍတစ်ရပ်ဖြစ်တဲ့ ကားလောကကို အကျိုးပြုနိုင်တဲ့ အရာတစ်ခုကိုအောင်မြင်စွာနဲ့ပြုလုပ်နိုင်ခဲ့ပါပြီ။အဲဒါကတော့ မြန်မာ့တစ်နှစ်တာ အကောင်းဆုံး ကားဆုပေးပွဲ (MCOTY) ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ဦးဆောင်ကျင်းပပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲက ဘယ်လောက်အရေးပါနေလို့လဲဆိုတာမျိုးရော မေးခွန်းထုတ်လာနိုင်တယ်။ ဒါဆိုရင် ဖြေရှင်းစရာ က ရှိလာပါတယ်။ လွန်ခဲ့တဲ့ စစ်အစိုးရလက်ထက်ကစလို့ ယနေ့ဒီမိုကရေစီခေတ်ထိအောင် မြန်မာနိုင်ငံကပြည် သူတွေဟာ ကားအဟောင်း သံသရာထဲမှာပဲ နှစ်မျောနေခဲ့ကြပါတယ်။ လက်ရှိ ကားအများဆုံးမြို့ ရန်ကုန်မှာ ဆိုရင် ကားဟောင်းတွေက ၈၀ ရာခိုင်နှုန်းလောက်ရှိနေတာက သက်သေပါပဲ။ ကားဟောင်းတွေက အပိုစ္စည်း ပေါတယ်။ ပြင်ဆင်စရိတ်သက်သာတယ်။ ပြင်နိုင်တဲ့ ဝပ်ရှော့ပေါတယ်။ကားစျေးကလည်း အသစ်တွေ ထက်ချို တယ် စသဖြင့်ဆိုကောင်းဆိုလာနိုင်တယ်။ သက်သာတာကိုလိုက်ချင်တာ လူ့သဘာဝပင်ဖြစ်ပါတယ်။ ဒါပေမဲ့ အဟောင်းအများစုက လမ်းစနစ်နဲ့မကိုက်ဘူး။အဲဒီတော့ Accident တွေအဖြစ်များတာပေါ့။ နောက်တစ် ချက် က သက်တမ်းလွန်ကားတွေဖြစ်လာရင် Safety ပိုင်းတွေ၊ နည်းပညာပိုင်းတွေမှာ အသစ်တွေ ကိုမမီတော့ဘူး။ ရှုထောင့်နောက်တစ်ခုက ကြည့်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်။

ဒါကြောင့် Drive အနေ နဲ့ ပြည်သူတွေလူနေမှု အဆင့်အတန်းတိုးတက်စေဖို့ရာ Brand New ကား တွေကို Awareness များများ လုပ် ဖို့ဦးတည်ကြိုးပမ်းခဲ့တယ်။ ဒီလောက်နဲ့မကျေနပ်နိုင်လို့ Drive အနေ နဲ့Brand New Car တွေကို လူတွေ ပိုပြီး ဂရုပြုလာဖို့၊ပိုပြီးရင်းနှီးလာဖို့အတွက် နိုင်ငံတကာမှာကျင်းပ အောင်မြင်နေပြီးသားဖြစ်တဲ့ Car Of The Year Award ကျင်းပဖို့စီစဉ်ကြိုးပမ်းခဲ့ကြပါတယ်။ ဒီလိုပြုလုပ်ဖို့အ တွက် နိုင်ငံတကာက ကျင်းပတဲ့ပုံစံတွေ(အထူးသဖြင့် ကားစျေးကွက်ထွန်းကားပြီးသား အိမ်နီးချင်းနိုင်ငံတွေက ပုံစံတွေကို လေ့လာပြီး သူတို့ဆီက ကျွမ်းကျင်သူတွေကို အကူအညီတောင်းရပါတယ်။) နောက်ပြီး ပြည်တွင်းက Brand New Showroom တွေပါဝင်ဖို့ကိုလည်း ကြိုးစားခဲ့ရပါတယ်။ AADA ရဲ့ပံ့ပိုးကူညီမှု တွေကြောင့်လည်း Drive အနေနဲ့ ဒီပွဲကိုအခုလို အဆင်ပြေပြေကျင်းပနိုင်ခဲ့တာလို့ဆိုရင်လည်းမမှားနိုင်ပါဘူး။ နောက်ပြီး စိတ်ပါ လက်ပါနဲ့အစစအရာရာ ဒုက္ခခံပြီး ကူညီပေးခဲ့ကြတဲ့ Brand New Showroom တွေကိုလည်း အမြဲတမ်း အမှတ်ရကျေးဇူးတင်နေမှာပါ။   နောက်ပြီးပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်က ကူညီပေး ခဲ့ကြတဲ့

Diamond Sponsor – Optima Werkz Yangon
Gold Sponsor – Grand Royal Double Gold Whisky, Myanmar Premium Beer
Venue Sponsor – Novotel Yangon Max
Food Concept – Le Cellier Restaurant at Novotel Yangon Max
Band Sponsor – Jazz in Time
Other sponsors – Marco’s Cellar
Dress Code Sponsor – Brioni
Supported by AADA
Band sponsor – Jazz Band တို့ကိုလည်းအထူးကျေးဇူးတင်ရှိနေမှာပါ။

ဒီကဏ္ဍမှာအရေးပါဆုံးကိစ္စဖြစ်တဲ့ Voting တွေကိုစီစဉ်ရာမှာတော့ နိုင်ငံတကာက ကားဆု တွေချီးမြှင့် ရာမှာ အသုံးပြုတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကိုယ့်နိုင်ငံ အနေအထား၊ပေါ်လစီနဲ့ ကိုက် ညီနိုင်တဲ့ပုံစံမျိုး အသွင်ပြောင်း ကျင့်သုံးဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Judging Criteria ကို အချက် ၁၀ ချက်နဲ့ဖွဲ့စည်းပြီး ဒိုင်တွေ အဖြစ်တာဝန်ယူကြမယ့် Local က ၃ ဦးနဲ့ International က ၃ ဦးတို့ကို ချပြခဲ့တယ်။နောက်ပြီး အွန်လိုင်းစနစ်ကို အခြေခံတဲ့ မဲပေးစနစ်ကို ပြုလုပ်စေခဲ့သလို ဒိုင်တွေ အပေါ်မှာလည်း လွှမ်းမိုးမှု၊ချယ်လှယ်မှု၊ဘက်လိုက်မှုကင်းစွာနဲ့အများယုံကြည် မှုရှိဖို့ကြိုးစား လုပ်ဆောင်စေခဲ့ပါတယ်။ ပထမဆုံးအကြိမ် ကျင်း ပခြင်းဖြစ်လို့ အစစအရာရာလွယ်ကူခြင်းမရှိဘဲ အခက်အခဲ တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမဲ့ ပါဝင်ကြတဲ့ Showroom တွေရဲ့အဘက်ဘက်ကူညီမှု၊ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့် အခုလိုဒီပွဲကို အတိုင်း အတာ တစ်ခုအထိပြီးမြောက်အောင်မြင်အောင် ကျင်းပနိုင်ခဲ့ တာဖြစ်ပါတယ်။ မတူညီတဲ့ နိုင်ငံတွေက ဒိုင်တွေပါ ဝင်ခဲ့ကြလို့ အမှတ်ပေးကြရာမှာ ပြည်တွင်းကဒိုင်တွေက ကိုယ့်နိုင်ငံကလူတွေနဲ့ကိုက်ညီနိုင်မှုရှိတဲ့ ကားတွေကိုသာ အဓိကမဲပေးခဲ့ကြပါတယ်။

အောက်မှာလည်း အကဲဖြတ်ဒိုင်တွေကျင့် သုံးရမယ့် စံနှုန်းတွေကို ဖော်ပြပေးထားပါတယ်။

Judging Criteria For MCOTY (Myanmar Car Of The Year Award အတွက် အကဲဖြတ်ဒိုင်များကျင့်သုံးမည့် စံနှုန်းများ)

1-Outside Looks / Appearance -Is it pretty, too boxy, consistent styling etc
၁- ကားပုံစံအပေါ်အပြင်ပိုင်းအမြင်-လှပမှု ၊ဆွဲဆောင်မှု ၊ မပြောင်းလဲသော စတိုင်ကျမှု စသည်..
Interior: Appearance / Function/Space & Versatility-Practical Storage?Materials?Noise Level?Cool Control Panel?
၂-အတွင်းပိုင်းအကျယ်အဝန်း၊ကွဲပြားခြားနားသည့်အရာများ၊ပါဝင်မှု နှင့်ပြု လုပ်ချက်များ-ကား၏အတွင်းခန်းအကျယ်၊ ပစ္စည်းများထားရှိရန်နေရာပါရှိမှု အကျယ်အဝန်း၊အသုံးပြုထားသော ပစ္စည်းများ၊အသံလုံခြုံမှု ၊ လေအေးပေးစနစ်ကောင်းမွန်မှု
Ergonomics-Are the controls intuitively laid out? For the cupholder get in the way of your arm? Can you get the seat and wheel into a comfortable position easily?
၃-ကားကုမ္ပဏီများ၏ အရည်အသွေးလေ့လာမှု – ကားအပေါ်တွင် ကားကုမ္ပဏီ၏ ပေးဆပ်ထားမှု ၊ ဥပမာ – ကားအတွင်း Cupholder များပါရှိမှု ၊ ထိုင်ခုံများ၏ အရည်အသွေး၊ထိုင်ခုံများကို ထိန်းချူ ပ်ညွှန်ကြားနိုင်မှု ၊စီးနင်းရမှု တွင် ငြိမ့်ညောင်းမှု ရှိမရှိ
Power Train-Engine and transmission work smoothly together to give you passing over, engine doesn’t rev too high on the highway (unpleasant noise); Fuel economy
၄-စွမ်းအင်ထွက်ရှိမှု – အင်ဂျင်နှင့် ဂီယာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က သင့်အတွက်နှစ်သက်လောက်စရာ စွမ်းအင်ကို ရရှိစေပါသလား၊ ဆီစားနှုန်း၊ Highway သွားလာရာတွင် ထွက်ရှိလာသောအင်ဂျင် စွမ်းဆောင်ရည်က သင့်ကိုနှစ်ခြိုက်မှု ရှိစေပါသလား။
Ride Comfort & Handling-Does it stay flat on hard corners or roll excessively? Does the steering feel connected with the road? Do you get feedback through the steering wheel?၅-ထိန်းချူ ပ်မောင်းနှင်မှုနှင့် စီးနင်းရမှု – စတီယာရင် စနစ်က လမ်းပေါ်မှာသွားနေတဲ့ အချိန်မှာ ဘယ်လိုခံစားမှု ရရှိစေပါသလဲ ၊ စတီယာရင်နဲ့ပတ်သက်လို့သင့်ရဲ့ထင်မြင်ယူဆမှု ၊ ထိန်းချူပ်မောင်းနှင်ရတာ အဆင်ပြေရဲ့လား၊ နောက်ပြီး ဘရိတ်စနစ်ကရော ဘယ်လိုပါလဲ။
Safety: Active & Passive
၆-လုံခြုံစိတ်ချရမှု – ဒီအပိုင်းမှာတော့ Active နှင့် Passive ပိုင်း ၂ မျိုး ပါသည်။ မြင်နိုင်တဲ့ လုံခြုံရေးအပိုင်းရဲ့ချက်ချင်းလုပ်ဆောင်နိုင်မှု ၊ Safety အပေါ်ခံစားသိရှိနိုင်မှု
Feel Good Factor-that intangible thing, does the car have a charm/personality to it? Do you like something about it for reasons hard to explain?
ရ-ကြိုက်နှစ်သက်မှု – မိမိစိတ်တိုင်းကျမှု ၊ သင့်ကို ဒီကားက ဘယ်လောက်ဆွဲဆောင်မှု ရှိစေပါသလဲ၊ ပုဂ္ဂလိက အကြိုက်လား၊ ဘာလို့ကြိုက်ရလဲဆိုတာရှင်းပြဖို့ခက်ခဲပါသလား။
Innovation / Customer Convenience-Does it have innovative features not yet standard in cars (like ABS was before it became standard)
၈-တီထွင်ဆန်းသစ်မှု ၊ စားသုံးသူအတွက် အခွင့်အလမ်း- ကားတစ်စီးမှှာ အဆင့်အတန်းမီ တီထွင်ဆန်းသစ် အသစ်များ ပါရှိပြီလား။
Overall value for money-Do you get what you pay for? Options, nice material etc.
၉-တန်ဖိုးက ပေးရတဲ့ငွေနဲ့ထိုက်တန်ရဲ့လား-သင်ပေးရတဲ့ငွေနဲ့ရရှိတာ ထိုက်တန်ရဲ့လား။ပါဝင်သောပစ္စည်းများ ၊ထုတ်လုပ်ထားသော အရည်အသွေး၊ကိုယ့်အတွက် ပြန်လည်ရရှိမှု စသည်။
10-Offroad Capabilities – For SUV and Pickup
၁၀-လမ်းကြမ်းပိုင်းစွမ်းဆောင်ရည်-SUV နှင့် Pick Up များအတွက်သာ။

ပြိုင်ပွဲဝင်ဖို့အတွက်စရင်းပေးကြတဲ့အခါမှာတော့ Chevrolet, DFM, Ford, GAC, Hyundai, Jaguar Land Rover, Kia, Mazda, Mercedes, Mitsubishi, Nissan, Peugeot, Suzuki, Toyota, Volvo တို့ကကားအမျိုးအစား ရ၂ စီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ပါဝင်ယှဉ်ပြိုင်ရမယ့် ဆုအမျိုးအစားတွေကတော့..

Small Car
Medium Car
Prestige Car
MPV
Compact SUV
SUV
Prestige SUV
Pick-up
Car of the year (Jury’s choice) – ထိုဆုမှာ ဒိုင်များမှ ရွေးချယ်ခြင်းဖြစ်ပြီး Vote အများဆုံးရရှိသော ကားကို ချီးမြှင့်မည်ဖြစ်သည်။
Car of the year (People’s choice) – ထိုဆုမှာ အွန်လိုင်းမှတစ်ဆင့်ပြည်သူမှ မဲပေးရွေးချယ်ခြင်းဖြစ်ပြီး DRIVE Magazine၏ Website နှင့် Facebook မှတစ်ဆင့် သြဂုတ် ၂၅ မှ ၃ရက်အထိမဲပေးမှုတွင် Vote အများဆုံးရသည့်ကားကို ချီးမြှင့်ခြင်းဖြစ်သည်။

ပြိုင်ပွဲကျင်းပပုံအဆင့်ဆင့်မှာ ဆုကဏ္ဍ ၈ ခုမှာပါဝင်တဲ့ ကားများကို ဒိုင်များမှ ပထမအဆင့် ကိုယ်တိုင်စမ်း သပ်မောင်းနှင်လေ့လာမှုများပြုလုပ်ပြီး Top five list အဖြစ်မဲပေးရွေးချယ်ခဲ့ပါတယ်။ အဲဒီနောက် Top five list အဆင့်ရောက်လာတဲ့ကားများကို ထပ်မံစမ်း သပ်မောင်းနှင်မှုများလုပ်ပြီး Top Three list အဖြစ်ထပ်မံရွေး ချယ်ခဲ့ကြပါတယ်။ နောက်ဆုံးအဆင့်ကိုမူ Novotel Yangon Max မှာကျင်းပခဲ့ပြီး တစ်ပါတည်းဆုချီးမြှင့်ပေး ခဲ့ခြင်းလည်းဖြစ်ပါတယ်။ဆုတွေချီးမြှင့်ခဲ့ရာမှာတော့

2017 Small Car of the Year ကို Mazda 2
2017 Medium Car of the Year ကို KIA optima
2017 Prestige Car of the Year ကို Volvo S90 Inscription
2017 MPV Car of the Year ကို Mercedes Benz V Class
2017 Compact SUV Car of the Year ကို KIA Sportage
2017 SUV Car of the Year ကို Ford Everest
2017 Prestige SUV Car of the Year ကို Volvo XC90 Inscription
2017 Pick up Car of the Year ကို Ford Ranger Double Cab Wildtrack
2017 Myanmar Car of the Year Award, Jury’s Choice ကို Volvo XC90 Inscription
2017 Myanmar Car of the Year Award, People’s Choice ကို Toyota Hilux Revo တို့ကရရှိခဲ့ကြ ပါတယ်။

ဒီရလဒ်အပေါ်စိတ်အလိုမကျမှုတွေ၊အဆင်မပြေမှုတွေရှိကြမယ်ဆိုတာ သိပါတယ်။ဒါပေသိ Drive အနေနဲ့ Jury တွေရဲ့မဲပေးမှုအပေါ်မှာ ဘယ်လိုလွှမ်းမိုးမှု၊ပြင်ဆင်ခြင်းမျိုးကိုမှ မလုပ်ဘဲ တရားမျှတမှုရှိဖို့ ကိုပဲအလေးထားခဲ့တာကိုတော့ အကြွင်းမဲ့ယုံကြည်စျေချင်ပါတယ်။ ဒီပွဲမှာရရှိခဲ့တဲ့ သင်ခန်းစာတွေကို ရင်ဝယ်ပိုက်ပြီး နောက်နှစ်တွေမှာ ပြုလုပ်မယ့် မြန််မာ့တစ်နှစ်တာအကောင်းဆုံးဆုအခမ်းအနားတွေအတွက် ကြိုးစားသွားမှာပါလို့ ဆိုရင်းနိဂုံးချူပ်ပါရစေ။

ကျော်သူဟိန်း